မေမေ! ဒါ သမီးပြောပြော နေတဲ့ . . ကိုစိုးမိုး ဆိုတာ ပေါ့။ အစ်ကို .. ဒါ ရွှေစင့် မေမေ လေ …      á€Ąá€”်တဎက ရွှေစင် နဲ့ တော်တော် ဆင်ပါတယ်။ ရွှေစင် ဆိုတာ ကျွန်တော့ ရဲ့ ချစ်လှစွာသော ဖယောင်းတိုင် လေးပါ။ ဝါဝါဝင်းဝင်း .. အိအိစိုစို .. ရှမ်းတရုတ်မ လေးပေါ့။ သူ့ အမေ ကလဲ သူနဲ့ တပုံစံ တည်းပဲ . . . . ဒါပေမယ့် ဘာကြောင့်မှန်း မသိ . . မျက်နှာထားက တော်တော် တင်းပါတယ်။ သမီးတော် ရဲ့ အဝှာ […]


KyaemonFebruary 24, 201317min07
  ဓာတ်ပုံဆရာအကျော်အမော်တွေနဲ့ မီးပုံးပျံလိုက်စီးပြီး ပုဂံဘုရားတွေကို လိုက်ဖူးရအောင်၊   လင်းအားကြီး မြူတိမ်တွေဝိုးတဝါးမြူးကြွတဲ့အချိန်ကစပြီး၊ နေရောင်ခြည်တွေ ကွန့်မြူးဝေဖြာလို့ ကြည်လင်ပြတ်သား လာတဲ့အချိန်ထိပေါ့ဗျာ၊   ရှူမငြီးနိုင်တဲ့ ၃၆ဝ ဒီဂရီ မြင်ကွင်းကျယ် ရှူခင်းတွေအပြင်၊  ရှေးဟောင်းစေတီပုထိုးတွေကိုလဲဖူးမျှော်ခွင့်ရမှာပါ၊   ======   Balloon flight in Bagan, Myanmar • 360° Aerial Panorama This panorama can be opened in several different resolutions. High resolution panorama with the best quality is about 7 Mb large and it is […]


“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်” ကျနော်သူမကို တွေ့ရဘို့ ရက်နဲ့တွက်ရင် ၃၆၅ နာရီနဲ့ဆိုရင် X ၆၀ မိနစ်နဲ့ဆိုရင် ဆပွား စက္ကန့်နဲ့ပြန်တွက်ရင် အများ အများကြီးပေါ့။   မနှစ်ကဒီရာသီ ခရီးသွားရင်းနဲ့ ခပ်လှမ်းလှမ်း လမ်းဘေးတစ်နေရာမှာ ပန်းလေးတွေဝေနေတဲ့သူမကို အဝေးကအမှတ်မထင် လှမ်းမြင်မိတာကအစ နေ့စဉ်နဲ့အမျှ သတိရလို့နေမိသပေါ့ဗျာ။   အဲဒီနားကိုရောက်တိုင်းသူနဲ့များ ပြန်ဆုံအုံးမလားလို့ မျှော်လင့်ချက်တွေနဲ့ငေးအကြည့် ဘေးကပါလာတဲ့အကြောင်းသိနေသူက “သူက တစ်နှစ်မှတစ်ခေါက်ဘဲ ရောက်တာဗျ”လို့ ဆိုအလာ ရှက်ရှက်နဲ့ရီနေလိုက်ရပါတယ်။   စက္ကန့်များ မိနစ်များ နာရီများရက်များ ဆိုတာ တားလို့လဲမရ သူ့ဘာသူ အလိုလိုသွားနေတာကိုးဗျ။ တစ်နှစ်ဆိုတဲ့ကာလအတိ ပြည့်ပြိဆိုတာနဲ့ သူမနဲ့ဆုံဘူးတဲ့နေရာကို ကျနော်အရောက်…………………………….. မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း အိုမင်းနေတဲ့သူ့အဆင်း မြင်မြင်ခြင်းဘဲ ကျနော့်မှာ ဘာလွမ်းလို့လွမ်း ရမှန်းမသိ ဖြစ်မိပါတော့တယ်။     […]


