သင်္ကြန်အကြိုနေ့။ အအေးစတုဒီသာလုပ်နေတာကို ဝင်ပြီးလက်ဆော့။ ညနေပိုင်းရောက်တော့ ဝေးဝေးလံလံမသွားချင်တော့ အိမ်နားက မဏ္ဍပ်မှာရေကစားနေကြတာကိုသွားလို့လက်ဆော့။ သူများတွေပျော်နေချိန်မှာ အရုပ်လိုက်ရောင်းတဲ့ စက်ဘီးကိုမြင်တော့ ဟတ်ထိသွားတယ်။     ကိုပေါက်လမ်းသလားနေသည်( မဟာသင်္ကြန် ၂၀၁၃)


Mလုလင္April 13, 20131min022
နှစ်သစ် မှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ ဘဝ ခရီးကို ခပ်ချမ်းချမ်း လေး . . . . . ပျှော်ရွှင်စွာ လျှောက်လှမ်း နိုင်ကြပါ စေဗျာ . . . . လေးစားစွာဖြင့် Mလုလင်


    ဒီပုံတွေကတော့ မနက်လမ်းလျောက်ရင်း ရိုက်လာခဲ့တဲ့ တကယ့်ကိုလက်ဆော့ခြင်း သက်သက်ပါဘဲ   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့        


အင်း နက်ဖြန်သဘက်ဆိုရင် သင်္ကြ ရောက်ပီ.. ရွာသားတွေဘာအစီအစဉ်တွေရှိလဲတော့မသိဘူး.. ဟက်ပီးနူးရီးယားကို ဒီပို့စ်လေးတင်ပြီး နှုတ်ဆက် လို်က်ပါတယ်ဗျို့.. အင်း.. ၄ ခေါက်မြောက် တောင်ကြီး အင်းလေး ခရီးစဉ်ပေါ့ဗျာ.. အံစာတုံးတို့ တို့လဲ အပါအဝင် ၁၂ လပိုင်း ၂၀၁၂ တုန်းက ရုံးအဖွဲ့နဲ့သွားတဲ့ ခရီးစဉ်ပေါ့.. စာလဲသိပ်မရေးချင်ဘူး ပြင်းနေတာနဲ့ ကွန်နက်ရှင်ကလဲ ရုံးမှာတောင် စုတ်ပြတ်သတ် ဖွတ်သရတ်ညက် နေလို့ မတင်ဖြစ်တာတောင် တော်တော်ကြာသွားတာနဲ့ ရှာကြံပြီး ကြွားလိုက်ရပါဂျောင်း ပါဝင်တဲ့ ဓာတ်သေတွေကတော့ ပင်းတရ၊ အောင်ဘန်း၊ အင်းလေး၊ ထမ့်စမ်း၊ ကက္ကူ၊ ကလော တို့မှာ ရိုက်လာတဲ့ ဓာတ်သေတွေဖြစ်ပါတယ်.. ပင်းတယကနေ အောင်ဘန်းကို အပြန်မှာ ကားနဲ့ လိုက်မပြန်တော့ဘဲ  ဆိုင်ကယ်ငှားစီးပြီး ရိုက်လာတဲ့ ပုံလေးတွေ ဖြစ်ပါတယ်.. နေအဝင်မှာ နောက်ဆုံး ရိုက်ခဲ့တဲ့ […]


