“ကြည်နူးစေနံနက်ခင်း”     ရွှေလီကပြန်လာကတည်းက ကျနော်အပျင်းထူပြီးလမ်းမလျောက်ဖြစ်ပါဘူး။ လမ်းမလျောက်တာရက်20လောက်လဲရောက်ရောလူလဲထိုုင်းမုူိင်းလို့လာပါလေရေ၊ မနက်မနက်နိုးစက်ပေးထားပြီး အအသံမည်ပေမယ့် အိပ်ယာက မထ။ ကျနာ်က ဆက်အိပ်လို့ရပေမယ့်မဒမ်ပေါက်က ဆက်အိမ်မရတော့ “အိပ်ယာက မထင်ချင်ရင် နှိုးစက်မပေးနဲ့” ဆိုပြီး ဝါဒသဘောထားကြေညာချက်တွေထုတ်ပါတယ်။ ဒီလိုဘဲထမယ်လုပ်လိုက် မထဘဲပြန်အိပ်လုပ်လိုက်တာ ရက်20ကျော်သွားပါတယ်။ အဲဒါနဲ့မဖြစ်ချေဘူးဆိုပြီး တစ်ည စောစောအိပ်။ (ည12နာရီမှာအိပ်တာပါ) မနက်နှိုးစက်မည်တာနဲ့လူးလဲထလို့လမ်းလျောက်ရပါတော့တယ်။ လမ်းစလျှောက်တဲ့အချိန်မှာ လေအတော်ကလေးတိုက်ပါတယ်။ အဲတော့လဲ ကျနာ်သိပ်အားမစိုက်ရဘဲ မြန်မြန်လျှောက်ဖြစ်သွားပါတယ်။ စလျောက်စမှာ နေကိုကျောပေးပြီးလျှောက်နေတဲ့အတွက်ကောင်းကင်ကြီးဘယ်လောက်လှတယ်ဆိုတာမသိလိုက်ပါဘူး၊ နေထွက်ရာဘက်နဲ့အလျားလိုက်လျှောက်ရတဲ့ နေရာလဲရောက်ရော  အာရုံတက်အလင်းရောင်တွေက လှပစွာ ရေပြင်ပေါ်ကို ကျ။ လေဆော့ တော့လှိုင်းကြက်ခွပ်လေးတွေ ထနေပုံက တကယ်ကိုလှပ ပါတယ်။ ထုံးစံအတိုင်း ပြည်ကြီးမွန်ထိလမ်းလျောက်။ ပြန်လာတော့လဲ ကောင်းကင်ကြီးကလှပမြဲပါဘဲ.။ အရှေ့ဘက်ကရှမ်းရိုးမကိုမြင်ရတာဝိုးတဝါး။ လေဆော့တော့ […]


kotun winlattJune 28, 20125min02
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သက်ရင်းတာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေး… အလှူပစ္စည်းလေးများကို ကျနော်တို့အဖွဲ့၏ အမှတ်တံဆိပ်လေးနှင့်အတူ… အလှူပစ္စည်းလေးများအား ဆရာမသို့ ပေးအပ်စဉ်… ကလေးများအား စာရေးကိရိယာများ ဝေငှပေးနေစဉ်…. သက်ရင်းတာရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဆရာမလေးများနှင့် ကျောင်းသူကျောင်းသားလေးများ… ကျောင်းထိုင်ဆရာတော် ဆရာမများ ရပ်မိရပ်ဖများ one candle အဖွဲ့သားများနှင့် ကျောင်းသူားများ အမှတ်တရ…


kotun winlattJune 28, 20127min04
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေ နောင်ကွတ်ရွာ မူလတန်းကျောင်း… မင်္ဂလာပါ ကလေးတို့ရေ…. ကျောင်းဆိုင်းဘုတ်လေးပါ… ဆရာမသို့ အလှူစ္စည်းများ ပေးအပ်စဉ်…. ကလေးများကိုလိုက်လံ ဝေငှပေးနေကြစဉ်… ရပ်မိရပ်ဖ ဆရာမများနှင့် one candle အဖွဲ့သားများ ကျောင်းသူားများ ကျောင်းလေးရှေ့မှာ အမှတ်တရ…