KyaemonFebruary 23, 201333min09
  Emailတခုဆီကရပြီး၊ရွာသူရွာသားအတွက် ထပ်မံတိုးချဲ့လိုက်တာပါ၊ ======= ရုရှားနိုင်ငံသား ဓာတ်ပုံဆရာဆရာမ ၉ ဦးပါဝင်တဲ့အဖွဲ့ AirPanoရဲ့လက်ရာတွေပါ၊   ၎င်းအဖွဲ့ကကောင်းကင်ကနေမြင်ကွင်းကျယ် ၃၆ဝ ဒီဂရီ ပတ်ချာလည်/ဝိုင်းဝိုင်းလည်အောင်   ကင်မရာနဲ့ရိုက်ကြတာ၊   မြင်တဲ့အတိုင်း ဓာတ်ပုံတွေဟာ သပ်ပါယ်စရာကောင်းတာပါ၊    တမူထူးခြားပြီးဂုဏ်ကြက်သရေဆောင်ကြတဲ့အပြင်   ခန့်ညားထယ်ဝါလှတာပါ၊            အောက်နားမှာ ကွန်မန့်ကိုကူးထားတာပါ၊                       ဓာတ်ပုံဆရာတွေStanislav Sedov and Dmitriy Moiseenko Photography by Stanislav Sedov and Dmitriy Moiseenko        ရွှေတိဂုံအကြောင်းကိုတော်တော်လေ့လာပြီးမှရေးထားတာ၊ အနည်းငယ်လွဲမှားတာရှိကောင်းရှိနိုင်သော်လည်း၊အများအားဖြင့်အမှန်တွေပါ၊ Shwedagon Pagoda, […]


    နေရောင်ကိုကြိုလင့်နေတဲ့ အဝါရောင်နေကြာပန်းလေးများ(သို့မဟုတ်)မအိအတွက် နေသုံးနေ ကျနော်ကျောင်းသားဘဝက ကြည့်ရတဲ့ ရုပ်ရှင်ကားတစ်ကား ကိုအခုထိမှတ်မိလို့နေပါတယ်။ မင်းသမီးကတော့ ဆိုဖီယာလောရင့်ပါ။ စစ်အခြေခံဇာတ်လမ်းပေါ့။ ဇာတ်ကားနာမယ်က နေကြာပန်း ( sunflower) ဒီကားကို မြန်မာပြန်ပြီး စုံနံသာမြိုင်ဆိုတဲ့နာမယ်နဲ့ရိုက်ဘူးပါတယ်။ ဇာတ်လမ်းကတော့ စစ်အတွင်းကပျောက်ဆုံးသွားတဲ့ယောက်ျားကိုရှာပုံတော်ဖွင့်တာပေါ့ ကျနော်မှတ်မိနေတာကတော့ အဲဒီကားထဲမှာပါတဲ့နေကြာပန်းခင်းကြီးကိုပါဘဲ။ ဒါပေမယ့် ကျနော်မွေးရပ်မြေမန်းလေးမှာနေကြာခင်းဆိုတာမရှိ။ ရှမ်းပြည်ဘက်ရောက်ပြန်တော့လဲ နေကြာခင်းတွေမြင်ပေမယ့် ဓါတ်ပုံရိုက်ဘို့အခွင့်မသာ။ တစ်ခါ မန်းလေးမြို့သစ်ထဲက လယ်ကွင်းတစ်ခုမှာ နေကြာပန်းခင်းကိုမြင်ပေမယ့် ဓါတ်ပုံရိုက်မယ်အလုပ် သိပ်ရှုပ်တဲ့ခွေးတစ်အုပ်ကြောင့် လက်မဆော့ခဲ့ရ။ အဲဒီမှာရွာထဲက မအိက နေကြာပန်းခင်းကို တွေ့ရင်ဓါတ်ပုံရိုက်ဘို့ ပြောဘူးပါတယ်။ တစ်ရက်တော့ ကြာနီကန်ဘက်အသွား လမ်းဘေးမှာ နေကြာပန်းခင်းကြီးကိုမြင်ရပါတယ်။ အဲတော့ အပြေးအလွှားသွားပြီးလက်ဆော့လိုက်မှ စိတ်အဆာပြေသွားပါတယ်။ ရိုက်ထားတာအများကြီးဆိုတော့နောက်ရက်ဆက်ပြီး နေကြာပန်းတွေလာပါအုံးမယ်နော်။ ကိုပေါက်လမ်းသလားနေသည် 23-2-2013         […]


