“တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”     ဒီနှစ်စက်တင်ဘာလကတော့ ကျနော်နှစ်သက်တဲ့ တိမ်တွေအမြဲမြင်နေရတဲ့လဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီလိုစက်တင်ဘာလမှတော့ ကျနော်တောင်ပိုင်းရှမ်းပြည်ကိုရောက်နေခဲ့ပါတယ်။ တစ်ရက်အလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုသွားရင်း ကျုံးနံဘေးအရောက် အရှေ့ဖက်မှာ လှပသောတိမ်တောင်ထုနဲ့ လိုက်ဖက်လှတဲ့ နန်းမြို့ရိုးကို မြင်ရတဲ့အခါ ပြည့်စုံလွန်းတဲ့ အလှကိုမြင်လိုက်ရသလိုရင်သပ်ရှု့မော။ နောက်ရက် အမျုးိသားကဇာတ်ရုံကပြန်လာတဲ့ညနေခင်းလေးမှာလဲ နူးညံ့လှပတဲ့ တိမ်အဆင်နဲ့နန်းမြို့ရိုး တွေကိုတွေ့ရပြန်ပါတယ်။ ကျနော်ကလဲအနောက်ဖက်ကျုံးလမ်းကနေမြောက်ဘက်ကိုအမြဲသွားလေ့ရှိပါတယ်။ သွားတိုင်းလဲတိမ်တွေကိုတွေ့ပါတယ်။ တွေ့တိုင်းလဲ ဆိုင်ကယ်ရပ်ပြီးလက်ဆော့တတ်ပါတယ်။ လှတဲ့ပုံလေးကိုမြင်တော့ မနေနိုင်ဘူးလေ။   လွန်ခဲ့တဲ့တစ်ရက်ကတော့ မန်းလေးတောင်ခြေဘက်ကိုရောက်ပါတယ်။ ကျောင်းထိုင်ဘုုန်းကြီးကျောင်းရှိတဲ့နေရာကနေ မန်းလေးတောင်ပေါ်ကတိမ်တွေကိုလှမ်းရိုက်။ နောက်မြောက်ဘက်ကျုံးနံဘေးကနေအနောက်ဘက်ကျုံးရော တောင်ဘက်ကျူံးကိုလှမ်းရိုက်။ တိမ်တွေနဲ့လှနေတဲ့နန်ုးမြို့ရိုးကိုရိုက်။ ရိုက်လို့မဝနိုင်အောင်ပါဘဲ။ တစ်ညနေခင်းမှာ ၂၆ဘီလမ်းကနေ၈၂လမ်းအတိုင်းလာနေရင်း အရှေ့ဘက်လှမ်းကြည့်တော့ တိမ်တွေနဲ့လှ နေတဲ့ ရွှေနှလုံးတော်ချပ်ချ်ကျောင်းကိုမြင်တော့ ဆိုင်ကယ်ထိုးရပ်ပြီး လက်ဆော့ပါတယ်။ သူများတွေကြည့်နေလဲ မရှက်တော့ပါဘူး.။ […]


          “မြန်မာ့ရိုးရာလေးတွေနဲ့ ထိတွေ့မိတဲ့နေ့လေးတစ်နေ့”     ငယ်စဉ်က အငြိ်မ့်တကာ ဇာတ်တကာကိုလိုက်ကြည့်ဘူးတဲ့ ကျနော် အဲဒါတွေနဲ့ဝေးနေခဲ့တာအတော်ကြာခဲ့ပါပြီ။ မန်းလေးမှာ မီးကြီးနှစ်ကြိ်မ်လောင်ပြီးတဲ့နောက်မှာ မန္တလေးမြို့ခံတွေကလဲ မြို့သစ်ကိုရွှေ့သွားကြပါတယ်။ သူတို့နေရာမှာ အဝေးရောက်သားတွေရောက်လာတဲ့အခါမှာ သီတင်းကျွတ်တာနဲ့တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် ကျင်းပခဲ့တဲ့ ရပ်ကွက်ဘုရားပွဲတွေကလည်းတစ်စထက်တစ်စကွယ်ပျောက်. ကထိန်ပွဲတွေလဲပျောက်။ ပွဲဖြစ်ပြန်တော့လည်း အငြိမ့်ဇာတ်ပွဲမိန့်ခံရတာကခက်ခဲ၊ အရပ်ထဲမှာလဲဇာတ်တွေဘာတွေမကြည့်တတ်သူတွေဘဲကျန်ခဲ့ပြန်တော့ ဇာတ်ထဲ့ပြန်ရင်လဲ မင်းစင်ဝယ်မယ့်သူမရှိတော့အရှုံးပေါ်။ အငြိမ့်ထဲ့ပြန်တော့ ပွဲမိန့်တွေဘာတွေခံရတဲ့အလုပ်တွေရှုပ်။ အဲလိုဇယားတွေများတော့ ပြီးလွယ်စီးလွယ် ရပ်ကွက်တီးဝိုင်းလေးနဲ့ဘဲ ဘုရားပွဲကထိန်ပွဲတွေပြီးသွားကြပါတယ်။ အဲတော့ ကျနော်တို့လည်း တဖြည်းဖြည်းနဲ့အငြိမ့်တွေဇာတ်တွေနဲ့ဝေးသွားပါတယ်။   ပြီးခဲ့တဲ့ တစ်ရက်က တော့ ရန်ကုန်အနုပညာတက္ကသိုလ်က ဆရာသန်းက အကူညီတောင်းလာပါတယ်။ မန်းလေး အမျိုးသားကဇာတ်ရုံမှာ အနုပညာတက္ကသို်လ်ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းကလေးတွေ ကပြကြတဲ့ပွဲကလေးကိုသွားပြီး ဓါတ်ပုံသွားရိုက်ပေးဘို့ပါ။ နောက်သူ့ဆီကို အီးမေးလ်နဲ့ပြန်ပို့ပေးဘို့ပါ.။ နေ့လည်ပိုင်းဆိုတော့ ကျနော်နည်းနည်းလေးအားပါတယ်။ […]


