မိုခ်ိဳOctober 24, 20122min025
မနေ့ က ဦး ကြီး မိုက်ရဲ့ ယုန်လေးတွေ ကြည့် ပြီး စားခဲ့ဖူး တဲ့ ယုန် သား ကြော် ပြန်သတိရ မိ တယ်။ အမေတို့ ငယ်ငယ် ပုပ္ပား မှာ နေတုန်း က ယုန်သား မကြာခဏ စား ရဖူးတယ်၊ ချိုတယ် လို့ ပြောလို့ ဒီ တခေါက် ခရီး စဉ်မှာ ပုဂံ၊ကျောက်ပန်းတောင်း လမ်းဘေး ထန်းတောထဲ က တဲလေး တစ်တဲ မှာ ဝင်နား ကြတုန်း က ယုန်သား ရ လား မေးတော့ မရဘူးတဲ့ ။ သူက ထန်းရည် ဆိုင် မဟုတ် ပဲ ထန်းပင်ထွက် […]


                    “တောင်ကြီးမြို့မှာလက်ဆော့ခဲ့သမျှ”     လမ်းလျောက်တဲ့မနက်မှာ မိုးတွေက ကျလာ ထီးမပါ အဲတာနဲ့လမ်းတစ်ဝက်ကလှည့်ပြန်ခဲ့ရပါတယ်။ အဲဒါနဲ့စည်ပင်သာယာပန်းခြံထဲမှာခဏမိုးဝင်ခိုလိုက်ပါတယ်။ သိပ်မကြာခင်မိုးတိတ်သွားတော့ ကလေးတွေဆော့ဘို့စင်ကလေးလုပ်ထားတာတွေ့ရပါတယ။် ဒါနဲ့ဘဲအဲဒီစင်ပေါ်တက်ပြီး မြန်မာပြည်မြေပုံ ပုံစံလုပ်ထားတဲ့ ပန်းခင်းလေးကို ရိုက်ပါတယ်။ ပထမတစ်ခေါက်ကတည်း ကဒီပုံလေးကို လက်ဆော့ချင်ပေမယ့် အပေါ်စီးကမြင်ရတဲ့နေရာမရှိလို့မရိုက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခါတော့ စိတ်တိုင်းကျလက်ဆော့နိုင်ခဲ့ပါတယ်။ မိုးလေးက နည်းနည်းရွာထားတော့ သစ်ပင်ပေါ်တင်နေတဲ့ရေစက်ရေပေါက်တွေကိုလက်ဆော့ ဘို့လိုက်ရှာပြန်ရော။ အဲဒါတွေမတွေ့ခင်ခေါင်းပေါ်မော့ကြည့်လိုက်တော့ မယ်ဇလီပွင့်ဝါဝါကြီးတွေ။. မန်းလေးကအပွင့်ကသေးပါတယ်။ အဲတော့ ဘာရမလဲ လက်ဆော့ တာပေါ့။ ပန်းခြံမြောက်ဘက်အထွက်နားရောက်တော့ သစ်ပင်လေးတွေပေါ်မှာ မုးိစက်တွေသီးနေတာမြင်တော့ လက်ဆော့မိပြန်ရော။ ကုန်းလိုက်ကွလိုက် ထိုင်လိုက်ငုံ့လိုက်လုပ်နေတဲ့ ကျနော့်ကို ပန်းခြံစောင့် တာဝန်ယူထားသူ မျက်စေ့နောက်တဲ့အထိပါဘဲ။ အဲဒီမှာလက်ဆော့လို့အားရလို့ထွက်လာလိုက်တာ ကမ္ဘောဇဘဏ်ရှေ့ရောက်တော့ […]


