padonmarOctober 10, 20121min017
အမေရိကန်၊အင်္ဂလန်၊ ဂျပန်နဲ့ ကိုရီးယား အော်ဇီသားများပါမကျန် Cholestrol မတက်ဖို့အရေး သံလွင်ဆီရွေးလို့စားမယ်တဲ့။ သဘာဝလွန်တဲ့ ဂျီအမ်ဖုဒ် စိတ်တော်ခုလို့ ရှောင်ကြဉ်မယ်တဲ့။ ရောဂါပိုးမွှား အိုကပ်ပါးတု့ိ သူတိုု့့တိုင်းပြည်ထဲ မဝင်ရဲအောင် ပါလာသမျှမျိုးစေ့ လေဆိပ်မှာ ထားခဲ့ရမယ်တဲ့ဟေ့။ ………………….. ဒို့ရွှေမြန်မာက သူဌေးးကြီးများ ပေါများတဲ့အရေး ဒေါ်လှတွေ အထပ်လိုက်ပေးတယ်တဲ့ဟေး။ ……………………….. မလပ်တလပ် လူတန်းစား ဒို့များကလည်း ဆေးဆိုးတဲ့ မျှစ် ဒို့မချစ်ပေါင်၊ ပန်းရောင် သမ်းတဲ့ ငါးပိ စေ့စေ့မကြည့်ပါအမိ။ ကြွပ်ကြွပ်အိတ်ထည့်ထား အကြော်များ ဝေးရာကရှား။ မြောင်းဆီလူဆီ ဒို့မသတီ ရွတ်မည်ဖတ်မည် ကန့်ကွက်ပါမည်။ လိုအပ်ရင်လည်း ဆန္ဒတွေထုတ်ဖော်ဖို့အရေး ဒို့အရေး။ သို့သော် ဒီလူမပီကြက်မပီကလေးတွေမှာတော့ အမှိုက်ပုံတွေရဲ့ကြား တိုးဝှေ့ကာသွား ဘယ်သူတွေ ပစ်ထားထား ဘယ်သူတွေ နင်းသွားသွား ကြက်ကလေးတွေလို ယက်ပါလား […]


              “လှေကလေး”     ငယ်ငယ်တုန်းက အဆိုတော်သန်းထွန်းလေးရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ “လှေကလေးတွေလှော်လို့ ငါးတွေဖမ်းကြသည်”လို့ဆိုတဲ့နေရာမှာ “လှော်ကလေးတွေလှေလို့ ဖမ်းတွေငါးကြသည်”ဆိုပြီးဖျက်ဆိုခဲ့ဘူးပါတယ်။ အငြိမ့်ထဲက လူပျက်တွေဆိုတာကိုလိုက်ဆိုတာပါ။ နောက်နည်းနည်းလေးကြီးလာတော့ ဘိလပ်ပြန်သန်းရဲ့ “လှေကလေးကိုလှော်မည် ဘေးမသန်းဘဲအေးချမ်းတော့မည်”ဆိုတဲ့သီချင်းလေးကို နှစ်သက်မိပြန်ပါတယ်။ ပူလောင်တာတွေများတဲ့ လောကကြီးထဲမှာနေရာတာကြာတော့ အေးချမ်းတာလေးကိုမျှော်မိတဲ့သဘောပါဘဲ။ အဲတော့ ရေပြင်မှာလှေကလေးတွေမြင်တိုင်းသတိထားကြည့်မိပါတယ်။ ဒါပေမယ့်ရေလဲမကူးတတ် ရေလဲကြောက်တော့လှေတော့ မစီးရဲပါဘူး။ အခုနောက်ပိုင်းကန်တော်ကြီးမှာ မနက်မနက်လှမ်းလျှောက်ချိန်မှာ တက်သိမ်းအင်းထဲမှာလှေကလေးတွေကို အမြဲတွေ့ရပါတယ်။ အဲတော့လဲ နွေမိုးဆောင်း လှေကလေးတွေမြင်ရင်လက်ဆော့မိပါတယ်။ တစ်ခါတစ်လေ အလင်းရိပ်ကလေးကျနေချိန်မှာ လှေကလေးအလည်ခေါင်ရောက်တဲ့အထိစောင့်ရတာလဲ အရသာတစ်မျိုးပါဘဲ။ ဘာဘဲပြောပြော လှပသော ပုံကလေးတစ်ပုံရအောင်စောင့်ရတာလဲ လှပသော နူးညံ့သောခံစားမူ့တစ်မျုးိပါဘဲ။ မတူညီသောအချိန်များမှ ာ လက်ဆော့ထားတဲ့ ကျနော့်ရဲလှေကလေးတွေပုံတွေကို မျက်စေ့ဆော့ကြည့်လိုက်ကြပါအုံးနော်     […]


