Phoe ThitsarNovember 5, 20131min00
ကျနော်ဒီပိုစ်လေးမတင်ခင် အရင်ဆုံးဝန်ခံချင်တာလေးရှိတယ်ဗျ စီကာပတ်ကုံးစာရေးတတ်မှ ရည်းစားရမယ်ဆိုရင် ကျနော်နောင်ဘဝထိ လူပျိုကြီးဖြစ်မှာသေချာတယ်ဗျ အခုလည်းလူပျိုကြီးပါ (ဟဲဟဲ ကြောငြာဝင်တာနော်) ရွာသူရွာသားတွေ ကျနော်ပိုစ်လေး ဖတ်နေချိန် အဆင်မပြေဖြစ်ရင်လည်း တောင်းပန်ပါတယ်ဗျာ နဲနဲဖြည့်ဖတ်ပေးပါနော်.. ကျနော် မိတ်ဆွေအတစ်ယောက်နာရေး လိုက်ပို့ရင်းနဲ့ ဘုန်းတော်ကြီးတစ်ပါး မိန့်ကြားဘူးတဲ့ အကြောင်းလေး ရွာသူရွာသားအားလုံးကို မျှဝေချင်လို့ ဒီပို့စ်လေးကို တင်လိုက်တာဗျာ ဘုန်းတော်ကြီးမိန့်ကြားသည်မှာ… လူတွေအားလုံးက သေရမှာကို ကြောက်ကြတယ် တစ်နေ့သေကြရမှာပဲ ဆိုတာကို သိနေကြတယ် ဒါပေမယ့်လည်း သေမယ့်အကြောင်းပြောကြရင်ပဲ အမင်္ဂလာစကားလို့ ထင်ကြတယ်တဲ့ ဒကာလည်းတစ်နေ့သေမှာပဲ ဘုန်းကြီးလည်း တစ်နေ့ ဒီလမ်းသွားရမှာပဲတဲ့ ဘုန်းဘုန်းက သာဓကလေးတစ်ခုပြောပြတယ်ဗျ ကိုယ်ကနံရံတစ်ခုဘေးကနေလမ်းလျှောက်လာတယ် အဲဒီနံရံအဆုံးရောက်ချိန်မှာ လူတစ်ယောက်က ကိုယ်ကို ဝါးကနဲ ခြောက်လိုက်ရင် လန့်သွားမှာ(အထိတ်တလန့်)ဖြစ်သွားမှာ သေချာတယ် အဲဒီနံရံဘေးမှာ လူတစ်ယောက်ရှိနေတယ်ဆိုတာ ကိုကသိနေရင် သူကိုယ့်ကို လန့်လိုက်တဲ့အချိန်မှာ […]


ခ လေးလဲ ပြော ပြ ချင် ပါ တယ် – – – ပြောပြချင်ပါတယ် (၁၇) (၁) အရင်ရေးဖူးပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း (Mismanagement) နဲ့ အဂတိတရား လိုက်စားမှု (Corruption) ကို မရှင်းထုတ်နိုင်ရင်၊ လျော့ကျအောင် မလုပ်နိုင်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှာ မဟုတ်ဘူး။ အပြောင်းအလဲ ဖြစ်ပေါ်မှာ မဟုတ်ဘူး ဆိုတာပါ။ အခုအစိုးရသက်တမ်း နှစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ခုလုံးက ပိုဆိုးလာပါတယ်။ Corruption နဲ့ Mismanagement ရဲ့ ထွက်ကုန်ပစ္စည်းဖြစ်တဲ့ ခရိုနီစီးပွားရေး စနစ်က တိုင်းပြည်ရဲ့ အပြောင်းအလဲ အားလုံးကို အနှောင့်အယှက် ပြုနေပါတယ်။ အရင်ခရိုနီစနစ်က လာဘ်စားမှု၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အလွဲသုံးစား […]