  “ဂရုမစိုက်ဘူးကွာ”   ပြီးခဲ့တဲ့စနေနေ့ ကျနော် မြို့သစ်ဘက်ကိုသွားတော့ သိပ္ပံလမ်းကနေ ၇၃လမ်းထဲကိုချိုးကွေ့လိုက်ပါတယ်။ အဲဒီလမ်းကလေးက သစ်ရိပ်ဝါးရိပ်နဲ့ဆို နေပူသက်သာလို့ပါ။ မရောက်တာလဲ အတော်ကြာတော့ဖြတ်သွားချင်တာလဲ ပါပါတယ်။ ဝင်ဝင်ချင်း လမ်းဒေါင့်မှာ အရင်ကရှိတဲ့ ဘီယာဆိုင်ရော လက်ဖက်ရည်နဲ့တွဲထားတဲ့ အကြော်ဆိုင်လေးရောမရှိတော့။ သူတောင်ဘက်က မြေကွက်လပ်ကတော့ သံဇကာ ကာထားပြီး တပ်မတော်စိုက်ခင်းလို့ရေးထားပါတယ်။ အထဲမှာတော့ ကြံပင်တွေနဲ့စိမ်းစိမ်းစိုစို။ ဟိုးတုန်းကတော့ကြက်ဆူခင်းတွေပေါ့။ အဲဒီကနေ နည်းနည်းလေးရှေ့ဆက်သွားလိုက်တော့  အရင်ရှိတဲ့ကျောက်လမ်းနဲ့ သစ်ပင်ခင်တန်းလေးကြားမှာ မြေနီလမ်းအသစ်ဖောက်ထားတာကိုတွေ့ရပါတယ်။ အရင်တုန်းက မြေကွက်လပ်ကြီးမှာ အကာအရံတွေနဲ့ဖြစ်နေပါတယ်။ အဲဒီက နံရံပေါ်မှာတော့ကုမ္ပဏီတွေရဲ့ကြော်ငြာပေါင်းစုံကပ်ထားပါတယ်။ အော်မြိုသစ်တည်ဆောက်ရေး အဆင့်မြင့် လူနေအိမ်ယာစီမံကိန်းလို့ထင်ပါရဲ့လို့တွေးနေတုန်းအဲဒီအနောက်ဘက်က မြေလမ်းကနေ ကားအကြီးအပြာရောင်တစ်စီးဖြတ်လဲမောင်းလိုက်ရော ပါတ်ဝန်းကျင်တစ်ခုလုံး လေနီကြမ်းဝင်မွှေ့လိုက်တဲ့အတိုင်းဖုံတွေလုံးတက်သွားပါတော့တယ်။ ဖြစ်ဖြစ်ခြင်းတော့ ဓါတ်ပုံမရိုက်နိုင်။ မျက်နှာကို အုပ်ထားရလို့ပါ။ ကားလဲလွန်သွားရော ဒီပုံလေးတွေရလိုက်ပါတယ်။ အဲဒီကားကတော့ ဂိတ်-2 ဆိုတဲ့အထဲကိုဝင်သွားပါတယ်။ လမ်းဘေးက […]


        8 ဘုရားဒါယိကာ မင်းတုန်းမင်း နောက်တစ်ပါတ်ဆိုရင် မန်းလေးတောင်ခြေက  ကုသိုလ်တော်ဘုရားပွဲစပါပြီ မန်းလေးသားများ အမှတ်ရအောင်သတိပေးတာပါ   ကိုပေါက်လမ်းသလားနေသည် (23-10-2012)  


