“ဦးပိန်ကို ဖျက်ဆီးကြသူများ”     လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝကျော်လောက်ကတောင်သမန်အင်းထဲမှာတည်ဆောက်ခဲ့တဲ့ ဦးပိန်သစ်သားတံတားကြီးက အခုအချိန်မှာအတော်အိုမင်းလို့နေပါပြီ။ အိုမင်းတော့ ယိုယွင်းသပေါ့၊ မိုးမှာရေအပြည့်နဲ့အင်း နွေနဲ့ဆောင်းမှာ ကိုင်းခင်း တစ်နှစ်ကို ဝတ်ရုံသုံးလွှာလဲတတ်တဲ့တောင်သမန်ကို ရေအမြဲဖြည့်ပြီး တောင်သမန်ကန်အဖြစ်ပြောင်းလဲလိုက်ချိန်ကစပြီး မိုးတွင်းမှာရေ နေသတ္တဝါ နွေနဲ့ဆောင်းမှာ ကုန်းသတ္တဝါ အဖြစ်ကျင်လဲခဲ့တဲ့ ဦးပိန်ကလည်း ရေ ထဲ မှာအမြဲရပ်နေရတဲ့ဘဝကို အလိုလိုရောက်သွားပါတယ်၊ အဲအချိန်ကစပြီး ဦးပိန်လည်းကျန်းမာရေချို့ယွင်းလို့လာပါတော့တယ်။ ယိုယွင်းအိုမင်းနေပေမယ့်လဲ ဒီတံတားပေါ်မှာ တစ်နေ့တစ်နေ့လူပေါင်းရာချီပြီး လမ်းလျောက်ကြပါတယ်။ ဒီတော့ လည်းဦးပိန်တံတား ကို ကျားကန်တဲ့အနေနဲ့ တံတားပေါ်မှာ စက်ဘီးမစီးရလို့သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်  လည်းမသိဆိုးဝါးတဲ့ လူအချို့က ဒီတံတားပေါ်ကို စက်ဘီးစီးနေကြသေးတယ်။ ဒီလို စည်းကမ်းချိုးဖောက်နေတာကိို မြင်နေတွေ့နေပေမယ့်လည်း တားမြစ်သူမရှိ။   အမြင်မတော်လို့ တိုင်မယ်ဆိုလဲတိုင်စရာနေရာမရှိ။ ဒီလိုဘဲ ကြည့်နေကြရတာအမှန်ပါဘဲ။ တစ်နေ့တံတားကြီးပြိုလဲ ချိန်မှ […]


ကြည့်ပါအုံးဗျိူ့(ဓါတ်ပုံပိုစ်)   ဒီရက်ကတော့22-11  ဆိုတော့ကျနော်စိတ်ကြိုက်ပုံလေးတွေတင်ပေးလိုက်ပါတယ်   ိကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 22-11-2014


“ ပျော်ရွှင်ဆင်နွဲ  ရွာအလှူပွဲ”     ချိုက်ဆိုတဲ့ရွာက ရွာကြီးလို့ပြောလို့ရပါတယ်။ အိမ်ခြေ ၃၀ဝ ကျော်လောက်ရှိပါတယ်။ ရွာရဲ့အဓိကအလုပ်က ကြက်သွန်နီစိုက်တယ်။ ကပ်ကြေး လုပ်တယ်။ သူ့ အနေအထားနဲ့သူ သူ့အလုပ်အကိုင်နဲ့ သူ သာယာဝပြောတယ်လို့ပြောနိုင်ပါတယ်။ ဒီရွာလေးမှာလွန်ခဲ့သော (၂)နှစ်လောက်က ရေဘေးဒဏ်ကိုခံလိုက်ရပါတယ်။ ရွာလေးကိုပါတ်ပြီး စီးသွားတဲ့ ယင်းချောင်းဆိုတာ ရွာအောက်မှာရှိပါတယ်။ ရွာကအမြင့် ချောင်းက အနိမ့်ပါ။ ယင်းချောင်းက ပုံတောင်ပုံညာက နေအခြေခံလာပြီး ဧရာဝတီထဲကို စီးဝင် တယ်လို့ဆိုပါတယ်။ အဲဒီယင်းချောင်းထဲကိုတောင်ကျရေတွေလှိမ့်ဆင်းလာပြီး ရွာထဲကိုရေတွေဝင်ပါတယ်။ ကျနော်တို့ တည်းတဲ့ ဆယ်ပေအမြင့်လောက်ရှိတဲ့ နှစ်ထပ်အိမ်ကြမ်းပြင်ကိုရေရောက်တယ်ဆိုတော့ တစ်ရွာလုံး နီးပါးရေအောက်ကို ရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နှစ်ပေါင်း(၆၀)ကျော်လောက်အတွင်းမှာပထမဆုံးအကြိမ်လို့ ဆိုိုနိုင်ပါသတဲ့။ ရေတွေတအိအိတက်လာတာမြင်တော့ နည်းနည်းလေးပိုမြင့်တဲ့ ရွာလယ်ပိုင်းမှာသွားပြီးခိုနေကြရပါတယ်။ တစ်ချို့ကလဲ ရွာမြောက်ဘက်က ရွှေဂူဘုန်းကြီးကျောင်းပေါ်တက်ပြီးရေ ရှောင်ကြရပါသတဲ့။ အဲ့ပါတ်ဝန်းကျင်မှာ ရွှေဂူကျောင်းက […]