              “စွယ်တော်ပန်းဖြူဖြူ ”       ကျနော်ငယ်ငယ်က နေခဲ့တဲ့အိမ်ရှေ့ဝင်းတံခါးဝမှာစွယ်တော်ပင်လေးတစ်ပင်ရှိခဲ့ဘူးပါတယ်။ ခရမ်းရောင်လိုလို မရမ်းရောင်လိုလို နဲ့ ဆောင်းပွင့်တဲ့ပန်းကလေးပေါ့။ စပွင့်စကတစ်ရောင်ေ နာက်တော့တစ်ရောင်အရောင်တွေပြောင်းတတ်တဲ့ပန်းလေးဆိုရင်လဲမမှားပါဘူး။ နောက်သိတတ်တဲ့အရွယ်ရောက်တော့ ကျနော့်ရဲ့ အကိုကြီးအမကြီးတွေက ဆရာဘုန်းနိုင်ရဲ့ဝတ္တုထဲက အတိုင်း နှစ်လွှာပေါင်းမှတစ်ရွက်ဆိုတဲ့စွယ်တော်ရွက်တွေကိုအခြောက်ခံလို့ စာအုပ်ကြားထဲမှာညှပ်ပြီး သိမ်းခဲ့တဲ့တစ်ခေတ်မှာ ကျနော်တို့အိမ်ရှေ့က စွယ်တော်ပင်လေးက မျက်နှာပွင့်ခဲ့ဘူးပါတယ်။   နောက်တော့လဲဘဝစေညွှန်ရာလမ်းအတိုင်းဟိုပြောင်းဒီရွှေ့။ အပင်စိုက်စရာ မြေမရှိတဲ့တိုက်ခန်းနေလူသားဘဝမှာ စွယ်တော်ပင်နဲ့ဝေးခဲ့ရပါတယ်။ နောက် မန်းလေးကန်တော်ကြီး ပီပီပြင်ပြင်ဖြစ်လာချိန်မှာတော့ မနက်လမ်းလျောက်ရာလမ်းမှာ ငယ်စဉ်က ချစ်ခဲ့နှစ်သက်ခဲ့ရတဲ့စွယ်တော်ပင်လေးတွေနဲ့ပြန်လည်နီးစပ်လို့လာပါတယ်။ 2011မှာရန်ကုန်ရောက်တဲ့အခိုက် ရန်ကုန်စွယ်တော်ဘုရားဘက်ဆီကိုလမ်းလျောက်ရင်း စွယ်တော်ပန်းအဖြူရောင် လေးကိုတွေ့တော့ စိတ်ထဲမှာထူးဆန်းသွားပါတယ်။ တစ်သက်နဲ့တစ်ကိုယ် စွယ်တော်ပန်းအဖြူကိုမမြင်ခဲ့ဘူးတာအမှန်။ နောက်သတိထားကြည့်မိမှ ကျနော်တည်းတဲ့အိမ်နားမှာ စွယ်တော်ဖြူပန်းရုံကြီးကိုတဝကြီးမြင်လိုက်ရပါတယ်။ 2011ခုနှစ် စက်တင်ဘာမှာတော့ တောင်ပိုင်းရှမ်းပြည်ဘက်ကို […]


၂၀၀ရ ခုနှစ်တုန်းက မနူဟာအရုပ်ပွဲ ဖြစ်ပါတယ်.. အဲဒီတုန်းက ဓာတ်ရှင်ပါရိုက်ခဲ့တာကြောင့် အရှင်ကြည့်လို သူများကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ..  ဒီနှစ်ကတော့ ဓာတ်ရှင်ရိုက်မလာခဲ့မိ ပါဘူး.. မှတ်မှတ်ရရ ၂၀၀ရ စက်တင်ဘာ ၂၅ ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးနေ့ ရဲ့ ရှေ့ပြေး နေ့လေးတွေထဲက တစ်ရက်ပါ.. ရန်ကုန်မှာ ဆန္ဒတွေ ပြနေတဲ့ အချိန် ပုဂံမှာလဲ အဲဒီနေ့က စ ပါတယ်.. နောက် နှစ်ရက်အကြာမှာ ရန်ကုန်မှာ ပစ် ကုန်တယ်ထင်ပါတယ်.. အင်တာနက်ကတော့ ၂ရ ရက်နေ့မှာ ပြတ်သွားပါတယ်.. မနူဟာ အရုပ်ပွဲ ဓာတ်ရှင်    


