“အဟုတ်တကယ်တီးလို့ကောင်းတဲ့………… အိုဘယ့် တရုပ်ဇီးသီး……………….ံ”     ဒီနေ့ မနက်စစ်ကိုင်းဘက်ကို ရောက်သွားပါတယ်။ အဓိက ကတော့တရုပ်ဇီးသီးဝယ်ချင်လို့ပါ။ နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်ရင်သွားဝယ်နေကျပါ။ ဒီအသီးလေးတွေကို တရုပ်ဇီးသီးလို့ခေါ်ပေမယ့် နာမယ်အရင်းကနှင်းသီးဖြစ်ပါတယ်။ အသီးအရသာက အရမ်းချိုပါတယ်။ လွန်ခဲ့သော ဆယ်နှစ်လောက်က ထိ ဒီအသီးကို လူသိနည်းပါတယ်။ စစ်ကိုင်းမြို့နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းလောက် ကလူများသာ နှစ်သက်စွာစားကြပါတယ်။ 2000ခုနှစ်ပိုင်းမှာတော့ မြန်မာပြည်ကို မြောက်ပိုင်းကလူတွေအနေများလာပါတယ်။ အဲတော့လဲဒီအသီးတွေက တရုပ်တန်းဈေးထဲကိုရောက်လာတော့တာပေါ့။ အဲတော့မှ မြန်မာတွေလဲစားရကောင်းမှန်းသိလာတာပေါ့။ ဒီတော့လဲ ဒီအသီးလေးက ဈေးကွက်ဝင်လာတာပေါ့။   စစ်ကို်င်းမြို့က အိမ်တိုင်းလောက်မှာ ဒီတရုပ်ဇီးသီးပင်ရှိပါတယ်။ ဒီအပင်က အကြမ်းအတမ်းခံပါတယ်။ အသီးပေါ်ချိန်မှာတော့ အသီးတွေကို စက္ကူအိပ်နဲ့စွပ်ထားရပါတယ်။ အသီးကချိုတော့ ငှက်တွေလင်းဝက်တွေအရမ်းကြိုက်တော့ အုပ်မထားရင် အကုန်စားပစ်တတ်ပါသတဲ့။ ကျနော်ကြိုက်မှန်းသိတော့ စစ်ကိုင်းကမိတ်ဆွေတွေက အမြဲပို့ပေးပါတယ်။ သူတို့မပို့သေးခင်စားချင်တော့ […]


Mလုလင္July 20, 20121min042
ကျွန်တော် တို့တွေ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ အပျော်ပဲဖြစ်ဖြစ်၊ အမှတ်တရ ပဲဖြစ်ဖြစ်၊ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် နောင်ပြန်ကြည့်တဲ့အခါ မှာစိတ်ကျေနပ်နေဖို့လိုမှာပါ။ ကျွန်တော် တို့လိုလက်သင်တွေ အဖို့ကတော့ တပါး တခြား ဆရာ တွေရိုက်တဲ့ ပုံတွေကြည့်ရင်းနဲ့သင်ယူ ရပါတယ်။ Facebook မှာလဲ အလွယ်တကူ ကြည့်လို့ ရတော့ အဲဒါလေး အခွင့်တော့ သာပါတယ်။ ရွာထဲမှာ ဓာတ်ပုံပြပွဲ လုပ်ဖြစ်တာကလဲ .. အဲ့လို ရည်ရွယ်တာပါ။ ရွာ့ ပြပွဲမှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက သင်တန်းဆင်း တွေလဲ လာပြ ကြတဲ့အတွက် ဂုဏ်ယူပါတယ်။ သူများ ရိုက်တဲ့ ပုံလေး ကိုကြည့်ရင်း နဲ့ ဒီပုံ မျိုး ကို ဘယ်လို angle က နေဘယ်လို ရိုက်ရင် .. […]


thihayarzarJuly 20, 20124min012
ရွှေသာလျောင်းတောင်ပေါ်တွင်ရှိသောစေတီပုထိုးများ ဖြစ်ပါတယ်။ [/caption] မိသားစုသုံး ကင်မရာ အစုက်လေးနဲ့ ရိုက်ထားတာပါ။ သိစေချင်သော ဆန္ဒတစ်ခုတည်းပါ။ ပုံများကိုဆက်လက်တင်ပြပါဦးမည်။


