“ငြိမ်သက်ခြင်းမှ လွင့်ပျံ့လာသောအသံများ” “”ငြိမ်သက်ခြင်းမှ လွင့်ပျံ့လာသောအသံများ”   နံနက်ခင်းတိုင်းကတော့ အမြဲ ငြိမ်းချမ်းပါတယ်။ မန်းလေးကန်တော်ကြီးမှာလမ်းလျောက်တဲ့အခါတို်င်း လှပသောမြင်ကွင်းများနဲ့အတူ တိတ်ဆိတ်ခြင်းကိုပါ ပူးတွဲခံစားရတတ်ပါတယ်။ အထူးသဖြင့် မိုးတိမ်ထု က ကောင်းကင်မှာ ခင်းကျင်းပြသတဲ့နေ့များမှာဆိုရင် နေထွက်လာစအချိ်န်မှာ အရုဏ်ဦးနေမင်းက ကောင်းကင်ကို အရောင်တွေခြယ်ပါတော့တယ်။ ဒီအချိန်မျိုးမှာ သဘာဝရဲ့ တင်ဆက်ခြင်းကတော့ လှပသောဂီတသံကို နားထဲမှာအလိုလိုကြား လာရပါတယ်။ ဟုတ်မဟုတ်သိရအောင်………………………………………..   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (3-1-2012)                    


weiweiJanuary 3, 20124min014
မော်လမြိုင်ဆိုတာနဲ့ ကျိုက်ခမီဘုရားကို အရင်ဆုံးသတိရကြပါလိမ့်မယ်။ မော်လမြိုင်မြို့ပေါ်ကနေ တစ်နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ မုဒုံ၊ သံဖြူဇရပ်ကို ကျော်ဖြတ်ပြီးမှ ကျိုက်ခမီကို ရောက်တယ်။ လမ်းတလျှောက် မျက်စိတဆုံးမြင်ခဲ့ရတဲ့ ရော်ဘာပင်တွေက မွန်ပြည်နယ်ကို ချမ်းသာတဲ့ပြည်နယ်တစ်ခုလို့ သက်သေပြနေသလိုပါပဲ။ ဘုရားကိုရောက်တော့ မနက် ၉ နာရီအချိန်ပါ။ ပိတ်ရက်မဟုတ်လို့ ဘုရားဖူးတဲ့လူတွေ သိပ်များများမတွေ့ခဲ့ရဘူး။ ဘုရားကိုသွားရတဲ့လမ်း (နတ်လမ်းလို့ခေါ်တယ်ထင်တာပဲ) ပြုပြင်နေချိန်မို့ အမြင်ထဲမှာ နဲနဲတော့ မျက်စိရှုပ်နေတယ်။ ဓါတ်ပုံလေးတွေ အလွမ်းပြေကြည့်ကြပါအုန်း … ဘုရားဖူးအဖွဲ့တွေနဲ့သွားရင် ကျိုက်ခမီက ခြေတံရှည်ဇရပ်တွေပေါ်မှာ အိပ်ကြရပါတယ်။ ထမင်းဟင်းချက်စားလို့ရတယ်။ ဘုရားဖူးရာသီတွေမှာ အရမ်းစည်ကားပြီး တည်းခိုရတာ အဆင်မပြေဖြစ်ရလေ့ရှိပါတယ်။ အဲဒီဘုရားကိုရောက်တိုင်း အမျိုးသမီးများ မတက်ရဆိုတဲ့လှေကားကိုမြင်လိုက်တိုင်း စိတ်ထဲမှာ ဘဝင်မကျဖြစ်မိတယ်။ ဘုရားသမိုင်းကြောင်းနဲ့ပတ်သက်ရင် မုဆိုးမတည်ခဲ့တဲ့ဘုရားဆိုတာကလွဲပြီး ပိုမသိပါဘူး။ သိတဲ့သူများရှိရင် ကွန်မန့်ကနေ ပြောပြပါလို့ တောင်းဆိုချင်ပါတယ်။