                        “အပျင်းပြေ အငြီးပြေ လက်ဆော့ခြင်း”     အခုရက်ပိုင်းမှာ ဓါတ်ပုံပိုရိုက်ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ တိမ်တွေလှတော့ပိုရိုက်ဖြစ်ပါတယ်။ အဲလိုလှတပတ ဓါတ်ပုံတွေရိုက်ရင်းကနေ လက်ဆော့မိတာလဲအများကြီးပါဘဲ။ ဟိုတစ်ရက် ကန်ပါတ်လမ်းမှာလိပ်ပြာတွေ ပုစဉ်းတွေပျံဝဲနေတာ တွေ့တော့လိုက်ရိုက်ပါတယ်။ ဒါပေမယ့် မကျွမ်းကျင်တော့ စိတ်တိုင်းကျလောက်တဲ့ပုံကိုမရပါဘူး။ အောင်ပင်လယ်ဘက်မှာသွားတုံးကတော့ ချောင်းလေးထဲမှာပုစဉ်းလေးနားနေတာကို လက်ဆော့ဖြစ်ပါတယ်။ စိတ်တိုင်းကျတဲ့ပုံလေးတစ်ပုံဆိုရင်လဲမမှားပါဘူး။. နောက်ရက်မှာတော့ အလုပ်ကိစ္စနဲ့သွားရင်း သစ်ပင်ပေါ်မှာလိပ်ပြာလေးနားနေတဲ့ပုံကို မထင်မှတ်ဘဲရလိုက်ပြန်ပါတယ်။ နောက်ရက်တော့ကျုံးနံဘေးက ခိုလေးတွေ နောက်ရက်မှာရေထဲမှာဝဲပျံနေတဲ့ပုစဉ်းမောင်နှံ ရေထဲကျနေတဲ့အရိပ်ကလေးတွေ အလင်းအမှောင် လှပတဲ့အတွဲအစက်ကလေးတွေကို လက်ဆော့ဖြစ်ပါတယ်။ ကဲအပျင်းပြေ အငြီးပြေ အားပေးလိုက်ပါအုံးနော်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (26-9-2012)    


Ma EiSeptember 26, 20125min037
ထင်းရှူးမြို့တော်မှ ပန်းကလေးများ… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (12)…   မအိတို့သွားခဲ့တဲ့ တောင်ကြီး၊အင်းလေး၊ကလော မိသားစု အပန်းဖြေ ခရီးစဉ်လေးကို အကျဉ်းချုံး ပြန်လည်တင်ပြရရင်…   Day 1…4/5/12.   ညနေ ၅ နာရီ ရန်ကုန် အဝေးပြေးဂိတ်မှ သစ္စာဦး ရန်ကုန်တောင်ကြီး အိတ်စပရက် စီးခဲ့ပါတယ်… ရွှေညောင်လမ်းဆုံမှ ညောင်ရွှေ Remember Inn သို့ ကားလာကြိုပေးရန်၊ တောင်ကြီး တစ်ရက်လည် ၊ ပင်းတယ ကလောတစ်ရက်လည် ရန် ညောင်ရွှေ Remember Inn မှကားကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်ပါသည်။ Day 2…5/5/12.  မနက် ၅ နာရီခွဲ ရွှေညောင်လမ်းဆုံမှာ ဆင်းပြီး၊ လာကြိုသောကားနှင့်၊ ညောင်ရွှေ Remember Inn သို့    Check […]


