KyaemonJuly 26, 201224min03
နော်ဝေနိုင်ငံက ရေကာတာများ – အဆက်   ရေကာတာတွေလိုက်ကြည့်ရင်း အလှရှုခင်းတွေကိုလဲတွေ့ရတာ၊         ဒါက တိတ်ဆိတ်တဲ့ ညနေပိုင်းလို့ခေါင်းစဉ်တပ်ထားတာ     quiet afternoon | Flickr – Photo Sharing! http://www.flickr.com/photos/37414352@N02/4979027556/in/photostream/ အဟောင်း ရေကာတာ Old Dam | Flickr – Photo Sharing! http://www.flickr.com/photos/cybersong/894048365/ An old dam near the top of the Tunglands river. All Gates | Flickr – Photo Sharing! http://www.flickr.com/photos/sigurdr/7287109856/ All Gates Hunderfossen Dam, […]


may flowersJuly 26, 20121min012
မျက်စိထဲ မြင်ရာ ရိုက်ထားတဲ့ ပုံ     ဒါက ညဈေး   မိုးတွေ အုပ်မှိုင်းနေတဲ့ ကောင်းကင်ကြီးက အရမ်းလှတယ်ထင်လို့ (ကိုယ့်ဘာသာအထင်)   မျက်စိထဲ မြင်ရာရိုက်ထားတာပါ။     ဝါဆို လပြည့်နေ့က လင်းထိန်နေတဲ့ လမင်းကြီးကို ဖုန်းနဲ့ လက်တဲ့စမ်းထားတာလေးပါ။   ပုံကြီးတင်တာ ဘယ်လိုမှတင်လို့မရဘူး ဗျို့..ဘာများဖြစ်နေလို့ပါလိမ့်။(အားလုံး မြင်ရာလက်တဲ့စမ်းပြီး ရိုက်ထားတဲ့ပုံများပါ)  


thihayarzarJuly 26, 20123min05
တိုးချဲ့ထားသော အနောက်ဘက်ရင်ပြင်တော်[/caption]


we R oneJuly 25, 20124min014
Model  – မောင်ရွှေတိုး (ကျွန်မ ၏ တစ်ဦတည်သော တူကလေး ဖြစ်သည်) အသက် – ၄ နှစ် ပညာအရည်အချင် – သူငယ်တန်းကြို နေရာ   – ရခိုင်ပြည်နယ်၊ ရမ်ဗြဲမြို့နယ် တွင်းတစ်နေရာ.. ပြီးခဲ့တဲ့ ၄ လပိုင်းက ရိုက်ခဲ့သော ပုံများဖြစ်ပါသည်..။ အထက်ပါပုံးများတွင် ဘယ်ပုံ က ချစ်စရာ့ အရွယ်ဓါတ်ပုံ ပြပွဲ အတွက် သင့်တော်တယ် ဆိုတာ ကို ကျွန်မ တော်တော် လေး ရွေးချယ်ခဲ့ရပါသည်..။ ကျွန်မ အတွက် ကျွန်မ ၏ တူ ကလေး ပုံအားလုံးသည် ချစ်စရာတွေချည်းပဲ ဖြစ်နေတော့လည်း….။ ချစ်စရာ့အရွယ် တွင် ပါဝင်ပြသကြသော ပုံအားလုံးသည် အားလုံးချစ်စရာကောင်းကြသည်..။ ကျွန်မ ကိုယ်တိုင်ဘယ်ပုံကို ပေးလို့ပေးရမှန်း မသိလို့ ၅ ကြိမ်မြောက်ဝင် ကြည့်ပြီးခါမှ ပေးဖြစ်ခဲ့တော့သည်..။ ကျေးဇူးတင်ပါသည်..။ we R […]


