“ အိပ်မက်စင်းစင်း” “ အိပ်မက်စင်းစင်း” ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အတော်မြင့်မြင့် တောင်ကုန်းလေးပေါ်မှာ အပြာရောင်ဝတ်စုံနဲ့ချစ်သူ ပြုံးလို့ပျော်လို့ ရီလို့မောလို့ စကားတွေပြောနေလိုက်ပုံက အိပ်မက်ထဲမှာတောင်ချစ်စရာ ဒါပေမယ့် အဲဒီလူက ကျနော်တော့မဟုတ်ဘူး။ အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အေးစက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကော်ဖီဘားလေးအတွင်းမှာ အနက်ရောင်ဝတ်စုံနဲ့ချစ်သူ။ ညင်သာမူ့ကင်းတဲ့စကားလုံးတွေနဲ့ပစ်ခွင်း ချစ်ခြင်းကလွဲလို့ ဘာမှမရှိတဲ့ကျနော်နဲ့ လမ်းခွဲဘို့ ဆန္ဒတွေဖော်ထုတ်။ ကျနော်ကတော့ မင်သက်မိတဲ့ကျောက်ရုပ်လိုုငုတ်တုတ်။ အော် သိပ်ကိုစင်းတဲ့အိပ်မက်ပါဘဲနော်။ ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ (8-12-2012)


  “ဆောင်းဦးပေါက်နံနက်ခင်း အလင်းစက်များ”     ကျနော်ငယ်စဉ်ကာလများက ဆောင်းဦးပေါက်ရာသီများက လွမ်းစရာကောင်းပါသည်။ နိုဝင်ဘာလ ဝင်ပြီဆိုကတည်းက နှင်းမူန်လေးတွေဝေ့ဝေ့ဝဲဝဲ။ ဆောင်းနံနက်ခင်းဆိုလျင် ကျုံးဘေးမှာလမ်းလျောက်ထွက်ကြလျင် မထူ ့တထူ နှင်းမြူများကဝေ့ဝေ့ဝဲဝဲ။ ငယ်စဉ်ကတော့ ဆောင်းရောက်လျင်အဖွားနှင့်အတူ လမ်းလျောက်ထွက်မည်။ အပြန်လမ်းမှာတော့ ကျုံးနံဘေးမှာ ဗန်းလေးတွေကိုယ်စီနှင့်ချရောင်းကြသော နွားနို့ဟင်းပူပူကို မလိုင်ထည့်၍စားကြမည်။ နွားနို့ဟင်းသည်ပုဏ္ဏားမကြီး အဆစ်ထည့်ပေးသော နွားနို့ဂျုးိဖတ်နီကျင်ကျင်လေးများ ကို တမက်တမောစားကြမည်။ တစ်ခါတစ်ရံ အဖွားစိတ်လိုလက်ရရှိလျင် မေတ္တာပေါင်းကူးတံတား ထိပ်တွင်ရှိ အခန်းကျဉ်းကျဉ်းလေးတွင်ဖွင့်လှစ်ထားသော ဆိတ်စွတ်ပြုတ်ကို ချပါတီနဲ့စားကြမည်။ အခုမှာတော့  ဆိတ်စွတ်ပြုတ်ရောင်းခဲ့သောအခန်းလေးကလည်း တိုက်အကြီးကြီးဖြစ်။ မေတ္တာပေါင်းကူးတံတားကြီးကလဲ ပျောက်ကွယ်သွားသလို ကျနော့်အဖွားကလဲ လူ့လောကကြီးထဲမှထွက်ခွာသွားသည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ချေပြီ။     လူပျိုပေါက်ဘဝမှာတော့ ဆောင်းနံနက်ခင်းများသည်လည်း ရင်ခုန်စရာနံနက်ခင်းလေးများဖြစ်ခဲ့ပြန်ပေသည်။ အိမ်မှထွက်ခဲသော မန်းလေးသူများလည်း ဆောင်းနံနက်ခင်းမှာလမ်းလျောက်ထွက်ကြပါသည်။ သူကလည်း သူ့အစုအဖွဲ့နှင့် ကိုယ်ကလဲ ကိုယ့်အစုအဖွဲ့နှင့်။ […]


