KyaemonOctober 19, 201219min05
      ယူကေရဲ့ရေကာတာနဲ့ဆည်များ – UK Dams and Reservoirs အဆက်     ရေကာတာတွေနဲ့ အတူ အခြားတော အနေအထား ရှုခင်းတွေကိုပါလိုက်ကြည့်ရအောင်    ==============     Grimwith ရေကာတာ က ၁၈၆၄ ကတည်ဆောက်ခဲ့လို့ ၁၄၈ နှစ်ကြာပါပြီ Dam…. | Flickr – Photo Sharing! http://www.flickr.com/photos/tall-guy/253479670/  Grimwith Reservoir. Best large.  Overflow | Flickr – Photo Sharing! http://www.flickr.com/photos/tall-guy/253518101/ Overflow Grimwith Reservoir. Slide show ဆလိုဒ်ရှိုးပါ  Search results for […]


      တောင်ခိုး အုံ့ဆိုင်း မြင်လေတိုင်းမိူင်းဝေဝေ…………………….၂       ဒီတစ်ခေါက် တောင်ကြီးသွားတဲ့ခရီးကတော့ အဆင်မပြေမူ့များစွာနဲ့လို့ပြောရမယ်ထင်ပါတယ်။ ကားက ည ရှစ်နာရီထွက်မယ်ဆိုတော့ ခုနှစ်နာရီလောက်အိမ်ကထွက်။ လမ်းမှာကားပိတ်တော့ ခုနှစ်နာရီခွဲခါနီးမှရောက်ပါတယ်။ ကားနားရောက်တော့ ရှစ်နာရီမတ်တင်း။ ကိုယ်ကသာစိတ်တွေပူပြီးအပြေးအလွှားသွားရတယ် ကားပေါ်တက်လို့မရသေး။ မေးကြည့်တော့မှ ကားဘီးပေါက်နေပါသတဲ့။ လမ်းဘေးမှာ စောင့်ရပ်ရင်း ကြည့်လိုက်တဲ့အခါသူတို့လဲတဲ့စပယ်ယာဘီးကလဲ ခပ်နွမ်းနွမ်း။ ကျနော်သာအရောက်နောက်ကျလို့တက်မရ ကားပေါ်မှာနေရာယူတဲ့သူကယူပြီးသားပါ။ ကားကရှစ်နာရီကျော်တာတောင်ပြင်လို့မပြီးသေးပါဘူး။ စိတ်ထဲကနေ မေးနေတဲ့မေးခွန်းကတော့ “မင်းတို့နောက်ကျရင်သာခရီးသည်ကစောင့်ရတာ ခရီးသည်နောက်ကျရင် မင်းတို့စောင့်ပါမလား” ရှစ်နာရီခွဲတိတိမှာမှ ကားထွက်ပါတယ်။ နာရီဝက်တိတိတောင်နောက်ကျပါတယ်။ နောက်ည11နာရီလောက်မှာ မိတ္ထီလာနားက ဆိုင်တစ်ဆိုင်မှာထမင်းစားနား။ ပြန်ထွက်လာပြီးသိပ်မကြာခင်တစ်နေရာမှာ ကားထိုးရပ်ပါတယ်။ အစကတော့ ဖွင့်ထားတဲ့ မြန်မာကားထိုင်ကြည့်နေရင်း က ကားအောက်ကိုဆင်းကြည့်တော့မှာ ကားဘီးဖြုတ်နေတာကိုမြင်ရပါတယ်။ စပယ်ယာဘီးကထပ်ပေါက်တာပါတဲ့။ ကားဆရာက မကျေမနပ်နဲ့ပြောလိုက်တာကတော့ “ဘယ်လိုလူတွေပါလာလို့ ကားဘီးပေါက်တာလဲမသိဘူူး။ […]