1 ဒီလမ်းမကျယ်ကြီးကနေကွေ့ဝင်သွားရပါတယ် အဲဒါဆင်ခြေဖုံးရပ်ကွက်တွေကို သွားတဲ့လမ်းမပါ။ 2 လယ်ကွင်းတွေကြားထဲကမြင်ရတဲ့ စက်ရုံအလုပ်ရုံတွေ(ကားပေါ်က ရိုက်တော့ နည်းနည်းဝါးတယ်) 3 ကျနော်တို့ဆီကနဲ့တူတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးပါ(ဒါလဲကားပေါ်ကရိုက်တာလေ)   4 အမြင်ဆန်းတဲ့စေတီတော် (ဦးနုစေတီလို့ခေါ်သလို ကျေးလက်စေတီလို့လည်းခေါ်ပါသတဲ့) 5 ရိုက်ချက်ဆန်းဆန်းလေး (ကိုယ်တတ်တာဟုတ်ပါဘူး သူများလုပ်ထားတာ အဆင်သင့်ဝင်စားတာပါ) 6 အရှေ့ဘက်မှဖူးမျှော်ခြင်း   6သစ်ပင်စောင်းစောင်းလေးက ကိုပေါက်အကြိုက်ပါဘဲ 7 ထုူူးဆန်းသောကံ့ကော်ပင် တစ်ခြမ်းထဲဘဲအပွင့်တွေပွင့်နေတာ 8အနီးကပ် ကံ့ကော် ဘုရားလှူဖို့ ခူးသွားနော် 9 ဘုရားပေါါ်မှာမွေးထားတဲ့ဒေါင်း   10 ကိုပေါက်လက်ဆော့လို့ ထွက်ပြေးရတဲ့ဒေါင်း 11 စိန်ပန်းနီလွင် စေတီတော်ဝါရွှင် 12 မအို့တအို ကျောင်းကလေး 13 အဝင်ဝက နာမတော်(ကျနော်ကတော့ မဖတ်တတ်ဘူး သိသူက ဘာသာပြန်ပေးကြပါ) 13 အသစ်ဆောက်နေတဲ့ …………………………………. […]


kotun winlattJune 26, 20124min010
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ လေဘိုရွာ မူလတန်းကျောင်းလေးသို့….