  “အမြင့်အမြင့်မှ အဝေးအဝေးသို့လွင့်ကြည့်ခြင်း…………………….”   ဥမင်သုံးဆယ်ဘုရားအနောက်ဘက်အစွန်ဆုံးမှာကြီးမားလှတဲ့မန်ကျည်းပင်ကြီးရှိပါတယ်။ သူ့အောက်မှာတော့အပန်းပြေထိုင်စရာ ခုံလေးတွေရှိပါတယ်။ ခုံလေးတွေရဲ့မြောက်ဘက်မှတော့ အပေါ်တက်တဲ့လှေကားတစ်စင်း။ ကျနော်နဲ့ပါလာတဲ့အဖော်တွေက အပေါ်ကိုရောက်နေကြပါပြီ။ လှေခါးကနေရှေ့တည်တည့်ကြည့်တဲ့အခါ ရေတက်ချိန်ဖြစ်လို့ ကျယ်ပြန့်တဲ့ရေပြင်ကြီးဖြစ်နေတဲ့ ဧရာဝတီ။ အနောက်ဘက်ခြမ်းမှာတော့ အဖြူမှရွှေရောင်အသွင်းပြောင်းခဲ့တဲ့ကောင်းမူ့တော်စေတီကိုလှမ်းမြင်ရပါတယ်။ ဟိုအရင်ညများမှာတော့ ထုံးသင်္ကန်းနဲ့ကောင်းမူ့တော်ဘုရားက အမှောင်ထဲမှာအလင်းဆောင်နေသလိုဘဲလို့ပြောကြပါတယ်။ အခုရက်မှာတော့ဧရာဝတီမြစ်ရေတက်တဲ့အချိန်ဖြစ်တော့ တောင်ပေါ်ကနေအနောက်ဘက်ကို ကြည့်လိုက်တဲ့အခါ ရေပြင်ကျယ်ကြီးကိုဘဲမြင်နေရပါတယ်။ လွတ်လပ်ကျယ်ပြန့်သောကောင်းကင် စိမ်းစိုမြရှိန်းသောသစ်တောအုပ် ရွှေရောင်ဝင်းလဲ့နေသော စေတီများကိုတွေ့မြင်ရခြင်းက စိတ်အတွင်းမှာကြည်နူးမူ့တွေဖြစ်လာပါတယ်။ အရှေ့ဘက်ခြမ်းမှာတော့ သဲသောင်ယံတွေနဲ့ဧရာဝတီ ။ ဆွမ်းဦးပုညရှင် ရှင်ဖြူရှင်လှဘုရားများ၊ အောက်ဖက်မှာတော့ သီတဂူစေတီတော်  ငါးထပ်ကြီး ဆင်များရှင်ဘုရားများကိုဖူးမြင်ရပြန်ပါတယ်။ တောင်အထက်အမြင့်ဆိုပြန်တော့ သန့်ရှင်းလပ်ဆပ်သောလေကြောင့်အေးမြလို့ကြည်လင်။ သဘာဝတရားကြီးကပေးတဲ့လက်ဆောင်တွေက များပြားလှပါတယ်။ ကဲ မိတ်ဆွေ အားတာမအားတာအပထား ကိုယ့်အနီးအနားက သဘာဝအလှတွေကို သွားပြီခံစားကြည့်လိုက်စမ်းပါ။ အရသာတွေ့သွားမယ်နော်………………………….     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (24-7-2012)     […]


padonmarJuly 25, 20123min076
ကျမရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံလေးကို အားပေးတဲ့ လူနည်းစုလေးကို ကျေးဇူးတင်ပါတယ်။ ဒီပုံလေးထဲက ကလေးလေးရဲ့ အကျင်္ ီနွမ်းနွမ်းလေးကြားက တောက်ပနေတဲ့ မျက်လုံးလေးကို ချစ်မိလို့ ပြိုင်ပွဲဝင်လိုက်တာပါ။ အရီး Khin Latt says: (၁) ဆိုရင် ကလေးလေး ကြည့်ရတာ အဝတ်အစား တောက်တောက်ပပ မဟုတ်တောင် မျက်နှာ လေးက အပြစ်ကင်း တယ်။ သနပ်ခါး လေး နဲ့ သန့်သန့်ရှင်းရှင်း ချစ်စရာလေး။ သူ့မျက်လုံး က တစ်ခုခု ကို ပြောနေသလိုဘဲ။ Inz@ghi says: ၁) DoF ပိုမို shallow ဖြစ်လျင် ပိုကြွမည်ထင်ပါသည် f/2.8 ကိုပဲ ကျနော် မျက်စိစွဲနေလို့လား မသိပါ ဒီဓာတ်ပုံလေးဖြစ်လာပုံကို ပြောပြရရင် ဟိုးရှေးရှေးတုန်းကလို့ […]


