kotun winlattJuly 11, 20122min04
 ခရီးစဉ် (၁၂)  သွားဖြစ်တဲ့ ရွာလေးကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကရင်ရွာက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းလေးသို့ ဖြစ်ပါတယ်…    


KyaemonJuly 11, 20127min02
    သူများက တကူးတက ရိုက်တင်လာတဲ့ ဗီဒီယို တွေကိုဖွင့်ကြည့်နိုင်တာ၊   ဗီဒီယို link လင့်ခ တွေကို နှိပ်ပြီး ကျန်ဓာတ်ပုံတွေကိုလဲ ကြည့်နိုင်တာပါ၊       ခရီးသွား လမ်းညွှန်စာအုပ်မှ ထူးခြားတဲ့ နေရာ ရှုခင်းတွေ Travel Guide: Norway’s Top Attractions – YouTube http://www.youtube.com/watch?v=Js5U0yK-2bk&NR=1&feature=endscreen တောင် ကမ်ဘားကြား သမုဒ်ဒရာ မြစ်ကြောင်းလေးမှ နေရာ ရှုခင်းတွေ – ၁ Norway fjord part 1 – Norwegia część 1 – YouTube http://www.youtube.com/watch?v=aCZENVCSubU   တောင်ကမ်ဘားကြား သမုဒ်ဒရာ မြစ်ကြောင်းလေးမှ နေရာ ရှုခင်းတွေ […]


“မန္တလေးက မြီးရှည်(ကိုလတ်ကြီးအတွက် သတိတရ)”     ဒီရီစရာလေးကပြောတော့ပြောဘူးပါတယ်။ ကျနော်တို့အိမ်ကို ဧည့်သည်လာတော့ သူတို့ကိုမနက်စာမုန့်လို်က်ကြွေးပါတယ်။ သူတို့ပြန်လာတော့ ဧည့်သည်ကို ဘာတွေကျွေးခဲ့လဲလို့ မေးရော။ သူတို့ထဲက ခပ်သွက်သွက် ကလေးတစ်ယောက်က “ဝက်သားနဲ့သုပ်တဲ့မုန့်တီစားခဲ့တယ်……အရမ်းကောင်းတယ်”လို့ဖြေပါတယ်။ သူပြောတာ အစက သဘောမပေါက်။ ပေါက်လဲပေါက်ရော တစ်အိမ်လုံးရီလိုက်ကြရတာ ဝက်ဝက်ကွဲ။ မျက်ရည်များတောင်ထွက်အောင်ရီကြရတာပေါ့။ သူစားခဲ့တာ “မြီးရှည်”ပါ။ မသိတော့မုန့်တီကိုဝက်သားနဲ့သုတ်တယ်လိုထင်သွားတာကိုး။ ထင်လဲထင်စရာ ပုံစံခြင်းကတူတာကိုး။ မြီးရှည်ထဲ ထည့်စားတဲ့မုန့်ဖတ်က မုန့်တီနန်းလတ်နဲ့အရွယ်အစားဆင်ပါတယ်။ ဒါပေမယ့် မတူပါဘူး။ မြီးရှည်မုန့်ဖတ်က နည်းနည်းလေးအလုံးပိုသေးပါတယ်။   မြီးရှည်မှာပါဝင်တဲ့ပစ္စည်းတွေကတော 1.မုန့်ဖတ် 2.ကော် 3.ပဲငပိ 4.တိုရ(ခ)ပဲပင်ပေါက် 5.ကြက်သွန်ဖြူထောင်းအရည်နဲ့တရုပ်နံနံ 6.ဂျုံလုံးအကျွတ်ကြော် 7.ဝက်ဆီဖတ်ကြော် 8.ငရုတ်သီးနဲ့ဆီသတ်ထားတဲ့ ငရုတ်ဆီ 9.ကြက်သွန်ဖြူနဲ့ဆီသတ်ထားတဲ့ဆီဝါ 10.ကြက်သားအသား(သို့မဟုတ်)ဝက်သားအသားနှင့်ဝက်အဆီအခေါက်ပြုတ်ထားတာ 11.မုန်ညှင်းချဉ်(သို့မဟုတ်)မုန်လာဥချဉ် တွေပါဝင်ပြီးတော့ ဝက်သားပြုတ်ရည်ကို ဟင်းချိုအဖြစ်ချပေးပါတယ်။ မြီးရှည်ဆရာများရဲ့ အပြောကတော့ […]