      6 မှောင်ရီဝေဝိုးတဝါးအလှ   “တောင်ပေါ်ကရေကန်(သူတို့ကန်နဲ့ကျနော်တို့ကန်)”     ကျနော်တို့အုပ်စုကလေးကပြည်တော်ပြန်ဘုရားကနေဆင်းလာတဲ့အချိန် တောင်ကြားထဲမှာရေကန်ရှိတယ်လို့ ကလေးတစ်ယောက်ကပြောလာပါတယ်။ အဲဒါနဲ့ထင်းရူးတောလေးအလွန်မှာ ရေကန်လေးလှမ်းတွေ့တော့ကားခဏရပ်လို့ဓါတ်ပုံရိုက်ပါတယ်။ ရိုက်ရင်းနဲ့အားမရတော့ မထူးဘူးဆိုပြီ အားလုံးအောက်အထိဆင်းလိုက်ကြပါတယ်။ အောက်ရောက်တော့ရေကန်နံဘေးမှာ အပန်းဖြေစာ ဆိုင်ကလေးတွေရှိပါတယ်။ တဲလေးတွေဆောက်ထားတာပါ။ ကန်ထဲမှာအပျော်စီးစရာ ဘဲရုပ်ခြေနင်းလှေကလေးတွေလဲရှိပါတယ်။ ကန်ကလေးကသိပ်မနက်သလို သိပ်လဲမကျယ်ပါဘူး။ ဘေးနှစ်ဖက်မှာက တောင်ကမ္ဘားယံတွေကခြံရံလို့ထားတဲ့ တောင်ကျချောင်းလေးဘဲဖြစ်ပုံရပါတယ်။ ရေကတော့ ကြံရည်ရောင် စိမ်းဖန့်ဖန့်။ လိပ်ကလေးတွေလဲရှိငါးစာကျွေးလိုက်ရင်အပြေးအလွှားလာစားတဲ့ငါးကလေးတွေလဲရှိ။ ချစ်စရာဘဲကလေးတွေက ရေကူးလို့။ ကန်ဘောင်တစ်ဘက်ကတော့ သမံသလင်းခင်းထားပါတယ်။ အကြာကြီးလဲမနေချင်နေကလဲအတော်လေးပူတော့ ခဏလေးဘဲနေ ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတယ်။ တောင်ပေါ်ကဆင်းလာတော့ နေ့မွန်းတည့်။ အဲဒါနဲ့ဘဲ ကျနော်တို့ ထမင်းဝင်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။   ထမင်းဆိုင်ရောက်တော့ ထမင်းစားနေရင်းက တစ်နေ့ညကသွားခဲ့တဲ့ ရွှေလီမြို့ထဲကရေကန်ကြီးကို ပြန်သတိရမိပါတယ်။ သူတို့အခေါ်တော့ (စွေဟူး- sui hu)လို့ခေါ်ကြပါတယ်။ မြန်မာလိုပြန်ရင်တော့ရေကန်ကြီးလို့ပြောပါတယ်။ […]


mgwaloneJune 25, 20121min06
မောင်ဝလုံး ဒီတစ်ခေါက်သွားတာက ထူးဆန်းတဲ့ ခရီးတော့ မဟုတ်ပါဘူး။ ရန်ကုန်ကို ဘပ်စကားနဲ့ သွားတာပါပဲ။ အယင်က သွားဘူးပေမဲ့ ဒီတစ်ခါသွားတော့ နဲနဲတော့ ထူးခြားတာလေးတွေ တွေ့မိမြင်မိ၊ အတွေးပွားမိပါတယ်။ မောင်ဝလုံး ရန်ကုန်သွားတိုင်း ဘတ်စ်ကားနဲ့ပဲ သွားတာ များပါတယ်။ အဲ- သူများကိုလည်း ဒုက္ခ မပေးချင်၊ ကိုယ် တိုင်လည်း အဆင်မပြေတော့ ထိုင်ခုံ ၂ ခုံ ဝယ်စီးနေကြပါ။ အဟဲ ကျွန်တော်က ဝ၀၊ လုံးလုံးလေ။ ဒါပေမဲ့ အခု နောက်ပိုင်း ကားလိုင်း အတော်များများက ကားကြီး ခုံကြီးတွေ ဖြစ်လာတာနဲ့ ဒီတစ်ခေါက် မောင်ဝလုံး တစ်ခုံပဲ ဝယ်စီးခဲ့ပါတယ်။ ကားကတော့ ဆွီဒင်နိုင်ငံလုပ် Scania (စားလုံးပေါင်း မှားနိုင်ပါတယ်) အမျိုးအစားပါ။ လေအေးပေးစက်က ကောင်း၊ […]