Foreign ResidentNovember 20, 201415min015
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ရ ( Independence Hall & U S Capitol ) ။   ဝ၆ – ဝ၅ – ၂၀၁၄ ။   ဒီနေ့ မနက် ၈ နာရီလောက် အဘ တို့ တည်းတဲ့ Holiday Inn Hotel ကနေထွက်လာပါတယ် ။ တစ်နာရီ ကျော်ကျော်လောက်ဘဲ ကားစီးပြီးတဲ့အခါ Philadelphia မြို့ကို ရောက်ခဲ့ပါတယ် ။ Philadelphia မြို့ဟာ ခေတဲ့ မြို့တစ်မြို့တော့ မဟုတ်ချေဘူး ။   ဝါရှင်တန် ဒီစီ […]


“ချိုက်ရွာလား”   ကျနော်တို့မန္တလေးရုံးမှာမန်းလေးမြို့ခံတွေတင်မကဘဲ အနယ်နယ်က လာပြီးအလုပ်လုပ်ကြသူတွေလဲရှိပါတယ်။ “ချိုက်”ဆိုတဲ့ နာမယ်ထူးထူးဆန်းဆန်းလေး နဲ့ ရွာလေးက လာပြီး အလုပ်လုပ်တဲ့ သူက သူတို့ရွာမှာ ကထိန်ခင်းမယ်လိုက်ခဲ့ပါလို့ပြောလာပါတယ်။ လွန်ခဲ့သောနှစ်က သူတို့ မိသားစုက သိမ်ဆောက်ပြီးလှူတုံးကလဲကျနော်မလိုက်ဖြစ်ခဲ့။ အခုတန်ဆောင်မုန်းလပြည့်မှာတော့ ဆိုင်ကလဲ  ၂ ရက်ပိတ်တော့ လိုက်သွားဘို့ အဆင်ပြေပါတယ်။ ဒါနဲ့ဘဲ အဝေးဖိတ်ညမှာ ကျနော်တို့ထွက်။ အနီးဖိတ်နေ့ညနေအလှူလှည့်။ တန်ဆောင်မုန်းလပြည့်နေ့မှာရေစက်ချ တရားနာ။ အဲဒီုလပြည့် နေ့ နေလည်မှာပြန်မယ်လို့ စီစဉ်လိုက်ကြပါတယ်။ မသွားခင် ၃-၄ရက်လောက်ကတည်းက လှူဘွယ်ပစ္စည်းတွေဝယ်ကြပြုကြနဲ့ အလုပ်တွေရှုပ်လို့ပေါ့။ ကျနော်တို့အတူသွားမယ့်လူက အားလုံး ( ၁၂)ယောက်။ ရွာရောက်ရင် သီချင်းဆိုဘို့ အတွက် မန္တလေးကနေ  ဆောင်းဘောက်တွေစက်တွေ တစ်ခါထဲသယ်သွားကြပါတယ်။ Light truck  နဲ့ သွားကြမှာပါ။ ကားနောက်ခန်းရှေ့ပိုင်းမှာပစ္စည်းတွေကို သေချာတုပ်နှောင်ပြီးတင်။ ပေါ့ပေါ့ပါးပါးလေးတွေက […]