          “ကျောက်တုံးနဲ့သစ်ပင်ချစ်ခင်တဲ့လူမျုးိ”     2010 ခုနှစ်မှာသူတို့ဆီရောက်တော့  လမ်းဘေးပလက်ဖောင်းမှာ သစ်ပင်တွေစိုက်နေတာတွေ့ရပါတယ်။ သစ်ပင်စိုက်တယ်ဆိုတာ ကျနော်တို့ဆီကလိုသစ်ပင်ပေါက်စနလေးကို စိုက်တာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားအပင်ကြီးတွေကို ယူလာပြီးစို်က်တာပါ။ ပိန္နဲပင်လေးတစ်ပင်ဆိုရင် အသီးကင်းလေးတောင်ပါလိုက်သေး။ နုတ်လာတဲ့အပင်ဘေးမှာရှိတဲ့မြေကြီးကိုလဲတူးယူလာပါတယ်.။ နောက်တော့အပင်ချစိုက်ပြီး အပင်ကို အဝတ်နက်ကြီးနဲ့ပါတ်ပေးထားခဲ့ပါတယ်။ 2012 နောက်တစ်ခေါက်အရောက်မှာတော့ 2010တုံးကအပင်တွေအားလုံးရှင်သန်လို့ အသီးအပွင့်တွေနဲ့မြိုင်ဆိုင်။ (ကျနော်တို့မန်းလေးမှာတော့ ကျွဲဆည်ကန်ဆိုင်ကယ်လမ်းမှာစိုက်ထားတဲ့အပင်တွေက အပင်ခြောက်တွေဖြစ်လို့သေကုန်တောမြင်ရတော့ ဘာကွာသလဲလို့စဉ်းစားမိပါတယ်)   သူတို့ဆီမှာ နေရာအတော်များများမှာသစ်ပင်တွေနဲ့စိမ်းစို။ သစ်ပင်တွေကိုလဲဂရုစို်က်ကြပါတယ်။ နောက်လမ်းတိုင်းမှာလဲ ပလက်ဖောင်းမှာ သစ်ပင်တွေကအစီအရီ။. လမ်းကြားမှာဆိုရင် အပင်တွေယှက်နေပုံက မျက်စေ့အေးစရာ။ လမ်းမတန်းမှာတော့ ပန်းခြံကလေးတွေအပင်ပုလေးတွေရှိပြန်ပါတယ်။ နောက်နေရာအနှံ့တွေ့ရတာကတော့ ကျောက်တုံးတွေကို အထိန်းအမှတ်အဖြစ်စိုက်ထားတာပါ။ သေချာတာတစ်ခုတော့ သူတို့လူမျုးိက သစ်ပင်ကိုချစ်ပါတယ်.။ သစ်ပင်စိုက်ရင်း ရာသီဥတုကိုသူတို့ဆီအပါခေါ်ထားလိုက်တော့သာယာတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့က ဆိုင်းဘုတ်မထောင်ဘဲ လက်တွေ့ချစ်ပြတတ်ကြတာကိုတော့ […]