black chawOctober 4, 20122min063
ဒီလိုရှိပါတယ် လူကြီးမင်း … မနက်ဖြန် အောက်တိုဘာလ (၅) ရက် နေ့ဟာ ကျွန်တော်တို့ ရွာသား လူပျိုစစ်စစ် ယင်မတောင် မသန်းသေးဘူးတဲ့ ညီငယ် အမတ်မင်း ရဲ့ မွေးနေ့ ဖြစ်ပါတယ်…။ ဆိုတော့ … ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက် ဘာညာလောက်နဲ့ တော့ မွေးနေ့ ပို့စ်တစ်ခုမတင်ချင်တော့တာနဲ့ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့ ပျော်စရာဓါတ်ပုံလေးတွေကို တင်ရင်း ညီငယ်အမတ်မင်းအတွက် မွေးနေ့လက်ဆောင်ပို့စ်လေးတစ်ခု ဖန်တီးပေးချင်ပါတယ် … ဆိုတော့ ဒီပို့စ်ထဲမှာပါတဲ့ ဓါတ်ပုံရှင်တွေအနေနဲ့ ပြသနာတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ချက်ခြင်း ပြန်ဖျက်ပေးပါ့မယ်လို့ လေးလေးစားစား ပြောပါရစေ ခင်ဗျာ…။ ကဲ စလိုက်ကြစို့ရဲ့…။ ပြီးခဲ့တဲ့ ၂ လလောက်ကပေါ့ဗျာ…။ ညနေခင်းတစ်ခုရဲ့ စိတ်ဖြေရာနေရာတစ်ခုမှာ… ကျွန်တော်နဲ့ ကိုကြီးမိုက်တို့ သူတော်ကောင်း နှစ်ယောက် အတိုင်အဖေါက်ညီစွာပဲ […]


  ရခိုင်အလှူကနေ ဖြာခွဲထွက်လာတဲ့ အလှူတစ်ခုကတော့ ကျနော်တို့ရွာသား ကိုထွန်းဝင်းလတ် တို့ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ နမီးအုပ်စု မှာရှိတဲ့ ခေါင်တုန့်စည်ရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးအတွက် ထပ်မံလှူဒါန်းဖြစ်ခြင်းပါဘဲ။ ပထမဆုံးရခိုင်အတွက်အလှူငွေကောက်တယ်။ အဲဒီအထဲကမှ ဒီကျောင်းလေးအတွက်ခွဲလှူဖို့ ဆုံးဖြတ်။ ကိုထူးဆန်းက လှူဒါန်းမယ့်ငွေနဲ့ ဝယ်ရမယ့်ပစ္စည်းစာရင်း မန်းလေးကို ပို့ပေး။ ကိုပေနဲ့ကျနော်က လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး ကိုထွန်းဝင်းလတ်နေတဲ့မော်လူးကို မီးရထားနဲ့ပြန်ပို့။ ပထမအခေါက်က သွပ်နဲ့သံ အဓိကထားဝယ်။ ဟိုမှာဝယ်လို့ရတာကို ဟိုမှာဝယ်ဘို့အတွက် ပိုနေတဲ့ငွေကို ကိုထွန်းဝင်းလတ်ဆီပြန်လွှဲ။ ဒါပေမယ့် မပြည့်စုံသေးဘဲထပ်လို။ လိုငွေကို ကိုထူးဆန်းက ကျနော်ဆီထပ်လွှဲ။ ကျနော်က တစ်ခါ ကိုထွန်းဝင်းလတ်ဆီကို အပြင်ငွေလွဲကနေထပ်ပို့။ အဲဒီအခါမှ ကိုထွန်းဝင်းလတ်ဆီကိုရောက်။ ကိုထွန်းဝင်းလတ်က တစ်ခါ လူရောငွေရောစိုက်ထုတ်လိုက်တဲ့အခါ ကျောင်းလေးတစ်ကျောင်းဖြစ်တည်ခွင့်ရသွားပါတယ်။ (3-10-2012)နေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးက ပို့ပေးလိုက်တဲ့ အလှုရှင်ဂုဏ်ပြုမှတ်တမ်းလွှာလေး […]