etoneOctober 23, 20126min058
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၊ ရွှေတိဂုံဘုရား နဲ့ ရင်ပြင်တော် တလျှောက်ကို ပြုပြင်မွန်းမံပြီး ခါစ ၊တပတ်တခါနီးပါး ဘုရားရောက်ဖြစ်ခဲ့ပါတယ် ။ ရောက်ဖြစ်တိုင်း ၊ ထူးခြားနေတဲ့ နတ်မင်းကြီးတွေမျက်နှာကို ဓါတ်ပုံရိုက်မယ်ကြံရွယ်ပြီးမ ရိုက်ဖြစ်ခဲ့ပါဘူး ။ ဘာသာရေး အယူဆတွေနဲ့ ပတ်သတ်လို့ လက်ရှောင်ခဲ့တာကြောင့် ဒီလို ဓါတ်ပုံတွေ ရိုက်ဖို့လည်း စိတ်ကူးသာ ရှိတာ လက်တွေ့မှာ မချင့်မရဲဖြစ်ခဲ့ပါတယ် ။ တခြားသော ဘာသာဝင်တွေ ထင်မြင်ယူဆချက် တစ်စုံတစ်ရာ ပေးဖို့ ဟိုက်လိုက်လုပ်သလို ဖြစ်နေမှာလည်းကြောက်တာကြောင့်ပါ ။ တပတ်တစ်ခါ ဘုရားရောက်တိုင်း ရိုက်ကောင်းနိုး ၊ မကောင်းနိုးနဲ့ စဉ်းစား လာလိုက်တာ ရင်ပြင်တော်တလျှောက် ပြုပြင်မွန်းမံ အပြီး သုံးလလောက်မှာ ၊ ဆက်မစဉ်းစားနိုင်ပဲ ၊ ဓါတ်ပုံရိုက်ယူထားခဲ့မိပါတယ် ။  […]


အခုတလော အဖေက နာမကျန်းဖြစ်နေတော့   မင်္ဂလာဒုံမှာရှိတဲ့   မိဘအိမ်ကို အပါတ်စဉ် တနင်္ဂနွေ နေ့တိုင်းရောက်ဖြစ်နေတယ်… အိမ်မှာ တစ်ခုထူးနေတာက ယုန်လေးတွေ အများကြီးမွေးထားတာတွေ့ရလို့ပါပဲ…မေးကြည့်တော့… ညီမအငယ် က ကျောင်းဆရာမလေ…သူ့ကို တပည့်တစ်ယောက်က ယုန်လေးတစ်စုံလက်ဆောင်ပေးလိုက်ရာက ဇတ်လမ်းစတော့တာ… အမှတ်မထင်မွေးထားရင်း ပွားလာလိုက်တာများ မနိုင်မနင်းတောင်ဖြစ်နေပြီ… ဒါတောင် အရွယ်ရောက်တဲ့ ကောင်လေးတစ်ချို့ ရောင်းရောင်းထုတ်နေပေလို့ပဲ… တစ်နေ့ တစ်နေ့ ကန်စွန်းရွက်ဖိုးတင်မနဲကုန်တယ်….ကျုပ်လည်း ယုန်လေးတွေကြည့်ရင်း စိတ်ကူးပေါက်တာနဲ့ ဓါတ်ပုံလေးတွေရိုက်မိပြန်တယ်…အားပေးကြပါအုံးနော… (မွေးချင်သူရှိလည်း  ပြောပေါ့…) ပုံ(၉) ကဲ ကဲ..ယုန်လေးတွေတော့ တော်လေက်ပီပေါ့နော…ပုံတွေတော့ကျန်သေးတယ်…နောက်များမှ… ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ တစ်နေ့သ၌ ကျနော်သည် ရန်ကုန်တက္ကသိုလ် မျက်နှာချင်းဆိုင် မှာရှိတဲ့ “Prome” ဆိုတဲ့ စားသောက်ဆိုင်လေးမှာ ညနေဘက် သူငယ်ချင်းတစ်ယောက်နဲ့ အတူထိုင်ရင်း “သောက်” စကားတွေ ပြောနေမိတယ် (သောက်ရင်း စကားပြောနေကြသည်ဟူလို..) […]


