ဖျပ်ကနဲ့ ရန်ကုန် အပိုင်းနှစ်(ပရိယေသန) ရန်ကုန်ရောက်တဲ့အခါမှာ အလုပ်ကိစ္စနဲ့သွားရင်းလာရင်းမြင်ခဲ့ရတာလေးတွေကို ကားပေါ်ကနေဖြစ်ဖြစ် လမ်းလျောက်ရင်းဖြစ်ဖြစ် လက်ဆော့မိပါတယ်။ အဲဒီမှာဘာကိုသွားတွေ့လိုက်လဲဆိုတော့ လူဦးရေနည်းပါးတဲ့နယ်မြို့လေးတွေနဲ့ လူဦးရေထူထပ်တဲ့မြို့ကြီးတွေ ကလူတွေရဲ့ ကွာခြားပုံကိုပါ။ ဒီမှာတော့ ထမင်းတစ်လုပ်အတွက် ရတဲ့နည်းလမ်းနဲ့အလုအယက်။ ပိုပြီးပင်ပန်းလှပါတယ်။ အဲလို ဖြစ်တဲ့နည်းနဲ့ရှာရတဲ့အခါမှာ ထုတ်ပြန်ထားတဲ့ စည်ပင်သာယာ ဥပဒေများနဲ့လွတ်ကင်းတာ မကင်းတာ၊ သူများကို ထိခိုက်တာ မထိခိုက်တာ၊ အသက်အန္တရာယ်ရှိတာ မရှိတာ တွေကိုသိပ်ခေါင်းထဲမထည့်နိုင်တော့ပါဘူး။ မိမိလက်ထဲမှာရှိတာလေးတွေရောင်းကုန်မှ အမြတ်အစွန်းလေးထွက်လာမှ ဝမ်းတစ်ထွာအရေး နေ့ပြန်တိုးမှန်မှန်ပေးနိုင်ဘို့အရေး ပြေလည်မှာကတော့ အမှန်ပါဘဲ။ ဒီတော့လဲကျီးလန့်စာစား ဘဲပြောပြော အလုအယက်ဘဲပြောပြော မောနေအောင်ရှာရတာပါဘဲ။ ဘာတွေဘယ်လိုပြောနေနေ အခုမြင်နေတဲ့ပုံလေးတွေကတော့ တကယ့်လက်တွေ့ ဘဝ စစ်စစ်တွေပါဘဲ။ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့်  ငါလဲမင်းတို့လိုပါဘဲလို့ ပြောနိင်ရုံကလွဲလို့………………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (10-1-2012)     […]


1-ပူဇော်ကန်တော့ “ဖျပ်ကနဲ ရန်ကုန် အပိုင်းတစ်” (ပူူဇော်ကန့်တော့) ကျနော်ရန်ကုန်ကိုဒီတစ်ခေါက်အရောက်မှာ မနက်ပိုင်း (5)နာရီလောက်မှာအိပ်ယာထလို့ လက်ဆော့ဘို့ထွက်ပါတယ်။ ဒီတစ်ခါ ထူးထူးခြားခြား ရွှေတိဂုံဘုရားကို သွားချင်စိတ်ပေါ်မိပါတယ်။ ဒါနဲ့ နေ့လည်ဘက်မှာ တစ်ရက် နံနက်ခင်းတစ်ရက် ညဘက်တစ်ရက် သုံးကြိမ်ရောက်မိတဲ့အခါ တကယ့်ကို ရင်ထဲက ဆန္ဒနဲ့ ဦးခိုက်ပူဇော်ကန့်တော့ နေတဲ့သူတွေကို မြင်တွေ့ရတဲ့အခါ လေးစားကြည်ညိုစိတ်နဲ့ ဒီပုံလေးတွေကို တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (9-1-2012)  