  “ပေါက်ပန်းပွင့်ပြီ”     ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ၈၄လမ်းအတိုင်း ဆိုင်ကယ်စီးလာလိုက်တာ ဘုရားကြီးစာတိုက်ကွေ့နားလေးလဲ လွန်ရော လမ်းပေါ်မှာ ပေါက်ပန်းပွင့်တွေကြွေနေတာမြင်ရပါတယ်။ အပေါ်မော့်ကြည့်လိုက်တော့ပေါက်ပန်းပွင့်တွေပွင့်နေလိုက်တာများအရွက်မမြင်ရသလောက်။ လှတော့လဲအတော်လေးလှပါတယ်။ မန္တလေးမြို့ထဲမှာကျနော်အမြဲသွားလာနေတဲ့နေရာလေးမှာ ပေါက်ပန်းပင်ရှိတဲ့နေရာက ၈၄လမ်းပေါ်က စာတိုက်ကွေ့နားမှာတစ်ပင်နဲ့ လမ်း၃ဝ ၈၄-၈၅ကြားမှာနှစ်ပင်ဘဲရှိပါတယ်။ ဒီပေါက်ပန်းက တပို့တွဲလမှာပွင့်တဲ့ပန်းပါ။ ဆောင်းအနှောင်းမှာ နွေအစမှာပွင့်တဲ့ပန်းပါ။ သူ့အပွင့်လေးတွေရဲ့အရောင်က သုံးဘီးကားရောင် ဒါမှမဟုတ်ပုစွန်ဆီရောင်ဖျော့ဖျော့။ ကြက်တူရွှေးနုတ်သီးနဲ့သူ့အပွင့်ပုံသဏ္ဍန်ကခပ်ဆင်ဆင်။ အရွက်က အစိမ်းရောင်၊ ပေါက်ပင်ပေါ်များ ကြက်တူရွေးနားနေရင်ခွဲခြားဘို့မလွယ်ပါဘူး။ ဒါကြောင့်မို့လို့လဲ “ပြည်နဲ့အရေးပေါက်နဲ့ ကျေး မင်းရေးသဖွယ်တိမ်တောင်ကျယ်”ရှေးကစာဆိုုရှိခဲ့တာပါ။                 ပေါက်ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ဒီလိုအချိန်အခါရောက်ရင် ရန်ကုန်မန္တလေးလမ်းဟောင်း ပေါ်မှာ မြစ်ငယ်တံတားကိုလွန်ပြီဆိုတာနဲ့ပေါက်ပန်းပင်တွေကိုတွေ့ရတော့တာပါဘဲ။ လမ်းဘေးဝဲယာမှာ ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတော့တာပေါ့။ ရာသီက မှုန်ရီရီ လမ်းဘေးက လက်ပံပင်တွေပေါက်ပင်တွေက အရွက်မဲ့ […]


                      “ဆောင်းအကြွင်း ရက်များက  မန်းလေး”     အခုရက်က ဆောင်းပြန်ပြေးတဲ့ရက်တွေပါဘဲ။ အဲတော့ မြူမှုန်တွေက ပိတ်ပိတ်ဆီးဆီးဆိုတော့ ပါတ်ဝန်းကျင်က မကြည်မလင်။ အထူးသဖြင့်နံက်ခင်းလေးတွေမှာ နေအလင်းရောက်လာပေမယ့် မူန်ရီဝေဝေ။ ဒီလိုနံနက်ခင်းလေးတစ်ခုမှာအလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုအသွား ကျုံးနံဘေးရောက်တဲ့အခါ မူန်ဝေဝေ မြင်ကွင်းကြားမှာ မြို့ရိုးနီညို ထန်းပင်ညိုတိုတို ရေပြင်စိမ်းစိမ်း ကောင်းကင်ပြာပြာ မှာ လက်ပံပင်လေးတစ်ပင်က မြိုရိုးနောက်ကတိုးထွက်နေတာမြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုရပ်ပြီးလက်ဆော့ထားတာလေးကိုတင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 16-2-2013  


  အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   […]


      အနိုင်ကျင့်ခံရခြင်း ကျမတို့ညီမတစ်တွေ အေးအေးချမ်းချမ်းလေးနေခဲ့ကြတာပါ။. တစ်ရက်တော့ သူတို့ညီအကိုတစ်တွေရောက်လာကြတယ်။ ကျမတို့ကတော့ခပ်ကင်းကင်းနေချင်ကြတာပါ။ ဒါပေမယ့်အမေက သူတို့ဘက်ခပ်ပါပါ။ လက်ခံလိုက်ပါလို့ပြောတော့ အမေ့စကားကို မပယ်ချင်တော့ မချစ်သော်လည်းအောင့်ကာနမ်းပေါ့။ သူကလဲ အမေက လိုက်လျောက်မှန်းသိတော့ စိတ်ညစ်စရာကောင်းလောက်အောင်ကိုအခွင့်အရေးတွေယူတာပါဘဲ။ ကျမတို့ပိုင်ဆိုင်တဲ့နေရာကို ဟိုဝင်ဒီထွက်ယောက်ယက်တွေခပ်ပြီး ဖလမ်းဖလမ်းထနေတာ အမြင်ကပ်စရာ။ အမေကတော့ သဘောတွေကျလို့။ ကျမတို့ကတော့ အနိုင်ကျင့်ခံရတယ်ထင်မိတာပါဘဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 13-2-2013          


