သဘာဝ ရဲ့ ရင်သွေးငယ်တွေ…..

စနေနေ့တုန်းက အသိတွေ စုပြီးတော့ (၃ယောက်ပါပဲ) ဓာတ်ပုံ သွားရိုက်ကြမယ် ဆိုပြီး ဒီက မြန်မာ တွေ စုရပ် ဖြစ်တဲ့ ပင်နီဆူးလား ပလာဇာ မှာ နေ့လည်စာ စားကြပြီးတော့ ထွက်ဖြစ်ကြတယ်ပေါ့ဗျာ။

ဒါက သွားဖြစ်တဲ့ လမ်းကြောင်းပေါ့
ဒါက သွားဖြစ်တဲ့ လမ်းကြောင်းပေါ့

ပင်နီဆူးလားကနေပြီးတော့ Garden By The Bay ဘက်ကို လျှောက်

အဲ့ဒီကနေ Marina Barrage လို့ခေါ်တဲ့ ဒီက ရေလွှဲတံခါး ရေထိန်းသိမ်းတဲ့ နေရာကို ဖြတ်ပြီး

ဟိုးးဘက်ခြမ်းက ဂေါက်ကွင်းနားမှာ ပန်းခြံလို တစ်ခု ရှိတယ် ပန်းအမျိုး သုံးရာလောက် ရှိတယ် ဆိုပြီး သတင်းကြားတာနဲ့ သွားကြတာ။

တကယ်လဲ သွားရော ဟိုဘက်မှာက ဘာမှ မရှိဘဲ တော သာသာ ဖြစ်နေလို့ ဒီတိုင်း ပြန်လာရတယ်။

ဒီတိုင်း ဆိုတာလဲ သွားရိုက်ချင်တဲ့ နေရာ မရောက်တာပေါ့လေ။ ဓာတ်ပုံတွေကတော့ လမ်းတလျှောက် တွေ့သမျှ မြင်သမျှ တွေ ရိုက်သွားတာပါပဲ။

လူတွေလဲ အတော် မျော့ သွားရှာတယ်။

နေ့လည် နေပူကျဲတဲ မှာ ဒီ ကင်မရာ အိတ်ကြီးတွေ ထမ်းပြီး လမ်းလျှောက်လိုက်ရတာ ဆိုတော့။

ပိုဆိုးတာက ကျနော် က ဦးထုပ် မေ့ကျန်ခဲ့တော့ အတော် ထိသွားလေရဲ့။ ခုတောင် လည်ကုပ် မှာ နေလောင်ထားတာ အနီရောင်ကြီး ဖြစ်နေတုန်းပဲ း)

အရင် တစ်ပတ် က Chinese Garden မှာ ရိုက်လာတာလေးတွေနဲ့ပါ ပေါင်းပြီး တင်လိုက်ပါတယ်ဗျ။

 

မျက်စိထဲ မသင့်တော်ဘူး ကြည့်မကောင်းဘူး ထင်လဲ ဝေဖန်ပေးကြပါဦး း)

ဒါက ထူးဆန်းတယ်။ အဲ့ဒီ Marina Barrage ဆိုတာက ပင်လယ်ရေငန် နဲ့ ရေချို ကို ခွဲခြားထားပေးတဲ့ နေရာ ဆိုတော့ အဲဒီမှာ ရေ အသွင်း အထုတ်လုပ်ရင် ငါးတွေ ပါ ဝင်ဝင်လာတတ်တာကိုး။ အဲဒီလို ဆိုတော့ ရေချိုငါးက ရေငန်ထဲ ရောက်သွားရင် သေကုန်ရောပဲ။ ဒီပုံထဲကဟာ ရေချိုငါးတွေပေါ့ သေနေကြတာ အများကြီးရယ်။ စားလို့လဲ မရတော့ဘူး ပြောတယ်။
ဒါက ထူးဆန်းတယ်။ အဲ့ဒီ Marina Barrage ဆိုတာက ပင်လယ်ရေငန် နဲ့ ရေချို ကို ခွဲခြားထားပေးတဲ့ နေရာ ဆိုတော့ အဲဒီမှာ ရေ အသွင်း အထုတ်လုပ်ရင် ငါးတွေ ပါ ဝင်ဝင်လာတတ်တာကိုး။ အဲဒီလို ဆိုတော့ ရေချိုငါးက ရေငန်ထဲ ရောက်သွားရင် သေကုန်ရောပဲ။ ဒီပုံထဲကဟာ ရေချိုငါးတွေပေါ့ သေနေကြတာ အများကြီးရယ်။ စားလို့လဲ မရတော့ဘူး ပြောတယ်။
ဒါကြီးက Grey Heron လို့ ခေါ်သတဲ့ သူ့ အတောင်တွေက ခဲရောင် ဖျော့ဖျော့လေးနဲ့ အတော် လှတာ
ဒါကြီးက Grey Heron လို့ ခေါ်သတဲ့ သူ့ အတောင်တွေက ခဲရောင် ဖျော့ဖျော့လေးနဲ့ အတော် လှတာ
ဒါ ခုနက grey heron ကြီးပဲ သူ့ အတောင်ပံကြီး ဖြန့်ထားတာ အရမ်းလှတယ် အရောင်က
ဒါ ခုနက grey heron ကြီးပဲ သူ့ အတောင်ပံကြီး ဖြန့်ထားတာ အရမ်းလှတယ် အရောင်က

