NovyMarch 22, 20132min032
မနေ့ကရုံးကအဖွဲ့တွေနဲ့ ရန်ကုန်မြစ်ကြောတစ်လျောက်အပျော်စီးသင်္ဘောစီးရင်းနဲ့ စင်ရောလေးတွေနဲ့ဝင်လုလုနေမင်းကြီးရဲ့ အလှကို မှတ်တမ်းတင်ထားတာလေးတွေကို ဝေမျှလိုက်ပါတယ် ယောနသံ1 ယောနသံ2 ယောနသံ3 ယောနသံ4 ယောနသံ5 ယောနသံ6 ယောနသံ7 ယောနသံ8


      “စွန့်ခွာခြင်းအဝါ တိုးထွက်စအနီ ရှင်သန်ဆဲအစိမ်း ”   ကျောက်တော်ကြီးဘုရားထဲကိုရောက်တော့ ဘုရားပုရဝုဏ်ထဲမှာလှည့်ပါတ်ကြည့်ရင်း အစိမ်းအဝါတွေရောနေတဲ့ ညောင်ပင်ကြီးကိုမြင်ရပါတယ်။ အနီးနားကို အသေအချာကပ်ကြည့်လိုက်တော့ ပုရစ်ဖူးချီနေတဲ့ ရွက်သစ်နီနီလေးတွေကိုတွေ့ရပါတယ်။ နေ့လည်ပိုင်းကျုံးနံဘေးရောက်ပြန်တော့လည်း ညောင်ပင်မှာရွက်သစ်နီကျင်ကျင်လေးတွေရော ဖူးစပြုနေတဲ့ ရွက်စိမ်းနုလေးတွေကိုမြင်ရပြန်ပါတယ်။ ကျနော်တို့လိုလူသားတွေက သာ အပြောင်းအလဲတွေနဲ့ အလုပ်ရှုပ်နေပေမယ့် သဘာဝတရားကြီးကတော့ ပုံမှန်လည်ပါတ်နေမြဲပါဘဲ။ အချိန်တန်ရင် ရွက်ဝါအဖြစ်ကြွေသွားမယ်။ ရွက်သစ်တွေပရစ်ဖူးတွေထွက်လာမယ်။ နောက်ရင့်ကျက်လာတော့ စိမ်းမယ်။ ပြီးရင် ရွက်ဝါအဖြစ်ဘဝပြောင်းမယ်။   ဒါပေမယ့် ရွက်သစ်နုတွေကနေ အစိမ်းဘဝကို မကူးပြောင်းမီ ဘယ်လောက်များ ကြွေလွင့်သွားပါသလဲ။ ရွက်စိမ်းဘဝကနေ ဘယ်လောက်များ အချိန်မတိုင်မီလွင့်ပါးသွားခဲ့ပါသလဲ။ သစ်ပင်တစ်ပင်လုံးက ရွက်စိမ်းတွေရွက်ဝါဘဝကိုအားလုံးပြောင်းကုန်သွားပါသလား။ လို့မေးခွန်းတွေမေးမိတော့ မင်းတို့လူသားတွေရော ငါတို့လိုဘဲလား လို့ ပြန်မေးတာခံလိုက်ရပါတယ်။ ကဲ ဘယ်လိုဖြေကြမလဲဗျာ။     ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး […]


padonmarMarch 22, 20132min028
နေ့ရက်- ခရစ်နှစ် ၂၀၁၃ မတ်လ ၂ဝရက် အချိန် -နေ့ ၁ဝ နာရီ ၃ဝ မိနစ် နေရာ -သမိုင်းဘူတာရုံလမ်း၊ဘုရင့်နောင်မီးပွိုင့်အနီး သမိုင်းခုံးကျော်တံတားမှ အဆင်း ၊ ရှေ့မှာ မီးပွိင့်အလွှတ်ကို စောင့်နေတဲ့ ကားတန်းကြီးက တစ်မျှော်တစ်ခေါ်၊ (ခုတလော လမ်းမကြီး တစ်ဖက်တစ်ချက်ကို စီမံကိန်းအရ လမ်းပြင်နေတဲ့ အတွက် ယာဉ်ကြောကျဉ်းမြောင်းပြီး မီးပွိုင့်တန်းစီချိန် ပိုကြာနေပါတယ်၊ ဒါပေမယ့် ရေရှည် ကောင်းဖို့ လုပ်နေတာဆိုတော့ သည်းခံစောင့်ဆိုင်းကြရပါတယ်) အဲဒီအချိန် လူလည်လုပ်နေကျ ဘတ်စကား တစ်စီးက ဝူးကနဲ ဆန့်ကျင်ဖက်လမ်းကနေ ကျော်တက်မောင်းသွား၊ ခဏနေတော့ နောက်ကနေ ဆိုင်ကယ်နဲ့ ယာဉ်ထိန်း နှစ်ယောက် နောက်က လိုက်လာ၊ ကျော်တက်တဲ့ ဘတ်စကားကို Moderntech ဆိုင်ဘေး လမ်းကြားထဲ မောင်းခိုင်းလိုင်စင်သိမ်း၊ […]