– – – – – – – – – – – – – ဖိုးကြား ဆင်စခန်း (19.310302,96.25216) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)   ၁၉ ရက်  မေလ၊ ၂၀၁၂ ။ ရန်ကုန်က မနက် ၅ နာရီလောက်ထွက်ကြတယ်. ၁၁၅ မိုင်ကို ၉ နာရီလောက်ရောက် ပြီး မနက်စာစား၊ ဆက်ထွက်ပြီးမနက် ၁၁ နာရီလောက်မှာ ရောက်တယ်… ဖိုးကြား ဆင်စခန်းဟာ ရန်ကုန်၊ မန္တလေး အဝေးပြေးလမ်းမဘေး မိုင်တိုင် ၂၀၄ နား မှာ ရှိပါတယ်.. ဆွာ၊ ပြီးရင် သာဂရ ကျော်ရင် အဝေးပြေးလမ်းပေါ်ကနေ ဘယ်ဖက်ကို ချိုးပြီး ပဲခူးရိုးမထဲကို ဝင်ရပါတယ်။ အရမ်းမဝေးပဲ […]


KyaemonFebruary 18, 201338min03
နားရက်အခါကြီးမှာသာယာရွှင်လန်းကြပါစေ၊ ==========   တရုပ်၊ဗီယက်နမ်၊ကိုရီးယား၊Mongolia နိုင်ငံတို့က  Lunar New Year လပြက်ခဒိန်အတိုင်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တခမ်းတနားကျင်းပကြပြီး၊ တချိန်တုန်းကဆိုရင်ဂျပန်နိုင်ငံကလဲ ဒီအတိုင်း  ကျင်းပခဲ့တာပါ၊   အဆက် ==========    SongZuyingကမြောင်လူမျိုးစုကဖြစ်ပြီးယင်းမြောင်လူမျိုးစုတို့ကလဲမြန်မာပြည် လာအိုး၊ဗီယက်နမ်တို့ မှာနေထိုင်ကြတာပါ၊ သူမကမြောင်Miaoလူမျိုးစုရဲ့တောသဘာဝ သီချင်းတွေကိုတော်တော်ဖော်ထုတ်၊ကျူးရင့် နိုင်ခဲ့ပြီး၊ နိုင်ငံတကာတေးဂီတအနူပညာလောကမှာလဲကျော်ကြားသူပါ၊ သူဆိုတဲ့ ‘နဂါးပုံလိုသင်းဘော”သီချင်းမှာ အနောက်နိုင်ငံသား တူရိယာအဖွဲ့ဝင်တွေက  တုံ့ပြန်ပါဝင်နေတာကြောင့် ပရိသတ်တွေက တဟာဟာနဲ့ “ပွဲကျ” နေကြတာပါ၊ ===========  ၂၀၁၁ နှစ်သစ်ကူးအခမ်းအနားကြီးမှာSongZuyingက “မိုးကောင်းကင်ပြာ”သီချင်းနဲ့ သီဆိုဖျော်ဖြေနေတာပါ    [EngSub] SONG Zuying – Blue is the Sky [Chinese CCTV Lunar New Year Gala 2011] – […]


အချိန်အားလေး ရတာနဲ့ မဖြစ်ဖြစ် အောင်ခရီးထွက် ရတာ ကလဲ ဝါသနာပါ။ အသွားအများဆုံး နဲ့ အဆက်အကျဆုံးကလဲ မန္တလေး ပါ။ အခုလဲ အညာသူ နဲ့ ရပြီး အညာသား တပိုင်း ပါပဲ . . ဒီရက်ထဲ ဓာတ်ပုံ မရိုက်ဖြစ်လို့ လူက ထုံထိုင်းထိုင်း ဖြစ်နေရာကနေ . . . . အားလပ်ရက် ၂ ရက် ထပ် သွားတာနဲ့ မန်းလေး သွားဖြစ်ခဲ့ပါတယ်။ ထုံးစံ အတိုင်းပေါ့ . . ရွာထဲ က စီနီယာ တွေဖြစ်တဲ့ ကိုပေါက် တို့ ရွှေမင်းသား တို့ နဲ့ တွေ့ပြီး ရိုက်ကြနှက်ကြ ပေါ့ .. […]


“မူန်ရီဝေဝေ မန္တလေး”   ဆောင်းအဆင်း နှင်းကြွင်းကမူန်ရီရီ။ ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့် လွမ်းစိတ်က ဝေစီ။ ဟန်ချီချီ လာပြန်ပြီ လက်ပံနီတွေက ပေးပြန်သည်ဒီအလွမ်းရယ်နဲ့ နန်းတစ်ခို အလွမ်းပိုအောင် ထန်ုးညိုညို ညီနောင်အစုရယ်က စိမ်းပြာလဲ့ ရေပြင်ဆီ ပြေးဝင်ခစား တားမရပါ အလွမ်းဆာ ငါ့ရဲ့စိတ်တွေက ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို မနှေးအမြန် အပြေးပြန်လို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။   16-2-2013