      စိမ့်စမ်းရေတံခွန်ဖြာဆင်းနေတဲ့ တောင်ကြီးအတက်လမ်း……………     ဟိုအရင်ကဆိုရင် တောင်ကြီးမြို့အကြောင်းကို စာထဲမှာဖတ်ရ သူများတွေပြောတာလောက်နဲ့ကျေနပ်ခဲ့ရပါတယ်။ ဆိုင်မှာသာ မခွာဘဲအမြဲကပ်နေရတဲ့ကျနော့်အဘို့ခရီးသွားဘို့အခွင့်အရေးမပေါ်ခဲ့တာ 1995 ခုနှစ်ကစလို့ 2000ခုနှစ်အလွန်ထိ အတော်ကြာခဲ့ပါတယ်။ အကြောင်းသင့်ပြန်တော့ 2011 စက်တင်ဘာ 23မှာတောင်ပိုင်းရှမ်းပြည်ကို မထင်မှတ်ဘဲရောက်ခဲ့ရ။ အဲဒီတုန်းက ည 7နာရီကားနဲ့သွားခဲ့တာပါ။ မှတ်မှတ်ရရ 2009ခုနှစ် စက်တင်ဘာလ 23ရက်တုံးကတော့ အဲဒီအချိန်မှာ မြို့သစ်မှာရှိတဲ့ မြိုတော်ဆေးရုံပေါ်က အခန်းထဲမှာ ပိုက်တန်းလန်းနဲ့ သတိရတစ်ချက်မရတစ်ချက် ။ ပိုတက်စီယံခန်းသွားတာပါတဲ့။ ချွေးအထွက်လွန်သွားလို့ပါတဲ့။ တောင်ကြီးကိုရောက်ဘို့ကံဇာတာပါပြန်တော့လဲ 2011 စက်တင်ဘာမှာတစ်ခေါက် 2012 အေပရယ်လ သင်္ကြအပြီမှာတစ်ခေါက် 2012 ဇူလိုင်လ29-30 တစ်ညအိပ်တစ်ခေါက် အခု2012 အောက်တိုဘာလဆန်းမှာတစ်ခေါက်ထပ်ရောက်ခဲ့ရပြန်ပါတယ်။ ရောက်တိုင်းလဲ လက်ဆော့ဖြစ်ပါတယ်။ ပထမတစ်ခေါက်ကတည်းက တောင်ကြီးအတက်လမ်းမှာရှိတဲ့ မိုးတွင်းမှာသာတွေ့နိုင်တဲ့ရေတံခွန်ကို ရောက်ခဲ့ပါတယ်။ […]


1 ရွှေအိုရောင်ညနေခင်း               “အရှေ့ဘက်ကတောင်သမန်ကိုနုတ်ဆက်ခြင်း ”     ကျနော်နဲ့ဘိုသော့နှစ်ယောက်သားဓါတ်ပုံတွေရိုက်လို့ မောတော့ အဆောင်လေးတစ်ခုမှာနားကြပါတယ်။ အဲဒီမှာကျနော်က မြောက်ဘက်ခြမ်းက ပုံတွေကိုသွားရိုက်နေတုန်းလှေအုပ်ကြီးရောက်လာပါတယ်။ ကျနော်က တံတားလေးကွေးသွားတာကိုရိုက်ကောင်းနေချိန် ဘိုသော့ကလဲ လှေအုပ်ကြီးကိုအားပါးတရ နှက်နေပါတယ်။ သူလှေတွေရိုက်တာမြင်တော့ တောင်ဘက်ခြမ်းကိုကူးလာပြီးရိုက်ပါတယ်။ အင်းထဲမှာ လှေကလေးတွေက လူးလာခတ်နေပါတယ်။ နို်င်ငံခြားသားတွေလဲ လှေစီးရင်း ကျနော်တို့လိုလက်ဆော့သူတွေ တွေ့ရပါတယ်။ တစ်ချို့ကနှစ်ယောက်တွဲ တစ်ချို့က တစ်ကိုယ်တော်။ လှေတွေကိုရိုက်လို့ကျနော်ကတော့ တံတားကိုပုံစံမျိုးစုံနဲ့လက်ဆော့ဖြစ်ပါတယ်။ ဝင်လုဆဲနေရောင်အောက်မှာ လှပသောအလင်းတန်းများနဲ့ ပုံများစွာကိုရပါတယ်။ ရိုက်ရင်းရိုက်ရင်းနဲ့ အလင်းက တစထက်တစ ပျောက်လာပါတယ်။ ကျနော်နဲ့ဘိုသော့ တံတားကခွာတော့ အတော်လေးမှောင်နေပါတယ်။ အပြန်လမ်းမှာတော့ စေတီလေးတစ်ဆူ အရိပ်ကျနေတာကိုမြင်တော့ ဆင်းလက်ဆော့ခဲ့ပါသေးတယ်။ ဘာဘဲပြောပြော လှပသော တောင်သမန်ညနေခင်းလိုပ […]