      “တိမ်ရောင်စုံနံနက်ခင်းလေး”     မနက်မနက်လမ်းလျောက်တဲ့အခါ  ရောင်စုံတိမ်အဆင်နဲ့လှပတဲ့နံနက်ခင်းလေးတွေကို တွေ့ရတတ်ပါတယ်။ ကျနော်လမ်းလျောက်တာက အရှေ့ကနေ အနောက်ဖက်ကို လျောက်ရတာပါ။ အဲတော့ အရှေ့ဖက်မိုးကောင်းကင်ကြီးလှမလှကို နောက်ပြန်ကြည့်ရတာလဲအမောပါဘဲ။ ကောင်းကင်မှာ အနီရောင်အလင်းစက်တွေကိုများတွေ့ရပြီဆိုရင် မြင်ကွင်းကျယ်ကျယ်လဲရှိ ရိုက်လို့လဲလှမယ့်နေရာဆီကိုရောက်ပြေးရပါတယ်.။ တိမ်တွေလဲလှနေတာများတွေ့ရလို့ကတော့ရိုက်နေကျ နေရာလေးဆီကိုအပြေးအလွှားသွားပေါ့။ အခုမနက်မှာတော့ တိမ်လေးတွေက အဆင်အသွေးလှလှနဲ့ မြင်ရပါတယ်။ တိမ်ရယ် ရေပြင်ရယ် သစ်ပင်တွေရယ်ဆိုတော့ ပြည့်စုံသော ပုံလေးတစ်ပုံကို ရတာများပါတယ်။ ကဲ ခံစားကြည့်လိုက်ပါအုံးနော်………………..   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 30-9-2012      


KyaemonOctober 1, 201224min04
                ယူကေရဲ့ရေကာတာနဲ့ဆည်များ ကိုလေ့လာရအောင်     ကြားဖြတ်ပြီးပြောလိုတာက အရင်က တင်ခဲ့တဲ့ ယူအက်စ် ရေကာတာ အကြောင်းကိုသတိရကြမှာပါ၊ ပရိသတ် အသစ်တွေ အတွက်လွယ်ကူအောင် အောက်ပါ link လင့်ခ ကိုဖော်ထားတာပါ၊ “ယူအက်စ်အေ က ရေကာတာ ဆည်တွေ – USA DAMS AND RESERVOIRS | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/125891/education“  “…. အောက်ပါလင့်ခ ကိုနှိပ်ပါ၊ ယူအက်စ်အေ က ရေကာတာ ဆည်တွေစာရင်းကိုကြည့်နိင်၊ ပြည်နယ်တိုင်းမှာ တော်တော်များများရှိကြပြီး  ဘတ်လို့မဆုံးနိုင်လောက်အောင်များတာ၊ ဒါတောင် Partial […]


တင်မယ် တင်မယ်နဲ့ ဘီဇီးနေတာကြောင့် မတင်ဖြစ် ဘူးဖြစ်နေတယ်.. ကြားထဲ မိုးပြာ အခန်းဆက်လဲ ထည့်မလို့ အစမှာ တင် ကိုကိုဟက်ကာ တွေကြောင့် အာရုံပြောင်းသွားတာကြောင့် အခန်းဆက်ကို ဆက်မတင်ဖြစ် တော့ပါဘူး.. ခုတော့ အော်ရီဂျင်နယ် ဂန္ဓာရီခရီး ကိုပဲ ပြန်ဆက်တာပေါ့ဗျာ.. အခုပွဲလေးကတော့ ပုဂံ၊ မြင်းကပါမှာ ၂၉.၉.၂၀၁၂ မှာ ကျင်းပခဲ့တဲ့ မနူဟာ အရုပ်ပွဲ ဖြစ်ပါတယ်.. နှစ်စဉ်  တော်သီလင်းလပြည့် နေ့မှာ ကျင်းပပါတယ်.. ထူးခြားတာက လှည့်လည်ပြသတဲ့ အရုပ်တွေကြောင့် ဖြစ်ပါတယ်.. အရုပ်တွေကို မြင်းကပါ ရွားသားတွေကိုယ် တိုင် ပြုလုပ် ကြတာ ဖြစ်ပါတယ်.. ဒီ အရုပ်ချိုးတဲ့ အတတ်ပညာကို မြင်းကပါမှာ ကလေးကအစ တတ်မြောက်ပါတယ်.. ဘုန်ကြီးကျောင်း တွေ အပါအဝင် ရွာ အပိုင်း လိုက် အရုပ်တစ်ခုစီ ပြုလုပ်ကြပြီး ကပြကြတာ ဖြစ်ပါတယ်.. ကိုကြီးကျော်ရုပ်.. မြင်းရုပ်.. ကျွဲရုပ်.. စတာတွေပါဝင်ကြပြီး ပါဖော့မန့် ပြကွက်တွေ လဲပါ ပါတယ်.. ပါဖော့မန့် တွေလုပ်၊ အရုပ်မှာ […]