“တွယ်ညိခြင်းနှင့်ပန်းချီငိုသော သဘာဝအလှများ”   “တွယ်ငြိခြင်းနှင့် လိုက်မမှီသော သဘာဝစုတ်ချက်”   မနက်မနက်လမ်းလျျောက်ထွက်တဲ့အခါ လှပတဲ့မြင်ကွင်းတွေ တွေ့ရင် လက်ဆော့ မိပါတယ်။ တစ်ခါတစ်လေ ပကတိအမြင်မှာ မလှပေမယ့်  ကွန်ပြူတာမှာပြန်ကြည့်တော့ အတော်လှ။ အပြင်အမြင်မှာလှပေမယ့် ပုံထွက်လာရင်မူံဝါးဝါး အမျိုးမျုးိပါဘဲ။ အခုရက်မှာတော့ မိုးတိမ်ရော နှင်းထုပါရှိနေတော့ အာရုဏ်တင်မြင်ကွင်းကပိုလှပ ပါတယ်။ တစ်ရက် မနက်ရိုက်ချက်တွေထဲက ပြန်တင်ကြည့်မှ ပိုးမျှင်လေးတွေငြိနေတာကို တွေ့မိပါတယ်။ အဲတော့ သုံးလေးရက်လောက် ပိုးမျှင်ညိတာလေးတွေရှာပြီးတင်ဖြစ်ပါတယ်။ ပိုးမျင်ကို ရိုက်ရင်း သဘာဝ ရဲ့ လိုက်မမှီတဲ့စုတ်ချက်တွေကို ရလိုက်ပါတယ် ။ အဲတော့ ထုံးစံအတိုင်း…………………… ကိုပေါက်လက်ဆောင် စနက်ရှော့မဟုတ်တဲ့လက်ဆော့ (3-1-12)(3)                     […]


weiweiJanuary 2, 20124min06
မော်လမြိုင်သားတွေတောင် တကူးတက သွားကြည့်ကြမယ့် နေရာတစ်ခု ဟုတ်မယ်မထင်ပါဘူး။ ကျွန်မတို့ကို လိုက်ပို့တဲ့ မော်လမြိုင်သားစစ်စစ်ကတောင် တစ်ခါမှ မရောက်ဖူးဘူးလို့ ပြောပါတယ်။ မြို့ပေါ်မှာတည်ရှိပြီး ဝင်ကြေး ၂၀ဝ ကျပ်ပေးရပါတယ်။ ကျောင်းသားကျောင်းသူ အခမဲ့ဖြစ်ပါတယ်။ ၂ ထပ် အဆောက်အဦးတစ်ခုဖြစ်ပြီး အထဲမှာ လေ့လာနေတဲ့ဧည့်သည်တစ်ယောက်မှ မရှိနေတာက ပြတိုက်ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ အတွင်းမှာ အလင်းအားမကောင်းပဲ မီးချောင်းသာဖွင့်ထားတာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေခဲ့ပါဘူး။ အေဒီ ၁၅ ရာစုနဲ့ ၁ရ ရာစုက ပန်းချီ ပန်းပု တွေကို ပြသထားတာတွေ့ရပါတယ်။ အများအားဖြင့် ဘုရားဆင်းတုတော်တွေပုံစံတွေဖြစ်ပါတယ်။ ယိုးဒယားလက်ရာနဲ့ အတော်လေးဆင်တူတာကို တွေ့ရပါတယ်။ အားလုံးမဟုတ်ပေမယ့် ရိုက်မိသလောက်ထဲက အဆင်ပြေမယ်ထင်တာလေးတွေ ရွေးတင်ပေးလိုက်ပါတယ် … ရှင်စောပုဘုရင်မအသုံးပြုခဲ့တဲ့ ဥသျှောင်အစစ်ကို ရွှေတိဂုံစေတီကနေ တွေ့ရှိခဲ့ပြီး ယခုအခါ လန်ဒန်ကပြတိုက်မှာ ရှိနေပါတယ်။ […]


