အနုပညာနဲ့ပါတ်သတ်တဲ့အခါ ကျနော် ကီးမြင့်လေ့ရှိတယ်… ကြက်ခေါင်းဆိတ်မခံလည်းတုန့်ပြန်လေ့ရှိတယ်… ခုတလော retouch နဲ့ပါတ်သတ်ရင်…. အလိမ်အညာလိုလို ကလိန်ကကျစ်လိုလို ပြောသူတွေများလာလို့ စိတ်မကောင်းဖြစ်မိရဲ့…… Retouch ကို အနုပညာတရပ်လို့ နားလည်လက်ခံထားသူဖြစ်လေတော့ အနှီ အနုပညာကိုထိခိုက်စော်ကားလာသူအပေါင်းကို … ခင်ဗျားတို့ မိတ်ကပ် မလိမ်းကြပါနဲ့လားဗျာ လို့ …ခပ်ရိုင်းရိုင်းသာမေးကြည့်ချင်တော့တယ် photo retouching software တွေ …သန်းချီပြီးရောင်းရနေတာ ငတုံးတွေ ဒါမှမဟုတ်လည်း …အလိမ်ညာခံတွေ သက်သက် အတွက်တော့ မဟုတ်ဘူးထင်တာပါပဲ.. အဲ… ငတုံးဈေးကွက်ဝင် ချာတိတ်တယောက်ရဲ့ လက်ရာတချို့ပေါ့ဗျာ… စာရေးပျင်းနေတယ်ဗျာ နောက်မှ သပ်သပ်ရေးပါတော့မယ်.
