“ အောင်ပန်း မြို့မြောက်ဘက်က စိမ်းမြသောမြင်ကွင်းများ” (8-10-2012) နေ့ နေ့လည်ပိုင်းမှာတော့ ညနေ လေးနာရီလောက်မှာအလုပ်တွေပြီးသွားပါတယ်။ အဲတာနဲ့ အောင်ပန်းမြို့ ကနေ ပင်းတယဘက်ကိုသွားတဲ့မြိုမြောက်ဘက်လမ်းအတိုင်း သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်ထွက်လာတာလဲမြင်ရော ဟိုတယ်ရှေ့က ဆိုင်ကယ်ကယ်ရီကောင်လေးက “လေးလေး သွားမှာလား”ဆိုပြီးရောက်လာတာနဲ့ ပင်းတယအထွက်လမ်းဘက်သွားမယ်ဆိုပြီး ထွက်လာခဲ့ကြပါတယ်။ ဆို်င်ကယ်နောက်ကထိုင်ရင်း အပြန်လမ်းမှာ ရိုက်လို့ကောင်းမယ့်နေရာလေးတွေကို မှတ်လာပါတယ်။ မြို့ပြင်ကိုထွက်အလာလမ်းမှာတော့ ဟိုးရွာဘက်ကလူတွေ ဈေးအပြန် ဒေါ်လှကြီးပေါ်မှာတွေ့ရပါတယ်။ အတော်လေးသွားပြီးတဲ့အခါ လမ်းဘယ်ဘက်ခြမ်းမှာ အတော်လေး လှတဲ့ မြင်ကွင်းလေးကို မြင်ရတော့ ဆိုင်ကယ်ကိုရပ်ခိုင်းရပါတယ်။ ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကြီးမှာ တိမ်လေးတွေကမလွင့်တလွင့်။ နောက်တစ်နေရာရောက်ပြန်တော့ စိမ်းလန်းသော စပါးပင်တွေနဲ့အလှဆင်ထားတဲ့တောင်ကုန်းမြင့်မြင့်။ အဲဒီကနေ ဆက်သွားရင်းလမ်းဘက်ဘက်ခြမ်းကိုကြည့်လိုက်တော့ ဟိုးရွာထဲကိုဝင်းတဲ့လမ်းကလေးကိုတွေ့ရတာနဲ့ ဆိုင်ကယ်ကို အဲဒီဘက်ကို ကွေ့ခိုင်းလိုက်ပါတယ်။.။ အဲဒီလမ်းကလေးထဲဝင်လိုက်မှ […]