            “ကန်ပါတ်လမ်းကိုလက်ဆော့ခြင်း………………..”     ဟိုတစ်ရက် ညနေစောင်းမှာကန်ပါတ်လမ်းကနေ စစ်ကိုင်းဘက်ကမ်းမီးထွန်းထားတာကိုရိုက်ဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် “ငွေတစ်မတ်နဲ့ငါးကြင်းခေါင်း”ကိုင်မိသလိုပါဘဲ။ ကင်မရာပေါက်စနနဲ့ အဝေးကိုလှမ်းဆွဲလို့ ဘယ်လိုလုပ်ရမလဲနော်။ နောက်မှောင်လဲမှောင်တော့ လိုအပ်တဲ့အလင်းလဲမရနိုင်တာလဲပါသပေါ့။ အဲတာနဲ့အလုပ်ပိတ်တဲ့တစ်ရက်မှာ နေ့လယ်ခင်းဘက် ကန်ပါတ်လမ်းဘက်ထွက်ခဲ့ပါတယ်။ အနောက်ဘက်မင်းဝံတောင်ရိုးဘက်ကြည့်လိုက်တော့ လှပတဲ့တိမ်တွေကိုမြင်ရပါတယ်။ လာမိတာကံကောင်းတယ်လို့ထင်မိပါတယ်။ လမ်းတစ်နေရာအရောက်လိပ်ပြာတွေပုစဉ်းတွေပျံဝဲနေတာတွေ့လို့ လက်ဆော့ပါတယ်။ လှုပ်ယှားနေတဲ့အရိပ်တွေကို ရိုက်တာ အထာမကျတော့ နေပူထဲမှာအကြာကြီးရိုက်တာမှ စိတ်တိုင်းကျတာ တစ်ပုံဘဲရပါတယ်။ လွတ်လပ်ကျယ်ပြန့်တဲ့ ကွင်းပြင်။ ဧရာမြစ်ရေပြင် ဖွေးဖွေး။ လှပသောတိမ်နောက်ခံနဲ့သဘာဝပန်းချီကားကို အခြေပြုပြီး သက်မဲ့တွေကို ပုံဖော်လို့လက်ဆော့။ အဲဒီနားမှာကလေးတွေဆော့နေတာကိုတွေ့။ ငါးမျှားနေသူကိုတွေ့……………….. ဖောင်တွေဆိုက်ထားတဲ့နားမှာ အကြာကြီးရိုက်မိတော့ လူတွေက ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်။ နောက်တော့ တစ်ယောက်က လာမေးပါတယ်။ “ဘာအတွက်လဲ” ခပ်တည်တည်မျက်နှာထားနဲ့။ အလှဓါတ်ပုံရိုက်တာလို့ပြောလိုက်မှ သူ့မှာစိတ်အေးသွားတဲ့ပုံ။ […]


KyaemonSeptember 24, 201220min05
   ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်  –  အဆက်                     အောက်လွှတ်တော် ဥက်ကဌ Speaker ထိုင်ခုံရဲ့ကျောဘက်က  လွယ်အိပ်အစိမ်းမှာကြားနာဘို့ အများပြည်သူလူထုတို့ဆီက  Petitions ပန်ကြားစာတွေထည့်ထားတာ       House of Commons Chamber – a set on Flickr http://www.flickr.com/photos/uk_parliament/sets/72157606360378346/ ခန်းမရဲ့ဘေး နှစ်ဘက်နှစ်ချက်က ဧည့်ခန်းတန်းလျားတွေက  ဆွေးနွေးတဲ့အဆိုကို ထောက်ခံသူများအခန်း နဲ့ မထောက်ခံသူများအခန်း  ဆိုပြီးခွဲခြားထားတာ၊ ပုံထဲဟာက မ ထောက်ခံသူ များအခန်းပါ၊  House of Commons Chamber http://www.flickr.com/photos/uk_parliament/sets/72157606360378346/show/ အောက်က “လမ်းပြ”  လင့်ခကိုနှိပ်ရင် အထက်ပါပုံကိုတွေ့ပါမယ်၊ […]