အင်းလေး ရေကမ္ဘာရဲ့ တတိယ ဂလယ်ရီ ဖြစ်ပါတယ်..   အားပေးတဲ့ သူများကို အထူးပဲ ကျေးဇူးတင်ရှိပါဂျောင်း.. နောက်လာမည့် post မှာ ဂန္ဓာရီခရီးမှ စကီလေးများ ဖြစ်ကြောင်း.. ဂန္ဓာရီ ဆြာအုပ်.


ムラカミJuly 19, 20122min034
ငရဲ ကလာတော့ ပြာပူမကြောက် ဆိုသလို … ခိုးလို့ရတဲ့ ပစ္စည်း ကို သုံးပြီး ညာထားကြည့်တာ …   လူကြားကောင်းအောင် ..အိမ်စာ လုပ်တယ် ဘာညာ သာရေးထားရတယ်.. ဂယ်တော့ … ဂယ်တော့ …   😀     အလကားနောက်တာပါ သည်နေ့ နေ့တွက်မစီ သေးလို့ ပိုက်ပိုက် လာရှာတာပါ….   တကယ်ပြောတာပါ. .. ဘယ်လို လုပ်ထားသလဲ သိချင်ရင် ပြောပြပါ့မယ် ….   ခိခိ…   . . . . . . . . .           အင်းအင်း.. ဖြစ်သလိုလေး ထမင်း […]


KyaemonJuly 19, 20125min01
  ဟုတ်ကဲ့၊ ၁၈၈၈ ခုနှစ် ကိုမှားပြီးရိုက်တာ မဟုတ်ပါ၊  ၁၂၄ နှစ်တုန်းကဖြစ်ရပ်မှန်တွေပါ၊     နော်ဝေနိုင်ငံ    Theisendammen, Trondheim ရပ် မြူနီစီပါယ် ရုံးရဲ့ မှတ်တမ်းဟောင်းများသိုလှောင်ခန်း  က  ရှာရှာဖွေဖွေ ရယူတင်ဆက်လာတဲ့ မှတ်တမ်းဝင် ရှားပါးဓာတ်ပုံတွေပါ၊   သူများနိုင်ငံကသင်ခန်းစာတွေရယူနိုင်တာလဲ ရှိကောင်းရှိမှာပါ၊   ဟိုအချိန်က စက်ကရိယာပစ်စည်း ချို့တဲ့တာ ကို မညည်းမညူရဘဲ၊ ရှိတာလေး သံတူကြီးတွေကိုင်ဆောင်ကာ ကျောက်တုံးကြီးတွေကို ပင်ပန်းကြီးစွာ ထုခွဲခဲ့ကြတာကိုမြင်ယောင်မိတာ၊      ရေကာတာ တခုဖြစ်မြောက်လာအောင် ဝါယာမ စိုက်ထုတ်ပြီး    ဇွဲနဘဲနဲ့လုပ်နိုင်ခဲ့တာ ကို ချီးကျူးတာပါ   ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမှာပါ       Workers building […]


ေမွာ္ဆရာJuly 19, 20121min0
ဓါတ်ပုံပြပွဲ က အခုမှ ပိတ်လို့ အခုမှ ခေါင်းစဉ် တင်ပေးရပါတယ် …။ ဇူလိုင်လအတွက် ခေါင်းစဉ်ကို ကျွန်တော် အားမာန်လို့ ပေးထားပါတယ် .. ဓါတ်ပုံဝါသနာရှင်များ နဲနဲကြိုးစားကြည့်ဖို့ပါ .။ အားမာန်ဆိုတဲ့ခေါင်းစဉ်က နဲနဲ ကျယ်ပြန့်လောက်ပါတယ် …။ လသားကလေးလေး လမ်းလျှောက်ကျင့်နေတာလဲ အားမာန်ပါပဲ ..။ ကျောင်းသားတစ်ယောက် စာကို စိတ်ပါလက်ပါကျက်နေတာလဲ အားမာန်ပါပဲ..။ ဆိုက်ကားသမား ဝန်အများကြီးနဲ့ ဆိုက်ကားကို နင်းသွားတာလဲ အားမာန်ပါပဲ..။ ပင်စင်စားအဖိုးကြီး တုတ်ကောက်နဲ့ လမ်းလျှောက်နေတာကလဲ အားမာန်ပါပဲ …။ခေါင်းရွက်ဗျက်ထိုးဈေးသည်တစ်ယောက် လမ်းပေါ်ကနေ ပဲပြုတ်လို့အော်သွားရင်လဲ အားမာန်ပါပဲ ..။ အားမာန်တွေ အများကြီးရှိ နှိုင်ပါတယ်…။ ဘဝအတွက် အားမာန် ၊ အသက်ရှင်နေထိုင်မှုအတွက် အားမာန် ၊ မိသားစုအတွက် အားမာန် ၊ […]