Ma EiApril 10, 20133min023
ကောင်းကင်ပြာကြီး အောက်မှာ … Snow Wonderland … မှတ်မှတ်ရရ  9/3/2013 နေ့မှာ ရုံးကညီမလေးတစ်ယောက် မင်္ဂလာဆောင်ကအပြန် သမီးက ဝင်ပါ့မယ်လို့ပူဆာ နောက်မှလာရအောင်ဆိုတာလဲ ပြောမရလို့ ရောက်ခဲ့ရတဲ့ နေရာလေး… နှစ်ယောက်သား လက်မှတ်ဝယ်၊ အနွေးထည် နဲ့ ခြေရှည်ဖိနပ်တွေ ဝတ်ဆင်ပြီး ခန်းမကြီးထဲ အဝင်မှာ အေးစိမ့်သွားတဲ့ခံစားမှုနဲ့အတူ့ လှပတဲ့မြင်ကွင်းလေးတွေကြောင့် ပျော်ရွှင်သွားခဲ့ရပါတယ်…   အထဲမှာ အတော်ကိုအေးပါတယ်… အနွေးထည် နဲ့ ခြေရှည်ဖိနပ်တွေ ဝတ်ဆင်ထားပြီး လွတ်နေတဲ့ လက်တွေကအေးလွန်းတော့ ကိုက်ခဲလာသလိုပါပဲ… အပြင်မှာ လက်အိတ်ရောင်းသည်လို့ စာကပ်ထားတာကိုခုမှပဲသဘောပေါက်ရပါတော့တယ်… မြန်မြန်ဆန်ဆန်လျှောက်ကြည့် ဓာတ်ပုံရိုက် သမီးကို နှင်းလျှောစီးမလားဆိုတော့ ချမ်းတယ်တဲ့… ပြန်ထွက်တော့မယ်တဲ့လေ အထဲမှာ မိနစ်နှစ်ဆယ်လောက်ပဲ ကြာခဲ့တာကိုအတော်အေးတယ်… တစ်ကယ့်ရေခဲတောင်ပေါ်များအကြာကြီးနေရရင်မလွယ်… ဒါပေမယ့် မဲမှောင်နေတဲ့ အမိုးခုံးကြီးကိုမော့ကြည့်ပြီး စိတ်ကူးမိတာကတော့ […]


  “သင်္ကြန်အထူးလျော့ဈေးနော်”     ဒီလိုသင်္ကြန်ရက်ရောက်ရင် ကျနော်ဖိနပ်ဝယ်လေ့ရှိပါတယ်။. အထူးလျော့ဈေး ဆိုတော့ တကယ်လဲ သက်သာလို့ပါ။ ပုံမှန်တစ်သောင်းကျော် ဆိုတဲ့ ဖိနပ်က ဒီအချိန်ဝယ်ရင်လေးငါးခြောက်ထောင်။ ရွေးတတ်ရင် ကောင်းတာရပါတယ်။ ပုံရောင်းတော့ ပြောင်လက်ဝင်းသန့် မနေပေမယ့် စီးပျော်ပါတယ်။ ကင်းဘတ်ဖိနပ် လမ်းလျောက်ရင်စီးဘို့ဝယ်လိုက်တယ် တစ်ရံ4500။ ရိုးရိုးဖိနပ်က 5500 တစ်ရံဝယ်ရင် တစ်ရံ လက်ဆောင် ။ ပုံထားတဲ့အထဲက ကြိုက်တာရွေးယူ။ အဲတော့ ဝယ်ဖြစ်တာပေါ့။ အပြန်လမ်းမှာတော့ 39လမ်းနဲ့42လမ်းကြား 84လမ်းပေါ်က ဆိုင်အချို့ကိုလက်ဆော့လာပါတယ်။ ဒီလိုအချိန်မှာဆိုရင် 29-35ကြား လမ်း80ပေါ်မှာ 39-42ကြား84လမ်းမှာသင်္ကြန်အထူးလျော့ဈေးဆိုင်တွေအရမ်းပေါပါတယ်။ ဈေးဝယ်တွေနဲ့လဲစည်ကားနေတတ်ပါတယ်။ ကဲ နောက်ရက်တွေဖွင့်သေးတယ်. သင်္ကြန်လျော့ဈေးဆိုင်လေးတွေကို ဈေးဝယ်ထွက်လို်က်ကြရအောင်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။ 9-4-2013           […]


