ကဲ…သတိ…သတိ

johnnydeerMay 26, 20131min05
ငွေက အရေးကြီးသလားတဲ့….
မေးလာတယ်….
ဟုတ်ကဲ့ အရေးကြီးပါတယ်…ဒါပေမယ့်…
ငွေထက်အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိပါသေးတယ်….
ဥပမာ…မိသားစု…မိတ်ဆွေသူငယ်ချင်းကောင်း…နာမည်…ဂုဏ်သိက္ခာ…ကျန်းမာရေး….
ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့….နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်….

နောက်ပြီး အလုပ်လုပ်တယ်….ဘာ့အတွက် အလုပ်လုပ်တာလဲ….အဓိက ကတော့ ငွေအတွက်ပါပဲ…ဒါပေမယ့်လည်း…


တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာမည်အတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မခံချင်စိတ်အတွက် အလုပ်လုပ်ရပါတယ်…
တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာကြည်းစိတ်အတွက် အလုပ်လုပ်ရပါတယ်…
တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မိသားစုအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ကျန်းမာရေးအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်…

တခါတလေရင်း….တခါတလေရင်းနဲ့ပဲ…ကိုယ်သေဖို့တောင် ကိုယ်လုပ်ဖို့ မေ့နေပါတော့တယ်….

နေဖို့လုပ်ရင်းနဲ့ သေဖို့လဲ လုပ်ရပါဦးမယ်….ကဲ…သတိ…သတိ…

5 comments

  • ဦးဦးပါလေရာ

    May 26, 2013 at 11:59 am

    ကျုပ်ငယ်ငယ်တုန်းက အိမ်ရှေ့မှာ သဲပုံကြီး ရှိတဲ့အခါများဆို
    စိုထိုင်းထိုင်းသဲတွေနဲ့ ဂူတွေဆောက်၊ အိ်မ်တွေဆောက်ပေါ့
    တစ်ခါကများဆို အိမ်ကြီး(ရဲတိုက်)တစ်လုံးဆောက်၊ တံတိုင်းပတ်၊ အထဲမှာ လမ်းတွေခင်း….
    တော်တော်အချိန်ယူပြီးလုပ်နေတာ …
    အဲဒါ ဆောက်ပြီးခါနီးလဲကျရော အမေက ထမင်းစားဖို့လှမ်းခေါ်တယ်….။
    အင်း….
    ဘယ်တတ်နိုင်မလဲ… ထားခဲ့ရုံပဲပေါ့…….

    Reply

  • padonmar

    May 26, 2013 at 10:00 pm

    ပျောက်နေတဲ့ ကိုဝေဠုရေ
    တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုကိုယ် မသေတော့မယ့်လူလို စီမံကိန်းတွေချမိနေသေးတယ်။
    အင်း သတိသတိ..
    ခုလို သတိပေးတာ ကျေးဇူးပါ။

    Reply

  • johnnydeer

    May 27, 2013 at 3:32 pm

    ဟုတ်ပါ့…padonmar ရေ…ပျောက်နေဖြစ်တာတောင် ကြာပေါ့…ဘာတွေရှုတ်လို့ ရှုတ်နေမှန်းတောင် မသိတော့ပါဘူး…ဒီကြားထဲ မိန်းမက ဒုတိယကလေး(ယောက်ကျားလေး) မွေးတယ်လေ…အဲ့ဒီတော့ သမီးအကြီးက ကိုယ့်ခေါင်းပေါ်လုံးလုံးရောက်တော့တာပဲ….မနက် အိပ်ယာထ တဲ့ဆီကနေ ည အိပ်တဲ့ချိန်ထိ တောက်လျှောက် သမီးဝေယျာဝစ္စလုပ်နေရတာနဲ့ပဲ ဘယ်လို အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိတော့ပါဘူး…အမေတစ်ယောက်အတွက် ကလေးတစ်ယောက် ကို ပြုစုပျိုးထောင်ရတာ ဘာမှမထောင်းတာလှပေမယ့် အဖေတစ်ယောက်အတွက်တော့ ကလေးတစ်ယောက်ကို ထမင်းကျွေး ရေချိုးဆိုတာလေးတောင် တကယ့်တကယ်တော့ မလွယ်ပါလားလို့ပဲ အောက်မေ့မိပါတော့တယ်….

    Reply

  • အရီးခင်လတ်

    May 27, 2013 at 3:55 pm

    Congratulations on the arrival of your beautiful son Ko Johnny. :-)))

    {{ အဖေတစ်ယောက်အတွက်တော့ ကလေးတစ်ယောက်ကို ထမင်းကျွေး ရေချိုးဆိုတာလေးတောင် တကယ့်တကယ်တော့ မလွယ်ပါလားလို့ပဲ အောက်မေ့မိပါတော့တယ်…. }}

    ဆိုတော့ကာ ဒါက
    တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ် …
    တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်…
    ပေါ့လေ။
    လက်တွေ့ ကနေ ဖြစ်လာတဲ့ စကားတွေပေါ့။ 😛

    Reply

  • johnnydeer

    May 27, 2013 at 5:22 pm

    တကယ်ပါဗျာ…လူပျိုတွေ အပျိုတွေတော့ ဘာမှသိကြမှာမဟုတ်ဘူး…ထမင်းတစ်ပန်းကန်ကုန်အောင် တစ်နာရီ တစ်နာရီခွဲလောက် ကြာတယ်…တအားအဆော့မက်တဲ့ အရွယ်ဆိုတော့ ထမင်းတလုပ်နဲ့တလုပ်ကြား ပတ်ပြေးနေတာ မနည်းလိုက်ကျွေးရတယ်…ကြာတော့အဖေလုပ်တဲ့သူ ဘယ်စိတ်ရှည်တော့မလဲ…ည ဆိုလဲ အိပ်ဖို့မနည်းသိပ်ရတယ်…မသိပ်ပဲထားပြန်ရင်လဲ ပေကပ်ပြီး ဆော့နေလိုက်တာ…ကိုယ်ပဲ မမှတ်မိတော့လို့လားမသိဘူး…ကိုယ့်တုန်းကတော့ ဒီလောက်မဆော့ဘူးထင်တာပါပဲ…ဒါပေမယ့်လည်း ပါပါးက ရိုးရိုး ပါပါး မဟုတ်ဘူး….ချစ်ပါပါးလို့ လဲ ပြောလိုက်ရော ဒီအဖေ အရည်ပျော်သွားတာပါပဲ…

    Reply

Leave a Reply

Your email address will not be published.