hmeeJanuary 8, 20125min021
ဘုရားကျောင်းရှေ့က ကျောက်စာတိုင်။ ရုပ်တုလေးပဲ။ ရေချိုးခန်းနေရာ။ ကလီယိုပက်ထွှာရေချိုးခန်းနေရာ။ နွားနို့နဲက ချိုးတယ်ဆိုပဲ။ မှန်လောက်တယ် နွားနို့ အလွန်ပေါတာကိုး။  မြို့ဟောင်းအကြောင်း ရေးထားတဲ့ဗုဒ်။ သဂျီးအတွက်။ မြေထဲပင်လယ်ကြီးနဲ့ တဲအဗီးလ်မြို့။ စစ်သား၊ စစ်သမီးတွေ လေ့လာရေး ထွက်လာတယ် ထင်ပါရဲ့။ Jaffa မြို့ဟောင်းရဲ့ မီးပြတိုက်ဟောင်း။ ရုပ်တုပဲ ဘာအရုပ်လည်းတော့ မသိဘူး။ အမြောက်။ နပိုလီယန်ရုပ်တုလေး။ ဘုရားကျောင်း။ နပိုလီယန်တံတား ထိပ်က ဆိုင်းဗုဒ်လေး။ နပိုလီယန်ခေတ်က အဝတ်အစားနဲ့ မင်္ဂလာစုံတွဲ ရာသီခွင်ကိုင်ပြီး ဆုတောင်းနေတဲ့ပုံ။


hmeeJanuary 8, 20123min017
အပေါ်က ရုပ်တုကို ရေးထားတဲ့စာ။ တံတားထိပ်က ကုန်းပေါ်က ရာသီခွင်ပုံလေး။ နပိုလီယန်တံတား။ တံတားလက်တန်းမှာ အခုလို ရာသီခွင်လေးတွေ ရှိတယ်။ ကိုယ့်ရာသီခွင်ကို ကိုင်ပြီး ဆုတောင်းရင် နောက်တခါ ထပ်လာရတယ်လို့ ပြောတယ်။ နပိုလီယန်တံတား။ အိမ်ကြီးရှင် ရိုက်ပေးတာ။ မြို့ဟောင်း အဝင် လမ်းအလယ်က နာရီစင်။ ခန့်ညားလွန်းလို့ လမ်းလယ်ကနေ ရိုက်ထားတာ။ အစ္စရေးကို စရောက်ရောက်ခြင်း ပထမဆုံးရောက်ခဲ့တာက  လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ဝက  မြို့ဟောင်း  Jaffa ကိုပါ။ Telaviv နဲ့ကပ်လျှက်မို့ နီးပါတယ်။ ( လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ဝကမြို့ကတော့ ဂျယ်ရီကိုဆိုတဲ့မြို့ပါ  ပါလက်စတိုင်းဘက်မှာမို့ မရောက်ဖူးပါဘူး)။  ရောက်စတုန်းက ရွာသူကလည်း မဖြစ်သေးတာမို့  မှတ်တမ်း ဓါတ်ပုံရိုက်ဖို့ သတိမရဘူး။ ကိုယ့်ပုံတွေပဲ လျှောက်ရိုက်နေတာလေ။ နောက်  […]


Mလုလင္January 8, 20123min022
နောက်ဆုံးနေ့ကတော့ လှိုင်ကော် မြို ့ပေါ်မှာပဲ အချိန်ကုန်ခဲ့ပါတော့တယ်။ တောင်ကွဲစေတီ ပုံက ကောင်းကောင်း မရ လိုက်လို့ မတင်တော့ဘူး။ တောင်ကွဲစေတီ ပေါ်က ရှုခင်းတစ်ပုံတော့ တင်ချင်လို့ တင်ထားဖြစ်သွားတယ်။ လှိုင်ကော်မှာ လဲ သီရိမင်္ဂလာ ဈေးရှိတယ်ဗျ။ ခု post ကတော့ အဲ့ဒီ့ ဈေးမြင်ကွင်းနဲ့ ကယားပြည်နယ် ရဲ့ trademark လေးပြချင်လို့ ပါ။ ၁။ တောင်ကွဲ စေတီ ပေါ်က မြင်ကွင်းပါ။ ရိုးပြတ် တွေမီးရှို ့နေတုန်း ရိုက်လိုက်မိတဲ့ ပုံပါ။ ၂။ ဈေးမြင်ကွင်း ၃။ ငရုတ်သီး တွေကလဲ လှ ၄။ စားချင့်စရာ လိမ္မော်သီး လေးတွေ ၅။ နားလည်မှု နဲ့ ရောင်းလို့ ရတယ်တဲ့။ […]