  “မန်းလေးလာလို့ ဘုရားကြီးရောက်ရင် လုပ်အားနဲ့ကုသု်ိလ်ယူကြပါ”     မန်းလေးမြို့ရဲ့နံနက်ခင်းကို စတင်ဖွင့်လှစ်တဲ့အချိန်ကတော့ မဟာမုနိရုပ်ရှင်တော်လို့နာမတော်ရှိပြီး ကျနော်တို့ မန်းလေးသားတွေအလွယ်ခေါ်လေ့ရှိတဲ့ ဘုရားကြီး ကို မျက်နှာသစ်တော်ရေ ဆက်ကပ်ချိန်ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်ကို သက်တော်ထင်ရှားရှိသည့်အလား နေ့စဉ့် မျက်နှစ်သစ်တော်ရေဆက်ကပ်ခြင်းကို ရှေးနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ဆဲ။ မျက်နှာသစ်တော်ရေ ဆက်ကပ်ရာတွင်အသုံးပြုသောအမွှေးနံ့သာရည်အတွက်  သနပ်ခါးများကို ဘုရားကြီးမြောက်ဘက်စောင်းတန်း၏ အရှေ့ဘက်တွင် သွေးကြပါသည်။ ဘုရားဖူးလာရောက်သူများက တစ်ယောက်တစ်လက် သနပ်ခါးသွေးကာ ကုသိုလ်ယူကြစမြဲ။ မသိသေးသောသူများအတွက် မျှဝေပေးလိုက်ပါတယ်။ ဘုရားကြီးမြောက်ဘက်မုဒ် စက်ဘီးအပ်လက်ခံသောနေရာ၏ အနောက်တည့်တည့်တွင်ရှိပါသည်။ ရောက်တုန်းရောက်ခိုက် ကုသိုလ်ယူနိုင်ပါသည်။     ကိုပေါက်လမ်းသလားနေသည် 7-4-2013        


တူညီ၍ မတူညီသော အလှတရား (ဆွမ်းဦးပုညရှင်-စစ်ကိုင်း) ကျနော်ငယ်စဉ်ကတည်းက နှစ်သက်တဲ့မြင်ကွင်းတွေထဲမှာ စစ်ကိုင်းတောင်ဆွမ်းဦးပုညရှင်ဘုရားကုန်းတော်ရဲ့ အရှေ့ဘက်ခြမ်းကနေ လှမ်းမြင်နေရတဲ့မြင်ကွင်းတစ်ခုလဲ ပါ ပါတယ်။ တရုပ်စံကားပင်များရဲ့ သင်းပျံ့တဲ့ရနံ့များကလဲ ကျနော်စိတ်ကို ညွှတ်နူးအောင်ဆွဲဆောင်နိုင်ပြန်ပါတယ်။ ကုန်းမြင့်များပေါ်က စေတီပုထိုးများ သူ့ရဲ့အရှေ့က မြစ်မင်းဧရာ နဲ့သဲသောင်ပြင်များ ကို လှပစွာမြင်တွေ့နေရ။ ကြည်လင်သောနေ့များမှာ ဟိုး အဝေးမှာရှိနေတဲ့ မန္တလေးတောင်ကို မပီမသမြင်ရတတ်ပါတယ်။ ရင်ပြင်တော်ပေါ်ကနေကြည့်လိုက်ရင် ကျယ်ပျံ့လွတ်လပ်သောရူ့ခင်းကိုမြင်ရခြင်းက စိတ်ကိုပိုမိုကြည်နူးစေပြန်ပါတယ်။ ကျောင်းသားဘဝကတော့ စစ်ကိုင်းတောင်ဆိုတာ ခြေလျင်တက်ရတဲ့ အရပ်ဒေသ။ မန်းလေးသူမန်းလေးသားများ စစ်ကိုင်းဘက်ကို ကူးပြီး ကထိန်ပွဲတော်ကျင်းပလေ့ရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ အများနည်းတူ စစ်ကိုင်းတောင်ပေါ်ကိုတက် ညလုံးပေါက်လျောက်လည်ခဲ့ရတဲ့ နေ့ရက်များကတော့ ဘဝမှ အမှတ်ရစရာ။ တောင်ပေါ်တက်ရင်းညောင်းတော့ လရောင်ဖြာနေတဲ့ မြစ်ပြင်ပေါ်မှာ မီးထွန်းထားတဲ့လှေငယ်လေးများကထွက်လာတဲ့ မှိတ်တုတ်တုတ်အရောင်လေးတွေကိုကြည့်ရင်းငေးမောခဲ့။ မြစ်ရေပြင်မှာမျောပါလာတဲ့ မီးဖောင်လေးတွေကြည့်ရင်းဘယ်ကိုမှန်းမသိလွမ်းခဲ့ရတာတွေကို ပြန်တွေးမိတော့ ပြန်လွမ်းမိပါတယ်။ […]