Kyi LwinNovember 4, 20131min00
မင်္ဂလာပါ ။ မန်းဂေဇက်ရွာသားများ ကျန်းမာတော်မူကြရဲ့နော်။ ရုံးပိတ်ရက်မှာ ဆရာအောင်သင်းရေးတဲ့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ဆိုတဲ့ ဖတ်ရင်း အဲဒီစာအုပ်ထဲက အကြောင်းအရာတစ်ခုကို  ဖေါက်သည်ချ ချင် စိတ်ဖြစ်မိတယ်။ ဒီနေရာမှာ ဆရာအောင်သင်း စာအုပ်ထဲကနေ ကူးရေးပေး တဲ့ အတွက်တော့ စိတ်ရှိတောမ မူကြပါနဲ့…။ မဖတ်ရသေးတဲ့ သူများရှိရင် ဖတ်စေချင်တာကြောင့် လက်ညောင်းခံပြီး ဆရာ့အလစ်မှာ ရေးပေးလိုက်ရတာပါပဲ။ ဖတ်ပြီးသား သူများအတွက်တော့ သည်းခံတော်မူကြပါလို့….။ မြန်မာရာဇဝင်မှာ ဘိုးတော်ဦးဝိုင်းလို့ သိကြတဲ့ ဘိုးတော်ဘုရားရဲ့  အမတ်ကြီး ဦးပေါ်ဦး ဟာ ငယ်ပေါင်းရောင်းရင်းလိုူ ဖြစ်နေလေတော့ ဘုရင်ကို မကြောက် မလန့် ပြန်ပြောလား၊ ပြောရဲ့ ။ ကတ်ဖိုး ကတ်ဖဲ့နဲ့ စကားနိုင်လုလား ၊ လု ရဲ့။ ဖြတ်ထိုးဉာဏ်ကလည်း အင်မတန်မြန်တယ် […]


ဂေဇက်ပရိတ်သတ်ကြီး မင်္ဂလာပါခင်ဗျား ကျွန်တော် ဒဘလျူ  ဒဘလျူ  ဒဘလျူ  ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ရဲ့ အင်တာနေရှင်နယ် အပြည်ပြည်ဆိုင်ရာ စာရေးဆရာ အကျော်အမော် မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်ပါတယ် ဒရန်တန်တန် ………………………… မကြာမည် မြန်မာပြည်တွင် သန်းကောင်စာရင်းကောက်ခံပါတော့မည် ဘာအကျိူးရှိသလည်း မည်သူသိပါသလည်း??? မတူတဲ့အတွေးတွေညှိနိုင်းကြည့်ပါ မြန်မာပြည်မှာ လူ ဘယ်နှစ်ယောက်ရှိသလည်း အတိကျသိတဲ့အခါ လွန်လေပြီးသော ခေတ်ကာလက အာဏာရှင်တွေ လူမသိသူမသိ ချေးငှားထားတဲ့ အကြွေးတွေကို ပြန်ဆပ်တဲ့အခါ တစ်ယောက်မည်မျှ ကျမည်နည်းဆိုတာကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။ …………………….. ယနေ့ ဖြေရှင်းရခက်နေတဲ့ မြန်မာပြည်သူအချိူ့ ( တော်တော်များများရဲ့ ) စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းအား ထိမ်းချူပ်နိုင်ဘို့ နည်းလမ်းကြီးကို ရှာဖွေတွေ့ရှိသွားပါပြီ အဲ့ဒါကတော့ ကွမ်းတံတွေးမှ လျှပ်စစ်ဓာတ်အား ထုပ်လုပ်နိုင်မည့် နည်းလမ်းကြီးဖြစ်ပါသည် […]


တစ်နေဝင် တစ်မိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ နေ့သစ် တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာ မှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင် သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။ ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနှုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘဝကို ခုထိ အံ့ဩနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြ တာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး  အူလှိုက်သည်းလှိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ […]


no non negativeOctober 30, 20136min01
Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting – Malaysia Genting […]