[1]                        “ဝါဆို ဝါခေါင် ရေကကြီးသနဲ့………………..”   ပြီးခဲ့တဲ့ဥပုဒ်နေ့က စစ်ကိုင်းဘက်ကမိတ်ဆွေတစ်ယောက်ဆီကို ကန်ပါတ်လမ်းကနေအသွားရှမ်းလေးကျွန်းရေမြုတ်နေတာကိုတွေ့ရတော့ အံ့ဩသွားပါတယ်။ ခါတိုင်းဆိုရင် ဒုတိယဝါဆို ဒါမှမဟုတ်ဝါခေါင်လကျမှ ရေဝင်တတ်တဲ့နေရာလေးက အခုပထမဝါဆိုမှာရေတွေရောက်နေလို့ပါ။ ရှမ်းလေးကျွန်းကတော့ ရှေးကတည်းက ဧရာဝတီမြစ်ရေတက်တယ်ဆိုရင် ရေဝင်နေကျ ရေမြုတ်နေကျနေရာပါဘဲ။ ဒါကြောင့်လဲ အဲဒီရွာမှာရှိတဲ့အိမ်အားလုံးခြေတံရှည်တွေဆောက်ထားပါတယ်။ ဒါပေမယ့်လဲ ရေတက်ပြီဆိုတာနဲ့တစ်ရွာလုံးရှိတဲ့လူရောနွားရော ရေလွတ်တဲ့ကန်ပါတ်လမ်းပေါ်ရောက်လာတာပါဘဲ။ ဒီလိုရေတက်ချိန်ဆိုရင် ဧရာဝတီမြစ်ရေကျချိန် သောင်ထွန်းနေတဲ့နေရာမှာယာယီတဲဆောက်ပြီးနေသူတွေရယ်၊ နုံးတင်မြေနုကျွန်းပေါ်မှာနေသူတွေနဲ့မြစ်ကမ်းနံဘေးက ရှိတဲ့ရွာကအိမ်တွေတင်မကပါဘူး စစ်ကိုင်း-ရွှေကြက်ယက်-အမရပူရ ကားလမ်းတောင်ဘက်မှာရှိတဲ့ရွာတွေကအိမ်တွေပါ စစ်ကိုင်းမန်းလေး ကားလမ်းဘေးမှာ အကုန်ရွှေ့ပြီးလာနေကြရတာနှစ်စဉ်နှစ်တိုင်းပါဘဲ။ ရေတက်ပြီဆိုတာနဲ့ကားလမ်းနံဘေးမှာ အိမ်လေးတွေအရှိုအရှိုနဲ့ပေါ်လာပြီး ရေမကျမခြင်းဒီအနားမှာဘဲဖြစ်သလိုနေကြရတော့တာပါဘဲ။ နှစ်စဉ်နှစ်တိုင်း ရေတက်လာရင် ရေလွတ်တဲ့နေရာပြောင်းနေလိုက် ရေကျတော့ မူရင်းနေရာပြန်သွားပြီ တံငါလုပ် ကိုင်းလုပ် ယာလုပ်နဲ့နေခဲ့ကြတာ ဘိုးစဉ်ဘောင်ဆက်အသားကျနေပြီလို့တောင်ဆိုနို်င်ပါတယ်။ ဒီလိုရေတက်ချိန်မှာဆိုရင်ရေဘေးပြေးလာတဲ့မိသားစုတွေအတော်များပါတယ်။ သူတို့ခမျာမှာ ယာယီဆောက်ထားတဲ့တဲပေါက်စနထဲမှာဖြစ်သလိုနေကြရပါတယ်။ နေ့ဆိုအိမ်ရှိလူကုန်အပြင်ထွက်နေ၊ညဆိုတိုးခွေ့အိပ်၊ထမင်းဟင်းချက်တော့ တဲ့ရှေ့မှာမီးခိုးတလူလူနဲ့ချက်။ သုံးတဲ့ရေက ကျောပေးထားတဲ့မြစ်ရေကိုခပ်သုံး။ အိမ်သာမရှိတော့ ကြုံတဲ့နေရာမှအညစ်အကြေးစွန့် […]