ムラカミMarch 20, 20131min020
သူဟာ သူကိုယ်တိုင်ချမှတ်ထားတဲ့ ခိုင်ကြည်သော ပြဉာတ်ချက် ဆုံးဖြတ်ချက် တွေနဲ့ အတိအကျ နေထိုင်သူဖြစ်ပါတယ်. သူ ဟာ ဆုံးဖြတ်ထားတာကို ဖြစ်မြောက်အောင် လုပ်နိုင်မယ် ဆိုတာ ၂နာရီကြာ သူနဲ့စကားပြောအပြီးမှာ ယုံကြည်မိခဲ့ပါပြီ သူဟာ ဝါရှင်တန် ဒီစီ က အမေရိကန် တက္ကသိုလ်ရဲ့ ဒုတိယနှစ် ဥပဒေ ကျောင်းသား တစ်ယောက် ဖြစ်ပါတယ် တချိန်တည်းမှာ ကောလိပ်ကျောင်းသား ရီပဘလစ်ကန် သမဂ္ဂ ရဲ့ ဒုတိယ ဥက္ကဌလည်း ဖြစ်နေပါသေးတယ် သူဟာ အမေရိက ရဲ့ သမ္မတ ဖြစ်ဖို့ ရည်မှန်းချက်ထားပြီး ဘက်စုံ ကြိုးစားအားထုတ်နေသူလည်း ဖြစ်ပါတယ် သူနဲ့စကားပြောဖြစ်တော့ သူဟာ မေးခွန်းတွေ ကို တိကျပြတ်သားတဲ့ သူ့ရဲ့ယုံကြည်မှု သံတမန်ရေးရာ မူဝါဒရေးရာ ဆိုင်ရာ ပြည့်စုံကောင်းမွန်မှု […]


Mလုလင္March 20, 20133min023
ဓာတ်ပုံ သမားတွေဆိုတော့ . . ဝေဒနာ ကို ပေတရာ မှာ စာစီ မနေချင်တော့ဘူး . . တစ်ယောက် ၄ ပုံ ပေါင်း ၈ ပုံ . . . လေးစားစွာဖြင့် ဆြာအုပ်၊ Mလုလင်


weiweiMarch 19, 20134min015
…မွေတော်ကက္ကူဘုရားက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင် တည်ရှိပါတယ်။ တောင်ကြီးမြို့မှ မိုင် (၂၈) မိုင် ကွာဝေးပြီး ကားနဲ့သွားရင် တစ်နာရီကျော်လောက်ပဲ မောင်းရပါတယ်။ လမ်းတစ်လျှောက်စိမ်းစိုနေတဲ့စိုက်ခင်းတွေ၊ အေးမြလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေက စိတ်ကိုကြည်နူး လန်းဆန်းစေပါတယ်။ လမ်းတစ်လျှောက် ကြက်သွန်ဖြူ စိုက်ခင်းတွေကို တွေ့ရပါတယ်။ တောင်ကြီးကို သွားလည်တာ အခုတစ်ခေါက်ပါဆိုရင် (၄) ကြိမ်ရှိပြီဖြစ်ပေမယ့် မွေတော်ကက္ကူဘုရားကို အခုမှ ပထမဆုံးအကြိမ်သွားဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် ယခင်အခေါက်တွေတုန်းက မရောက်ဖြစ်ခဲ့ပါဘူး။ ရောက်ပြီဆိုတာနဲ့ စေတီအများကြီးတစ်စုတစ်ဝေးထဲတွေ့လိုက်ရလို့ တော်တော်အံ့ဩသွားပါတယ်။ တစ်နှစ်တွင် တန်ဆောင်မုန်းလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့တွေမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ပါတယ်။ ကျွန်မတို့ ကားရပ်လိုက်တာနဲ့ ဘုရားဘေးပတ်ဝန်းကျင်မှာ ညှို့ညှို့မှိုင်းမှိုင်းနဲ့ အုံ့အုံ့ဆိုင်းနေတဲ့ သစ်ပင်မြင့်မြင့်၊ အကြီးကြီးတွေနဲ့ ဈေးတန်းတွေက အေးချမ်းပြီး စည်ကားလို့နေပါတယ်။ ဘုရားစေတီတွေအများကြီးကို […]