weiweiJanuary 2, 20124min08
မော်လမြိုင်ခဏခဏရောက်ဖူးပေမယ့် သံဖြူဇရပ်က စစ်သင်္ဂျိုင်းကို အခုတစ်ခေါက်မှပဲ ရောက်ဖူးခဲ့ပါတယ်။ ကျွန်မတို့ဧည့်သည် ဩစကြီးယားနိုင်ငံသားက သူ့အဘိုးရဲ့မိတ်ဆွေတွေကျောက်တိုင် ရှိနေလို့ ဝင်ပြီးဂါရဝပြုချင်တယ်ဆိုတာနဲ့ ရောက်ဖူးသွားခြင်းဖြစ်ပါတယ်။ ဝင်းထဲကိုဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတာကို တွေ့ရပါတယ်။ ဝင်ကြေးမပေးရပါဘူး။ အင်္ဂလန်က တိုက်ရိုက်လစာပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ၁၉၃၉ ကနေ ၁၉၄၅ အတွင်း စစ်အတွင်းကျဆုံးသွားတဲ့ နိုင်ငံခြားသားစစ်သည်များရဲ့ ကျောက်တိုင်များကို ဗဟုသုတအနေနဲ့ကြည့်ရအောင် ဓါတ်ပုံတစ်ချို့ တင်ပေးလိုက်ပါတယ် …. အထဲကိုဝင်လိုက်ချိန်မှာ ပန်းခြံတစ်ခုလိုဖြစ်နေပေမယ့် မြေပုံတွေကို တစ်ခုချင်းသေချာကြည့်ရင်း ရင်ထဲမှာ ဝမ်းနည်းသလိုလို ခံစားရပါတယ်။ ဆွေမျိုးသားချင်းတွေ လာရောက်အလေးပြုလေ့ရှိတယ်လို့ သိရပေမယ့် အရေအတွက်အရမ်းနဲပါတယ်တဲ့။ ထိုင်းဘက်မှာလဲ အခုလိုမျိုး စစ်သဂျိုင်းရှိပြီး သွားရောက်အလေးပြုတဲ့သူပိုများတယ်လို့ သိရပါတယ်။ ကျွန်မတို့ဧည့်သည်က သူ့ဆွေမျိုးသားချင်းတွေကို အကြာကြီးရှာပြီးတဲ့နောက် ၃ ခု တွေ့သွားတယ်။ အလေးပြုရင်း မျက်ရည်ဝဲနေတာတွေ့ခဲ့ရလို့ […]


“ရှေးရှေးက ကျောင်းဟောင်းကြီး”   ကျနော်မြောက်ပြင်ဘက်ကို ကိစ္စရှိလို့သွားတယ်ဆိုရင် 86လမ်း 12လမ်းနဲ့13လမ်းကြားမှာရှိတဲ့ ကျောင်းအိုကြီးကို ဖြတ်ပြီးသွားကြည့်လေ့ရှိပါတယ်။ ဒါပေမယ်  ဖြတ်သွားဖြတ်လာဆိုတဲ့အတိုင်း ကျောင်းဝင်းထဲတောင်မရောက်ပါဘူး။ အခုရက်တော့ အဲဒီနားမှာရှိတဲ့ရုံးတစ်ခုကိုသွားတော့ ချိန်းထားတာ ဆယ်နာရီ။ တစ်ယောက်မှမရောက်သေးတော့ အဲဒီကျောင်းဝင်းထဲကို ဝင်လို့ ဓါတ်ပုံရိုက်မိပါတယ်။ ကျောင်းကြီးရယ်အိုဆိုတဲ့သီချင်းအတိုင်းပါဘဲ။ အတော်လေးကို အိုနေပါပြီ။ အထဲမှာတော့ နေသူရှိသေးတဲ့ပုံပါဘဲ၊+ ကျောင်းနဖူးစီးမှထိုးထားတဲ့ သက္ကရာဇ်သာမှန်လို့ကတော့ အတော်လေးကို ရှေးကျတယ်ပြောရမှာပါဘဲ။ ကျနော်ဓါတ်ပုံရိုက်တာမြင်တော့ ကျောင်းထဲမှာ ကွန်ကရစ် စည်ပိုင်းတွေ လုပ်နေသူက အသစ်ဆောက်တော့ မယ်ထင်တယ်လို့ မှတ်ချက်တွေပေးသံကြားလိုက်ရပါတယ်။ ကဲ ပုံလေးတော့ တင်ပေးလိုက်ပါပြီ။ ကျောင်းအိုကို ဖျက်မလား ရှေးလက်ရာမပျောက်ပျက်အောင်ထိန်းသိမ်မလားဆိုတာကတော့ ………………………………. ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး (1-1-12)                 […]