ဆူးOctober 16, 20121min045
ပိုစ် မတင်တာတော့ နည်းနည်းကြာသွားပြီ.. ဒီနေ့တော့ တင်ချင်စိတ်ပေါက်လို့ တင်လိုက်တယ်။ ကိုရင်လေးတွေ ကျောင်းသား ကျောင်းသူ အရေ အတွက် စာရင်း လှူဖွယ် ပစ္စည်းတချို့ စာသင်ကျောင်းတွေမှာ သင်ကြားနေမှု အခြေအနေ.. အလှူရှင် ကို မေတ္တာပို့နေပုံလေးပါ။ အိမ်ပြန် လက်ဆောင်တွေ တန်းစီ ယူနေကြတာ ဖြစ်ပါတယ်။ ဟဲ့ နင်နဲ့ နာနဲ့ ရတာချင်း တူရဲ့လား.. ဟိဟိ..


  ဒီနေ့ မဝေ မွေးနေ့မှန်းသိလိုက်ရပါတယ် အတော်နောက်ကျမှသိရတော့ မွေးနေ့လက်ဆောင်လဲ နောက်ကျသပေါ့ ကျနော် မဒမ်ပေါက် နဲ့ မဝေတို့အကြားမှာ ခင်မင်သော မိတ်ဆွေ အဖြစ်နဲ့ အမှတ်ရစရာတွေများကြီး မန်းလေးမှာ ကော်နက်ရှင်မကောင်းတဲ့အချိန် မဝေ ကျနော်ကို ကူညီတာတွေက မမေ့နို်င်စရာ ကျနော်ဓါတ်ပုံတင်မတင်တတ်ချိန် သင်ပေးတာကလဲ ချန်ထားလို့မရ ကဲ  ဒါတွေထားလိုက်တော့ အမြဲတမ်း ပျော်ရွှင်စရာကောင်းသောအဖြစ်တွေကိုသာဆုံတွေ့နိုင်ပါစေလို့ ကိုပေါက်နဲ့မဒမ်ပေါက်က ဆုတောင်းရင်း မွေးနေ့လက်ဆောင်ဓါတ်ပုံလေးပေးလိုက်ပါတယ်။   ခင်သော ကိုပေါက်(မန္တလေး)


                    “တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက ………………ံ”   ရတနာပုံတက္ကသိုလ်ရဲ့ရှေ့ကဖြတ်ပြီး အနောက်ဘက်လမ်းကလေးအတိုင်းလာခဲ့ကြပါတယ်။ လမ်းကလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။ အချိုးအကွေ့လေး နှစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါ စည်ကားလှတဲ့ဈေးဆိုင်တန်းတွေကိုမြင်ရ။ ကျနော်ဒီနေရာလေးကိုမရောက်တာလေးနှစ်လောက်ရှိပါပြီ။ အရင်က အကြော်ဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်နဲ့ချောက်တီးချောက်ချက်။ အခုတော့ အလွန်အမင်းစည်ကား။ ဆိုင်ကပ်အပ်ဘို့ ဆိုင်ကလဲ အဆင်သင့်။ တစ်စီးမှာငါးရာထဲပါ။ ဆိုင်ကယ်အပ်ခကိုဘိုသော့ကပေးလိုက်ပါတယ်။ အနောက်ဘက်တံတားရှိရာကိုဆင်းလိုက်တဲ့အခါရေပြင်ကြီးကိုမြင်ရပါတယ်။ ဟိုအရင်က ကမ်းစပ်မှာထိုင်စားဘူးခဲ့တဲ့အကြော်ဆိုင်လေးတွေလဲရေမြုတ်လို့နေ။ တံတားပေါ်ရောက်ရောက်ခြင်း ရွှေရောင်လက်နေတဲ့ရေပြင်ကို တစ်ချက်ဆွဲလိုက်ပါတယ်။ တံတားပေါ်မှာလူအပြည့်။ ရေထဲမှာတော့ “ငှက်”လေးတွေက လူးလာခတ်။ ကျန်တဲ့အရပ်တွေမှာတော့ လှေလို့ခေါ်ပေမယ့် ဒီအရပ်မှာတော့  “ငှက်”လို့ခေါ်ပါတယ်။ သာမန်လှေတွေနဲ့မတူ လှေဝမ်းက ခပ်ကားကား။ လူတစ်ယောက်ထဲက လှေဝမ်းအလည်ခေါင်မှာရပ်လို့ တက်နှစ်ချောင်းနဲ့တစ်ပြိုင်တည်းလှော်ပါတယ်။ လှေသမှားကိုလဲ ငှက်သမားလို့ခေါ်ပါတယ်။ တံတားပေါ်လဲရောက်သွားရော ဘိုသော့နဲ့ကျနော် တစ်ကွဲတစ်ပြားစီ။ […]


