ムラカミApril 3, 20132min010
ရိုက်တော့ရိုက်ဖြစ်နေတာပါပဲ. ဖိုတိုဂလပ်ဖီ လိုက်စားရင်း. ပန်းတွေ ရိုက် ပန်းတွေအကြောင်းဖတ် ရှာဖွေ လေ့လာ. အဲ့ လူတွေရိုက်ဖို့ လူတွေ ကိုယ်နေဟန်ထား တွေ အကြောင်း ထောင့်တွေအကြောင်း နဲ့ post တွေ အကြောင်းဖတ်. နောက်ဆုံး အားမရသေးဘု မိတ်ကပ်ပြင်ဆင်မှုအပိုင်း လိုက်ဖတ်. လူလည်း မာမီ ဂီဂီ ဖြစ်တော့မလားပဲဗျို့ ဒီနှစ်အတွက် နောက်ထပ်. Sakur@ Report ဆိုပါတော့ဗျာ. ထပ်ရိုက်ဖြစ်ဦးမယ်ထင်ပါရဲ့. အချိန်သိပ်မယူနိုင်ခဲ့တာအတွက်တော့ သိပ်အားမရဘူးဗျာ ကျနော် ၉ဝ မမ ကို f/2.8, f/3.5 & f/4.0 တွေ သုံးထားပါကြောင်း တော်သေးဘီ ခင်တဲ့ ဂီ  


weiweiApril 3, 20133min016
ပင်းတယမြို့ကနေ နာရီဝက်လောက်ကားစီးသွားရင် ကုံလုံကိုရောက်ပါတယ်။ ဆရာတော်ကြီး သက်တော်ထင်ရှားရှိတုန်းကဆိုရင် အရမ်းစည်ကားခဲ့တဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဘုရားစေတီတွေနဲ့ ဓမ္မာရုံကြီးတွေ အများကြီးရှိပါတယ်။ ဆရာတော်ရှိစဉ် ရောက်ဖူးတုန်းကဆိုရင် လူတွေအများကြီး စည်ကားနေပြီး ဆရာတော်ကြီးကို ဖူးမြင်ရဖို့အတွက် စောင့်ဆိုင်းနေကြရလေ့ရှိလို့ အချိန်အများကြီးပေးပြီးမှ သွားရတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အခုတော့ ဆရာတော်ကြီးရုပ်ကလာပ်ရှိရာကိုတန်းသွားပြီး ဂါရဝပြုကန်တော့ပြီးရင် ပြန်ရုံပဲရှိတာမို့ အရင်ကလောက် မစည်ကားတော့ပါဘူး။ အဆောက်အဦတွေကတော့ အရင်ကထက်တောင် ပိုလို့ကောင်းပြီး ပိုမိုခေတ်မှီနေပါတယ်။ ဘန်ကောက်မှ ထုလုပ်ခဲ့တဲ့ ဆရာတော်ကြီးပုံတူရုပ်ထုရှိရာ ဓမ္မာရုံတစ်ခုထဲကို ဝင်ဖူးခဲ့ကြတယ်။ တကယ့်လူအစစ် ထိုင်နေတဲ့အတိုင်း လက်ရာကောင်းလှတဲ့ ရုပ်ထုကို တွေ့မြင်ခဲ့ရပါတယ်။ ကြီးမားလှပ ခန်းနားမှုတွေကို တအံ့တဩငေးမောကြည့်ရင်း ယခင်ဆရာတော်ကြီး တန်ခိုးကြီးခဲ့တာတွေကို အောက်မေ့သတိရရင်း ကုံလုံကျောင်းတော်ဘက်ကို တစ်ခါက် ရောက်ခဲ့ပါတယ် …….