    “မန္တလေး ရှေးရှေးက စားသောက်ဆိုင်”   “မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့ မန်းလေးအကြောင်း ကို ရေးတဲ့အခါ  မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ ပါလာပါတယ်။ အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့ သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့ နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။ အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ အမှတ်ရနိုင်ပါစေ………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-1-12)      


we R oneDecember 31, 20112min019
Merry Christmas and Happy New Year ပါ ရွာသူ ရွာသား အပေါင်းတို့ရယ်။ နှစ်သစ်မှာ သူကြီးနဲ တကွ ရွာသူ ရွာသား အပေါင်းတို့ ကိုယ့်၏ကျမ္မာခြင်း စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံနိုင်ကြပါစေလို့ မေတ္တာ ပို့ သလိုက်ပါတယ်..။ ၂၅ ရက်နေ့  ပုပ္ပါး ၊ ပုဂံ ညောင်ဦး ကို ခရီးသွားခဲ့ရပါတယ်။ ကျွန်မ တို့ ဟ company ရဲ့ ၁ဝ နှစ်ကျော် ကာလ အတွင်း ပထမဆုံး အကြိမ် ဝန်ထမ်းတွေ ကို လိုက်ပို့ပေးခြင်းဖြစ်ပါတယ်။ ည နေ  ရး၃ဝ က စပြီးကား ထွက်ပါတယ်…။ လမ်းမှာ ၁၁၅ မိုင်းရပ်လိုက် ၁၂၅ မိုင်ရပ်လိုက်နဲ […]


“နံနက်ခင်းစိတ်ရွှင်(အပိုင်းခြောက်)” (ဆောင် မပီ့ တပီ နံနက်ခင်း) ဆောင်းဝင်စ ဒီဇင်ဘာလဆန်းရက်များမှာ နှင်းကကျချင်သလို မကျချင်သလို။ ကျနော်ငယ်စဉ်ဖြတ်သန်းခဲ့ရတဲ့မန္တလေးဆောင်းရက်များမှာတော့ နှင်းမူံတွေ ပိန်းပိတ်သော ဝိုးတဝါးရက်များစွာကို ကြုံတွေ့ခဲရသလို အေးချမ်းသောဆောင်းရက်များကို လဲ ဖြတ်သန်းခဲ့ရပါတယ်။ 2000ခုနှစ်နောက်ပိုင်းဆောင်းရက်များကတော့ ဆောင်းမပီသတဲ့ ဆောင်းတွေဘဲဖြစ်လို့နေခဲ့ပါတယ်။ နှင်းနည်းနည်းလေးကျမလိုုလို အရောင်ပြတဲ့တစ်ရက် တကယ်လဲဓါတ်ပုံတွေရိုက်မယ်လုပ်ရော နှင်းမကျဘဲ အလင်းရောင်လေးတွေလက်လာခဲ့ပါတယ်။ အဲဒီနေ့ကပုံတော်တော်များများကို စွယ်တော်လမ်းအမည်နဲ့တင်ခဲ့ဘူးပါတယ်။ နေ့တိုင်းလမ်းလျောက် ထွက်တဲ့အခါ ကင်မရာပါတဲ့ရက်တွေမှာ လက်ဆော့ဖြစ်ပါတယ်။ အဲတော့ နောက်ရက်တွေမှာ မြင်ရတဲ့နံနက်ခင်းတွေနဲ့ပေါင်းလို့ပြန်တင်ပေးလိုက်ပါတယ်။ မနက်အာရုံတက်ရောက်တိုင်း ဆရာမြို့မငြိမ်းရေးပြီး ဦးအံ့ကြီးသီဆိုခဲ့တဲ့  “လူချွန်လူကောင်း”သီချင်းထဲက မနက်ခင်းစိတ်ရွှင်ဆိုတဲ့စာသားလေးအတိုင်း နံနက်ခင်းပုံလေးတွေကို မြင်ရသူတို်င်းစိတ်ရွှင်ပါစေလို့ ရည်ရွယ်ပြီးကျက်သရေရှိသောပုံလေးများကို တင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (31-12-2011)  