DSC_5515

ဒါကတော့ နာမည် သေခာျ မသိဘူး။ ဗျိုင်းလို ကောင်မျိုးပဲ ဆိုကြပါတော့လေ ဟီးဟီး ဒါက ပထမပုံ ငါးစောင့်နေတုန်း
ဒါကတော့ နာမည် သေခာျ မသိဘူး။ ဗျိုင်းလို ကောင်မျိုးပဲ ဆိုကြပါတော့လေ ဟီးဟီး
ဒါက ပထမပုံ ငါးစောင့်နေတုန်း
ဒါက ဒုတိယပုံ ငါး မိသွားပြီ
ဒါက ဒုတိယပုံ ငါး မိသွားပြီ
ဒါက ငါးကို ပါးစပ်ထဲ ပစ်ထည့်နေတုန်းလေး
ဒါက ငါးကို ပါးစပ်ထဲ ပစ်ထည့်နေတုန်းလေး
ဒီ ငှက်လဲ နာမည် မသိဘူး သူကျတော့ ပေါင်မုန့် စားတယ်  ဒါက ပထမပုံ
ဒီ ငှက်လဲ နာမည် မသိဘူး
သူကျတော့ ပေါင်မုန့် စားတယ်
ဒါက ပထမပုံ
ဒါက ဒုတိယပုံ
ဒါက ဒုတိယပုံ
ဒါက ပေါင်မုန့်ကို ချီ ပြီး ပြန်လာတာ
ဒါက ပေါင်မုန့်ကို ချီ ပြီး ပြန်လာတာ
ဟဲဟဲ ဒီဟာကိုတော့ ဟို ပုတ်သင်ညို ကြော်ငြာ မှာ သုံးရင် ကောင်းမယ် ထင်ပ။
ဟဲဟဲ ဒီဟာကိုတော့ ဟို ပုတ်သင်ညို ကြော်ငြာ မှာ သုံးရင် ကောင်းမယ် ထင်ပ။
ဖွန်ကြောင်နေတဲ့ အချိန်လေ။ အဲ့ဒီ ဇလုပ် က အမ တွေ့ရင် ပိန်လောက် ဖောင်းလိုက် နဲ့
ဖွန်ကြောင်နေတဲ့ အချိန်လေ။ အဲ့ဒီ ဇလုပ် က အမ တွေ့ရင် ပိန်လောက် ဖောင်းလိုက် နဲ့
ဖွန်ကြောင်နေတဲ့ အချိန်လေ။ အဲ့ဒီ ဇလုပ် က အမ တွေ့ရင် ပိန်လောက် ဖောင်းလိုက် နဲ့
ဖွန်ကြောင်နေတဲ့ အချိန်လေ။ အဲ့ဒီ ဇလုပ် က အမ တွေ့ရင် ပိန်လောက် ဖောင်းလိုက် နဲ့
ဒါကျတော့ ဝတ်ရည်စုပ် ငှက် တဲ့။ ငြိမ်ငြိမ် ကို မနေနဲ့ ငတိလေး။ ပုံ ၃ ၄ဝ ရိုက်မှ တစ်ပုံလောက် ကောင်းကောင်း ကန်းကန်း ရရှာတယ်
ဒါကျတော့ ဝတ်ရည်စုပ် ငှက် တဲ့။ ငြိမ်ငြိမ် ကို မနေနဲ့ ငတိလေး။ ပုံ ၃ ၄ဝ ရိုက်မှ တစ်ပုံလောက် ကောင်းကောင်း ကန်းကန်း ရရှာတယ်

25 comments

  • ကေဇီ

    November 10, 2014 at 3:29 pm

    ကောင်းလိုက်တဲ့ ပုံတွေ ကိုဂျက်ရေ။
    နာတော့ Marina Barrage သွားတာ ကိုယ့်ပုံကို ရိုက်ပြီး ပြန်ခဲ့တယ်။,
    ဟိ။
    :kwi:
    သဘာဝရဲ့ ရင်သွေးလေးတွေက ချစ်စရာ။
    ပထမဆုံး ငှက် အလှဆုံးပဲ။
    ငှက် ကိုယ်တိုင် ရော ရိုက်ချက်ရော။

    အတော် လက်တက်လာတယ်။
    Bravo..!!!!