Mလုလင္January 7, 20123min014
နောက်ရက် Dec-25 မှာတော့ လွိုင်နမ်းဖ ကိုရောက်ခဲ့ပါတယ်။ ကယားပြည်နယ် ရဲ့ရာဇဝင်မှာတော့ ထူးခြားတဲ့ ကျေးရွာပါပဲ။ ကယားပြည်နယ် မှာ ပထမဆုံး သေနတ်သံ ကြားရတဲ့ရွာ လို့ ပြောပါတယ်။ အသေးစိတ် သိတဲ့သူတွေ မန့်ပေးဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့ ရွာရဲ့ ဘုရားကျောင်းမှာပဲ ထမင်းစားခဲ့ပါတယ်။ ရန်ကုန် သားအမြင်အရ စားမကောင်းဘူးလို့ ထင်ပေမယ့် တကယ်တမ်းစားကြည့်တဲ့ အခါမှာတော့ အလွန် ကောင်းနေပါတယ်။ စေတနာ ပဲ ထင်ပါရဲ့။ ၁။ ရိုးရာ သီချင်း နဲ့ဖြေဖျော်တာပါ။ ၂။ ထမင်းကို ဒီလို ချက်တယ် ဗျ။ ရန်ကုန်မှာတော့ ပြည်များရင် စလောင်းချွန်ချွန်ကြီး နဲ့ ပေါင်းတာ မြင်ဖူးတာ ပဲ။ ၃။ ဟင်းကို မိုးဗြဲ ဒယ်အိုးနဲ့ […]


weiweiJanuary 6, 20122min020
ဒီပို့စ်မှာ ရေးစရာနဲနဲများတယ်။ ကျိုက်မရောက လမ်းခရီးသာယာတယ်။ ထန်းပင်တွေ တန်းစီနေတာ အများကြီးတွေ့ရတယ်။ ကျိုက်မရောရောက်ရင် ဆုတောင်းပြည့်ဘုရားကြီးကို ဘုရားဖူးတိုင်း သွားဖူးကြပါတယ်။ အဲဒီဘုရားရဲ့ထူးခြားချက်က ထပြီးလမ်းလျှောက်တော့မလို အနေအထားနဲ့ ထုလုပ်ထားတယ်။ မျက်နှာတော်ကိုပဲဖြတ်ကြည့်ရင် ရှေ့တည့်တည့်ကိုကြည့်နေလို့ မတ်တပ်ရပ်နေသလို ထင်ရပါတယ်။ အရင်တုန်းက ခြေထောက်မှာ သံခြေချင်းခတ်ထားပေမယ့် အခုတော့ဖြုတ်ထားလိုက်ပါပြီ။ ဒေသခံတစ်ယောက်ပြောပြတာကတော့ အရင်တုန်းက အဲဒီနေရာတွေက လယ်ကွင်းတွေပဲရှိတယ်။ ရေကြီးတဲ့အချိန်မှာ လူတွေက အဲဒီနေရာကို စွန့်သွားရတဲ့အချိန်မှာ ဘုရားမျောပါသွားမှာစိုးလို့ ခြေချင်းခတ်ထားတာပါတဲ့။ ကျန်တဲ့ရာဇဝင်တွေ သိတဲ့သူရှိရင် ပြောပြပါအုန်း …. ဘုရားကြီးဘေးနားမှာ အဆောင်တစ်ခုနဲ့ နဂါး အမြုတေထားတဲ့နေရာရှိပါတယ်။ စပ်စုချင်လို့ ဝင်ကြည့်လိုက်တော့ ပုံထဲမှာပြထားတဲ့အတိုင်း ဘဲဥပုံစံကျောက်လုံးလေးတွေ တွေ့ခဲ့ရတယ်။ အဲဒီနေရာက နဂါးရှိရာနေရာမို့ အမတေရှိရာ အမတေစု ဆိုသလိုမျိုး တခြားဒေသကတွေ့ရတဲ့ နဂါးအမတေတွေကိုလဲ အဲဒီမှာ တစ်ပေါင်းထဲ […]