လမ်းပေါ်မှာ (ဓါတ်ပုံပိုစ်)       ရွာတစ်ရွာကိုအရောက် လမ်းပေါ်မှာ ဓါတ်ဖမ်းကြည့်တာပါ   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 15-11-2014


manawphyulayNovember 15, 20142min010
အကြောင်းထူး မထူးတော့မသိဘူး။ ပြည်သူတွေ တစ်ရက်တာတော့ အတော်ဒုက္ခရောက်သွားတယ်။ ကားလမ်းကြောင်းတွေပိတ်ပြီး ဘယ်ဆီဘယ်ဝယ်သွားရမှန်းတောင်မသိ ဖြစ်ခဲ့တယ်။ ခုတော့ ပြန်သွားပြန်ပါပြီ။


ဖွားဖွားနဲ့မြေးးးးးးးးးးး(ဓါတ်ပုံပိုစ်)     ရွာလေးတစ်ရွာရောက်တုံးရောက်ခိုက် မြေးအဖွားပုံလေးတွေကို လိုက်ရို်က်ထားတာလေး တွေကို သတိတရ တင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 11-11-2014

DSC_6012-600x400.jpg

အပြင်ထွက်ရင်း ဟိုနား ဒီနား တွေ့မိတာလေးတွေ ချောင်းရိုက် လာတာလေးတွေပေါ့လေ။ အဲ့လို ပုံတွေကလဲ ရိုက်လဲ ရိုက်ချင်၊ မတော် ကိုယ့် ပြန်ရိုက်မှာလဲ ကြောက်ရနဲ့ လူတွေက သူ့ကို ဓာတ်ပုံ ရိုက်တာကို ကြိုက်မှန်း မကြိုက်မှန်းလဲ မသိဘူးလေ။ ဒီလို street photo (အဲ့လို ခေါ်လို့ရမယ် ထင်တာပဲ) တွေကို က ခုတလောမှ သတ္တိလေးမွေးပြီး ဟိုရိုက် ဒီရိုက် လုပ်တုန်းဆိုတော့ အကုန် ဗြောက်သောက်ပဲဗျ ဟီးဟီး အဖြူအမဲတွေ ဖြစ်လိုက် ကာလာနဲ့တွေ ဖြစ်လိုက် အရောင်တွေ ကဂျိုးကဂျောင် ဖြစ်လိုက် နဲ့ သည်းခံပြီး ကြည့်ပေး ဝေဖန်ပေးကြပါဦး။ :chit: :chit: :chit: :chit: စကားချပ် ။       ။ ဖိလစ်ပိုင် မှာတော့ အဲ့ဒီလို သူများ မသိဘဲ ရိုက်တဲ့ ပုံတွေ လျှပ်တပြက်ရိုက်ချက်တွေ ကို […]


weiweiNovember 10, 20146min011
မုံရွာခရီးအကြောင်းမှာ သမ္ဗုဒ္ဓေဘုရားကို နောက်ဆုံးမှ တင်ဖြစ်ခဲ့တာကတော့ ဓါတ်ပုံတွေကို စိတ်တိုင်းမကျခဲ့လို့ .. အဲဒီနေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရအောင် ပုံဖော်ပေးချင်တဲ့စိတ်နဲ့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်းကြိုးစားကြည့်တော့ ရှင်းပြရခက်နေခဲ့ပါတယ်။ အဲဒါကြောင့် ဒီအတိုင်းပဲ ဖိုတိုအက်ဆေးလိုပဲ တင်လိုက်ပါတော့မယ် .. မုံရွာမြို့ကနေ ၄ မိုင်လောက်ပဲ ကွာဝေးပါတယ်။ ဗောဓိတစ်ထောင်ဆီကိုဖြတ်လမ်းရှိပြီး ရ မိုင်ပဲ ဝေးတယ်လို့ သိရပါတယ်။ လမ်းတွေအတော်ကောင်းနေပါပြီ။ ကျွန်မအတွက် ၄ ကြိမ်မြောက်ရောက်ဖူးခဲ့တာဖြစ်လို့ တစ်ကြိမ်နဲ့တစ်ကြိမ် ပိုပြီးတောက်ပလာတာကို သတိထားမိလိုက်တယ်။ အရောင်တွေစပ်ထားပုံနဲ့ အဆောက်အဦးလက်ရာကတော့ တခြားဘုရားတွေနဲ့မတူပဲ တမူထူးခြားနေပါတယ်။ အားလုံးနှံ့အောင် လှည့်ကြည့်မယ်ဆိုရင်တော့ အနဲဆုံး (၁) နာရီလောက် အချိန်ယူရပါလိမ့်မယ် .. သမိုင်းကြောင်းလိုက်ပြောပေမယ့် ပန်းသည်ကလေးတွေရှိပါတယ် .. ကျွန်မကတော့ ဓါတ်ပုံရိုက်ဖို့သာ အာရုံများနေခဲ့တာမို့ နားမထောင်ဖြစ်ခဲ့ဘူး .. အတွေးထဲမှာတော့ […]