    Reply

    • ဂျက်စပဲရိုး

      November 10, 2014 at 3:32 pm

      အဟီး အပေါင်းအသင်း ကောင်းတာလေ ဆြာတွေ ကျေးဇူးပေါ့ 🙂
      ကျေးဇူးတင်ကြောင်းပါ ခည။

      Reply

      • ကေဇီ

        November 10, 2014 at 3:37 pm

        အဲဒီ ဝတ်ရည်စုပ် ငှက် က နာ တို့ ရုံးဘက်မှာ ပေါတယ်အေ့။
        အဝါရောင် လှလှလေးးး
        :mrgreenn:

        Reply

        • ဂျက်စပဲရိုး

          November 10, 2014 at 3:40 pm

          ဟွတ်ပ အတော်လှတယ်။
          ခက်တာက ဒင်းက ငြိမ်ငြိမ်မနေတာပဲ 🙁

    • sorrow

      November 11, 2014 at 9:32 am

      ..today special ဌက်ကင် ..
      …အမွှေးပြောင်အောင်နှုတ်ပါ..
      …ရင်ခွဲအသဲနှုတ်..နှုတ်သီးဖြတ်..ခြေထောက်ဖြတ်…ရင်ဘတ်ဓါးမွှန်းပြီး .ဆားအနည်းငယ်..သကြားအနည်းငယ်ထည့်ပြီး..ဝိုင်ဖြူဖြင့် နာရီဝက်ခန့်စိမ်ပါ ..
      …ကြက်သွန်..ဂျင်း..ကိုညက်အောင်ထောင်းပြီး အရည်ညှစ်ယူပါ.
      ..ဝိုင်စိမ်ထားသောဌက်ကို ကြက်သားမှုန့်…ကြက်သွန်ဂျင်းရည်တို့ဖြင့်
      …သေချာစွာ နယ်ပြီး ပျားရည်နှင့်..ဝိုင်နီအနည်းငယ် စိမ်ပါ ။
      ..ထို့နောက် ကင်ပါ… ကင်နေစဉ်အတွင်း…ထောပတ်အနည်းငယ်သုတ်ပေးပါ။
      ..အာဟိ…ရှလွတ်…
      ..ကိုဂျက်..တရုတ်လူမိုက်တွေကိုရှောင်ပါ ခင်ဗျ… …ဌက်တောင်အငြိမ်မနေရ..တုတ်နဲ့ရိုက်မယ်တဲ့…ကွယ်…အကြင်နာနည်းချက်…

      Reply

      • ဂျက်စပဲရိုး

        November 11, 2014 at 12:46 pm

        အဲဒီလို တူဒေး စပယ်ရှယ် ငှက်ကင် စားရဖို့ ဆိုတာက ဒီ တရုတ်လူမိုက် တွေကိုပဲ အားကိုး ရမှာပ
        ကိုယ်တွေက သူတို့လောက် လက်ရဲ ဇက်ရဲ မရှိဘူး ဆိုတော့ကာ…. 😛

        Reply

  • တောင်ပေါ်သား

    November 10, 2014 at 3:31 pm

    ပုံလေးတွေ နည်းနည်းကြီးရင် ပိုမိုက်မယ် ထင်တယ်

    Reply

    • ဂျက်စပဲရိုး

      November 10, 2014 at 3:35 pm

      အဲ ပုံတွေကတော့ မူရင်းမှာတော့ ကြီးတယ်ဗျ။
      ဒီပေါ်တက်တော့တောင် resolution ကို 2048 လောက် ထားထားသေးတယ်။
      Preview ပုံတွေ နည်းနည်းသေး သွားလား မသိ။
      နောက်တစ်ခါ တင်ရင် သတိထားပါ့မယ်ဗျ။
      တော်ကြာ ပုံကြီးကြီးတွေ တင်လို့ သဂျီး ဆာဗာ ဟန်းတယ်အော်ရင် အူးမျိုး ရှင်းလိုက်နော့ 😛

      Reply

    • ဂျက်စပဲရိုး

      November 11, 2014 at 8:33 pm

      အူးမျိုးရေ… အို… အူးမျိုး ရဲ့..
      ပုံတွေ ကြီး သွားပြီဗျ…
      ထကြည့်လှည့်ပါဦးလား လား လား လား 😛

