“နားနားနေနေ လှုပ်လှုပ်ရှားရှား သဘာဝ ပုံရိပ်များ ” ကျနော် ကင်မရာလေးတစ်လုံးလက်ထဲစရောက်တဲ့အချိန် အင်မတန်ကိုလက်တွေယားနေပါတယ်။ ဒါပေမယ့် လူတွေသွားလာနေတဲ့ကြားတဲ့မှာ ကင်မရာလေး ထုတ်ပြီး ဓါတ်ပုံရိုက်ရမှာစိတ်မရဲပါဘူး။ နောက်အလုပ်အားတဲ့ရက်ကလေးမှာ ကင်မရာလေးတကိုင်ကိုင်ပေါ့.။ ခရီးထွက်တဲ့အခါ သူများမြို့ရွှာဆိုတော့ရိုက်ရဲပါတယ်။ အဲတော့လဲ စစ်ကိုင်း ကောင်းမူတော် မေမြို့ ကို ရောက်တိုင်း လက်ဆော့တာပေါ့။ အဲဒီတုန်းကတော့ “ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး” ဆိုတဲ့ အမည်နဲ့ ဓါတ်ပုံတွေတင်ပါတယ်။ စရိုက်စမှာ အရင်ကတည်းစိတ်ကူးယဉ်ခဲ့တဲ့ ရူ့ခင်းပုံတွေကို ရိုက်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ပုံတစောင်းတွေဘာတွေဆော်တာပေါ့။ (အခုလဲ စိတ်ကူးပေါက်ရင် တစောင်းတွေရိုက်တုံးပါဘဲ) အဲဒီတုန်းကတော့ ဆမ်ဆောင်းအိမ်သုံးလေးနဲ့ရိုက်တာပါ။ နောက် 2011 သင်္ကြန်တွင်းမှာတော့ […]