ムラカミDecember 7, 20128min016
ဟိုဘက်မှာ ကောမန့် ဝင်ရေးပြီးပေမယ့် မနေနိုင်တော့လည်း ပိုစ့်သပ်သပ် တင်ပြီးတော့ကို ဖောက်သည် ချလိုက်ပါတယ်ဗျို့ …. မနေ့ညကဗျာ … ထုံးစံအတိုင်း ဖွတ်တီးကတ်ကြီးပေါ့ … ဂဇက်ရွာကို WordPress App နဲ့ ဘယ် လိုဝင်သုံးသလဲတဲ့ .. ဒင်းကတော့လား ..အရေခြုံလစ်ဘရယ် အတုရီးပါဗျာ … မီနီကို ဘယ်လိုချစ်မယ် ဘယ်ညာချစ်မယ် ပိုစ့်တင်လား တင်ရဲ့ ..တကယ်တမ်းကျတော့ အိုင်ပက်သရီးပဲ ဝယ်ပွတ်တဲ့လူဂျီးပါ… ပြောပြန်ရင်လည်း မိဂီ လွန်ရာကျမယ်.. ပီးရင် နှုတ်ခမ်းတလန် ပန်းတလန် နဲ့ ဟတ်တောင်မ မိဂီရဲ့ ဆိုပြီး… လက်ဖွား၂ဖက် တဗြန်းဗြန်းပုတ်ပီး ရန်တွေ့အုံးမယ်… ပိတ်သတ်ကြီး စဉ်းစားကြပါဗျာ ..သူ့ဗလဂျီးနဲ့ အိုင်ပက် ၁ဝလက်မ ကို လေးသတဲ့ ကြီးသတဲ့… (သဂျီးမင်းတို့သာ […]


                          “မင်းဝံတောင်ရိုးပေါ်ကစေတီ…….”     မင်းကွန်းမြေကနေထွက်လာတဲ့အခါ စစ်ကိုင်းတောင်ပေါ်ကစေတီတွေကိုသွားဘို့စိတ်ကူးမိပါတယ်။ စစခြင်းတောင်တက်လမ်းမှာရှိတဲ့ ဆရာတော်ဦးဉာဏိသရရဲ့ သီတဂူစေတီတော်ကိုအရင်ဝင်လိုက်ကြပါတယ်။ ဗုဒ္ဓဂါယာမှာရှိတဲ့ဆန်ချီစေတီတော်ပုံစံအတိုင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။ အိန္ဒယနွယ်သော ဒီဇိုင်းများနဲ့ အမြင်ဆန်းပါတယ်။ ပထမတစ်ခေါက်ရောက်စဉ်က တွေ့မြင်ခဲ့ရတဲ့ မှတ်တမ်း ဓါတ်ပုံတွေဗုဒ္ဓဂါယာက ဓါတ်ပုံတွေကိုမတွေ့ရတော့တာပါဘဲ၊။ စစ်ကိုင်းတောင်ပေါ်ကိုဆက်တက်လာတဲ့အခါ ကောင်းမူ့တော်လဲဝင်ချင် တောင်သမန်အင်းလဲသွားချင်ဆိုတော့ ဆွမ်းဦးပုညရှင်တစ်ဆူတည်းကိုဘဲ ဖူးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဝင်မယ်ဆိုရင်တော့ ဥမင်သုံးဆယ်က လမ်းသင့်ပါတယ်။ ညနေကလဲ သုံးနာရီကျော်နေပါပြီ။ ဒါနဲ့ဘဲ အချိန်လင့်မှာစိုးတော့ ဆွမ်းဦးပုညရှင်ကိုဘဲတန်းသွားခဲ့ပါတယ်။ စိန်းလန်းစိုပြေတဲ့ စစ်ကိုင်းတောင်ပေါ်ကို ညနေပိုင်းရောက်ဘူးတာ တော့ ဒီတစ်ကြိမ်ဘဲရှိပါသေးတယ်။ အဲဒါနဲ့အကွေ့အကောက်လမ်းလေးတွေအတိုင်း သွားရင်းက ဆွမ်းဦးပုညရှင်စေတီကိုရောက်သွားပါတယ်။ ရှင်ဖြူရှင်လှပြီးရင် ဆွမ်းဦးပုညရှင်က ဧရာမြစ်ပြင်မြင်ကွင်းကိုကောင်းကောင်းမြင်ရတဲ့နေရာဖြစ်ပါတယ်။ ဆွမ်းဦးပုညရှင်ကနေလှမ်းကြည့်ရင် […]