    “ဧရာရင်ခွင်မှ အပူအပင်ကင်းသူလေးများ” အလုပ်ပိတ်တဲ့ တစ်ရက် ပျင်းတာနဲ့ဧရာဝတီမြစ်ဘက်ထွက်လာခဲ့ပါတယ်။ ချော်ဆိပ်ကနေထွက်လာလိုက်တာ စီးရင်းစီးရင်းနဲ့ မရမ်းခြံဆိပ်ရောက်လာပါတယ်။ ဆိုင်ကယ်ကို ကွမ်းယာဆိုင်လေးနားမှာရပ်။ ပြုံးပြပြီး ခဏထားမယ်နော်လို့ပြောပြီးဇက်သော့ခတ်လို့တာရိုးကနေမြစ်ဘက်ကိုဆင်းခဲ့ပါတယ်။ မြစ်ကမ်းနံဘေးက မြေပေါ်မှာတော့ အိုးတွေချထားလိုက်တာအစီအရီ။ ကမ်းစပ်မှာတော့ တဲလေးတွေက ဟိုတစ်လုံးဒီတစ်လုံး။ ကမ်းစပ်မှာတော့ ခရီးသွားမယ့် သူတွေရော ပို့ဆောင်ပေးမယ်လှေတွေ မော်တော်တွေ သင်္ဘောတွေနဲ့ ပြည့်ကျပ်ညပ်။ နွေဦးပေါက်ဆိုတော့ဧရာကလဲ ရေနည်းနေပါပြီ။ နေကလဲမနက်ခင်းတောင်ပူစပြု။ အောက်ကသဲပြင်ကလဲပူ။ သောင်ပြင်မှတဲထိုးနေကြတဲ့မိသားစုလေးတွေမှာလဲအပူတွေစု။ ခရီးသွားကြမဲ့လူတွေရဲ့ရင်ထဲမှာလဲအပူတွေစု။ ကုန်ထမ်းနေကြတဲ့သူ သဲကျုံးတဲ့သူ ခေါင်းရွက်ဈေးသည်လေးတွေရဲ့ရင်ထဲမှာလဲ အပူတွေစု။ ဒါပေမယ့် အဲဒီနားက တဲစုလေးမှာနေကြတဲ့ကလေးတွေကတော့ နေပူပူမှာ အပူမရှိသလိုပျော်ပါး။ သူတို့လေးတွေမြင်တော့ ကျနော့်စိတ်တွေလဲပေါ့ပါးသွားသလိုလို။ ကဲ သူတို့နဲ့ရောပြီးအပျော်တွေခံစားလိုက်ကြရအောင်ပါ. ကိုပေါက်လမ်းသလားနေသည် 8-3-2013            


weiweiMarch 19, 20135min012
ပန်းမျိုးစုံ ပန်းရောင်စုံ မြင်မြင်သမျှ လျှောက်ရိုက်ခဲ့တယ်။ အတူခရီးသွားတဲ့သူတွေက ကျွန်မကို အထူးအဆန်းတစ်ယောက်လို ကြည့်ကြတယ်။ ဘုရားသေချာမဖူးပဲနဲ့ လမ်းဘေးက ပန်းကလေးတွေကို ဓါတ်ပုံရိုက်နေလို့ … ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပန်းကလေးတွေကို မြင်ရရင် စိတ်ချမ်းသာတယ် ..


