15 “ပျော်တယ်ဟေ့…………………”       “မုံရွာမှာလက်ဆော့ခဲ့သမျှာ”     ကျနော်က အပြင်မှာပျော်ပျော်နေတတ်ပါတယ်။ စလိုက်နောက်လိုက်။ ဓါတ်ပုံတွေရိုက်တဲ့အခါမှာတော့ အစက ပေါက်ကရပုံတွေရိုက်ပါတယ်။ တစောင်းရိုက်လိုုရိုက် ကန့်လန့်ရိုက်လို့ရိုက်ပေါ့။ နောက်ထူးထူးခြားခြား အမြင်မျုးိနဲ့သူများရိုက်တာမြင်ရင်လဲ သဘောကျပါတယ်။ ကိုယ်တိုင်လဲတတ်နိုင်သမျှလက်ဆော့ကြည်ပါတယ်။ ဒါပေမယ့် သူများတွေ စနက်ရှော့ တာက လှတပတ။ ကျနော်လက်ဆော့တာမ မလှမပ။ ဒီတစ်ခါမုံရွာသွားကြတော့ အထက်အမြင့်ကနေ အောက်ဖက်ကို အတော်များများရိုက်ခဲ့ပါတယ်။ အာလိန်ငါးဆင့်မှာ ရွှေတောင်ဦးမှာပေါ့။ နောက်ပြီး ရွှေတောင်ဦးဘုရားအရောက်မှာ အောက်မှာလူတွေအုံးနေတာကိုကြည့်လိုက်တော့ တိရစ္ဆာန်ဥယျာဉ်အသေးလေးရှိနေတာကို တွေ့တော့ထုံးစံအတိုင်းပေါ့။. ကဲ မလှမပလေးတွေခ့စားလိုက်ပါအုံးနော်။     ကိုပေါက်လမ်းသလားနေသည် 14-11-2012  


Mလုလင္November 19, 20121min014
Mလုလင် တစ်ယောက် ရွာထဲကို စဝင်လာတဲ့ ပိုစ့် က ရန်ကုန်မြို ့တွင်းညရှုခင်း နဲ့ပါ။ အခု ဒီည လဲ စာရင်းလုပ်ရင်း .. စိတ်က ဓာတ်ပုံ ရိုက်ချင်လာတာ နဲ့ ကင်မရာ လေးစွဲ ပြီး ရွှေဂုံတိုက် က ဂရက်ဖီတီ ပုံ ရှိရာကို ထွက် ခဲ့ရင်း .. ဓာတ်ပုံ ရိုက်ပါတော့တယ် ….။ လမ်းလယ် မြက်ခင်း မှာ Tripod ထောင်ပြီး အကျအန ရိုက်နေတာ .. ဖြတ်သွားဖြတ်လာ ကားတွေ က အထူးအဆန်း နဲ့ ကြည့်ကြတာ လဲ ခံရတယ် ဗျို ့ ….။ ရန်ကုန်အတွင်း ညရှုခင်း -http://myanmargazette.net/85680/travel/local-guides- အရင်ပိုစ့် […]


Mလုလင္November 19, 20121min026
ဒီတစ်ပတ် အားလပ်ရက်ကတော့ လုပ်ကိုလုပ်ရမယ့် လချုပ်စာရင်း တွေလုပ်ရင်း အိမ်မှာပဲ အချိန်ကုန် သွားပါတော့တယ်။ ပိုစ့်လဲ တင်ချင်တာကြောင့် Hard Disk အဟောင်းလေးထဲ ပြန်ရှာရင်း ပုံလေးတွေ ပြန်တင် လိုက်ပါတယ် …။ ၃ ပုံ ပဲ ကြိုက်တော့လို့ ၃ ပုံ ပဲ တင်မယ် လုပ်တာ … မဒမ် Mလုလင် ရဲ့ ရှားရှားပါးပါး လက်ရာ တစ်ပုံ တွေ့တာ နဲ့ တင် ဖြစ်လိုက်ပါတယ် …..။ မန်းလေး ရောက်တုန်း က ဘုရားကြီး မှာ ရွှေချ နေတုန်း ရိုက်ထားတာပါ။ မှတ်ချက်။ ။ ရွှေချ တာဘာဖြစ်တယ် .. ညာဖြစ်တယ် လာမပြောရ …. […]