    “ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်က လက်ဆော့မိခြင်း နှစ်”     မင်မိုရီကဒ်လဲပြီးချိန်မှာတော့ ဘုရားရဲ့အမြင့်ဆုံးနေရာလေးကိုရောက်သွားပါတယ်။ အဝေးကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတောင်မူံပြပြ။ မော်တော်ဘုတ်ကလေးက ရေလည်မှာ။ နေရောင်တစောင်းကျနေတာလေးက လရိပ်ထုးိသလို။. (ဒီပုံလေးမျိုး မနှစ်ဆောင်းတွင်းကရိုက်ဘူးပါတယ်) အောက်ကိုငုံကြည့်တော့ကိုယ်လို လက်ဆော့နေသူတစ်ယောက်ကိုတွေ့ရပြန်ပါတယ်။ သူတို့ရှိတဲ့အနားကိုဖြတ်သွားတော့ အုန်းပွဲငှက်ပျောပွဲတွေ နံဘေးမှာအမျုးိသမီးသုံးယောက်။ တစ်ယောက်က ငှက်ပျောပွဲကိုချီမလို့ ပါးစပ်ကလဲတတွတ်တွတ်ရွတ်လို့ဆုတောင်း။ ကျန်တဲ့နှစ်ယောက်ကတော့ လက်အုပ်ကလေးချီလျက်။ သူတို့နားကနေဖြတ်ပြီး မြောက်ဘက်ခြမ်းကို ထွက်လာခဲ့ပါတယ်။ မြောက်ဘက်ခြမ်းအဆောင်လေးကနေ ကြည့်ရင် မန်းလေးတောင်ကို ဝိုးတဝါးမြင်ရပါတယ်။ ကျနော်အောက်ဖက်ကိုကြည့်လိုက်တော့ ရေချုးိဆိပ်ဖြစ်နေပါတယ်။ ရေချိုးဆိပ်ကို ဓါတ်ပုံရိုက်နေတုန်း တခစ်ခစ်ရီသံကြားလို့လှည့်ကြည့်လိုက်တော့ အနောက်ကခုံတန်းလျားပေါ်မှာ အချစ်သဲနေတဲ့စုံတွဲတစ်တွဲ။ ရေလည်မှာစီတန်းနေတဲ့ သင်္ဘောတွေ လှေတွေကို ဓါတ်ပုံရိုက်။ နောက်တော့ ကိုစိန်သော့ကို ရုံးဆင်းရင်လာမလားလို့လှမ်းမေး။ တိမ်လှရင်လာမယ် လှရင်သူ့ဆီဖုန်းဆက်လို့ပြန်ဖြေ.။ ကျနော်ကလဲ 15မိနစ်လောက်စောင့်ကြည့်လိုက်မယ် နေက တိမ်ထုထဲရောက်လို့လှမယ်ဆို […]


KyaemonSeptember 22, 201232min03
       ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဆက်လက်ပြီးလေ့လာကြရအောင်                      ပါလီမန်လွှတ်တော်ကို Westminster နန်းတော် လို့လဲခေါ်တာပါ ညရှူခင်းလဲ လှပ ခန့်ညားတာပါ Parliamentary estate – a set on Flickr http://www.flickr.com/photos/uk_parliament/sets/72157615884831971/  Thames မြစ်ပေါ်က  တံတားနဲ့ကမ်ဘာကျော် Big Ben နာရီစင် လဲ ပါဝင်တာ Slideshow ဆလိုက်ရှိုးကြည့်ဘို့ link လင့်ခ ကိုနှိပ်ပါ Parliamentary estate http://www.flickr.com/photos/uk_parliament/sets/72157615884831971/show/ OFFICIAL GUIDE    ပါလီမန်လွှတ်တော်က တရားဝင်လမ်းညွှန်စာအုပ် ILLUSTRATION OF WESTMINSTER […]


kotun winlattSeptember 22, 20122min016
  21.9.2012 ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ကသာ၊ အင်းတော်၊ မော်လူး၊ မိုးညှင်း မြို့များမှ စေတနာရှင်များ စုပေါင်း၍ မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်လာသူများအား ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည် အစရှိသည့် ပစ္စည်းများကို သွားရောက် ကူညီထောက်ပံခဲ့ကြပါသည်။ သွားရောက်ခဲ့သည့်နေရာများမှာ phoenix centre ( HIV,AIDS)ရောဂါသည်များကို ကူညီစောင့်ရှောက်မှုအသင်း၊ နတ်ကြီးကုန်းဘုရားရှိခိုးကျောင်း မဟောင်ဘုရားရှိခိုးကျောင်း၊ ကျွန်းတောဘုရားရှိခိုးကျောင်းများရှိ စစ်ဘေးရှောင်လာသူများအား ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။ 20.9.2012ရက်နေ့ညပိုင်းတွင် phoenix centre တွင် HIV လူနာများနှင့်အတူ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ငြိမ်းချမ်းရေးတရားကို နာယူဆုတောင်းခဲ့ကြပါသည်။ အဆိုပါ မိုးကောင်းမြို့ရှိ phoenix centre (HIV/AIDS)ကူညီစောင့်ရှောက်ရေး အဖွဲ့သည် အကူအညီများစွာ လိုအပ်နေသေးကြောင်း သိရှိရပါသည်။