Mလုလင္January 6, 20122min014
နောက်တနေ့မှာတော့ ဒီမောဆိုး မြို ့နယ်က ငွေတောင်ဆည် နဲ့ လိမ္မော်ခြံ (မျိုးသစ် စမ်းသပ်စိုက်ပျိုးရေးခြံ) ကိုရောက်ခဲ့ပါတယ်။ ၁။ ငွေတောင်ဆည် ဘက်က နေထွက်တဲ့ မြင်ကွင်းပါ။ မနက် 5 နာရီ 45 လောက်မှာပါ။ နေစထွက်ခါစ ဆိုတော့ အနီ ရောင်များတယ်..နောက် တဖြည်ဖြည်း ဝါ သွားမယ်။ ၂။ ဝမ်းရေးပါ၊ ဒီလောက် အေးတဲ့အချိန်မှာ ငါးထွက်ဖမ်းနေတယ်။ ၃။ ဝမ်းရေးပါ – ၂၊ ဒီလောက် အေးတဲ့အချိန် မှာ ငါးထွက်ဖမ်းနေတယ်။ ၄။ ငွေတောင် ဆည်အလွန် စိုက်ခင်းဘက် အသွား လမ်းမှာတွေ့သော သဘာဝ စိမ့်။ တောကောင်တွေ ရေသောက်ဆင်းတတ်တယ်တဲ့။ ၅။ ငွေတောင် ဆည်အလွန် စိုက်ခင်းဘက် အသွား […]


weiweiJanuary 5, 20123min022
မော်လမြိုင်ဘက်ကို ၅ ကြိမ်လောက် သွားရောက်လည်ပတ်ဖူးပေမယ့် ခရုံဂူကို ယခုတစ်ခေါက်သွားမှ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်က townace ကားတစ်စီးကို ငှားပြီး နေရာအနှံ့အေးအေးဆေးဆေးလျှောက်လည်လို့ ရောက်ဖြစ်ခဲ့တာပါ။ ကျိုက်မရောမြို့နယ်အတွင်းမှာ တည်ရှိပြီး အတ္ထရံတံတားကို ဖြတ်ကျော်သွားရပါတယ်။ လမ်းခရီးတစ်လျှောက် ထန်းပင် ထန်းလက် ထန်းရွက်ညီညီ ကျိုက်မရောမြို့ကသာယာလှပေသည် ဆိုတဲ့ သီချင်းထဲကအတိုင်း အလွန်သာယာပါတယ်။ အေဒီ ၁ရ ရာစုလောက်ကထဲက တည်ရှိခဲ့တဲ့ ကျောက်ဂူဖြစ်ပြီး ၁၉၇၅ ခုနှစ်ကစပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားတယ်လို့ ကျောက်တိုင်မှာ ဖတ်လိုက်ရပါတယ်။ ဂူကြီးက တော်တော်ကြီးတယ်။ အထဲမှာ မြင့်ပြီး တော်တော်လေးမှောင်တယ်။ ဓါတ်မီးတွေ စုထိုးပြီးမှ နံရံကို မြင်ရပါတယ်။ သိပ်မှောင်လို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေဘူး။ ဂူကတစ်နေရာမှာ လမ်းပိတ်သွားတာကြောင့် သွားနိုင်တဲ့လမ်းကြောင်းသိပ်မရှည်ပါဘူး။ ဂူထိပ်ပိုင်းမှာ လင်းစွဲကောင်တွေနေကြလို့ အနံ့အသက်သိပ်မကောင်းဘူး။ တွဲလောင်းအိပ်နေတဲ့ […]


we R oneJanuary 5, 20121min020
ကားပေါ်မှာ မောမောနဲ အိပ်ပျော်လာလိုက်တာ ပုဂံမြို့ ကိုဝင်တာတောင် မသိလိုက်ဘူ.. Local Guide ရဲ့ အလွတ်ကျက်ထားတဲ့ စာသံပေသံ နဲ မိတ်ဆက်တဲ့ အသံကြားမှ နိုးတော့တယ်.. ။အိပ်ချင်မူးတူးနဲ နာရီကို လှမ်းကြည့်လိုက်တော့  မနက် ၁ဝး၃ဝ ခန့်ရှိပြီ.။ ဒါဆို ပုပ္ပါးနဲ ပုဂံက ၂ နာရီ ကျော်ကျော်လောက် ဝေးဒါပေါ့.။ Local Guide ကတော့ သူ့နာမည်ကို အရင် မိတ်ဆက်ပြီး ပုဂံ ယဉ်ကျေးမှုနယ်မြေ မှ ကြိုဆိုပါတယ်.. စသဖြင့် ဘာညာသရကာ နေကြာကွာစိ တောင်ကြီးပဲလှော် အာလူး ဖုတ်ပါတယ်..။ 😀 ပထမဆုံးအနေနှင့် ကျွန်မ တို့ကို လိုက်ပို့တာက ” ကန်တော့ပလ္လင်” ဘုရားပါ.။ Guide  ပြောပြချက်အရ အလောင်းစည်သူမင်းတရားကြီးရဲ့ […]