        “ပြာပြာလွင်လွင်တောင်ကြီးတစ်ခွင်”     တောင်ကြီးဈေးအနောက်ဖက်နားကနေပြီး အေးသာယာဘက်ကို  မြို့ပါတ်ကားနဲ့ထွက်ခဲ့ပါတယ်။. ကားထဲကနေထိုင်ရင်းခေါင်းထွက်လို့ အဆင်းလမ်းကို တကြည့်ကြည့်နဲ့ပေါ့။ ဓါတ်ပုံရိုက်ဘို့ဘယ်နေရာကောင်းလဲလို့ရွေးရင်းပေါ့။ တောင်အဆင်းလမ်းတနေရာမှာရေတံခွန်အသေးလေးတွေ့ပေမယ့် မဆင်းမိ။ ကိုယ်တကယ်သွားချင်တဲ့နေရာက ရေတံခွန်အကြီးနှစ်ခုနဲ့နီးတဲ့နေရာကိုပါ။ အဲဒီကိုသွားမယ်ဆိုရင် စိုက်ပျုးိရေးခြံနားကို ဆင်းမှ တောင်တက်လမ်းကို ပြန်တက်လို့ရမှာပါ။ လမ်းမှာရိုက်ဘို့ကောင်းတဲ့နေရာလေးကိုစိတ်နဲ့မှတ်။ စိုက်ပျုးိရေးခြံနားကိုရောက်တော့ ကားကဆင်း။ လမ်းမှာရိုက်ဘို့တေးထားခဲ့တဲ့နေရာကို ပြန်သွားပါတယ်။ အဆင်းလမ်းကိုပြန်တက်သပေါ့။ အဲဒီလမ်းမှာ ပြာလွင်နေတဲ့ကောင်းကင်ကြီးနဲ့ ညို့မိူင်းတဲ့တောင်များရဲ့နောက်ခံပန်းချီကားတွေကိုအရအမိရိုက်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။   နောက်နေ့ နေ့လည်ခင်းတည်းခိုခန်းခေါင်မိုးကိုတက်အကြည့် တိမ်ညိုနဲ့တိမ်ပြာရောယှက်လို့ တောင်ကြီးမြို့ကြီးကို လွမ်းခြံထားတာကိုတွေ့ရပါတယ်။ နောက်စွယ်တော်စေတီရောက်ပြန်တော့လဲ ပြာလွင်တဲ့ကောင်းကင်ကိုတွေ့ရ။ ကျနော်မရောက်ခင်ရက်က တောင်ကြိးမှာမိုးမပြတ်ဘူးလို့သိရပါတယ်။ ကံကောင်းတော့ မိုးတွင်းမှာ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကြီးမြို့ကို မြင်ခွင့်ရခဲ့ပါတယ်.   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (23-10-2012)    


    “စိမ်းစိမ်းစိုစို တောင်ကြီးမြိုတစ်ခွင်”     ခါတိုင်းတောင်ကြီးကို ညကားနဲ့သွားတော့ မနက်မိုးတိုးမှောင်တောင်မှာရောက်လေ့ရှိပါတယ်။ အဲတော့လမ်းက စိမ်းစိုတဲ့မြင်ကွင်းတွေကို မမြင်ဘူးတာများပါတယ်။ ဒီတစ်ခေါက်လမ်းမှာကားဘီးပေါက်တော့ တောင်ကြီးအတက်လမ်းရဲ့စိမ်းလန်းပုံတွေမြင်ရပါတယ်။ ရေတံခွန်ကိုလဲတွေ့ခဲ့ရသပေါ့။ အဲဒါနဲ့နောက်နေ့ မှာတော့ စိမ်းမြစိုလွင်နေတဲ့တောင်ကြီးမြင်ကွင်းလေးတွေကို လက်ဆော့ခဲ့သမျှပို့ပေးလိုက်ပါတယ်၊။   ကိုပေါက်လမ်းသလားနေသည် တောင်ကြီးအောက်တိုဘာ 5 13-10-2012    