  ပဲခူးရိုးမ အနီး တစ်နေရာပါ …… ကားဖြတ်သွားတာတွေ ့လို့ ခတ်ငေးငေး လေးပါ ့ ….. နေရာလေးက အေးချမ်းတယ်လို့ ထင်ရပေမဲ ့ လူတစ်ယောက်အတွက် မပြည် ့စုံပါဘူး….. မျှော်လင် ့နေတဲ့မျက်ဝန်းတွေမှာ အရောင်ကင်းမဲ့နေလေရဲ ့ …။ ဘယ်တော့လဲ … ဘယ်မှာလဲ …. ဘာတွေလဲ ….. ရွှေပြည်တော်မို ့ မျှော်မိတိုင်းဝေးနေဆဲပါ …… သူတို့ ဘာတွေစားကြလဲ …. နေမကောင်းရင်ဘယ်လို ဆေးကုသလဲ …. ရေကရော သန် ့ရဲ ့လား… အဖြေအတွက် ပေးဖို့ခက်ပါတယ် ….။ သူတို့ဘဝ နဲ့ သူတို့ ပျော်နေတယ်လို့ ထင်ပါသလား …? တစ်ခါတစ်လေ  လူ ့လောကထဲကိုလာချင်ရှာမှာပဲလေ […]


ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းမှာ လာလာပြီးရောင်းတတ်တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေကို သတိရကြဦးမယ်ထင်ပါတယ်… အဲဒီအရုပ်ကလေးတွေကို ကျွန်တော်မတွေ့တာအတော်လေးကြာနေပါပြီ… ကိုယ်တိုင်ကျောင်းမတက်တော့တာလဲပါသလို… ကျောင်းသွားပို့ရမယ့် တာဝန်လဲမရှိတော့ မတွေ့ဖြစ်တယ်ထင်ပါတယ်… ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အောင်ရတနာဆေးခန်းကို အမေ့ကျန်းမာရေးကိစ္စနဲ့ရောက်တော့… ကလေးအထူးကုဆေးခန်းထိုင်ချိန်ကလေးတွေလဲများတဲ့အချိန်မို့ အဲဒီအရုပ်သည်ကို အမှတ်မထင်… မထင်မှတ်တဲ့နေရာမှာတွေ့လိုက်ရတော့… ငယ်ဘဝအမှတ်တရလေးလဲဖြစ်… သူတို့ရဲ့လက်မှုပညာအရည်အချင်းကို သေသေချာချာအားပေးမှတ်တမ်းတင်ခဲ့ပါတယ်… ကိုယ်တိုင်လဲလိုချင်တာကတစ်ကြောင်း… မကြီးမငယ်နဲ့အရုပ်ဝယ်တယ်လို့ စီစစ်သူအမေဆူမှာလဲကြောက်ရသည်မို့… အိမ်နားက ကလေးလေးနဲ့ ဆွေမျိုးထဲက တူ၊ တူမလေးများကို အကြောင်းပြပြီး အရုပ်လေးများဝယ်ဖြစ်ခဲ့ပါတယ်… ခေတ်ကာလပြောင်းလာတာနဲ့အမျှ အရုပ်ပုံစံအသစ်အဆန်းလေးများနဲ့ ဒစ်စနေးက ကာတွန်းဇာတ်ကောင်လေးများကို လက်မှုပညာလေးနဲ့ ပုံဖော်ရောင်းချတာကို နှစ်နှစ်သက်သက်တွေ့မြင်ခဲ့ရပါတယ်… အဲဒီလိုပဲ… ဝယ်လိုသူတွေများလွန်းလို့ ထိုင်စောင့်ရလောက်အောင် ရောင်းရလက်မလည်တာကို တွေ့မြင်ခဲ့ရတယ်… ခေတ်နဲ့အညီ အသုံးပြုတဲ့ကုန်ကြမ်းတွေပြောင်းလဲပြီး လက်မှုပညာပစ္စည်းလေးတွေအဖြစ်ရောင်းချစေချင်မိလောက်အောင် လက်ရာမြောက်တာကိုလဲ တွေ့ခဲ့ရပါတယ်…           […]