ဒီနေ့ရွာသားတစ်ယောက်က ကျနော်ကို ဖုန်းဆက်ပြီးချိန်းပါတယ်။ မုန့်ကျွေးချင်လို့တဲ့ ။ နောက်တော့ သူကိုသွားခေါ်။ မုန့်အတူသွားစား။ အထိန်းအမှတ်အဖြစ်ကျွေးတာတဲ့။ အော်ဒါနဲ့သဘောပေါက်သွားပါတယ်။ သူ့မွေးနေ့ပါတဲ့ခင်ဗျာ. မွေးနေ့မှစပြီး ပျော်ရွှင်ဘွယ်ရာကောင်းသော စိတ်ချမ်းမြေ့စရာကောင်းသောအဖြစ်အပျက်များနဲ့ဆုံတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ (ကိုကြီးမိုက်နဲ့အမျုးိမတော်လိုက်ရတဲ့စွယ်တော်ရွက်အတွက်မွေးနေ့လက်ဆောင်ပါ)


NovyApril 6, 20132min034
ဒီနှစ်သင်္ကြန်မှာတော့ လောကီကိုခတ္တစွန့်ခွာပြီး အေးချမ်းရာဗုဒ္ဓအရိပ်ကိုခိုဝင်ဖို့ စိတ်ကူးထားပါတယ် မနိုလဲလောကီသားပေမို့လောဘ ဒေါသ မောဟ မာနတွေ ဘဝကိုရုန်းကန်ခဲ့ရပါတယ် ဒီလိုအရာတွေနဲ့ပြည့်ကြပ်နေတဲ့လောကကြီးးမှာ စိတ်အညစ်အကြေးတွေကို လုံးဝသန့်စင်အောင်မဆေးကြောနိုင်ရင်တောင် မြူမုန်လောက်သန့်စင်သွားတယ်ဆိုရင်ပဲကျေနပ်မိမှပါ ဒီတစ်ကြိမ်နဲ့ဆိုရင် ၄ကြိမ်မြောက်ရှိသွားပါပြီ ဒါကြောင့်မို ဧပြီ12ကနေ 21အထိရွာထဲကို ဝင်နိုင်မှာမဟုတ်တော့လို့ခွင့်တိုင်ခဲ့ပါတယ်နော် ရွာသူားတွေအပေါ်မှာ မနိုကမကောင်းတဲ့စိတ်မွေးမိခဲ့တယ် လွန်ခဲ့တယ်ဆိုရင်လည်း အပြစ်တွေအားလုံးကိုခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ် မနိုကလည်းအားလုံးကခွင့်လွတ်ပါတယ်လို့ နှစ်သစ်မှာရွာသူားတွေအားလုံး လိုအင်ဆန္ဒတွေအားလုံးမတောင်းပဲနဲ့ ပြည့်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ပြန်လည်ဆုံတွေပါအုံးမည်လို့ 2010 – ၃ကြီမ်မြောက်သီလှရှင်ဝတ်ခဲ့စဉ်က   စွန့်လွတ်တော့မယ်ဆံပင်တွေ  


