သူငယ်ချင်းမလေးတစ်ယောက် ဒုက္ခရောက်သွားရလို ့ ဒီသတင်းလေးကို တင်ပြချင်တာပါ- Sakura Tower 5 ထပ်မှာ ဖွင့်လှစ်ထားရှိတဲ့ J-SAT အမည်ရ ဂျပန်ကုမ္ပဏီတစ်ခုက အခွင့်အလမ်းဂျာနယ်လို အလုပ်အကိုင်ရှာဖွေရေးဂျာနယ်တွေမှာ ကြော်ငြာတွေ ဆက်တိုက်ထည့်ပြီး ဂျပန်စာ-ဂျပန်စကားတတ်သူတွေကို ပြည်တွင်း-ပြည်ပ ဂျပန်ကုမ္ပဏီတွေနဲ ့ အလုပ်ရအောင် ချိတ်ဆက်ပေးမယ် လို ့ရေးထားတာ မြင်တွေ ့ကြရမှာပါ- သူငယ်ချင်းမလေးက ယုံကြည်အပ်နှံလို ့အင်တာဗျူးဝင် – အလုပ်ခန် ့အပ်ခံရပြီးကာမှ အနှောက်အယှက်တစ်ခုကြောင့် သတ်မှတ်ကာလမှာအလုပ်မဝင်နိုင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ် – J-SAT က ဘယ်လမှာဝင်နိုင်မလဲ မေးလို ့အလုပ်အဟောင်းကို မရမက ဖြတ်- အလုပ်ထွက်လိုက်ရပြီး ၊ ရတဲ ့အလုပ်သစ်ကို ဝင်နိုင်ပြီလို ့လည်း အကြောင်းကြားလိုက်ရော – ဘဝပျက်စရာသတင်းကို သူတို ့ဆီကကြားလိုက်ရတယ်။ […]