1ကျောက်စရစ်ခဲတောင်                 “လွတ်လပ်ကျယ်ပြန့်သောနေရာဆီသို့………………”   မူဆယ်မြို့ကနေ မန်းလေးဘက်ကိုပြန်အထွက်လမ်းမကြီးကနေ တောင်ဘက်ကိုလာတဲ့အခါ လမ်းခွဲလေးတစ်ခုတွေ့ပါတယ်။ အနောက်ဘက်တည့်တည့်ဆက်သွားရင် မန်းလေးဘက်။ အရှေ့ဘက်ကိုသွားမယ်ဆိုရင် မြို့သစ်တည်မယ်ဆိုတဲ့နေရာ။ နောင်ဆိုရင်ကားကြီးတွေ ဒီဘက်က သွားရမယ်လို့သတင်းတွေထွက်လာတယ်ဆိုတော့ အဲဒီဘက်က ဆယ်ဂဏန်းမြေကွက်က ရာကြီးဂဏန်းတွေဖြစ်ကုန်ပါတယ်။ အဲဒီဘက်က တရုပ်နယ်စပ်နဲ့မြန်မာနယ်စပ်ပြန်ဆုံတဲ့နေရာလို့ပြောတော့ သွားကြည့်ချင်ပါတယ်။ ဒီလမ်းတွေကိုလဲ တရုတ်ဘက်ကတာဝန်ယူပြီးဖောက်ပေးတယ်ပြောပါတယ်။ လမ်းတွေက ညီညာပြီး အတော်လေးသပ်ရပ်။ တစ်ဘက်ကတောင် တစ်ဘက်က မြေပြန့်လွင်ပြင်။ လွင်ပြင်ဘက်ခြမ်းမှာတော့ ရသလောက်နေရာတွေမှာ စါပးပင်တွေစိုက်ထားတာကိုတွေ့ရ။ အဝေးမှာအထပ်ထပ်နဲ့တောင်ကြီးတွေ။ လှမ်းကြည့်ရင်  ကျောက်တောင်တခြမ်းပဲ့တွေအဖြစ်မြင်ရပါတယ်။ ဒီကျောက်တောင်တွေကနေအိမ်ဆောက် လမ်းခင်းဘို့ ကျောက်စရစ်ထုတ်တေ့ာ တောင်ကတုံးတွေဖြစ်သွား။ ဒီလမ်းရဲ့ထူးခြားချက်ကတော့ သူတို့ဖောက်တဲ့လမ်းကြောင်းမှာပိတ်နေတဲ့တောင်တွေကို ထက်ဝက်ပိုင်းပြီး လမ်းဖောက်လိုက်တာပါတဲ့။ အကွေ့အကောက်တွေများပေမယ့် လမ်းတွေကညီညာဖြောင့်ဖြူးပါတယ်။ နေအပူရှိန်ရှိပေမယ့် တောင်တန်းတွေကြားကလာတဲ့အေးမြတဲ့လေကြောင့်အပူဒဏ်တွေ လျော့ပါးတာကတော့အမှန်ပါဘဲ။ […]


    “လွမ်းရိပ်ဆင်….ညနေခင်း”   ညနေခင်းခြောက်နာရီကျော်ကျော်လောက်အလုပ်ကပြန်လာတဲ့တစ်ရက်။ မရွာဘဲ အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေကြောင့်ကောင်းကင်က မိူင်းရီ။ ဆိုင်ကယ်စီးလာရင်းကနေအနောက်ဘက်ကောင်းကင်ကိုကြည့်မိတော့ ဝင်လုဆဲနေမင်းက မြေကမ ္ဘာကိုလက်ဆောင်ပေးတဲ့ အလင်းစက်တွေကြောင့် တိမ်ညိုတွေတောင် အရောင်ပြောင်းလို့ စိုလက်တောက်ပလို့နေပါတယ်။ ဒါဆိုရင်တော့ တက်သေးအင်း ရေပြင်ရယ် မင်းဝံတောင်တန်းရယ် တိမ်ရယ်လှနေတော့မှာဘဲဆိုပြီး အဲဒီကန်စပ်ကို အပြေးအလွားသွားရပါတော့တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှု့မောလို့ ဆိုရအောင် ပုဇွန်ဆီရောင်တောက်ပ။ အပြာရောင်နုနုတွေကတော့ကန်ရေပြင်ပေါ်ကို ဆင်းသက်။ အိပ်တန်းပျံ ငှက်ကလေးတွေကလဲ ကောင်းကင်ပန်းချီကားကိုနောက်ခံထားလို့ ပျံသန်း။ ကြည့်မဝ ရူ့မဝ။ ကမ်းဘေးမှာတစ်ကိုယ်တော်လေလွင့်ခြင်းလုပ်နေတဲ့ အုန်းပင်လေးက လဲ လေအလာမှာယိမ်းနွဲ့လှူပ်ယှား။ တနေ့တာမောပန်းခဲ့ စိတ်ရှုပ်ခဲ့သမျှတော့ ပေါ့ပါးလို့လန်းဆန်းသွား။ ဒါပေမယ့် ကြည့်နေရင်းက လွမ်းတော့လွမ်းသလိုလို……………….. ဘယ်ကိုလွမ်းမှန်းမသိတာကတော့ အတော်ခက်တယ်ပြောရမယ်ထင်တာပါဘဲ။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရာများ။ (29-6-2012)   […]