  ချစ်လှစွာသော     ကျနော်ငယ်စဉ် ကလေးဘဝကတည်းက တရုပ်စံကားပင်ရဲ့ ဖွဲ့တည်ပုံရော စကားပွင့်လေးတွေရဲ့အနံ့ရော အပွင်ဖြူဝါဝါလေးတွေပါနှစ်သက်ပါတယ်။ ကျနော်ဆယ်တန်းအောင်ပြီးတော့တက်ခဲ့တဲ့ သင်တန်းကျောင်းတစ်ခုလုံးကလဲ စကားပင်တွေအပြည့် ။ မွှေးမြနေတဲ့ စကားပန်းရနံ့များက သတိရစရာ။   “စကားပွင့်လေး တစ်ပွင့် နှစ်ပွင့် အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။ မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ တိတ်တိတ်ကလေးရင်တွေခုန်……………….” ဘာညာကွိကွ ကဗျာတွေရေးခဲ့ကြတာပေါ့။ အဲဒီတုန်းက မောင်ပန်းမွှေးကဗျာခေတ်ကိုးဗျ။   စစ်ကိုင်းတောင်ရဲ့ သင်္ကေတမှာလဲ တရုပ်စံကားပင်က မပါမဖြစ်။ စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်ရောက်တဲ့တစ်ရက် စံကားပန်းတွေပွင့်နေတာမြင်တော့ စိတ်က အတိတ်တွေဆီပြန်ရောက်သွား။ အဲတော့ငယ်စဉ်ကတည်းက  ချစ်လှစွာသောစကားပွင့်လေးများကို အခုကြီးလာတော့လဲ ဒီတရုပ်စကားကိုနှစ်သက်ဆဲပါဘဲ။     ကိုပေါက်လမ်းသလားနေသည် 4-4-2014              


  လိမ္မော်ရောင်နံနက်ခင်းလေး       ဒီနှစ်ကတော့ ကျနော်အပျင်းကြီးတဲ့နှစ်လို့သတ်မှတ်ရင်ရနိုင်ပါတယ်။ ဇန်နဝါရီလ ရန်ကုန်က ပြန်လာပြီးကတည်း ရာသီဥတုအေးတာ ပင်ပန်းတာ ညတစ်နာရီထိုးလောက်မှအိပ်ဖြစ်တာကိုအကြောင်းပြပြီး မနက် မနက် ခါတိုင်းလို့ လမ်းမလျောက်ဖြစ်။ တစ်ရက်လျောက် နှစ်ရက်နားကြာတော့ လူက အပျင်းလူသားဖြစ်လာပါတယ်။ မတ်လရောက်ရင်တော့ နေ့တိုင်းလျောက်မယ် ကြံစည်ပေမယ့် တစ်ရက်လျောက် နှစ်ရက်နား ဆိုတော့ ကိုယ့်ကို ကိုယ်လဲ အားမရ။ အဓိက အချက်က ဓါတ်ပုံ ရိုက်ချင်စိတ်မရှိတာလဲ ပါ ပါတယ်။ တစ်ရက်တော့ လမ်းမလျောက်ဖြစ်ဘဲ အိမ်ရှေ့ထွက်အရပ် လိမ္မော်ရောင်ကောင်းကင်တွေ့လိုက်တော့ ကင်မရာယူပြီး ကျုံးနံဘေးကို အပြေးအလွားသွားတော့ တကယ်ကို မှီတယ်ဆုိုရုံလေးပါဘဲ။ ဓါတ်ပုံ ဆယ်ပုံလောက်အရ နေမင်းက ပုန်းနေတဲ့ တိမ်ကြားကထွက်လာတော့ အမြင်မလှ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 3-4-2013   […]