weiweiApril 2, 20133min010
ပင်းတယမြို့ဆိုတာနဲ့ ပုန်းတလုတ်ရေကန်နဲ့ ရွှေဥမင်ဘုရားကို တွဲပြီးသိကြမှာပါ။ အောင်ပန်းမြို့ကနေ တစ်နာရီကျော်လောက်သွားလိုက်ရင် ပင်းတယမြို့ကိုရောက်ပါတယ်။ မြေကြီးနီနီတွေနဲ့ စိုက်ခင်းတွေက လမ်းတလျှောက်မှာ အမြင်ဆန်းတယ်။ ထူးခြားတာကတော့ ပင်းတယမြို့ (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)တဲ့။ မြို့ကလေးက သေးသေးလေးနဲ့ သာယာတယ်။ ညနေပိုင်းရောက်သွားတာမို့လို့ ပုန်းတလုတ်ရေကန်ကို ပတ်ပြီး လမ်းလျှောက်ခဲ့ရင်း ဓါတ်ပုံရိုက်ထားတာလေးတွေပါ။ ရွှေဥမင်ဘုရားနဲ့ ကုံလုံဆရာတော်ကျောင်းတော်တွေကိုတော့ နောက်ထပ်ပို့စ်မှာမှ ထပ်တင်ပါတော့မယ် ..


    4   “ဝါစိမ်းနီ တစ်ထွေ အလွမ်းစေ………………..”     အခုရက်ပိုင်းမှာတော့ မန်းလေးနွေအစမှာကို အတော်လေးပူနေပါပြီ။ အရှေ့တောင်ဘက် ကျုံထိပ်ကိုရောက်တဲ့ တစ်ရက် ကျူံးမြို့ရိုးနီနီ။ ကျုံးရေပြင်စိမ်းစိမ်း။ အုတ်ခုံနံဘေးမှာပေါက်နေတဲ့ ညောင်ပင်က ရွက်ဝါတွေနဲ့အပြည့်။ လက်ဆော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းခြင်တော့ ကျုုံးနံဘေးက သံဇကာတစ်ခုက ပြုတ်နေပါတယ်။ ဒါနဲ့ဘဲ ကျုုးအတွင်းဘက်က အုတ်ခုံလေးထဲ ကုတ်ကုတ်ကပ်ကပ်နဲ့ဝင်ပြီးလက်ဆော့ခဲ့ပါတယ်။ လှမလှကတော့ …………………….     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 1-4-2013          


ムラカミApril 1, 20131min09
            if a picture worths a thousand words ….ဘလားဘလားဘလားပေါ့ဗျာ… သီချင်းနာမည်က If တဲ့ …ကျုပ် တအားနှစ်သက်တဲ့ Eric Martin ပြန်ဆိုထားလို့ အလွတ်ရနေတာ.. မူရင်း ဘယ်သူတုန်း ကျနော်မသိ.. ကိုငှက်ကတော့ တခါသား တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ဆိုဖူးသေးရဲ့… ထားပါလေ… ဘာမှမဟုတ်ပါဘု … တင်ချင်လို့ကို တင်လိုက်တာပါ… အော်.. ဘာမှမဟုတ် ..၃နှစ် ကျော်ပြီပဲ … ရက် ၁၀၀ဝ ကျော်… တချိန်ချိန်တော့… ကျကျနန အလင်းနဲ့ ပန်းချီရေးတတ်ဦးမှာပါလေ… တော်သေးဘီ..  