Ma EiSeptember 21, 20123min049
ချိုသော မက်မန်းသီးများ  နှင့် ကလောမြို့..… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (11)…      ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊  ကလောHotel ၊ ပန်းခြံ စသည်ဖြင့် တစ်မြို့လုံးကို ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်… ကလောHotel  ကို ဘူတာရုံဘေးနားရှိ မီးရထားသံလမ်းဘေး ဖြတ်လမ်းကလေးကသွားကြပါတယ်… အဲ့ဒီမှာ ကျမတို့ တစ်ဖွဲ့လုံး ပျော်ရွှင်စွာတွေ့မြင်ခဲ့ရတာကတော့ ခြံတိုင်း၊အိမ်တိုင်းမှာ ရှိနေတဲ့ မက်မန်းသီး  ရောင်စုံ တွေဘဲဖြစ်ပါတယ်… ခြံထဲက အပင်တွေမှာ၊ခြံပြင်ကို ထွက်နေတဲ့ အကိုင်းတွေမှာ ၊လက်လှမ်းမှီရာ ၊လှမ်းမမှီရာမှာ အစိမ်း၊ အဝါ ၊ လိမ္မော် ၊ အနီ ၊ အညို တစ်ကယ်ကို အသီးရောင်စုံ ပါဘဲ… မက်မန်းသီးတွေ မြင်မှတော့ ခြံပြင်ရောက်တဲ့ အသီး၊ မှီတဲ့ […]


KyaemonSeptember 21, 20127min00
      ရှေးအစဉ်အလာအရ ၃ရက် ကြာ ကျင်းပ တဲ့ မျက်နှာဖုံးစွပ် Basel ပွဲတော်ဟာ ဆွစ်နိုင်ငံနဲ့ဥရောပတိုက်မှာကျော်ကြားလူသိများတာ၊  Basel ပွဲတော်စတင်ကျင်းပတာကို  ၁၃၇၆ ထိ မြို့တော်ကမှတ်တမ်း တွေမှာတွေ့နိုင်သော်လည်း၊ဒိထက်စောနိုင်တာ၊  (၁၃၅၆တုန်းကအစောပိုင်းကမှတ်တမ်းတွေမီးထဲပါသွားလို့၊) ဒီလိုပွဲတော်စတင် ကျင်းပတာက မိဘအဖိုးအဖွား မျိုးရိုးကိုကိုးကွယ်တဲ့အစဉ်အလာ ကနေဆင်းသက်လာတာလို့ယူဆရတာ၊ ဟိုတုန်းက အထက်တန်းလွှာ မှူးကြီးမတ်ရာမိသားစုတို့က မိမိတို့ရဲ့ကွယ်လွန်သူဆွေမျိုးအဆက်ဆက်ကို Munsterplatz    နေရာမှာ မြှုပ်နှံကြပြီး ဒီနေရာမှာဘဲ နှစ်စဉ် သိုင်းပညာ လက်ရုံးရည် ပြိုင်ပွဲတွေကိုကျင်းပခဲ့ကြတာ၊ Basel festivals Switzerland http://switzerland.isyours.com/e/guide/basel/festivals.html  Basel is famous around Switzerland and Europe for its ancient masked carnival, or Fasnacht, […]


KyaemonSeptember 21, 201212min04
   Fasnacht in Basel (BS) – Switzerland Tourism http://www.myswitzerland.com/en/fasnacht-in-basel-bs.html Basel မြို့က  ပွဲတော်ဟာ ဆွစ်နိုင်ငံ မှာအစည်ကားဆုံးနဲ့အကြီးဆုံးပွဲတော်ဖြစ်တာ၊ လူပေါင်း ၁၅၀၀ဝ မှ ၂၀၀၀ဝ ထိပါဝင်ဆင်နွဲကြတာ၊ Ash Wednesday နောက်တပတ် တနင်းလာ နေ့နံနက် ၄ နာရီကစပြီး ပုလွေတွေမှုတ် အိုးစည်တွေတီးရင်းချီတက်ကြတော့တာ၊ ——– Fasnacht in Basel (BS) Monday to Thursday following Ash Wednesday The Fasnacht (carnival) in Basel is recognized as the largest popular festival in Switzerland, with some […]