Hlaing Zar ChiOctober 30, 20131min00
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်အောက်တိုဘာ(၂၈)ရက်နေ့ညနေပိုင်းက အမျိုးသားတစ်ဦးနွားလှည်းပိ သေဆုံးမှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာနေ ဦးမောင်ဆန်းနှင့် ၎င်း၏ သမီးဖြစ် သူမအေးယုနိုင်တို့သည် အဆိုပါနေ့နေ့လည်(၃)နာရီချိန်က ရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာရှိယာခင်းမှနွားစာပြောင်းပင် များအားရိတ်ယူရန် အတွက်နွားလှည်းဖြင့်ထွက်သွား ခဲ့ကြောင်း ညနေပိုင်းတွင် သမီးဖြစ်သူ မအေးယုနိုင် မှာနွားစာရိတ်နေစဉ် ဖခင်ဖြစ်သူအော်သံကြား၍သွားရောက်ကြည့်ရှုရာ ဦးမောင်ဆန်းသည်ရိတ်သိမ်းပြီးေ သာနွားစာထုံးများကိုလှည်းပေါ်တင်ရန်အ တွက် နွားလှည်းအား(၈)ပေခန့်မြင့်သည့်ချောင်းဘေး ကမ်းပါးယံမှယာခင်းထဲသို့မောင်းနှင်၍ဆင်းလိုက်စဉ်လည်းတိမ်းမှောက် သွားကာ ဦးမောင်ဆန်း၏ကိုယ်ပေါ်သို့လှည်းပိပြီး ယာဘက်နားထင် အထက်(၁)လက်မ ခန့်ပေါက်ပြဲဒဏ်ရာ၊ဝဲဘက်တံတောင် ဆစ်ကျိုး၊ ဝဲ/ယာ နံရိုးများကျိုးခဲ့ပြီး ဝါးကြီးအိုင် တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့စဉ်လမ်း၌သေဆုံးသွားခဲ့ကြောင်းအဆိုပါဖြစ် စဉ်အား မြို့သစ်မြို့နယ်၊ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ (ပ) ၉/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 30, 20131min00
    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့်မန်းကျိုးကျေးရွာသို့ကူးသည့် မန်းရေနံမြေမှဆောက်လုပ်ထားသော အလျား(၃၆၀)ပေ၊အကျယ်(၁၄)ပေ(၆)လက်မရှိ တံတားခံနိုင်ဝန် တန်(၄၀)ရှိ သံဘေလီ တံတား သည် အောက်တိုဘာ(၂၉)ရက် နေ့နံနက်(၈)နာရီချိန်ကမန်းချောင်းရေတိုး၍ ရေစီးသန်ပြီးချောင်းရေတိုက်စားမှုကြောင့် တံတားသံတိုင်(၇)တိုင်ရှိသည့်အနက် တောင်ဘက်အစွန် ဆုံး သံဘောင်တိုင်မှာ တဖြည်းဖြည်း နိမ့်ဆင်း သွားပြီး တံတားကြမ်းခင်းနှင့်(၁၀)ပေခန့်ကွာဟသွားခဲ့သည်၊ အဆိုပါတံတားမှာပျက်စီးမှုမရှိဘဲကြံ့ခိုင်မှုအားနည်းသွားသဖြင့် (၃)တန်အထက်ကားများဖြစ်သန်းခွင့်ပိတ်ပင်ထားပြီး လူ၊စက်ဘီး နှင့် ဆိုင်ကယ်များသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ၎င်းတံတားအား မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးမြင့်ဆွေနှင့် အဖွဲ့မှပြန်လည်ပြုပြင်ဆောင်ရွက်လျှက်ရှိပြီး တံတားပေါ်ဖြတ်သန်းသွားလာသူများအား အန္တရာယ်မဖြစ်စေရေးအတွက် မန်းရေနံ မြေရဲစခန်းမှဒုရဲတပ်ဖွဲ့ဝင်များ၊မန်းကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်စိမ့်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေကြောင်းသိရှိ ရသည်။