  တစ်နှစ်ဆိုတာဘာမှ မကြာလိုက်ဘူးနော်   မနှစ်က ဒီလိုသင်္ကြန်နီးတဲ့အချိန် ကျုံးနံဘေးရောက်တော့ သင်္ကြန်မဏ္ဍပ်ဆောက်တာတွေ့ရော။ အဲဒါနဲ့ဘဲ မန်းလေးဆွမ်းဟော်တယ်ရှေ့ကနေ လမ်းလျောက်ရင်း မဏ္ဍပ်တွေဓါတ်ပုံရိုက်လာခဲ့တာပေါ့။ အဲဒီမဏ္ဍပ်ပုံလေးတွေကို သူများထက်ဦးဦးဖျားဖျားတင်မယ်ဆိုပြီး ရွာထဲတင်တာပေါ့။ တင်ပြီး စက်ပိတ်။ နောက်တစ်ခါပြန်ဖွင့်တော့ ဓါတ်ပုံတွေမှာ နာမယ်တွေတပ်ထားတာတွေ့ပါတော့တယ်။ အဲဒီမှာ စိတ်တွေတိုပြီး စာတွေရေးတော့တာပေါ့။ ကျနော်က ကျနော်ပုံတွေမှာ နံမယ်မရေးပါဘူး။ ပုံအလှပျက်မှာစိုးတာရယ် ကျနော်လို့ လက်ဆော့ တဲ့သူတစ်ယောက်ရဲ့ ဓါတ်ပုံက သူများယူသုံးရလောက်အောင် မလှပ မသေသပ်ဘူးလို့ ခံယူထားတာလဲပါတယ်။ အဲတော့ပုံမှာ နံမယ်တွေရေးထားတော့ စိတ်တွေတို လူကြီးတန်မဲ့ စွာလန်ကျဲလုပ်တာပေါ့။ နောက်တော့ ရန်ဖြစ်လို့လဲဝရော သူနဲ့ကိုယ်နဲ့သားအဖဖြစ်သွားရော။ ပထမတစ်ယောက်တုံးကလဲ ရွှေဘိုသားနဲ့ရန်တွေဖြစ်ပြီး သားအဖဖြစ်။ အခုတော့ ရွှေဘိုသားလဲ မိန်းမရသွားလားတောင်မသိ။ ပျောက်နေပါတယ်။ အခုသားကြီးကတော့ လိမ္မာပါတယ်.။ အရက်မသောက် ဖဲမရိုက် အလေမလိုက် […]


              “ညနေ”   အရှေ့ဖက်က ထွက်လာတဲ့နေမင်းကြီး အနောက်ဖက်ကို ရောက်ရှိသွားချိန်ကိုတော့ ညနေ လို့ခေါ်ကြပါတယ်။ မြေကမ ္ဘာကနေပြန်လည်ထွက်ခွာခါနီးမှာ လှပသောရောင်စဉ်များကို အစွမ်းကုန်အပ်နှင်း သွားခဲ့ပြန်ပါတယ်။ ဒါကြောင့်လဲ အလင်းရုပ်သိမ်းခါနီးအချိန် ညနေခင်းများကတော့ လှပစွာကုန်ဆုံးတာများပါတယ်။ အခုနောက်ပိုင်းမှာတော့ အရင်က သတိမမူမိခဲ့သောညနေခင်းလေးများကို သတိတရခံစားမိနေတတ်ပါတယ်။ အလုပ်ပိတ်ရက်တစ်ညနေခင်းမှာတော့ မိတ်ဆွေတစ်ယောက်က တောင်သမန်အင်းကနေလှမ်းဖုန်းဆက်ပါတယ်။ “ကိုပေါက် ဓါတ်ပုံရိုက်ရအောင်လာခဲ့ပါလား” အဲလို့လှမ်းခေါ်လိုက်တော့ ကျနော်အရမ်းကိုစိတ်ဆိုးသွားပါတယ်။ ဒါနဲ့ဘဲ “ခင်ဗျားတို့ဘယ်မှာလဲ အခုလာခဲ့မယ်  “ဆိုပြီးထွက်လာခဲ့ပါတယ်။ သူတို့က တောင်သမန်အင်းအရှေ့ဖက်ခြမ်းမှာရောက်နေပါသတဲ့။ တောင်သမန်းအင်းကို လာတဲ့သူ အတော်တော်များများကတောင်သမန်အင်းရဲ့ အနောက်ဘက်ခြမ်းကိုဘဲရောက်ဘူးတာများပါတယ်။ ရတနာပုံတက္ကသိုလ်ရှိတဲ့အရှေ့ဘက်ခြမ်းကိုတော့ အရောက်အပေါက်နည်းပါတယ်။ သူတို့ဆီကိုလိုက်သွားရင်း ရတနာပုံတက္ကသိုလ်ဘက်အဝင်လမ်းအရောက်မှာ ညနေခင်းနေရောင်ကြောင့် ပုစွန်ဆီရောင်တောက်နေတဲ့ တောင်သမန်ရေပြင်ကိုလှပစွာတွေ့ရပါတော့တယ်။ အင်းအစပ်မှာတော့ လှေကလဲနဲ့ဘဲကျောင်းသားကိုမြင်ရပြန်ပါတယ်။ ဒါနဲ့ဘဲသူတို့ […]