kotun winlattJune 25, 20124min06
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကုန်းခါးရွာ မူလတန်းကျောင်းလေးပါ….။ ကျောင်းဆိုင်းဘုတ်လေးကို ရိုက်ထားတာပါ… ရွာအဝင်ဆိုင်းဘုတ်လေးပါ….။ ရွာဦးက ရှေးဟောင်းစေတီတော်လေးပါ….(ဘယ်လောက်ကြာပီဆိုတာတော့ သေချာမသိရပါ….။) အလှူပစ္စည်းလေးတွေပြင်ဆင်နေကြစဉ်…. အလှူပစ္စည်းလေးတွေကို ကျနော်တို့အဖွဲ့ လိုဂိုလေးနဲ့ အမှတ်တရ…. အလှူပစ္စည်းလေးများကို ဆရာမထံသို့ ပေးအပ်စဉ်… ကလေးတွေကို စာရေးကိရိယာလေးတွေ လိုက်လံဝေငှပေးကြစဉ်…. မူလတန်းကျောင်းလေးရှေ့မှာ ရပ်မိရပ်ဖ ဆရာမ နှင့် ကျနော်တို့ one candle အဖွဲ့သားများ…


  “လွယ်တိန်ခမ်းတောင်ပေါ်က”     ကျယ်ခေါင်ထဲမှာနေလို့ တစ်ပါတ်ပြည့်တဲ့ရက်နဲ့ ချိန်ပြီး မူဆယ်ဘက်ကိုသွားဘို့စီစဉ်ထားပါတယ်။ လိုက်ပို့မယ်သူက ဘယ်သွားချင်လဲလို့မေးတော့ မတ်ရပ်ကိုယ်တော်ကြီးရှိတဲ့ဆီကိုသွားချင်တယ်ပေါ့။ အဲဒါနဲ့ မနက်ရှစ်နာရီလောက် နန်းတော်ဂိတ်ကထွက်။ လူဝင်မူ့ကြီးကြပ်ရေးဂိတ်ပေါက်မှာတန်းစီ။ နောက်တစ်ပါတ်အတွက်ကဒ်အသစ်လုပ်။ ပြီးတာနဲ့ ဗိုက်ဖြည့်ဘို့ အရုဏ်ဦးလ က်ဖက်ရည်ဆိုင်ကို ချီတက်။ ပြီးတာနဲ့ရပ်တော်မူကိုယ်တော်ရှိရာလွယ်တိန်ခမ်းတောင်ကို သွားကြပါတယ်။ တောင်ပေါ်အတက်လမ်းဂိတ်တံခါးမှာတော့ ဖလားလေးတစ်လုံး။ စေတနာရှိသလောက်လှူပေါ့။ ကားကလေး က စိမ်းစိုတဲ့သစ်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းကလေးအတိုင်းပြေးလွှား။ တောင်တက်လမ်းက မြင့်ပေ့မယ် မမတ်စောက်ပါဘူး။ မြေလမ်းလေးတစ်ခုရောက်တော့ အတက်လမ်းနဲ့အဆင်းလမ်းခွဲလေးကိုမြင်ရပါတယ်။ တောင်ကမ်းပါးယံကို ကွေ့ပါတ်တက်ရင်း ရပ်တော်မူကိုယ်တော်ကြီးရှိရာကိုရောက်ပါတယ်။ ဘွဲ့တော်က တော့ “မဟာသန္တိသုခရပ်တော်မူ” ရပ်တော်မူကိုယ်တော်အောက်မှာ ဂူဘုရား။ အတွင်းတော်ထဲမှာတော့ ဆင်းတုတော်တစ်ဆူကိုးကွယ်ထားပါတယ်။ ဘုရားကတော့ ဆောက်လက်စ ဆိုတော့ အပေါ်ဆင့်အတက်လမ်းကို ပိတ်ထားပါတယ်။ ရှေ့မှာတော့ ဆောင်လက်စ ဇရပ်ကြီးတစ်ဆောင်။ ဘုရားရဲ့ ဘယ်ဘက်ခြမ်းကနေလှမ်းကြည့်ရင် အဆင့်ဆင့်အထပ်ထပ်တောင်တန်းတွေ.။ […]