Hlaing Zar ChiOctober 30, 20131min00
                မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုနယ်မြေအတွင်း အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၇)နာရီချိန်က မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စကုတိုက်နယ်ဆေးရုံအတွင်း ဝရန်တာအထက် (၂)ပေခန့် အထိရေများဝင်ရောက်လာ ခဲ့သဖြင့် အဆိုပါဆေးရုံတက်လူနာ အမျိုးသား(၅)ဦး၊အမျိုးသမီး(၃)ဦးတို့အား စကုမြို့၊အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဆောင်သို ့ပြောင်းရွှေ့ပေးခဲ့ ရကြောင်း အောက်တိုဘာ(၂၉)ရက်နေ့တွင် ထိုဆေးရုံအတွင်းရေများပြန်လည် ကျဆင်းသွားသော် လည်း ခြောက်သွေ့မှုမရှိသေး၍ ပြန်လည်မပြောင်းရွှေ့နိုင်သေးကြောင်း ဆေးရုံတာဝန်ရှိသူမှပြောကြားသည်။


အထူးသတင်း (၁) ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ လမ်းဘေးတစ်နေရာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ စကားပြောသံကြားရသဖြင့် နားစွင့်ကြည့်ရာ အမျိုးသမီးက”ဂျိုး ရှိလား ” ဟု မေးသဖြင့် အမျိုးသားက “အောက်မှာ ” ဟု ပြန်ဖြေရာ အမျိုးသမီးက ကြည့်လိုကြောင်း ကမ်းလှမ်းသဖြင့် အမျိုးသားက  လှန်ပြလိုက်စဉ် အမျိုးသမီးက ကိုင်ကြည့်ပြီး “ဟင်း ပျော့ပျော့ကြီး ” ဟု ပြောလိုက်သံကို ကြားမိသဖြင့် စုံစမ်းကြည့်ရာ ဆီထမင်း ရောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အထူးသတင်း (၂) ။ ၂၄နာရီတွင် ၁၃နာရီနဲ့ ၅၉မိနစ် လျှစ်စစ်ပျက်တောက်သော်လည်း လျှပ်စစ်ဓါတ်အားဖြန်ဖြူးရေးမှ တာဝန်ရှိသူမှ နိုဝင်ဘာလမှ ဓါတ်အားသုံးစွဲခ တိုးမြင့် ကောက်ခံမည်ဟု ကြော်ငြာ ရာ လှိုင်သာယာစက်မှုဇုန် ဥက္ကဌမှ အထူးကျေးဇူးတင်ရှိခြင်းနှင့် “ကမ္ဘာမှာ […]