“အရုဏ်”   နံနက်ပိုင်းလမ်းလျောက်တဲ့ရလဒ်ကတေ့ စိတ်ကြည်လင်ခြင်းပါဘဲ။ ဒါပေမယ့် ၂၀၁၃ ခုနှစ်ရန်ကုန်ကပြန်လာကတည်းက လမ်းမလျောက်ဖြစ်ပါဘူး။ သိပ်အေးလွန်းတော့ စောစောမထနိုင်။ နောက်ကျမှလျောက်ရင်လဲ အလုပ်မမှီ။ ဒါပေမယ့် အလုပ်ပိတ်ရက်ဆိုရင်တော့ကြိုးစားပြီးလျောက်ဖြစ်ပါတယ်။ မတ်ချ်လရက်များမှာတော့ လမ်းပြန်လျောက်ဖြစ်ပါတယ်။   အရုဏ်မှာထွက်ပေါ်လာသောနေမင်းနီနီ၊ ဝမ်းစာအရှာထွက်သောလှေငယ်။ ခိုမှီတွယ်နေသောပိုးမျှင်များ၊ အရိုင်းပြိုင်းပြိုင်းအရွက်မဲ့သောရိုးတံများ။ အင်းရေပြင်ပေါ်ရေသောက်ဆင်းနေသောနံက်ခင်းရောင်ခြည်၊ ကမ်းစပ်မှာအလေ့ကျပေါက်နေသောခြံနွယ်များ တွဲလောင်းကျနေသောသစ်ရွက်အို တစ်စထက်တစ်အလင်းရင့်လာသောနေမင်း၊   အားလုံးပေါင်းစုကြည့်လိုက်တော့ ကြည်နူးဘွယ်အရုဏ်နံနက်ခင်းလေးဖြစ်သွားခဲ့ပါတယ်။       ကိုပေါက်လမ်းသလားနေသည် 24-3-2013                    


ムラカミMarch 25, 20133min014
                      နောက်တပါတ်မှ အသည်းအသန် ပွင့်မှာမို့ ..ဒီတပါတ် ပွင့်သလောက် ကို ရိုက်နှက်ထားပါကြောင်း.. ဆာဗာ လေးနေပါတယ်ဆိုကာမှ ဒါ့ပုံတွေ ပြန်တင်ဖြစ်ပြီး သဂျီးကို ရန်ရှာခြင်း မဟုတ်ပါဂျောင်း.. အာ..ဟိ.. ပုံတွေအကုန်လုံးကို Tamron 90mm f/2.8 ဖြင့် နှက်ထားပါကြောင်း..    


no non negativeMarch 24, 20132min05
@Genting,  Malaysia   @Genting,  Malaysia @Genting, Malaysia , Dinosaurs is coming out…   @Genting , Malaysia – Casino   @Genting Malaysia,  If you want to win from casino..pray before enter to casino:)   @Genting Malaysia,Chin Swee Cave Tample. If you got to genting, should go to chin swee cave tample. nice place to go. http://www.gentinghighlands.info/chin-swee-temple.htm


