အချိန်အတော်ကြာ ပြန်ဘို့စဉ်းစားခဲ့တိုင်းမပြန်ဖြစ်ခဲ့ပေမဲ့ ဒီတခါတော့ မိသားစုနဲ့အတူ ၅ရက်ခရီ:အဖြစ်နဲ့ ြမြန်မာပြည်ကိုြပြန်ဖြစ်ခဲ့ပါတယ် ၈နစ်ကြာမပြန်ဖြစ်တာမို့ ပြန်ရတာစိတ်ထဲမှာ ပျော်နေမိတာအမှန်ပါဘဲ ကလေးတွေကိုတော့ငယ်ငယ်ကထဲက ခုထိဆွေပြမျိုးပြတခေါက်မှမရှိခဲ့တာမို့ သူတို့အတွက်တော့ ထူးဆမ်:တဲ့ခရီ:တခုဆိုရင်တော့မမှာ့:ပါ ရောက်တာနဲ့လေဆိတ်မှာ ခမ်းနားသပ်ရပ်လာတာတွေ တွေ့ရသလို လွတ်လွတ်လပ် လပ် ကိုယ့်ပြစ်စည်းကိုယ်အပြင်ကို သယ်ခွင့်ရလို့ ဝမ်:သာမိသလိုပြောင်းလဲသွားတာတွေကို တွေ့မြင်ခဲ့ရပါတယ် အိမ်ကိုရောက်တော့ ပြစ်စည်း တွေချပြီ:နောက်တနေ့မှာကျိုက်ထီးရိုးသွားဘို့စီစဉ်ရပါတယ် ကားငှါးတော့၉ယောက်စီ:ကို တရက်အသွားအပြန် တသိန်:ခွဲပေးရပါတယ် သူများတွေ ပြောတာကဈေးပေါတယ်ဆိုပေမဲ့ ရောက်ခဲ့ဘူ:တဲ့ဒိပြင်နိုင်ငံဈေးတွေနဲ့ စာရင်ဈေးမပေါဘူ:လို့ထင်မိတယ် နောက်တနေ့မနက်မှာတော့ အိမ်က၄နာရီမှာထွက်ပြီ:ကျိုက်ထီးရိုး တောင်ခြေကို၈နာရီခွဲခန့်မှာရောက်ပါတယ် မိုးရာသီထဲသွားပေမဲ့သွားတဲ့နေ့က မိုးမရွာပါဘူ: တောင်ပေါ်သွားတဲ့ကားကိုပြောင်းစီ:ရပါတယ် ကားခကရသေ့တောင်အထိ ၁၅၀၀ တောင်ပေါ်အထိ၂၅၀ဝပါ ကျနော်တို့မိသားစု၄ ယောက်နဲ့တူမလေ:တယောက်နဲ့ဆို ကျနော်တို့အဖွဲ့က ၅ယောက်ပါ ရသေ့တောင်ရောက်တော့ကားပြောင်းရပါတယ် နိုင်ငံခြားသား ပတ်စ ပို့နဲ့ရသေ့တောင်ကနေ တောင်ပေါ်ခရီ:ကိုပေးမတက်တော့ပါဘူ: ကျနော်တို့ကအချိန်လဲသိပ်မရှိနေ့ချင်းပြန်ချင်တာမို့ ကားနဲ့ဆက်တက်ဘို့ဘဲ ဆုံးဖြတ်ခဲ့ပြီးသားပါ နိုင်ငံခြားသားတော်တော်များများကိုတွေ့ရလို့လဲဝမ်:သာမိတာ အမှန်ပါငယ်စဉ်ကျောင်းသားဘဝနဲ့နှစ်စဉ်ရောက်တတ်ပေ မဲ့ ဒီလောက်နိုင်ငံခြားသားတွေများတာမတွေ့ခဲ့ဘူ:ပါ […]