              “တိမ်တွေနဲ့နီးအောင်အမြင့်သို့်တက်ကြည့်ခြင်း”   ကျနော်ဓါတ်ပုံရို်က်တဲ့အခါ တိမ်တွေ ရေထဲမှာအရိပ်ကျတာတွေကိုအတော်လေးနှစ်သက်မိပါတယ်.။ အထူးသဖြင့်ငယ်ငယ်လေးကတည်းကနှစ်သက်ခဲ့တဲ့တိမ်တောင်ထုတွေကို အခုထိလည်းနှစ်သက်နေတုံးပါဘဲ။ ဒီစက်တင်ဘာလ ကတော့ ခါတို်င်းထက်တိမ်တွေပိုလှတယ်လို့ထင်မိပါတယ်။ ခက်တာက ကောင်းကင်အပေါ်ပိုင်းမှာလေတွေတို်က်နေတော့ တိမ်တွေကရွှေ့လျားလို့နေပြန်ပါတယ်။ တိမ်တောင်ထုလေးပေါ်လာလိုက်။ ညနေကျရင်  သွားရိုက်မယ်စိတ်ကူးထားလိုက်။ တိမ်တွေကြ့ပိုကျသွားလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေရိုက်မယ်လုပ်ပြန်ရင် မြင်ကွင်းက မရှင်း။   ခေါင်မိုးမြင့်မြင့်အပေါ်စီးကသာရိုက်မယ်ဆိုရင်တိမ်တွရှင်းနေမှာဘဲလို့တွေးမိပါတယ်။။ မန္တလေးတောင်ပေါ်က တက်ရိုက်ဘို့စဉ်းစားပေမယ့် အဆင်မပြေ။ တိမ်တွေကို အပေါ်အမြင့်ကရိုက်ကြည့်ချင်စိတ်က တိုးတိုးလို့လာပါတယ်။ တစ်ရက် ဟိုတယ်တွေမှာ ဒိုဘီအပ်တာလက်ခံတဲ့မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းရပါတယ်။ သူက ဟိုတယ်အပေါ်ဆုံးထပ်မှာသွားပြီး လျှော်ပေးရမယ့်အထည်တွေကို သွားလက်ခံရပါတယ်။ သူနဲ့အဖော်လိုက်သွားပြီး ခေါင်မိုးပေါ်တက်လိုက်တဲ့အခါ မန်းလေးမြို့ကြီးကိုအပေါ်ကစီးကြည့်လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှု့မော။ ကျယ်ပြန်တဲ့ကောင်းကင်မှာရှိနေတဲ့တိမ်တွက ကိုယ်နဲ့ ပို ပိုနီးကပ်လာသလိုပါဘဲ၊။ အရှေ့ဘက်မှာရန်ကင်းတောင် ရှမ်းရိုးမနဲပ […]


KyaemonSeptember 30, 201247min02
         ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်  –  အဆက်         မြန်မာပြည်သူတွေက  မန်းတလေးမြို့က ဈေးချိုနာရီစင်ကိုသိကြသလို ကမ်ဘာအရပ်ရပ်က လဲ လန်ဒန်မြို့ရှိ  Big Ben  နာရီစင်ကိုသိကြတာ၊   အချိန်ကိုအတိုင်းထက်အလွန်ပင် မှန်ကန်တိကျရ အောင် စက်ကန့်ပိုင်းထိချိန်ကိုက်ထားတာ၊  တနေ့ကိုအကြိမ်ပေါင်းများစွာ ချိန်ကိုက်ရတာ  နာရီထိုးသံက ကျယ်လောင်သလောက် ကြည်လင်ငြိမ့်ညောင်းသာယာတာကြောင့်  အင်ဂလိပ်တွေက Big Ben ကိုမြတ်နိုးတွယ်တာ အသဲစွဲကြတာ    ကမ်ဘာစစ်မှာလန်ဒန်အရပ်သားတွေကBig Ben ရဲ့နာရီထိုးသံကြားရတာကိုက စိတ်ကြည်နှူးပြီးနှစ်ထောင်းအားရတာ           ခွပ်ဒေါင်း ချင်သေ့ တံဆပ်တို့လိုမျိုး Big Ben  ဟာလဲ အင်ဂလိပ်တွေရဲ့  Icon  အမှတ်တံဆိပ် ဖြစ်နေတာ (Big Ben […]