    “စိမ်းမြအေးရိပ်တွင် တစ်မှေးအိပ်စက်ခြင်း”   တစ်စထက်တစ်စ ပူနွေးလာသော ကမ္ဘာမြေ။ ရေခဲတောင်တွေ အချိန်မတော် ပျော်ကျ ရေကြီးတဲ့နေရာကြီး။ မိုးခေါင်တဲ့နေရာခေါင် လေတိုက်သောနေရာတိုက် မြေပြိုတဲ့နေရာပြို ဖြစ်လိုက်ပြီဆိုမှ အသဲအသန် ယိုယွင်းလာသောဥတုရာသီနဲ့အညီ မမျှတသောအဖြစ်အပျက်များ ရှောင်လွှဲသွားချင်လို့မရ။   ဖြစ်ချင်သလိုဖြစ်နေတဲ့လောက မမျှတခြင်းများနဲ့အမြဲကြုံ ပေါများသူ ပေါသထက်ပေါ ခက်ခဲသူခက်သထက်ခက် ဘက်လိုက်တဲ့လောကပါလ တိုင်တည်စရာလူမရှိ သိသိကြီးနဲ့ငုံ့ခံ လောကဓံဆိုတာ ဒါမျိုးပေါ့။   သဘာဝကအဆစ်ပေးလိုက်တဲ့ ဝမ်းလေးတစ်ထွာ၊ ဆန့်လိုက်တော့ အူဂင်္ဂါ ငြိမ်သက်အောင်ဖြည့်စွက် ခက်ခဲတဲ့နေ့စဉ်။ -ရှာရဖွေရ မောပါ့ အချိန်တိုင်း ခေါင်းတွေပူ ကိုယ်တွေကိုက် စိတ်တွေနာ ကြံရာမရ။ လာမယ့်ဘေး ပြေးတွေ့လို့ရအောင် စိမ်းမြသောသစ်ပင်ရိပ် ခဏလေးမှေးအိပ်လိုက်ပါအုံးမယ်။   ကိုပေါက်လက်ဆောင်အတွေးစဉ် 22-3-2013       […]


weiweiMarch 22, 20135min023
ထမ့်စမ်းဂူ ဓါတ်ပုံများဖြစ်ပါတယ်။ တောင်ကြီးကနေ ၂၈ မိုင် အကွာမှာရှိပြီး တစ်နာရီကျော်လောက် ကားစီးရင် ရောက်ပါတယ်။ ထူးခြားတာကတော့ ပအို့ဝ်လက်နက်ကိုင် အစောင့်အကြပ်များရှိနေခြင်းပါပဲ။ တရုတ်ပြည်က လှိုင်ဂူတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျွန်မကတော့ တရုတ်ပြည်မထဲက လှိုဏ်ဂူတွေထဲ ရောက်ဖူးခဲ့လို့ အဲဒီက ပညာရှင်တွေကိုခေါ်ပြီး ထမ့်စမ်းဂူကို ပြုပြင်လိုက်ချင်စိတ်တွေသာ ဖြစ်ပေါ်ခဲ့ပါတော့တယ် …. ဘုရားဖူးများအားလုံးကို သတ်သတ်လွတ် စတုဒီသာ ထမင်း ကျွေးမွေးပါတယ် … အဲဒီနေ့ကတော့ ထူးထူးခြားခြား ဘိုကိတ်ပဲလိုမျိုးပဲညိုညိုတွေကိုပြုတ်ပြီး သစ်ဥသစ်ဖုတွေရောပြီး မုန်ညင်းစိမ်းရွက်နဲနဲခပ်ထားတဲ့ အရည်ဟင်းတစ်မျိုးဖြစ်ပါတယ် … စားကြည့်တော့ အရသာထူးခြားကောင်းမွန်တာ တွေ့ရတယ် … ဓါတ်ပုံရိုက်ခဲ့ဖို့ မေ့သွားလို့ ပုံတောင်မပြနိုင်တော့ဘူး .. နောက်ဆုံး ၂ ပုံ အသစ်ထပ်ဖြည့်ထားပါတယ် ။