      Reply

  • Yae Myae Tha Ninn

    November 10, 2014 at 3:33 pm

    ပုတ်သင်ညိုက ဂလိုဆိုတာ အခုမှ သိတယ်.. ခိ…
    နံပါတ် ၂ အကြိုက်ဆုံးပဲ… တော်တော်ကို သဘောကျတာ… မိုက်တယ်… 🙂

    Reply

    • ဂျက်စပဲရိုး

      November 10, 2014 at 3:37 pm

      အဟဲ အဲ့ ပုတ်သင်ညို ဇလုပ် ကို ရိုက်ချင်နေတာကြာပြီ။
      သူများတွေပဲ မိပြီး ကျနော် လွတ်လွတ်သွားလို့။
      အခု မိတော့မှ အားရပါးရ ထိုင်ရိုက်ခဲ့တာ။
      ဘာရမလဲ ငါကွ 😛

      Reply

  • kyeemite

    November 10, 2014 at 3:59 pm

    .ရိုက်ချက်ကတော်တော်ကောင်းသဗျို့
    .သဘာဝရဲ့ရင်သွေးငယ်တွေတော်တော်လှသဗျာ…အားကျတယ်

    Reply

    • ဂျက်စပဲရိုး

      November 10, 2014 at 4:01 pm

      ကျေးဇူးတင်ပါတယ် ဦးမိုက်ရေ
      ဒီလိုပဲ ဝါသနာ ပါ ရာလေးတွေ လျှောက်လုပ်နေရတာပေါ့။
      လူပုံ ရိုက်ရင်တော့ လိုင်စင်ပုံ ဖြစ်ရင် ဖြစ် မဟုတ်ရင် ဖိုတိုကောမန့်လုပ်ရလောက်အောင် ပြောင်ချော်ချော် ဖြစ်နေတတ်လို့ မရိုက်ရဲဘူး ဟီးဟီး။

      Reply

  • Iris

    November 10, 2014 at 5:51 pm

    တရုပ်​ပန်​းခြံထဲက​မော်​ဒယ်​​တွေအကုန်​သိတယ်​။ ပုတ်​သင်​ညိုပဲမသိတာ အဲ့လိုဇလုပ်​ရှိတာလည်​းမသိဘူး။ ဂျက်​စ်​ အဲ့ဒီမှာ Alvin ရှိတယ်​..သူလည်​းငြိမ်​ငြိမ်​မ​နေဘူး..ဘယ်​လိုမှရိုက်​လို့မရတဲ့အ​ကောင်​​။ အသီး​လေးကိုင်​ပြီးအ​ပေါ်တက်​လိုက်​​အောက်​ဆင်​းလိုက်​နဲ့..
    ငှက်​​တွေကိုသွားရိုက်​ဦးမယ်​…တုတ်​နဲ့. 😛

    Reply

    • ဂျက်စပဲရိုး

      November 10, 2014 at 6:35 pm

      ပုတ်သင်ညို က တရုတ်ပန်းခြံ က မဟုတ်ဘူး Flower Dome နား လျှောက်လမ်း က
      အယ်ဗင် ဆိုတာ ရှဉ့်ကို ပြောတာလား တရုတ်ပန်းခြံ ထက် ဂျပန် ပန်းခြံ ဘက်ကို ပိုရောက်တယ် တူတူ သွားတဲ့ လူတွေက ငှက်ရိုက်ချင်ကြတာ များလို့

      တုတ်နဲ့ ငှက်ရိုက်ပြီး ဟင်းစားရလဲ နည်းနည်း မျှပါ 🙂

      Reply

  • kai

    November 10, 2014 at 5:57 pm

    ငှက်ကြီးကတော့.. လှတယ်ဗျ..။
    ကင်စားလိုက်ရ..။ :k:

    Reply

    • ဂျက်စပဲရိုး

      November 10, 2014 at 6:37 pm

      ဒဂျီး အဲ့ငှက် အကြီးတွေက စားလို့ ရရဲ့လား တချို့တွေက ခါးတယ် ဆို…
      ဒါနဲ့ စကားအတင်းစပ် ဒီပို့စ် က ပုံ thumbnails preview လေးတွေ ဆိုဒ် ပြန်ညှိလို့ ရလားဟင်..
      ပုံတွေက ကြီးတာက ကြီး သေးတာက သေး ဖြစ်နေလို့…
      တင်တုန်းကတော့ တစ်ဆိုဒ်ထဲပဲ ကို.