                “မင်းဝံကိုငေးကြည့်မိခြင်း”     စစ်ကိုင်းတောင်ဆိုတာ မင်းဝံတောင်းတန်းကြီးရဲ့အစလို့ပြောနိုင်ပါတယ်။ ဧရာဝတီမြစ်ကမ်းနံဘေးက စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းမှာမင်းဝံတောင်တန်းကြီးကို ဧရာဝတီမြစ်ကြီးနဲ့ယှဉ်လျက်တွေ့နို်င်ပါတယ်။ စေတီပုထိုးဘုရားများစွာရှိတဲ့စစ်ကိုင်းတောင်ကတော့ အင်မတန်ကျက်သရေရှိလို့လှပ။ စစ်ကိုင်းတံတားအောက်ခြေမှာဓါတ်ပုံရိုက်အပြီး အလင်းရောင်ကူးပြောင်းစ ခြောက်နာရီခွဲလောက်မှာတော့ တံတားပေါ်ပြန်တက်လာခဲ့ကြပါတယ.်။ တံတားပေါ်ရောက်တဲ့အခါမှာတော့ ဆိုင်ကယ်ကိုလမ်းဘေးရပ်။ တံတားအဟောင်းဘက်ဆီကိုငေးကြည့်ရင်း လက်ဆော့ တောင်ဘက်ထိပ်ရောက်ပြန်တော့ မြူငွေ့တွေဝေနေတဲ့ စစ်ကိုင်းတောင်ကိုလက်ဆော့ ရင်း မင်းဝံတောင်ကိုငေးးးးးးးးးးးးးးးးးးးးးးးး။ အဲဒါနဲ့ဘဲ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့ပြန်အလာ ရွှေကြက်ကျဆိပ်ကမ်းကိုအလွန်မှာတော့ မင်းဝံတောင်ရိုးကိုနေခြည်အခကိုမြင်လိုက်ရတဲ့အခါ ………………………………………………………………………………………..   ကိုပေါက်လမ်းသလားနေသည် 24-11-2012  


                    “နံနက်ခင်းအရုဏ်တက် စစ်ကိုင်းတံတားဘက်ဆီသို့”   ကျနော်ရယ်ဘိုသော့ရယ်ကအလုပ်ပိတ်ရက်မတူပါဘူး။ သူက ကုန်ပါပြီ ဝန်ထမ်း တနင်္ဂနွေပိတ်တယ် ကိုးနာရီမှရုံးတက်ရတယ်။ ကျနော်က ပုတ်ထိပုတ်ထ ဈေးသည် ဥပုဒ်နေ့ဘဲပိတ်တယ် မနက် 8နာရီဆီအလုပ်ကိုရောက်ရပါတယ်။ အဲတော့ နှစ်ယောက်အတူလက်ဆော့ဘို့ကခဲယဉ်းပါတယ်။ တစ်ခါတစ်ရံညနေခင်းလေတွေဆော်ချင်နှက်ချင်ပေမယ့် ညနေခင်းများက ကျနော်တကယ်အလုပ်ရှုပ်တဲ့အချိန်။ နောက်တော့ အတူရိုက်လို့ရမယ့် အချိန်ကို တွေ့သွားပါတယ်။၏ တနင်္ဂနွေမနက်စောစော ဒါဆိုအနီးအနားရိုက်လို့ရ။ ဥပုဒ်နေ့မနက်စောစော အသင့်အတင့်ဝေးတဲ့နေရာကိုသွားရိုက်လို့ရပါတယ်။   တစ်ရက်မတော့ ကျနော်စိတ်ကူးယဉ်တာလေးသူ့ကိုပြောပြပါတယ်။ မနက်စောစော နေအထွက် စစ်ကိုင်းတံတားပေါ်ကနေ ရွှေကြက်ကျကို လှမ်းလက်ဆော့ဘို့။ အဲဒါနဲ့ဥပုဒ်နေ့တစ်ရက် မနက်စောစော ငါးနာရီ သူက ကျနော်ကိုဝင်ခေါ်ပါတယ်။ ကန်တော်ကြီးကဖြတ်တက် ရှမ်းလေးကျွန်းကနေကန်ပါတ်လမ်းဘက်သွား။ အဲဒီကမှ စစ်ကိုင်းတံတားပေါ်ရောက်ပါတယ်။ […]