ဆြာအုပ် နှင့် ကိုလိုနီ ဆိုလို့ ဆြာအုပ်တစ်ယောက် နယ်ချဲ့တော်လှန်ရေးလုပ်နေပြီလား.. သုပန္ဏကဂဠုဏရာဇာ ဘွဲ့ခံပြီး နယ်ချဲ့ တော်လှန်ရေးကားတွေ ရိုက်နေပြီလား မထင်လိုက်ပါနဲ့ ဗျို့.. တစ်လောက wide lens လေးဝယ်လာတာနဲ့ စမ်းထားတဲ့ပုံတွေပါ.. ရန်ကုန်မြို့မှာ ရှိတဲ့ ကိုလိုနီခေတ် အဆောက် အဦးတွေ လိုက်ပြီး လက်ဆော့ထားတာပါ.. အဲ ပုံလေးတွေပေါ်မှာ ခရက်ဒစ် လေးတွေ ထိုးထားတာကတော့ စိတ်မရှိပါနဲ့ ဂျာ.. ပုံတွေရဲ့ အောက်မှာ ပါတဲ့ နံပါတ်တွေက လတ္တီကျူ/လောင်ဂျီကျူ တန်ဖိုးတွေ ဖြစ်ပါတယ်။ ကော်ပီလုပ်ပြီး google map မှာ ထည့်ပြီး လွယ်လွယ်လေး ရှာ တွေ့နိုင်ပါတယ်..  


    “တောင်သမန်အသွားလမ်းမှာလက်ဆော့ခြင်း”     ပြီးခဲ့တနင်္ဂနွေ က ဥပုဒ်နေ့နဲ့ တစ်ထပ်ထဲကျနေပါတယ်။ အဲတော့ အလုပ်ကကလေး တွေနဲ့ ဗောဓိတစ်ထောင်သွားမယ်ဆိုပြိီး စိစဉ်ထားပါတယ်။ ဖြစ်ချင်တော့ ညသုံးနာရီလောက်ကရွာတဲ့မိုး တိတ်ကိုမတိတ်တော့ဘူး။ အဲတော့ မသွားဖြစ်ဘူးပေါ့။ နေ့လည်ပိုင်းကျတော့ပျင်းလာရော။ အဲဒါနဲ့ဘိုသော့ဆီဖုန်းဆက်တော့ ညနေလေးနာရီကျော်ရင်အားပြီတဲ့။ သွားမယ်နေ့ရာကတော့ တောင်သမန်အင်းကိုပေါ့။ တောင်သမန်အင်းကို အကြိမ်ကြိမ်ဓါတ်ပုံရိုက်ဘူးပေမယ့် အရှေ့ဘက်တောင်သမန်ရွာထိပ် အရှေ့ဖက်ခြမ်းကတော့ မရိုက်ဘူးသေး။   နောက်ဘိုသော့ကလဲ တောင်သမန်နဲ့ဦးပိန်အကြိမ်ကြိမ်လာခဲ့ဘူးပေမယ့် ရတနာပုံဘက်ကနေမဝင်ဘူး သေးဘူး။ အဲတော့ 78လမ်းတိုင်းလာ။ နည်းနည်းစောသေးတော့မန်းမြို့တော်မှာလက်ဖက်ရည်ဝင်သောက်။ ကိုမိုက်တို့ကိုစွယ်တော်တို့ရဲ့ တမာတန်းလေးကိုဖြတ် တံခွန်တိုင်အဝင်လမ်းကနေရတနာပုံဘက်ကို ခရီးဆက်ခဲ့ပါတယ်။ ရတနာပုံကျောင်းနဲ့ တောင်မြို့လမ်းခွဲမှာ ငါးမျှားနေသူတွေကိုတွေ့ရပါတယ်။ အဲဒီနားကမြင်ကွင်းလှတော့ခဏရပ်လို့ရိုက်။ အရှေဘက်ကိုဆက်သွားတော့လမ်းမြောက်ဘက်မှာ ရွှေရောင်တွေဝင်းနေတဲ့စေတီတစ်ဆူ။ အဝေရာပင်တွေ ဆူူးပင်တွေကြားကရေပြင်မှာ ဘုရားအရိပ်က တစ်ဝက်တစ်ပျက်။ ဘိုသော့ကရေစက်ဝိုင်းချရအောင်ခဲရှာ။ ကျနော်က ဓါတ်ပုံရိုက်စရာရအောင် သစ်ကိုင်းတွေချိုး။ […]


