“အညာတမာအလွမ်း “ ဟိုးကလေးဘဝ ငယ်ငယ်တုန်းကပါဗျာ။ “တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား ခွဲခွဲခြားခြား ပြောပါမောင်ရေ……………” ဆိုတဲ့သီချင်းများကြားမိရင် ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ ခုထိတောင်သတိရနေပါသေးတယ်။ တမာပင်တွေလွှမ်းတဲ့ မန်းမြေက မာဇူးဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ မိန်းအဝင်ဝကတမာလမ်း အင်းဝဆောင်နံဘေးက တမာလမ်း သစ္စာရှေ့က တမာလမ်း မြတမာရှေ့ကတမာလမ်း ချစ်သူနဲ့လမ်းလျောက်နေရင်း “တမာမြေကိုရောက်တဲ့ရှမ်းကလေးကျောင်းမှာခင်ကြတာ အစဉ်ပါကွယ်ပွင့်လင်းကြတယ်ဟန်ပန်တွေမလုပ်သူူူ” ဆိုတဲ့သီချင်း ရင်ထဲကို ထိရှ ခုထိတောင်နားထဲကြားနေပါသေးတယ်။ အသက်အရွယ်ရလာ ဘဝမှာခံရတာတွေလဲ မျာများလာပြန်တော့ “မောင်တို့အညာမှာ တမာပင်တန်းတွေနဲ့ ………………………………………………” အညာမိတဲ့အညာသား သီချင်းများကြားရင် အညာအချစ်တွေနဲ့ ပစ်သွားသူကို သတိရ မနေ့တနေ့ကများ ဖြစ်ခဲ့သယောင်ယောင် ခုထိတောင်ရင်ထဲမှာ နာနေဆဲပါဘဲ။ မနေ့က မြေနီနီ […]