Hlaing Zar ChiOctober 29, 20131min00
မကွေးမြို့၊ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ မကွေးဟိုတယ်ခန်းမတွင်နံနက်(၉)နာရီ(၃၀)မိနစ်ချိန်က Internation Labour Organization( Freedom Of Association Programme) နှင့်အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တို့ပူးပေါင်းကာ မကွေးမြို့အခြေစိုက်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊လုပ်ငန်းရှင်များအားဖိတ်ကြားခဲ့ပြီးအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်းအစည်းအဝေးတွင် Internation Labour Organization မှ နည်းပညာအရာရှိချုပ် Mr Patrick Quinn မှ အလုပ်သမား အသင်းဖွဲ့စည်းခြင်းနှင့်အလုပ်သမားအဖွဲ့အစည်းဥပဒေ အကြောင်း နှင့်အလုပ်သမားအငြင်းပွားမှုဥပဒေအကြောင်း တို့အားဆွေး နွေး ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးနှင့်စီမံခန့်ခွဲရေးဝန်ကြီး ဦးမြင့်နိုင်၊နေပြည်တော်အ လုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး နှင့်မကွေးမြို့ အခြေစိုက်ဌာနဆိုင်ရာများ၊ဝန်ထမ်များ၊ လုပ်ငန်းရှင်(၆)ဦး၊အလုပ်သမား(၂၄)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 29, 20131min00
     မကွေးမြသလွန်ဘုရားပွဲတော်ကြီး ယခုနှစ် နေရာညရောရွာသွန်းခဲ့သည့်မိုးကြောင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် ဆီမီး(၉၀၀၀)ပူဇော်ပွဲ သီတင်းကျွတ်လပြည့်နေ့မှာ ပျက်ခဲ့ရသလို အောက်တိုဘာ(၂၇)ရက်နေ ့ရက်ပြောင်းရွှေ့ခဲ့သော်လည်း ဝမိုးကစဉ်ဆက်မပြတ်ရွာသွန်းနေလို့ပျက်ခဲ့ရပြန်သည် ယခုတော့ဘယ်နေ့ဘယ်ရက် ဆီမီး(၉၀၀၀၀)ပူဇော်ပွဲရက်မသတ်မှတ်နိုင် သေးကြောင်း၊လက်ရှိကပြနေသည့် ပန်ထွာ  အောင်ဆန်းပွင့် ဇတ်ကတော့မကွေးမိုးကြောင့်လူမလာသလိုမိုးမလုံလို့ဇတ်ပွဲပျက်ခဲ့ ရကြောင်း အောက်တိုဘာ(၂၉)ရက်နေ့ ဖိုးချစ်ဇတ်စဝင်မှဘဲ မိုးလေဝသအခြေအနေနှင့်ကံတရား ကိုဘဲကြည့်ရမှာ ဘဲလို ့ဒေသခံ များကပြောသည်။ယခုလိုသမိုင်းဝင်မြသလွန်ဘုရားပွဲတော်ကာလနှစ်(၃၀)အတွင်းမှာ ဆီမီး(၉၀၀၀)ပွဲပျက်ခဲ့ရတာယခုနှစ် ပထမဆုံးဖြစ်တယ်လိုဒေသခံများကပြောကြား သည်။အမြို့မြို့ အနယ်နယ် အရပ်ရပ်မှ ဈေးသည်များကတော့ မကွေးမြသလွန် ဘုရားပွဲတော်ကိုရက်(၂၀)တိုင်တိုင်ကျင်းပသည့်ရက်များတွင်ဟိုယခင်နှစ်များကတော့ယခုလိုရာသီဥတုဖောက်ပြန်တာတို့ အရောင်းအဝယ်ပါး တာတို့ မကြုံခဲ့ရပါဘူးကုန်ကြမ်းပစ္စည်းပြတ်လတ်သည်အထိရောင်းကောင်းခဲ့ပါတယ် ယခုနှစ်ထူးခြားတာက တော့ကမ္ဘာလှည့်နိုင်ငံခြားဧည့်သည်များ ယမန်နှစ်ကထက်ပို၍ဘုရားပွဲတော်အတွင်း လာရောက်လေ့လာမှုများ များလာတယ်လို့ ဈေးရောင်းသူများမှပြောကြားသည်။


Hlaing Zar ChiOctober 28, 20131min00
    ပခုက္ကူခရိုင်၊မြိုင်မြို့နယ်နေသူ အသက်(၁၃)အရွယ်(၈)တန်းကျောင်းသူသည် အောက်တိုဘာ(၂၅)ရက်နေ့ညနေ(၄)နာရီ ချိန်က ကျူရှင်ဆရာတစ်ဦး ၏နေအိမ်စာသင်ဝိုင်းမှ၎င်း၏မိဘများနေထိုင်ရာရွာ၏ အနောက်ဘက်(၄) ဖာလုံ ခန့်အကွာရှိ ဆည်ကုန်းတောတိုက် သို့စက်ဘီးဖြင်တစ်ဦးတည်းပြန် လာခဲစဉ် မောင်ထွန်း၊အသက်(၃၃)နှစ် ရေနံမှော်လုပ်သား မှလမ်းတွင် စက်ဘီးအားတွန်းလှဲပြီးလူအားဆွဲခေါ်ကာ ကာမစပ်ယှက်ရန်ကြံစည်အားထုတ်သဖြင့် အဆိုပါမိန်းကလေးမှာရုန်းကန် ထွက်ပြေးပြီး  ဖခင်ဖြစ်သူအားပြောကြားခဲ့သဖြင့် မောင်ထွန်းအားအရေးယူပေးပါရန်တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ မြိုင်မြို့ နယ်၊ဗဟင်းနယ်မြေရဲစခန်းမှ (ပ)၄၁/၂၀၁၃၊ပုဒ်မ ၃၇၆ /၅၅၁ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။