NovyOctober 12, 20121min022
http://myanmargazette.net/150156/creative-writing/short-story အပေါ်က “ပင်မှည့်ပင်အမှတ်မမှားစေချင် “ဆိုတဲ့ ပို့မှာ ပင်မှည့်ပင်ကို ဓာတ်ပုံရိုက်ပြီး ပြမယ်လို့ရေးထားခဲ့ပါတယ် အပင်ကိုမမြင်ဘူးတဲ့သူတွေအတွက် ဗဟုသုတပေါ့နော် မြှားထိုးထားတာ ပင်မှည့်နွယ်ပင်အရင်းပါ အသီးပုံ1 အသီးပုံ2 အရွက်နဲ့နွယ်လေးတွေ ပျဉ်းမပင်ပေါ်နွယ်တက်နေတဲ့ ပင်မှည့်ပင်ကို ပြထားတာ  


padonmarOctober 12, 20121min027
ဒီနေ့ညနေ ၃နာရီခွဲ မြို့ထဲကို အပြန် အင်းစိန်လမ်းပေါ် ဆင်ရေတွင်းနားမှာ ဘေးချင်းပွတ်ပြီး ချိတ်နေတဲ့ ပါရမီဘတ်စကား ၂စီးကို တစ်ဖက်ယာဉ်ကြောမှာ တွေ့လိုက်ရလို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဒရိုင်ဘာတွေ စပါယ်ယာတွေလည်း သူမှားငါမှန် အချင်းများနေကြပါတယ်။ ထုံးစံအတိုင်း လမ်းဘေးကလူအုပ်ကြီးကလည်း ဝိုင်းစပ်စုလို့ပါပဲ။ သူတို့နောက်က လမ်းပိတ်နေလို့ သွားမရတော့တဲ့ ယာဉ်တန်းကြီးဟာ ကား ၁မှတ်တိုင်စာ (စွယ်တော်ရွက် သင်တန်းရှေ့ထိ) ရောက်ပြီး ခရီးသည်တွေလည်း စိတ်ပျက်ပျက်နဲ့ သူတို့ရှင်းအပြီးကိုစောင့်နေကြရပါတယ်။ ပြီးခဲ့တဲ့လက သတင်းစာထဲမှာပါတဲ့ ပါရမီ-အဓိပတိယာဉ်များ မဆင်မခြင်မောင်းလျှင်၊ဆက်ဆံရေးမပြေပြစ်လျှင် အောက်ပါဖုန်းနံပါတ်များသို့တိုင်ပါဆိုတဲ့ ကြော်ငြာလေး သတိရမိပါတယ်။ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်က မှတ်မိလွယ် နံပါတ် မဟုတ်ပါဘူး။ (ဥပမာ- အရေးပေါ်လူနာတင်ယာဉ်ခေါ်ချင်ရင် 500005 ဆိုတာမျိုး တစ်ခါကြားတာနဲ့ မမေ့နိုင်တဲ့ နံပါတ်မျိုး ဖြစ်သင့်ပါတယ်) ကျမ ကတော့ တိုင်မယ်တောမယ် […]