weiweiMarch 18, 20133min012
ဒီတစ်ခေါက် ရှမ်းပြည်ခရီးစဉ်မှာ ပန်းကလေးတွေကို ဓါတ်ပုံရိုက်ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အေးမြတဲ့ရာသီဥတုရှိတဲ့ ရှမ်းပြည်နယ်ဘက်က ပန်းကလေးတွေက လတ်ဆတ်လို့နေပါတယ်။ ပန်းအမျိုးအစား အများကြီးထဲမှာမှ kiss me ပန်းတွေကို အများဆုံးတွေ့ခဲ့ရတယ်။ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေထဲက လှမယ်ထင်တာလေးတွေရွေးပြီး တင်လိုက်ပါတယ်။ ပန်းကလေးတွေကြည့်ပြီး စိတ်အေးချမ်းကြည်နူးမှု ခံစားရပါစေလို့ ဆန္ဒပြုရင်း …..


စုစည်းကြည်နူးခဲ့သောညနေခင်းလေး (အေးရိပ်မွန်)       ကိုခနဲ့ကျနော် မကြာခဏလက်ဖက်ရည်ဆိုင်ထိုု်င်ဖြစ်တဲ့အခါအလှူလေးတစ်ခု လုပ်ချင်တယ်လို့ပြောပါတယ်။ ပကာသနမပါ ဘာအထိန်းအမှတ်မှမပါ သူနဲ့ကျနော်နိုင်သလောက်လုပ်ဘို့သဘောတူပါတယ်။. ကျနော်ကတော့ ခြေနိုင်လက်နိုင်ရှိတဲ့ မိတ်ဆွေတွေနဲ့သွားလဲလှူဘူးတဲ့ နန်းရေ ၆၃လမ်းက အမျိုးသမီးမိဘမဲ့ ဂေဟာကို ထမင်းတစ်နပ်ကြွေးဘို့ အကြံပေးတော့ကိုခ ကလဲလက်ခံပါတယ်။ အဲလိုတိုင်ပင်တုန်းက ဒီဇင်ဘာလထဲမှာပါ။ ဒါနဲဘဲ့ သူမအားကိုယ်မအားနဲ့ မတ်ချလထဲက တစ်ရက်မှာ လုပ်ဘို့အကြမ်းသတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ကိုခ ကိုယ်တိုင် အဲဒီကျောင်းကိုသွားပြီးရက်ယူလို်က်ပါတယ်။ အစကတော့နှစ်ယောက်ထဲလုပ်မယ်စိတ်ကူးရာကနေ အမြဲလိုလိုတွေဖြစ်တဲ့ ကဖိုးထောင်နဲ့ကပေတို့ကိုပြောဖြစ်တော့ သူတု့ိကလဲ လိုလိုလားလားပါဝင်။ ဒီတော့ တစ်ယောက်ဘယ်လောက်ဆိုတာ မသတ်မှတ် အလှူငွေလဲ ဘယ်သူ့ဆီကမှ မကောက်။ လိုရင် ကိုခ က သူစိုက်မယ် ပိုနေရင် တစ်ခါထည်း နဝကမ္မလှူခဲ့မယ်လို့ ဆုံးဖြတ်။ (17-3-2013)နေ့ တနင်္ဂနွေနေ့မှာ ရက်ယူထားလိုက်ပါတယ်။ ကိုခမိသားစုက […]


KyaemonMarch 17, 201345min03
       ယူကေဝန်ကြီးချုပ် Cameronရဲ့နှုတ်ခွန်းဆက် သဝဏ်လွှာ   Chinese New Year 2013 – YouTube http://www.youtube.com/watch?v=y1TaWo_-ZUU     Published on Feb 6, 2013 Message from Prime Minister David Cameron to mark the Chinese New Year.   တရုပ်နှစ်သစ်ကူးမှာမိမိက နှုတ်ခွန်းဆက် ဆုတောင်းပေးပါကြောင်း၊ ယူကေနဲ့တရုပ်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ကုန်သွယ်ရေးတွေဟာ တနေ့တခြားတိုးတက်ခိုင်မာ နက်ရှိုင်းလာကြောင်း၊ “I want to send my very best wishes to everyone celebrating the Chinese […]