Uncle MyoJuly 24, 20121min07
စီးပွားဖြစ်ဓါတ်ပုံစရိုက်ပြီ ကျွန်တော်တို့ရွာ (အဖေတို့ရွာ)ဟာ မြို့နဲ့(၈)မိုင်လောက်ဝေးတယ်လို့ပြောခဲ့တယ်နော်။ ဖေဖေဓါတ်ပုံ ပညာကို (၇)ရက်လောက် သင်ပြီး ပုံဖော်ဆေးတွေဘာတွေ စပ်တတ်ပြီးတဲ့နောက် ၆လက်မ ကင်မရာအိုးလေးတစ်လုံး ဝယ်ပါတယ်။ အရင်းအနှီးမရှိလို့ ချေးငှားပေါင်နှံဝယ်ရတယ်လို့ ပြောပါတယ်။ နောက်တော့ ကိုကြီး ဟံတင် တို့က(ကျွန်တော့်ဘကြီး ဝမ်းကွဲ) မင်းတို့ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ… ပြန်ရွေးပြီး လက်ဝတ်လက်စားတွေဝတ်ထား ဆိုပြီး ငွေထုတ်ပေးလို့ပစ္စည်းတွေ(မေမေ့လက်ဝတ်လက်စား တွေပေါ့ဗျာ) ပြန်ယူထားပြီး ဝတ်ဆင်နေခဲ့ရတယ်တဲ့။ သူတို့က ညီအစ်ကိုဝမ်းကွဲတွေပေမယ့် ချစ်ကြတယ်… ကူညီကြတယ်။ ကျွန်တော့်ကိုလည်း ဘကြီးကချစ်ပါတယ်။ ကျွန်တော်ကလည်း ဘကြီးကို ချစ်ပါတယ်။ ဖေဖေက မေမေ့ ကို ခိုးသွားတုန်းကလည်း သူ့ညီအစ်ကို ဝမ်းကွဲတွေရှိတဲ့ရွာကိုပဲ ခိုးသွားတာတဲ့။ ထားပါတော့… ကင်မရာဆိုတာက သစ်သားနဲ့လုပ်ထားပါတယ် ။ ရှေ့မှာ မှန်ဘီလူးတပ်ဖို့လုပ်ထားပြီး နောက်မှာ ဖလင်ထည့်တဲ့ (ဆလိုက်လို့ခေါ်ပါတယ်) […]


black chawJuly 24, 20125min090
ဒီပို့စ်က ကျွန်တော့် ရဲ ့ ၂၀ဝ မြောက်ပို့စ်ပါ…။ အထိမ်းအမှတ် တစ်ခုအနေနဲ့ ဇူလိုင်လရဲ ့ မိုးအေးအေးမှာ ချိုပေါ့ကျ လေးနဲ့ အေးရာအေးကြောင်းနှပ်လို့ရအောင် စီစဉ်ပေးလိုက်ပါတယ်ဗျာ…။ ဘလက် စင်ရော် ငှက် တစ်ကောင်အကြောင်း လေးလေးစားစား ပြောခွင့်ပြုပါဗျာ…။ ယောနသံ ဆိုတဲ့ စင်ရော် ငှက်ကလေး …။ အဲဒီ ငှက်ကလေး တစ်ကောင်က ကျွန်တော့် စိတ်ကို အကြီးအကျယ် လွှမ်းမိုးထားနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းပါ…။ ယောနသံစင်ရော် ဆိုတဲ့ စကားလုံးကို ကျွန်တော် စကြားဘူးခဲ့တာ ကိုင်ဇာ ရဲ့ သီချင်းတစ်ပုဒ်ထဲမှာပါ…။ သီချင်းနာမည်က နေဆီပျံမယ့်ငှက် တဲ့။ သီချင်းရေးပေးတဲ့ပုဂ္ဂိုလ်က နိုင်မြန်မာ ပါ…။ ကိုင်ဇာ ဆိုပြီးအောင်မြင်ခဲ့တဲ့ နိုင်မြန်မာရေးတဲ့ သီချင်းတွေက အများကြီးပါ။ ဒီသီချင်းကတော့ […]