သူငယ်ချင်းများ အတွက် ကျနော့် ရဲ့ တန်ဆောင်တိုင် မြင်ကွင်းလေး မျှဝေ လိုက်ပါတယ်။ ၃ နာရီလောက် သာ ရိုက်ခွင့် ရခဲ့ ပေမယ့်  ၄ နာရီလောက် လမ်းတွေပိတ်ပြီး ကားပေါ်မှာ ခွေခေါက်နေခဲ့ ရတယ်။                      


                              “ပြင်ဦးလွင်မှအပြန်လမ်း”     ညနေ နှစ်နာရီကျော်ကျော်လောက်မှာတော့ ပြင်ဦးလွင်ကနေပြန်ဆင်းလာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ ဗျုးပွိုင့်ညနေခင်းလေးကို ရချင်မိပါတယ်။ ဆောင်းဝင်စပြုပြီဆိုတာရယ် တစ်ယောက်ထဲရယ်ဆိုတော့ သိပ်မိုးချုပ်လို့တော့မရပါဘူး။ ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ တိမ်ပုတ်ပုတ်လေးရယ် ရွာထဲအဝင်လမ်းကလေးရယ်။ ချစ်စရာ အဝါအစိမ်းရောနေတဲ့လယ်တောအိမ်လေးကို တော့အမိအရ။ အပြန်လမ်းဆင်းလာရင်းနဲ့တစ်နေရာမှာ တောရိုင်းပန်းဝါဝါလေးတွေ့တော့ မနေနိုင်။ သူ့နံဘေးနားမှာတော့ ကိုင်းတောလေးရယ် တိမ်ပြာပြာရယ်ကလှပ။ နောက်တော့ ဗျုးပွိုင့်မှာဆင်းပြီး ထပ်ရိုက်။ အဲဒိကဆက်အဆင်း ဇီးပင်ကြီးအလွန်မှာတော့ ဟိုးအဝေးက တောင်ခါးပြတ်ကြီးကိုလက်ဆော့၊ အောက်ဆုံးနားအရောက်မှာတော့ ညနေငါးနာရီခွဲကျော်ကျော်ပေမယ့် နေမင်းက ဝင်လုဆဲဆဲ။ အရင်က ခက်ခဲစွာမောင်းခဲ့ရတဲ့ကျော်တောင်လမ်းကျဉ်းလေးရောက်တော့ မြေပြန့်လဲနီးပြီမို့ ဆိုင်ကယ် လမ်းဘေးထိုးပြီး […]