      Reply

  • မြစပဲရိုး

    November 10, 2014 at 10:00 pm

    ဝိရိယ အကျိုးဘဲ ခေါ်မလား။
    အဲဒီ ပုံ ၃ -၄ဝ ထဲက ရှားရှားပါးပါး ရတဲ့ ပုံလေး ကို အကြိုက်ဆုံးဘဲ။
    သူ့ ခြေထောက်လေး ထောက်ရပ်ထားတာ သနားစရာလေး။
    Grey Heron ကြီး ရဲ့ အတောင် က မာန်ပါလိုက်တာ။
    ခန္တာ ပိန်ပိန် နဲ့ တောင် မလိုက်။
    ပုတ်သင်ညို ကတော့ လက်ကို ကိုက်ဖူး တဲ့ အကောင်မို့ တွေ့ရာသင်းချိုင်း ဓားမဆိုင်း မြင်ရင် ခဲ နဲ့ ထုမှာ။
    အခုတောင် မော်နီတာကြီး အားနာလို့။
    lol :-)))

    Reply

    • ဂျက်စပဲရိုး

      November 11, 2014 at 5:24 am

      ဟုတ်ပ အရီးရေ
      အဲ့ ငတိ ကို ကင်မရာ ချိန်ပြီး လိုက်ဖမ်းရတာ လက်မောင်းပါ တောင့်ကရော
      ဒင်းက ဟိုအကိုင်း ကူးလိုက် ဒီအကိုင်း ကူးလိုက် နဲ့
      Grey Heron ကြီးကတော့ အတော် ကို ခန့်တာ သူ့ အရောင်က လှတာလဲ ပါတယ်။
      ပုတ်သင်ညိုလေးတော့ ချမ်းသာပေးပါလို့
      အဲ့ဒီ ပုံရအောင် မနည်း လက်အညောင်းခံ မျက်စိ အညောင်းခံပြီး စောင့်လာရတာ… 😀
      မော်နီတာကိုတော့ ခဲနဲ့ ထုချင်ထုပလိုက်ပါလေ။

      Reply

  • uncle gyi

    November 10, 2014 at 10:47 pm

    သဘာဝရဲ့ရင်သွေးငယ်ဆိုလို့
    ဘာများလဲလို့စပယ်ရိုးရယ်
    ကိုထီးသီချင်းထဲကရင်သွေးငယ်လားလို့
    လောကရဲ့ရင်သွေးငယ်တွေဖြစ်နေတာကိုး
    အချိန်တော့အတော်ပေးလိုက်ရမယ်
    ပုံကောင်းလေးတွေရဖို့လေ
    ဟုတ်တယ်ဟုတ်
    သတိဂျက်မြသောင်းမဟုတ်

    Reply

    • ဂျက်စပဲရိုး

      November 11, 2014 at 5:26 am

      ခေါင်းစဉ် စဉ်းစားရင်း အဲ့ဒီ သီချင်းလေး စိတ်ထဲ ပေါ်လာလို့ပါ ဗျ။
      အချိန်တော့ ကုန်ရှာသား။
      weekend တွေ လုပ်စရာ မရှိ လိုက်လိုက် လက်ဆော့နေတာ ဆိုတော့ကာ အချိန် ကုန် တာကိုပဲ ကျေးဇူး တင်ရမလိုလို 🙂

      Reply

      • Iris

        November 11, 2014 at 8:43 pm

        အဲ့လိုအချိန်​​တွေပို​နေရင်​ ရုံးမှာ အချိန်​ပိုလာဆင်​းပါလား။ 🙁

        Reply

        • ဂျက်စပဲရိုး

          November 11, 2014 at 9:11 pm

          OT ပေးမှာမို့လားငင်င်င်င်…. း)

  • အလင်းဆက်

    November 11, 2014 at 8:34 am

    ရိုက်ချက်တွေ ကောင်းတယ်လို့ ပြောရုံနဲ့တောင် မလုံလောက်….

    ဒါနဲ့…ငှက်ကြီးက အရုပ်ကြီးနဲ့ တူနေသလိုပဲ…

    :k:

    Reply

    • ဂျက်စပဲရိုး

      November 11, 2014 at 12:47 pm

      ဟဲဟဲ ကထိန်တွေမှာ သုံးတဲ့ ငှက်ရုပ်ကြီးကို ဓာတ်ပုံ ရိုက်လာတာ…
      …..
      …..
      …..
      …..
      …..
      …..
      …..
      …..
      …..
      …..
      လို့ မပြောပါဘူးဗျာ 🙂

      Reply

Leave a Reply

Your email address will not be published.