ムラカミJuly 17, 20125min019
    ယနေ့ခေတ် compact camera တွေမှာတောင် RAW file format နဲ့ ရိုက်လို့ ရနေပါပြီ .. သို့သော် pro photographers အချို့တောင် JPEG ဖိုင် အမျိုးအစားနဲ့ ရိုက် တုန်းပါ.. JPEG ကိုရွေးချယ်ရခြင်းရဲ့ ကောင်းကျိုး အချို့ ကတော့ ပိုမို မြန်ဆန် ပိုမို သေးငယ်တဲ့ file အမျိုးအစား ဖြစ်လို့ပါပဲ .. ဒါပေမယ့် အချို့ ကတော့ RAW file နဲ့ ရိုက်တဲ့ ကောင်းကျိုးအချို့ ကို မသိနားမလည်ကြသေးတဲ့အတွက် JPEG ကို အသုံးပြု နေကြတာ ဖြစ်ပါတယ်။ အဆိုပါ ကောင်းကျိုးတချို့ ကို သည် tutorial […]


amatminJuly 17, 20123min036
ကျနော် ဘိုကလေးကနေ ရန်ကုန်အပြန် လမ်းတကြောမှာ စိတ်ကူးတည့်ရာရိုက်ခဲ့တဲ့ ဒါ့ပုံ မည်ကာမတ္တလေးတွေပါဗျာ..။ (ဒါ့ပုံ..ခွက်ဒစ်တူ ကိုဂီ) 😛 မြစ်ကမ်းဘေးက အိမ်တချို့ မှောင်ရီဝိုးတဝါး.အိမ်တန်းမျာ ခိုလှုံရာခေါ်တွင်တဲ့ ဒါသူတို့အိမ်.. ရှပ်ပြေးရေယာဉ် အတွင်းပိုင်း စွန့်စွန့်စားစား ခရီးသွား.. 🙂 ခရီးတဝက်ဝယ် အတင်းတက်သူများ.. ရိုက်ချက်က ဝါးပေမဲ့ ဘဝခရီးသည်ရဲ့ ဇိမ်တချက် 🙂 လှေပေါ်က ဈေးသည်အတွက် ရိုက်ချက်. ရေပြင်ကျယ်မှာ မမောတန်းခရီးဆက်.. မြစ်ပြင်ကျယ်မှာ ငါးဖမ်းဝမ်းစာရှာ ဘဝကိုကျောင်းနေတဲ့ လှေသေးပေါ်ကသားအမိဘဝ.. မိုးရိပ်ကြားက ရန်ကုန်ဆိပ်ကမ်းနဲ့ ရွှေတိဂုံစေတီတော်.. ဒီပေါ်ကနေ လက်သရမ်းခဲ့တာပေါ့. 🙂 စကားမစပ်ဗျာ..ကျနော် ကိုယ့်နယ်ကပြန်လာပီးမှ တွေးမိတာလေးတခုက.. ကျနော့တို့တိုင်းပြည်မှာ ဆင်းရဲတဲ့ဒေသချင်း အတူတူကို ဧရာဝတီတိုင်းက ပိုများဆိုးနေသလားလို့.. 🙁 ဘာကြောင့်ဂလိုပြောရလည်း ဆိုတာတော့ ကျနော်လည်း မသိတတ်တော့ဘူး.. […]