                          “အိန္ဒြေရရ သလ္လာမြေအလှ”       မုံရွာကိုအရင်တစ်ခေါက်ရောက်တော့ ညနေစောင်း။ မိုးကလဲ    တစိမ့်စိမ့်။ တကယ်ရောက်တော့ကလဲ ကမ်းနားလမ်းမှာတင် အချိန်ကုန်။ အဲတော့ ဘာမှ ဓါတ်ပုံသိပ်မရိုက်ဖြစ်။   ဒီတစ်ခေါက်ကတော့အလည်သက်သက်ဆိုတော့ ပိုလက်ဆော့ဖြစ်ပါတယ်။ ဗောဓိတစ်ထောင်ကနေ ရွှေတောင်ဦးအသွားလမ်းရယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း က ရွှေတောင်ဦးစေတီပေါ်ကတော့ ပိုရိုက်ဖြစ်ပါတယ်။ တောင်ရဲ့အနောက်ဖက်ခြမ်းကတော့ စိမ်းစိမ်းစိုစို သာသာယာယာ ခံစားလိုက်စမ်းပါအုံးဗျာ။   ကိုပေါက်လမ်းသလားနေသည် 15-11-2012  


KyaemonNovember 18, 201286min02
  Vieddekke နဲ့ Statkraft အဖွဲ့တွေအကြောင်းကိုရေးခဲ့ပြီးပါပြီ၊ အောက်ပါလင့်ခ တွေကိုကြည့်ပါ၊ နော်ဝေနိုင်ငံပိုင် လျှပ်စစ်စွမ်းအားထုတ် Statkraft “စတတ်ကရပ် အဖွဲ့” နဲ့ရေကာတာများ – XV | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/139805/business-economy နော်ဝေက Vieddekke ဆိုတဲ့ရေကာတာ ဆောက်လုပ်ရေးအဖွဲ့ကြီး – XVIII | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/140562/business-economy နော်ဝေက Vieddekke ရေကာတာ အဖွဲ့ကြီး – အဆက်- XXIII | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/154890/business-economy […]


                “နံရံပေါ်မှရုပ်လုံးကြွ”   မြန်မာ့မူ့လက်ရာ ပန်းဆယ်မျိုး ထဲမှာအပါအဝင်ဖြစ်တဲ့ အင်္ဂတေရုပ်ကြွ သစ်သားရုပ်ကြွတွေကို ဘုရားအတော်များများမှာမြင်ရလေ့ရှိပါတယ်။ မန်းလေးက ရွှေကျီးမြင် အိမ်တော်ရာစေတီတွေရဲ့ နံ့ရံတွေမှာတွေ့နိုင်ပါတယ်။ မိုးညှင်းသမ္ဗုဒ္ဓေရောက်တဲ့အခါ အာလိန်ငါးဆင့်ကတက်ပြီး အဆင်းအောက်ခြေနံရံမှာ ဒီလိုရုပ်ကြွတွေ တွေ့ရတာပါဘဲ။ တစ်ခုကတော့ စန္ဒကိန္နရီဇာတ်ထုတ်က ဇာတ်ဝင်ခန်း။ ကျန်တာကတော့ ကျနော်မသိ။ မန်းလေးသကျသီဟဘုရားမှာလဲ ဒိလိုရုပ်ကြွတွေရှိပါတယ်။ တစ်ရက်တော့ လက်ဆော့တင်ပေးလိုက်ပါအုံးမယ်   ကိုပေါက်လမ်းသလားနေသည် 14-11-2012    


ပဲခူး သွားတုန်းကပုံတွေပါ.. ပဲခူးမှာ လည်စရာတွေကတော့ အများကြီးပါပဲ.. ထင်ရှားတဲ့ (ကျွှန်တော်သိတဲ့)  နေရာတွေကတော့ ကျိုက်ပွန်လေးမျက်နှာဘုရားကြီး၊ ရွှေဆံတော်၊ ရွှေသာလျောင်း၊ မြသာလျောင်း၊ စိန်သာလျောင်း၊တရုတ်ဘုံကျောင်း၊ ကိုးသိန်းကိုးသန်း အဲနောက်တော့ ကမ္ဘောဇသာဒီ နန်းတော် စတာတွေ ဖြစ်ပါတယ်..  အဲဒီလောက်အများကြီးရှိတာကို ပြချင်လို့ လိုက်ရှာတဲ့ အခါမှ နေရာစုံကို သေသေ ချာချာ ရိုက်ထားတာ မရှိဘူးဖြစ်နေတယ်ဗျာ.. သွားတော့သွားတာပဲ. ရိုက်လဲရိုက်တာပဲ.. ဒါပေမယ့် ဒေါင့်စုံက ရိုက်ထားတာမရှိဘူး.. ဘုရားနာမည် တွေတောင် သေသေချာချာ မသိလို့ပြန်မေးရတယ်.. နောက် အခါတွေဆိုရင်တော့ သေသေချာချာ ရိုက်လာပေးပါမယ်ဗျာ..


မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့အရပ်ရပ်သို့ မမောမပန်းနိုင်ပဲ ခရီးတွေထွက်နေရသူ…အဖေ့သွေး၊အဖေ့စိတ်ဓါတ်နဲ့အဖေ့ခြေရာနင်းနိုင်သူ…အမေထာဝရ ကျမ်းမာအသက်ရှည်နိုင်ပါစေ… အမေစုရဲ့ အိန္ဒိယခရီးစဉ်မှတ်တမ်း ဓါတ်ပုံများကို …ဒေါင်းမာန်ဟုန်မှ ပြန်လည်ရယူမျှဝေပါသည်။။။။။။။။ မန်းဂဇတ်ရွာသူားအားလုံးလည်း ထာဝရပျော်ရွှင်နိုင်ကြပါစေ…. လွန်ခဲ့သောနှစ်(၅၀)ခန့်က သူတက်ရောက်ခဲ့သော နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ထိုကောလိပ်မှ ၁၉၆၄ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။ ယခုအိန္ဒယခရီးစဉ်အတွင်း မိမိပညာသင်ယူလာခဲ့တဲ့ ကျောင်းတော်ဟောင်းကိုပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်… ဒေါ်အောင်ဆန်းစုကြည်ကိုကောလိပ်ကျောင်းအုပ်ကြီး၊ဆရာဆရာမတွေနဲ့ ကျောင်းသူတွေကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။ မိမိတို့အတွက်နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့အခိုက်အခါပါပဲလို့ ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲအခန်းအနားမှာပြောဆိုလိုက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာကိုမိမိတို့ထပ်တူထပ်မျှခံစားရပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဘေးဘယာဝေးကွာစေဖို့ ဆုတောင်းပါကြောင်းပြောကြားခဲ့ပါတယ်…။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကိုတစ်နေ့ပြန်ရောက်အုံးမယ်ဆိုတာသိနေပါတယ်လို့ပြောဆိုပြီး၊မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့်ကို မရောက်သေးပါဘူး၊ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ အလွန်တရာတန်ဖိုးရှိမှန်း အဲဒီအခွန့်အရေးတွေမရရှိသေးတဲ့သူတွေသာ သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာအိနိ္ဒယနိုင်ငံတောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သါားရောက်ကြည့်ရငငလေ့လာမှာဖြစ်ပြီး တနင်္ဂနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။ ပိုစ့်..သတင်းကို RFA မှပြန်လည်မျှဝေပါသည်။  