“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”     ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။ ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း မပြောင်းမလဲ ရှိနေတာလေးပါ။ တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။ တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိူက်တွေကို ပစ်ရတဲ့နေရာလေးပါ။. ဒီအမိူက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။ ဒါပေမယ်အမိူက်က များ အမိူက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။ နောက်တော့ ဝါးနဲ့ယက်ထားတဲ့ အမိူက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။ အဲဒါကလဲ အမိူက်မှန်မှန်လာမသိမ်းတော့ ဝန်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ရော။ အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိူက်သွန်ရတော့တာပေါ့။ ဒီအမိူက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိူက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။ အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိူက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။ စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ […]


KyaemonOctober 22, 201250min02
  ယူကေရဲ့ရေကာတာနဲ့ဆည်များ – UK Dams and Reservoirs အဆက် ရေကာတာနဲ့အခြားရှုခင်းတွေကိုလိုက်ကြည့်ရအောင်  (ဒေါ်စုကတောင် ရောက်ဖြစ်မယ်လို့မထင်ရပါ ) ===========   Penygarrage   ရေကာတာ က ၁၉၀၆ ကတည်ဆောက်ခဲ့လို့ ၁၀၆ နှစ်ကြာပါပြီ   Part of Pen y Garreg dam in the Elan Valley, Powys, Wales | Flickr – Photo Sharing! http://www.flickr.com/photos/yve-c/7914120816/ အရမ်းကိုလှတဲ့နေရာမှာလာပြီးရေကာတာ ဆည်တွေကိုဆောက်တည်တာပါ၊ The dams and reservoirs of the Elan Estate are situated within an area […]


KyaemonOctober 21, 201225min01
  ယူကေရဲ့ရေကာတာနဲ့ဆည်များ – UK Dams and Reservoirs အဆက် ရေကာတာနဲ့အခြားရှုခင်းတွေကိုလိုက်ကြည့်ရအောင်      (ဒေါ်စုကတောင် ရောက်ဖြစ်မယ်လို့မထင်ရပါ ) ===========     Derwent  ရေကာတာ က ၁၉၁၆ကတည်ဆောက်ခဲ့လို့ ၉၆ နှစ်ကြာပါပြီ   Derwent Dam | Flickr – Photo Sharing! http://www.flickr.com/photos/steve-b/3839781890/ The Derwent Dam in the Upper Derwent Valley was completed in 1916 and is one of three dams in the valley. The reservoirs […]


      “အပြာရောင်ကောင်းကင်အောက်မှ တောင်ကြီးက စွယ်တော်စေတီ-၄”     ရှမ်းကပွဲလေးကြည့်ပြီးလမ်းလျောက်ပြန်လာကြတဲ့အခါ မနက်ဆယ်နာရီကျော်ကျော်လောက်ဘဲရှိပါသေးတယ်။ အစောက ရွာနေတဲ့မိုးကလဲ တိတ်ပြီးကောင်းကင်ကြီးက ကြည်လင်ပြာလဲ့။ အောင်ပန်းသွားဘို့ကလဲ နေ့လည်တစ်နာရီမှာဆိုတော့ အချိန်တွေပိုနေသေးပါတယ်။ အဲဒါနဲ့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တော့ စွယ်တော်ဘုရားက စိတ်ထဲရောက်လာပါတယ်။ ဈေးတောင်ဘက်က ကားဂိတ်ကို ကားမေးကြည့်တော့ အသွားနှစ်ထောင့်ငါးရာ။ အသွားအပြန်ဆိုရင် ဘုရားဖူးတာသိပ်မကြာရင်စောင့်ပေးမယ် အသွားအပြန်ဆိုရင်ငါးထောင်လို့ပြောပါတယ်။ ငါးထောင်မနှမျောပေမယ့် စောင့်ပေးမယ်ဆိုတာက သိပ်မကြာရင် စကားခံထားတော့ စိတ်ထဲမှာမလွတ်လပ်။ တောင်ဘက် ကားဂိတ်လေးကိုဆက်လျောက်တော့ “ကားထွက်တော့မယ် တစ်ယောက်၂၀၀” ဆိုတာနဲ့ တက်လို်က်ခဲ့ပါတယ်။ စွယ်တော်စေတီနားရောက်တော့ဆင်းပြီးရင်ပြင်ပေါ်တက်ခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တော့ မဒမ်ပေါက်က  ဘုရားထဲဝင်သွားပါတယ်။ မိုးရွာထားတဲ့နေ့ဖြစ်တာ့ လူရှင်းပါတယ်။ မနက်တုံးက တောင်ခိုးတွေဝေနေခဲ့တဲ့ တောင်တန်းကြီးကလဲ ကြည်လင်စိမ်းစို။ အနောက်ဖက်ကိုလည်ပြန်ကြည့်လို်က်တော့ အပြာရောင်နောက်ခံမိုးသားကြီးရှေ့မှာ အဖြူရောင်တိမ်လိပ်တွေက လေထဲမှာလွင့်လို့။ ရွှေရောင်တောက်နေတဲ့စေတီတော်ကို ဖူးမြင်ရတာကြည်နူးစရာ။ […]


