“လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)” 29-10-2014 နေ့မှာ စစ်ကိုင်းဘက် ကမ်းကို အလှူ တစ်ခုရှိလို့သွားခဲ့ပါတယ်။ စစ်ကိုင်းတံတားပေါ်ရောက်တော့ ဧရာဝတီမြစ်အလယ်မှာ သောင်ထွန်းနေတာကို မြင်လိုက်ရတော့ ဓါတ်ပုံရိုက်မယ်လို့စိတ်ကူးမိပါတယ်။ ဒါပေမယ့် အချိန်မရတော့ ဓါတ်ပုံမရိုက်ခဲ့ရ။ နောက်ရက် ကိုစိန်သော့က ရွှေကြက်ကျ ဘုရားကနေ ဓါတ်ပုံရိုက်ရအောင်လို့ပြောတော့ ညနေလေးနာရီလောက်ကတည်းက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ပါတယ်။ ဘုရားနားရောက်တော့ စောနေသေးတာနဲ့ ရွှေကြက်ယက်ဘုရားနားကလက်ဖက်ရည်ဆိုင်ထိုင် အဲ့ဆိုင်နံဘေးနားက မုန့်ပစ်စလက် ဝယ်စားပြီးအချိန်စောင့်ကြပါတယ်။ စစ်ကိုင်း လို့ခေါ်တဲ့ ဇေယျာရွှေမြေ က မင်းဝံတောင်ရိုးပေါ်မှာရှိနေတဲ့မြင်ကွင်းက အင်မတန်လှပ ပါတယ်။ နောက်လူတွေမျက်စေ့ပသာဒဖြစ်အောင်ကြည်နူးအောင် စေတီပုထိုးတွေကို တည် ထားခဲ့တဲ့ရှေးလူတွေကို ကျေးဇူးတင်ပါတယ်။ စေတီပုထိုးရှိနေတော့ သစ်ပင်ဝါးပင်တွေလဲရှိဆိုတော့ စိမ်းစိမ်းစိုစို နဲ့ အမြင်တင့်တယ်ပါတယ်။ အဲဒီနေ့ညနေက ကျနော် ကိုစိန်သော့ ဖောဂိုင်းအပြင် ရွာသားမဟုတ်တဲ့ မန်းလေးက ဓါတ်ဆရာအချို့လည်းလာပြီး […]