              13 စာဥတို့ကိုသတိရတဲ့ နေညိုချိန်တိမ်တောက်         “ကြွေသွားတဲ့ညနေခင်းလေးများ”     ကျနော်ဘဝမှာ1991ကနေစလို့ 2005 ညနေခင်းဆိုတာဘာမှန်းမသိခဲ့အောင် အလုပ်ထဲမှာနစ်မြုတ်လို့နေခဲ့ပါတယ်။ ညနေခင်းများမှာစာရင်းအင်းတွေထဲမှာခေါင်းစိုက် အလုပ်လုပ်ရတာက ထပ်ခိုးလေးမှာ။ လျှပ်စစ်မီးချောင်းရဲ့အရောင်သာရှိတဲ့အခန်းလေးခပ်မှောင်မှောင်။ ကိုယ်နဲ့လက်တွဲဖော် ကလေး သုံးယောက်နဲ့ဘဲနွေမိုးဆောင်းအချိန်တွေကုန်လွန်ခဲ့။ ကုန်လက်ကျန်တွေ ငွေလက်ကျန်တွေ ကိန်းဂဏန်းတွေနဲ့သာနစ်မြုတ်လို့နေခဲ့။ အလုပ်ပြီးတဲ့အချိန်က ညကိုးနာရီ။ ဒီလိုနဲ့ဘဝကြီးကိုဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကျော် 2005ခုနှစ်နောက်ပိုင်းမှာတာ့ လုပ်ငန်းမှာလူတိုးတော့ လုပ်ငန်းအချို့ကိုခွဲဝေလို့ပေးနိုင်တဲ့အခါ အလုပ်ကလဲစောပြီး။ နောက်လုပ်ငန်းကလဲ နေရာပြောင်းတော့ ညနေခင်းနေရောင်မြင်ရတဲ့နေရာလေးကိုရောက်လာ။ လှပသောညနေခင်းလေးများကိုတော့ခံစားလို့ရပါတယ်။   အခုနောက်ပိုင်းခရီးထွက်ရ ကင်မရာလေးနဲ့လက်ဆော့ခွင့်ရတော့ ငယ်ငယ်က မက်မောခဲ့တဲ့ လှပသော ညွှတ်နူးဘွယ်ကောင်းသောလွမ်းဖွယ်ကောင်းသော ရင်ခုန်ချင်စရာကောင်းသော အရောင်စုံ ညနေခင်းလေးများကို မှတ်တမ်းတင်မိပါတယ်။   […]


ムラカミNovember 15, 20121min015
赤目四十八滝 Akame shijuhachi taki ကို ၁၀-၁၁-၁၂ မှာ လက်ဆော့ထားတဲ့နောက်ဆက်တွဲ ဖြစ်ပါသည် ခင်ဗျားး ဒီနှစ်ထဲမတော့ ကျနော်လည်း အောက်ဒိုးအထွက် နည်းသွားတော့မှာပါဗျာ တော်သေးပြီ ခင်တဲ့ ဂီ


black chawNovember 15, 20122min036
သိတ်မကြာသေးခင်ကပဲ ကျွန်တော့် ယောက်ခထီးကြီး ကွယ်လွန်သွားခဲ့ပါတယ်…။ ဆေးရုံမှာ ၂ လခွဲလောက်နေပြီး ကျန်းမာရေးကောင်းပြီ ဆိုပြီး အိမ်ရောက်တော့မှ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာပါ…။ ကျွန်တော့်မှာလည်း အသက်လေးက နည်းနည်း ရလာပြီဆိုတော့ သေခြင်းတရားကို နည်းနည်း (တကယ်နည်းနည်းပါဗျာ) ဆင်ခြင်မိလာပါတယ်…။ ကျွန်တော့်အဖေက အသက် ၈၆ နှစ် အမေက အသက် ၇ရ နှစ် ဆိုတော့ အချိန်မရွေးခွဲခွာသွားနိုင်တယ်ဆိုတဲ့ အတွေးကလည်း တစ်ခါတစ်ခါ စိတ်ကို ပူလောင်စေပါတယ်…။ ပိုဂရုစိုက်ဖြစ်တယ်ပေါ့ဗျာ…။ တစ်ယောက်တည်း ကျန်ခဲ့ရှာတဲ့ ကျွန်တော့်ယောက်ခမကြီးကလည်း ၇ဝ ကျော်လာခဲ့ပြီဆိုတော့… မဒမ်ဘလက်က အမြဲတမ်းစိုးရိမ်နေပါတယ်…။ ဆိုတော့… အခု ဓါတ်ပုံလေးတချို့ တင်ပြမလို့ပါဗျာ…။ တစ်စုံတစ်ခုသော တရားကို ပြနိုင်မလားရယ်လို့… ဝတ္ထုတိုလေး တစ်ပုဒ်လို တင်ပြဖို့ ကြိုးစားကြည့်ချင်ပါတယ်…။ ကြည့်ပြီး […]