Mလုလင္December 31, 20113min013
ကယားပြည်နယ် လှိုင်ကော်ဘက် သွားဖို့ ညီတစ်ယောက် က စပွန်စာ ရလာတော့ ..အစ်ကို လိုက်မလား လို့ လာမေးတယ်။ ဒါမျိုးဆို ဘယ်တော့မှ မညင်းတဲ့ ကျွန်တော် ရှိသမျှ အလုပ်တွေပစ်ချ ပြီး ခရီးဆောင်အိတ်ပြင်တော့တာ ကလား..တက်ကြွတာ၊ တက်ကြွတာ။ ထုံးစံ အတိုင်း အောင်မင်္ဂလာ အဝေးပြေးကွင်းက စထွက်တာပေါ့ ..  ခုတော့ လဲ အရင် က သူမဟုတ်ခဲ့သလို အေးချမ်း နေခဲ့ပါပြီ. .(တစ်ချို့နေရာတွေ ကျွန်တော် မရောက်ခဲ့။) (၁) သွားရတာ က ဒီကားနဲ့ ပေါ့။ အထွက်ထဲက မိုးချုပ်နေလို့ .. နောက်တစ်နေ့ မနက် အောင်ပန်း ကျော်မှ ပဲ ဓါတ်ပုံ ထွက်ရိုက်ရတော့တယ်။ (၂) တီကျစ် မြို့နယ် […]


မောင် ပေDecember 30, 20111min015
one day တုန်းကပေါ့ ။ အသိတစ်ယောက် နဲ ့စကားပြောကြရင်း ၊ အလှူလုပ်တဲ့ ကိစ္စ အကြောင်း ပြောဖြစ်သွားတယ် ။ ကျွန်တော် က ငွေ/ပိုက်ဆံ အလှူလုပ်ချင်နေတဲ့ အချိန် ၊ ဘယ်မှာ ဘယ်လို သွားလှူရမလဲ ဆိုတာ ကို ကျွန်တော် မသိဘူး ဖြစ်နေတယ် ။ ယခင်လှူခဲ့ဖူးတဲ့ နေရာတွေရှိပေမယ့် ၊ အခြားနေရာတွေမှာလည်း လှူချင်တာကိုးဗျ ။ ကျွန်တော် က စာတွေဖတ်ရင်း ၊ ကောက်ချက်ချ မိတဲ့ အယူဝါဒ တစ်ခု က ၊ “ လူ ဖြစ်လာတာ ဘာတာဝန်ရှိလဲ ၊ တွေးကြည့်တော့ မနည်းမနော ပါဘဲ ၊ အဲဒီ တာဝန်တွေ […]