                  “မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရှမ်းရိုးရာကပွဲလေး”   တောင်ကြီးကို (6-10-12)နေ့မနက်မှာရောက်ပါတယ်။ (7-10-12)နေ့မှာ အောင်ပန်းကိုဆင်းဘို့ပြင်ဆင်ထားပါတယ်။ ကားသွားမေးတော့ နေ့လည်တစ်နာရီခွဲမှာတစ်စီး ညနေသုံးနာရီခွဲမှာတစ်စီးလို့ဆိုပါတယ်။ အဲဒါနဲ့ နေ့လည်တစ်နာရီကားကိုလက်မှတ်ဖြတ်လိုက်ပါတယ်။ မှန်လုံးကား တောင်ကြီးမြို့မဈေးမြောက်ဘက်က ဂိတ်တဲလေးမှာလက်မှတ်ဖြတ်။ နေ့လည်တစ်နာရီဒီနားအရောက်လို့ဆိုပါတယ။် အဲဒီလက်မှတ်ဖြတ်ပြီးတော့ (9-10-2012)နေ့ညမှာမန်းလေးပြန်ဘို့တွက်ကားလက်မှတ်သွားဖြတ်ရပြန်ပါတယ်။ ကားလက်မှတ်အရောင်းဌာနတွေကတော့ဈေးမြောက်ဘက်တစ်လမ်းကျော် အောက်ဖက်ချိုင့်လေးထဲမှာတန်းစီနေပါတယ်။ ကျနော်လက်မှတ်ဖြတ်ဘို့အသွားအပေါ်လမ်းပေါ်မှာတော့ လူတွေရုံးစုရုံးစု။ ဘင်ခရာ တဒုန်းဒုန်းတီးသံလဲကြားနေရပါတယ်။ ကားလက်မှတ်ဖြတ်ရတာက အောက်ချိုင့် ထဲမှာ အသံကြားရတာက အထက်ကားလမ်းမှာဆိုတော့ ဘာတွေမှန်းမသိ။ ကားလက်မှတ်ကို အောင်ပန်းကစီးမယ်လိုသေချာမှာ။ သူတို့ကချယ်ရီက လာစီးဘို့ပြော။ ကျနော်ကလအထုပ်အပိုးတွေနဲ့မလာချင်။ အောင်ပန်းလမ်းဆုံကစောင့်မယ်ပြောနဲ့ အတော်ကြာအောင်ပြောမှပြေလည်သွား။ တောင်ကြီးကနေ 6နာရီထွက်မယ် 7နာရီစောင့်နေပါ။ နောက်ကျရင်တာဝန်မယူလို့ပြောပါတယ်.။ လက်မှတ်ကိစ္စပြီးတဲ့အခါမှာ အပေါ်လမ်းက အသံကြားတဲ့ဘက်ကိုတက်ကြည့်တော့မှ ကျောင်းသူကျောင်းသားတွေရော လာကြည့်သူတွေရော […]