        “လူသားတစ်ယောက်ရဲ့ အဆုံးသတ်နိဂုံး” ဒီနေ့ ဦးလေးတစ်ယောက်ကွယ်လွန်သွားလို့ ပြင်ဦးလွင်ကိုသွားပြီး နာရေးလိုက်ပို့ပါတယ်။ အခုခေတ်ထုံးစံအတိုင်း မီးသဂြိုဟ်တာပေါ့။ မီးရှိိုပြီး ခဏနေတော့ ခေါင်းတိုင်ကနေမီးခိုးလေးတက်လာပါတယ်။ အဲဒီမှာတွေးမိတာက ဘယ်သူဘယ်လောက်ဘာကြီးဘဲဖြစ်ဖြစ် နောက်ဆုံးတော့ မီးခိုးလေးအဖြစ်နဲ့ဘဲ လောကကြီးကို ကျောခိုင်းသွားရတယ်ဆိုတာကိုပါဘဲ။ ကျနော်တို့အားလုံးဘယ်လောက်ဘဲမျှော်လင့်ချက်တွေကြီးခဲ့ ကြီးခဲ့ ယုံကြည်မူ့တွေဘယ်လိုဘဲရှိခဲ့ရှိခဲ့ နောက်ဆုံးတော့ အဆုံးသတ်က ဒီမီးခိုးတန်းလေးနဲ့ဘဲအဆုံးသတ်သွားရတာပါဘဲ။ ကျနော့်ရဲ့အတွေးပါးပါးလေးက မှန်ချင်မှတော့မှန်မယ် ။ ကျနော်တွေးမိသလောက်လေးပေါ့။   ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး 13-11-2012  


            “ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ရွှေတောင်ဦးစေတီ”       နေ့လည်(2)နာရီထိုးလောက်မှာ သမ္ဗုဒ္ဓေကနေကျနော်တို့ထွက်လာလိုက်တာ နာရီဝက်လောက်ဘဲမောင်းလိုက်ရပါတယ် မုံရွာမြို့ထဲကိုရောက်သွားပါတယ်။ နာရီစင်ကြီးကိုလွန်လာပြီးတော့ အသိတစ်ယောက်အိမ်ကိုခဏဝင်ကြပါတယ်။ သူတို့အိမ်ရောက်တော့ ကော်ဖီတွေ ရွှေဘိုဝင်းဝင်းကိတ်မုန့်တွေ ဂျင်းသုတ်တွေချကျွေးပါတယ်။ အားနာပါးနာနဲ့စားလိုက်ကြတာ ဘာမှမကျန်တော့ပါဘူး။ ဒါနဲ့ဘဲသူတို့ကိုပါခေါ်လို့ ခရီးဆက်ကြပါတယ်။ မုံရွာမြို့အနောက်ဘက်ထွက်ချင်းတွင်းတံတားကိုဖြတ် ယာကြီး ကလေးလမ်းမအတိုင်းလာခဲ့ကြပါတယ်။ လမ်းခရီးကတော့ သစ်ပင်တွေအုံ့ဆိုင်းပြီးသာယာပါတယ်။ နောက်လမ်းခွဲတစ်ခုအရောက် မြောက်ဘက်ကိုချိုးထွက်လာလို့မကြာခင်မှာဘဲ အဝင်မုဒ်ဦးကြီးကိုမြင်ရပါတော့တယ်။ လမ်းခရီးကလဲသာသာယာယာ။ ဘုရားဆီသွားတဲ့အဝင်လမ်းမှတော့ ဘုရားဖူးကားတွေများမှများပါဘဲ။ စားသောက်ဆိုင်တန်းလေးအလွန်မှာတော့ ကားရပ်လို့ဘုရားပေါ်တက်ကြပါတယ်။ ဘုရားအတက်မှာ ဓါတ်လှေကားရှိပေမယ့် လူမစောင့်ချင်တော့ စောင်းတန်းကနေဘဲလမ်းလျောက်လို့တက်ကြပါတယ်။ ဘုရားပေါ်မှာလဲ ဘုရားဖူးများနဲ့စည်ကားပါတယ်။ နေ့လည်ဆိုတော့ အရှေဖက်က နေရိပ်ပေမယ့် အနောက်ဘက်ကတော့နေပူပါတယ်။ လူတွေအောက်ဖက်ဆင်းသွားတာတွေ့လို့ကြည့်လိုက်တော့ အနောက်ဖက်မှာ တံတားလေးတစ်ခုနဲ့ ဘုရားတစ်ဆူ။ နေအတော်လေးပူတာနဲ့မသွားဖြစ်။ တောင်ပေါ်ကနေလှပတဲ့မြင်ကွင်းတွေကို ဓါတ်ပုံရိုက်။ […]