                      “မေမြို့သို့မဟုတ်…………….သို့အသွားလမ်း”   မန်းလေးမြို့ နဲ့ ၄၁ မိုင်အကွာမှာရှိတဲ့ နာမည်များစွာပိုင်ဆိုင်တဲ့ တောင်ပေါ်မြိုှုလေးကို သွားဘို့ ကိစ္စပေါ်လာခဲ့ပါတယ်။ ခါတိုင်းတော့အဖော်တွေနဲ့အတူသွား။ ဒီတစ်ခေါက်ကတော့တစ်ယောက်တည်း။ ဟိုကလူတွေကလှမ်းသတင်းပေးပါတယ် “မနက်ပိုင်းဆိုရင် အတော်လေးအေးတယ်နော်”တဲ့။ ဒါနက်သိပ်အစောကြီးမတက်ဘဲ မနက် ရနာရီခွဲလောက်မှာ မနက်စာ စားသောက်ပြီးထွက်လာခဲ့ပါတယ်။ သိပ္ပံလမ်းအတိုင်းအရှေ့တက်အောင်ပင်လယ်ရောက်။ မေမြို့ (ခ)ပြင်ဦးလွင်(ခ)ပန်းမြို့တော်(ခ)ပန်းကမ္ဘာမျှော်စင်လို့ ခေါ်ကြတဲ့ခရီးလမ်းကိုစခဲ့ပါတယ်။ လက်ဆော့စရာ ဟိုငေးဒီငေး ။ ဆောင်းနေအခမှာ အလင်းတန်းလေးကျနေတာမြင်တော့ မနေနိုင်တော့ပါဘူး။ အဲဒါနဲ့ဆင်းပြီးရိုက်။ လမ်းသွားနေရင်းကိုယ့်ရှေ့ ကမုန့်သယ်က ဆိုင်ကယ်အပြည်တင်လာတာကိုရိုက်ချင်တော့ မှီအောင်လိုက်။ ကင်မရာကို ဘယ်လက်နဲ့ကိုင်ရိုက်လိုက်တာ လိုချင်တဲ့ပုံလေးကိုရလို်က်ပါတယ်။ လမ်းမှာ ဆိုင်ကယ်ကားရေဆေးတဲ့နေရာက ရေပန်းလေးတွေမြင်ပေမယ့် ဗျုးပွိုင့်မှာကြာအုံးမယ်ဆိုတာသေချာတော့ မရိုက်ဖြစ်။ ဗျူးပွိုင်မရောက်ခင်ခြောက်ထပ်ကွေ့လမ်းခွဲလေးမှာ […]


                        “တောင်သမန်ရင်ခွင်ထဲက လှေ”       ငယ်စဉ်ကတည်းက လှေကလေးတွေကိုစိတ်ဝင်စားခဲ့။ ကလေးဘဝက ကျောင်းသုံးဗလာစာအုပ်ကို ဆုတ်ပြီး စက္ကူလှေကလေးတွေလုပ်လို့ မိုးရွာလို့ဖြစ်လာခဲ့တဲ့ ရေစီးကြောင်းထဲမျောခဲ့။ သီတင်းကျွတ်ရက်များမှာ သွပ်ပြားနဲ့လုပ်ထားတဲ့ လှေကလေးကို ဖယောင်းတိုင်မီးအပူနဲ့ အိမ်ရှေ့ရေမြောင်းလေးထဲမှာမျောစေခဲ့။ အလယ်တန်းကျောင်းသားဘဝ မိုးတွင်းရောက်ရင် ကျောင်းရဲ့အနောက်ဘက်က အင်းဘဲအင်းထဲမှာ တစ်နာရီငါးမူးပေးလို့လှေစီးခဲ့ကြ။ အရွယ်ရောက်ချိန်မှာတော့ တောင်သမန်အင်းစပ်က မယ်ဇယ်ပင်ရိပ်မှထိုင်ရင်းတံငါလှေကလေးတွေကိုငေးမောခဲ့။ အခုအချိန်မှာတော့ မိုးရေတက်ရေ တဖွေးဖွေးအချိန်များမှာ ရှမ်းလေးကျွန်းဘက်မှာ တံငါလှေလေးတွေကိုသွားလို့ လက်ဆော့။ မနက်လမ်းလျောက်ရင်းကန်တော်ကြီးထဲမှာ လှော်ခတ်နေတဲ့လှေကလေးများအတူ ရေပြင်ကျယ်ထဲကို စိတ်ကူးနဲ့ လိုက်ပါခဲ့မိတာကလဲ အကြိမ်ကြိမ်အခါခါ။ မျှော်လင့်မထားပါတဲ့ ခရီးစဉ်တစ်ခုမှာ မြန်မာပြည်ရဲ့တောင်ပေါ်ရေကန်(၁၁)မိုင်အကျယ် ရှိတယ်ဆိုတဲ့ အင်းလေးရေပြင်ကျယ်ထဲမှာ […]