          “ညနေခင်းတိမ်……………..”     ဟိုးလွန်ခဲ့သောဆယ်စုနှစ်ကာလတွေတုံးက ကျနော်ဘဝမှာညနေခင်းဆည်းဆာဆိုတာ ကို်ယ်နဲ့မသက်ဆိုင်သလိုပါဘဲ။ ညနေခြောက်နာရီ 7နာရီထိ လမ်းတကာကိုဆိုင်ကယ်တစ်စီးနဲ့သွားလို့ပိုက်ဆံတွေလိုက်သိမ်း၊ ပြီးတာနဲ့ အထပ်ခိုးလေးပေါ်မှာစာရင်းတွေလုပ်လို့ ည8နာရီကိုးနာရီထိနွေမိုးဆောင်းကုန်လွန်ခဲ့ရပါတယ်။ 2009ခုနှစ်နောက်ပိုင်းမှာတော့ အလုပ်ကလူလည်းများလာတော့ စောစောသိမ်းဖြစ်။ အဲတော့အချိန်အားလေးတွေထွက်လာတော့ညနေခင်းရဲ့ရသလေးကိုခံစားခွင့်ရလို့လာပါတယ်။ နောက်ဓါတ်ပုံရိုက်ဖြစ်လာတဲ့အခါမှာ လှပတဲ့ဆည်းဆာညနေခင်းလေးတွေကို ရိုက်ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ညနေခင်းဆိုတာ ထက် မနက်ခင်းကိုပိုလက်ဆော့ဖြစ်ပါတယ်။ အခုပုံလေးတွေကတော့ အောင်ပင်လယ်ညနေခင်း ဧရာဝတီမြစ်ညနေခင်း၊ ကန်တော်ကြီးမြောက်ဘက်ခြမ်းကညနေခင်းလေးတွေကိုရိုက်ဖြစ်တာများပါတယ်။ တစ်ရက်ကတော့ တောင်သမန်အင်းဘက်ကိုညနေစောင်းအရောက် ထူးထူးခြားခြားရိုက်ဖြစ်ပါသေးတယ်။ လှတာမလှတာအပထား ကျနော်အတွက်ရခဲ တဲ့ညနေခင်းလေးတွေကို အားပေးလိုက်ကြပါအုံး။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (2-10-2012)          


မနေ့ညက အရီးခင်လတ် ရဲ့ ဂဏန်းများနှင့် ကခုန်ခြင်း ကိုဖတ်ပြီး ကိုယ့်နာမည် ပါမလား ပါမလားလိုက်ရှာတယ်.. မပါမှန်းလဲသိပါတယ် ဟီးဟီး ထီမထိုးပဲ ပေါက်ချင်တဲ့ စိတ်ကတော့ အပြည့်ရှိ တယ် ပြောရမယ်.. တစ်ပုဒ် တင်တဲ့ အထဲ မှာတောင်မပါ.. ဘယ်ပါမလဲ တင်မှမတင်ဘဲ.. နောက်ဆုံးတော့ မှတ်ချက် တစ်ခါ ပေးသူ (၆၅) ဦး ထဲမှာ တွေ့ မိတော့မှပဲ တော်ပါသေးရဲ့ ဆိုလိုက်မိသဗျို့.. အင်း တော်ပါသေးရဲ့ active ဖြစ်နေတဲ့ ၂.၂% ထဲမှာ တွဲလောင်းလေး ပါသွားသေးလို့.. အရီးကတော့ ဒါ့ထက် ပိုပြီး active ဖြစ်စေချင်ပုံပါပဲ.. တာဝန် မကျေ တဲ့ ရွာသား တော့ဖြစ်နေပြီ.. ဘယ့်နှာလုပ်ရပါ့.. သူကြီးတို့ကိုလဲ အားရှိစေချင်တယ်.. […]