KyaemonJuly 23, 201218min01
နော်ဝေနိုင်ငံကရေကာတာများ ရဲ့အဆက်ပါ   မော်တော်ဆိုင်ကယ်စီးပြီး ရှုခင်းတွေကိုလိုက်ကြည့်တာ၊ ဆိုင်ကယ်နဲ့ကပ်ရပ်ကိုသေချာကြည့်ပါ၊ မဲတူးတူး ရေကာတာ ကြီးကိုတွေ့ပါလိမ့်မယ်  ကျောက်ခဲတုံးတွေနဲ့ဖို့ထားတဲ့ရေကာတာပါ Huge rockfill dam | Flickr – Photo Sharing! http://www.flickr.com/photos/bikertorben/800371083/ This photo was taken on July 3, 2007 in Halne Fjellstova, Buskerud Fylke, NO.  Halne Fjellstova အရပ်ကရေကာတာပါ A dam | Flickr – Photo Sharing! http://www.flickr.com/photos/bikertorben/2701560418/in/photostream/   This photo was taken on July 11, 2008. A dam ရေကာတာတခု ဆိုင်ကယ်စီးရင်းတွေ့ရတဲ့ရှုခင်းအလှ […]


KyaemonJuly 23, 201230min01
နော်ဝေနိုင်ငံအနေနဲ့Statkraft “စတတ်ကရပ်” အဖွဲ့ကို ရာနှုန်းပြည့်ပိုင်ဆိုင်တာ၊ ၂၀၀ရ မှာ အဲဒီ Statkraft က (၄၄.၉) Twh စွမ်းအားတွေကို ထုတ်လုပ်နိုင်ခဲ့လို့ နော်ဒစ်ဒေသ မှာ တတိယ အများဆုံး ဖြစ်တာ Statkraft က နော်ဝေမှာ စက်ရုံ ၁၃၃ ရုံ၊ ဆွီဒင် မှာ ၁၂ ရုံ၊ ဖင်းလန်မှာ ၄ ရုံ တို့ကို လည်ပတ်အောင် ကွပ်ကဲအုပ်ချုပ်ပြီး  ရေအားလျှပ်စစ်ဓာတ်အားတွေကိုထုတ်လုပ်   နေတာ၊ ၎င်းမှာလေအားကို သုံးပြီး စွမ်းအားထုတ်လုပ်တဲ့စက်ရုံတွေလဲပိုင်တာ၊ ၎င်းကဂျာမနီ မှာလည်း ဓာတ်ငွေ့ထုတ် စက်ရုံ တစ် ရုံနဲ့  ရေအားလျှပ်စစ်စွမ်းအားထုတ်စက်ရုံ တစ်ရုံ ကိုပိုင်တာ၊     Statkraft – Wikipedia, the free […]