kotun winlattJune 25, 20122min012
နားဖာရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကလေး ကျောင်းဆိုင်းဘုတ်ကလေး…. အလှူပစ္စည်းလေးတွေပါ… ဆရာမသို့ စာရေးကိရိယာများပေးအပ်လှူဒါန်းစဉ်… ရပ်မိရပ်ဖများနှင့် onecandle အဖွဲ့သားများ စကားလက်ဆုံကျနေကြစဉ်… နားဖာရွာမှ ကျောင်းသူားလေးများ… ကျောင်းသားလေးများနှင့်အမှတ်တရ… မူလခေါင်တုန့်စည်ရွာကနေပြီး ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ ညနေသုံးနာရီထိုးချေပြီ..။ နားဖာရွာလေးသို့ ရောက်အောင် နှစ်နာရီခန့် လာခဲ့ကြရသည်မို့ နားဖာရွာလေးသို့ ရောက်တော့ ညနေ ငါးနာရီ ထိုးပြီဖြစ်သည်။ ညနေငါးနာရီရှိပြီမို့ ကျောင်းဆင်းသွားလေပြီ..။ ဒါနှင့် ကျနော်တို့အဖွဲ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ သွားကြရတော့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအား အကျိုးအကြောင်းပြောပြတော့ သူလည်း ဝမ်းသာအားရပင် ဆရာမကို သွားခေါ်ပေး၏။ ဆရာမလိုက်လာပြီး အုပ်ချုပ်ရေးမှူး အိမ်ပေါ်တွင် စကားတွေပြောဖြစ်ကြသည်။ ကျနော်ကတော့ ဆရာမထံတွင် ကျောင်းလေးရှိသည့်နေရာလေးကို မေးမြန်းပြီး ကျောင်းလေးကို မှတ်တမ်းဓာတ်ပုံရိုက်ရန်ထွက်လာခဲ့သည်။ ကျနော်တို့အဖွဲ့သားများ နံနက်(၆)နာရီ ကတည်းက ထွက်လာကြရတာမို့ နားဖာရွာလေးသို့  ရောက်သောအခါ အားလုံးပင်ပန်းနေကြချေပြီ။  […]


  “မနောကွင်းနဲ့မနောအလှ”     2010 ပထမအကြိမ် ကျယ်ဂေါင်ကိုရောက်တော့ ဖုန်းဆက်ချင်တယ်ဆိုရင် မနောကွင်းနားကိုလာဆက်မှ မြန်မာဖုန်းတွေက လိုင်းမိပါတယ်။ တစ်ည ရနာရီလောက်ဖုန်းလာဆက်တဲ့အချိန်မှာ လူကြီးလူငယ်ကျားမ မရွေးပါဝင်တဲ့အဖွဲတစ်ဖွဲ့က ကက်ဆက်ဖွင့်ပြီး ကနေကြတာကို မြင်တော့ အံ့ဩစွာနဲ့ငေးမောကြည့်မိခဲ့ပါတယ်။ ဒီနေရာလေးက သူတို့ဆီမှာ  မနောကွင်းလို့ အမည်တွင်ပါတယ်။ ဒီတစ်ခေါက် ကျနော် ကံကောင်းထောက်မစွာနဲ့ အဲဒီကွင်းနဲ့မျက်နှာချင်းဆိုင်က “စန်းဟွမ်” ဟိုတယ်မှာတည်းဖြစ်ပါတယ်။ ကံမကောင်းတာကတော့ ကျနော်ဓါတ်ပုံရိုက်ချင်တဲ့အက အဖွဲ့တွေနဲ့မဆုံလိုက်တာပါဘဲ။ အဲဒီကွင်းက နန်းတော်ပေါက်ကနေလာလိုက်ရင် သိပ်မဝေးပါဘူး။   အဲဒီကွင်းက အားကစားကွင်းလို့ပြောရင်ရပါတယ်။. ကိုယ်လက်လှုပ်ရှား ကစားစရာ အထောက်အကူပစ္စည်းတွေရှိတယ်။ ဘတ်စကက်ဘောကစားကွင်းရှိတယ်။ မနက်ဆိုလမ်းလျောက်လာပြီး ကျန်းမာရေးအတွက်ကိုယ်လက်လှပ်ရှားကစားသူရှိသလို ညနေပိုင်းမှာလဲ ရှိကြပါတ.ယ်။ ထူးခြားတာကတော့ ယာယီကလေး ကစားကွင်းလေးညနေဆိုဖြစ်လာတာပါဘဲ။ ကလေးတွေအတွက် ဆော့စရာအစုံအလင်နဲ့ပါ။ ပိုက်ဆံတော့ပေးရမယ်ထင်ပါတယ်။ အရိပ်ရသစ်ပင်မရှိတဲ့အတွက်နေ့လည်ပိုင်းမှာတော့ လူမရှိသလောက်။   […]