စနေနေ့တုန်းက အသိတွေ စုပြီးတော့ (၃ယောက်ပါပဲ) ဓာတ်ပုံ သွားရိုက်ကြမယ် ဆိုပြီး ဒီက မြန်မာ တွေ စုရပ် ဖြစ်တဲ့ ပင်နီဆူးလား ပလာဇာ မှာ နေ့လည်စာ စားကြပြီးတော့ ထွက်ဖြစ်ကြတယ်ပေါ့ဗျာ။ ပင်နီဆူးလားကနေပြီးတော့ Garden By The Bay ဘက်ကို လျှောက် အဲ့ဒီကနေ Marina Barrage လို့ခေါ်တဲ့ ဒီက ရေလွှဲတံခါး ရေထိန်းသိမ်းတဲ့ နေရာကို ဖြတ်ပြီး ဟိုးးဘက်ခြမ်းက ဂေါက်ကွင်းနားမှာ ပန်းခြံလို တစ်ခု ရှိတယ် ပန်းအမျိုး သုံးရာလောက် ရှိတယ် ဆိုပြီး သတင်းကြားတာနဲ့ သွားကြတာ။ တကယ်လဲ သွားရော ဟိုဘက်မှာက ဘာမှ မရှိဘဲ တော သာသာ ဖြစ်နေလို့ ဒီတိုင်း ပြန်လာရတယ်။ ဒီတိုင်း ဆိုတာလဲ သွားရိုက်ချင်တဲ့ နေရာ မရောက်တာပေါ့လေ။ ဓာတ်ပုံတွေကတော့ လမ်းတလျှောက် တွေ့သမျှ မြင်သမျှ တွေ ရိုက်သွားတာပါပဲ။ လူတွေလဲ အတော် မျော့ သွားရှာတယ်။ နေ့လည် နေပူကျဲတဲ မှာ ဒီ […]


  အကြည့် လေးများ (ဓါတ်ပုံပိုစ်)   3စူးစမ်းတဲ့အကြည့်   ရွာတစ်ရွာကိုအလှူလိုက်သွားရင်း မြင်ခဲ့ရတဲ့အကြည့်လေးတွေပါ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   8-11-2014


“ရန်ကုန် ရန်ကုန် ရွှေတိဂုံ”   ရန်ကုန်ရောက်တော့ ကျနော် ရွှေလင်ပန်းမှာသွားနေရပါတယ် ။ အဲ့ဒီနားမှာရိုက်စရာဆိုလို့ ဒီအပင်ဘဲရှိတယ် မိရိုးဖလာ ကိုးကွယ်သူဆိုတော့ ရန်ကုန်ရောက်ရင်ရွှေတိဂုံ မသွားဘဲမနေနိုင်ပါဘူး။           ညနေခင်းမှာ ရွှေတိဂုံ ရဲ့ ညမြင်ကွင်းကို မှတ်တမ်းယူကြပါတယ်။     နောက်တစ်ရက်ခြားမှာ တစ်ခါထပ်ရောက်ပါတယ်၊   ဘုရားမှာသန့်ရှင်းရေးလုပ်နေကြသူတွေကိုမြင်ရ တော့ လေးစားမိပါတယ.်။   ဘုရားမှာ လုပ်မယ့် အစား ဒီပြင်နေ့ရာ သွား လုပ်ပါလားလို့တော့ မပြောပါနဲ့ လူဆိုတာ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ်နေကြတာပါ။ အရာရာတိုင်းကို ဥစ္စာပစ္စည်းနဲ့ နိုင်းပြီး တိုင်းတာလို့ မရ နို်င်တာလဲ အမှန်ပါဘဲ။ ကျနော်တို့ရောက်တဲ့အချိန်ဘုရားကိုငြမ်းဆင်ပြီးပြုပြင်နေချိန်ဆိုတော့ လုပ်သားတွေ အလုပ်လုပ်နေတာကိုမြင်ခဲ့ရပါတယ်၊   […]