  “ဥမင်သုံးဆယ်…..”     ခါတိုင်းနှစ်တွေမှာအာဇာနည်နေ့ရောက်တိုင်း မေမြို့တက်တာများပါတယ်။ သူများတွေ  ပြင်ဦးလွင်သွားမယ်လို့ပြောသံကြားရင်ကျနော်နားထဲမှာခပ်ထောင့်ထောင့်။ ငယ်ကတည်းက မေမြို့တက်မယ်ပြောနေကျဖြစ်နေတာကိုးဗျ။ ဒီနှစ်တော့စစ်ကိုင်းသူနဲ့အိမ်ထောင်ကျသွားတဲ့ကိုယ့်လုပ်ဖော်ကိုင်ဖက်က “ဆွမ်းဦးပုညရှင်” သွားရအောင်လို့ပြောလာပါတယ်။ ဒါနဲ့ဘဲမနက်ကိုးနာရီလောက်မှာ မနက်စာစားပြီး စစ်ကိုင်းဘက်ထွက်လာခဲ့ပါတယ်။ ကန်ပါတ်လမ်းရောက်တောွဧရာဝတီမြစ်ရေနည်းနည်းပြန်ကျသွားတာကိုတွေ့ရပါတယ်.။ ကန်ပါတ်လမ်းတောင်ဘက်အဆုံးရေထိန်းတံခါးနားမှာတော့ရေတွေရောက်တော့ သစ်ဖောင်တွေဆိုက်ထားတာတွေ့ရပါတယ်။ ဆယ်နာရီမထုးိခင်မှာ သူတို့နေတဲ့နန္ဒဝန်ရပ်ကွက်ကိုရောက်သွားပါတယ်.။ အဲဒီ အရပ်က ရှေးကတော့ ဘုရင်အတွက်အသီးအနှံတွေဆက်သရတဲ့ဥယျာဉ်တော်ဖြစ်ပါသတဲ့။ သူတို့အိမ်ရှေ့ရောက်တော့ ငုချယ်ရီစပ်လဲခေါ် ဖွားဖက်တော်ပန်းလို့လဲခေါ်တဲ့အပင်က အပွင့်တွေကို မြင်တော့ မြန်မာပန်းလေးတွေစုနေတယ်ဆိုတဲ့ မာမီအတွက်သတိတရ ပန်းတွေကို ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ နောက်တော့ ဆိုင်ကယ်တစ်စီးစီနဲ့စစ်ကိုင်းတောင်ပေါ်ကိုချီတက်ခဲ့ကြပါတယ်။ တောင်တက်လမ်းမှာရှိတဲ့သီတဂူစေတီတော်ကတော့ရောက်ထားတာမကြာသေးလို့ မဝင်တော့ပါဘူး။ တောင်တက်လမ်းမစခင်လေးမှာဖြတ်သန်းခကောက်ပါတယ်။ ဆိုင်ကယ်တစ်စီး 200ကျပ်။ တောင်အတက်လမ်းက ပြေပေမယ့် နည်းနည်းလေးမတ်စောက်တဲ့နေရာ နှစ်နေရာမှာတော့ နံပါတ်ဝမ်းဂီယာနဲ့တက်မှအဆင်ပြေပါတယ်.။ ဒါနဲ့ဥမင်သုံးဆယ်ဘုရားကိုရောက်တော့ တောင်ခြေမှာဆိုင်ကယ်ထားပြီးဘုရားပေါ်ကိုတက်ခဲ့ကြပါတယ်။ အရှေ့ဘက်ခြမ်းကနေတက်ရင်တော့ဆိုင်ကယ်ကားတက်လို့ရပါတယ်။ ဒါပေမယ့် အတက်လမ်းက နည်းနည်းလေးမတ်စောက်တော့ အန္တရာယ်များပါတယ်။ ကျဉ်းမြောင်းတဲ့လှေကားလေးအတက်မှာတော့ ဘောစကိုင်းအစေ့လေးတွေနဲ့လုပ်ထားတဲ့ […]


လာပါပြီဗျို့ စကီလေးတွေ..စောင့်နေရတဲ့ သူတွေ အားလုံးကို တောင်းပန်ပါတယ်.. အမြန်တင်ချင်ပေမယ့် ဒီမော်ဒယ်လေးတွေက  ရှုတင်ရှိတာနဲ့..  နယ်ရောက် နေကြတာနဲ့ သူတို့အနုပညာ အလုပ်တွေနဲ့ မအားကြလို့ပါ။ ခွင့်ပြုချက်လဲတောင်းရသေးတယ်ဗျ.. တော်ကြာ သူတို့ပုံတွေကို လျောက်တင်တယ်ဆိုပြီး ပြသနာရှာမှာ စိုးလို့ဗျ.. အဲတစ်ခုသတိထားပေးကြပါဗျာ ဒီမော်ဒယ်ပုံတွေကို သူတို့ခွင့်ပြုချက်မရှိဘဲ ကုူးယူခွင့်မရှိဘူးဗျို့.. ပထမဆုံးစကီလေးကတော့ အသစ်လေးဗျ. .ရေးကူးဝတ်စုံနဲ့ မော်ဒယ်လေး နှစ်ယောက်လဲပါတယ်ဗျို့.. ပြီးတော့ နောက်ဆုံးမှာ nude တစ်ပုံပါတယ်.. မော်ဒယ်နာမည်မေးခြင်း သည်းခံပါဗျာ..