  “သစ်ပင်ကဖြစ်တဲ့ကျောက်”     ကျနော်ဓါတ်ပုံရိုက်ခဲ့တဲ့ဆိုင်ပိုင်ရှင်ကအတော်လေးသဘောကောင်းပါတယ်။ သူ့ဆိုင်ထဲမှာလဲခင်းကျင်းထားတဲ့ ပစ္စည်းတွေက လှလဲလှ အနုပညာလည်းမြောက်လှပါတယ်။ ကနုမာခွံလေးတွေဆိုရင်လဲ လှလှပပဖြူဖြူဖွေးဖွေး။ အင်ကြင်းကျောက်များကလဲ အချောက်ိုင်ထားတော့ဝင်းဝင်လက်လက်။ ကျနော်အကြိုက်ဆုံးကတော့ ကျွဲချိုနဲ့ ကနုကမာတွဲထားတဲ့အလှပစ္စည်းလေးပါဘဲ။ ဆိုင်ထဲမှာရော ဆိုင်အပြင်ဘက်မှာပါ အရောင်အသွေးစုံလှတဲ့ကျောက်တုံးတွေအများကြီးပါဘဲ။ ပုံစံဆန်းဆန်းတွေလဲပါရဲ့။ သူဆိုင်အဝင်ဝမှာ အချောမကိုင်ရသေးတဲ့ အင်ကြင်းပင်အရိုင်းကြီးကလှဲထားပါတယ်။ အဲဒီအပင်မြင်မှ ကျောက်မျက်ပြခန်းအဝင်နားမှာ ချထားတဲ့အင်ကြင်းကျောက်ကြီးကို သတိရသွားပါတယ်။ အပင်ကြီးကို (7)ပိုင်း တိတိပိုင်းထားပါတယ်။ အောက်မှာဒလိမ့်တုံးတွေခံလိုပေါ့။ လုံးပါတ်ကလဲ လက်တစ်ဖက်စာမက။ ဘယ်ကနေရောက်လာတယ်တော့မသိတတ်ပါဘူး။   အဲဒီအပင်ကြီးနဲ့မျက်နှာချင်းဆိုင်မှာတော့ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ချထားတာကိုတွေ့ရပါတယ်။ အားလုံးကအချောကိုင်ပြီးရင်ရောင်းဘို့ပါဘဲ။ သူတို့နားဘေးမှာတော့ မတ်မတ်ရပ်ရပ်နေတဲ့ ကျောက်တိုင်တွေ။ ဒီကျောက်တိုင်တွေက အကြမ်းထည်အဆင့်မှာဘဲရှိပါတယ်။ သူနဲ့မလှမ်းမကမ်းမှာကျောက်စားပွဲခုံတစ်စုံ။ ကျနော်ရောက်သမျှနေရာတော်တော်များများမှာ ကျောက်စားပွဲခုံလေးတွေ ့ ကို တွေ့ရပါတယ်။ အဲဒီကနေပြန်လာတော့ မတ်မတ်ရပ်နေတဲ့ သစ်ညီနောင်။ အကြမ်းထည်အဆင့်။ ရွှေလီတံတားဘက်ကိုသွားမယ့်အဝိုင်းပါတ်မှာတော့ဆိုင်လေးတစ်ဆိုင်ထဲမှာ […]