“ကျုံးတောင်ဘက်လမ်းက မြို့ရိုးနဲ့ ပြအိုးပစ္စင်”(အမှတ်တစ်)   ရန်ကုန်ရောက်တုန်းခဏ ပုံတင်ချင်စိတ်က တားမရ ဆီးမရ။ အနီးအနားက အင်တာနက်ဆိုင်ပြေး မန်းလေးသားတွေအတွက်အမှတ်တရ အလွမ်းများကို ပေးချင်။ ဟိုအရင်ရက်တွေက ကျုံးတစ်ပါတ် ပတ် မှတ်တမ်းတင်ထားတဲ့ မြု့ိရိုး ပြအိုးနဲ့ပစ္စင် ကျုံးရေပြန်ကြည်သန့်သန့်။ 26ဘီလမ်း မင်္ဂလာတံတားတောင်ဘက် ရှေးကတည်းက ရှိတဲ့ မက်သဒစ်ချပ်ချ် သူ့တည့်တည့်က မြိုရိုး ပြအိုးနဲ့ပစ္စင် မွေးမြေကခွာတုန်းခဏ အလွမ်းပြေအောင်တင်မိ ကော်နက်ရှင်ရှိသလောက် မဖြစ်စလောက်လေးများတင်မိရင် ခွင့်လွှတ်နော်………………….. ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (4-1-2012) လွတ်လပ်ရေးနေ့ ရန်ကုန်ခေတ္တ                    


weiweiJanuary 3, 20122min037
မွန်ပြည်နယ်ဘက်ကိုရောက်တာနဲ့ တောင်တွေကို စတွေ့ရပါတယ်။ တောင်ထိပ်တိုင်းမှာ ဘုရားတွေနဲ့ အရင်တုန်းကတော့ ထုံးဖြူဖြူဘုရား အခုတော့ ရွှေရောင်တဝင်းဝင်းနဲ့ ဘုရားစေတီတွေ အများကြီး တွေ့မြင်ရပါတယ်။ ရော်ဘာပင်တွေ မျက်စိတဆုံးတွေ့ရတယ်။ ထန်းပင်ထန်းလက်တွေနဲ့ လမ်းခရီးကလဲ သာယာပါတယ်။ မုဒုံမှာ နံမည်ကြီး မုဒုံကန်ကြီးဆီကိုရောက်တော့ ကားပေါ်ကဆင်းဆင်းခြင်း “အမျိုးသမီးများ မဆင်းရ” ဆိုတဲ့ ဆိုင်းဘုတ်ကို စမြင်လိုက်ရတယ်။ အဆန်းပါလားလို့ ဓါတ်ပုံရိုက်ထားလိုက်တယ်။ ကားဆရာပြောပြတာက ဒီကန်ကြီးထဲမှာ နဂါးကြီးရှိတယ်တဲ့။ ဟိုးအရင်နှစ်တွေက အမျိုးသမီးရေကန်ထဲဆင်းတဲ့အခါ အချိန်အခါမဟုတ် လှိုင်းလေတွေ ထန်ပြီး ငလျှင်လှုပ်သလို ဖြစ်ခဲ့ဖူးတယ်တဲ့။ အဲဒီနောက်ပိုင်းမှာ နဂါးကြီးက အမျိုးသမီးတွေရေထဲဆင်းတာကို မကြိုက်တာလို့ ယူဆပြီး တားမြစ်လာခဲ့တာ ယနေ့အထိပဲတဲ့ … ကျိုက်ခမီဘုရားမှာလဲ အမျိုးသမီးမတက်ရဆိုတဲ့ အယူအဆနဲ့ မုဒုံကန်ထဲ အမျိုးသမီးမဆင်းရဆိုတာတွေကို မြင်တွေ့ရတာ ခေတ်နောက်ကျလိုက်တဲ့ အယူအဆအဟောင်းအနွမ်းတွေလို့ တွေးလိုက်မိပါတယ်။ […]