“အင်ကြင်းကျောက်လို့ခေါ်ပါသတဲ့…………………..”   ဟိုအရင်လေးငါးနှစ်လောက်က မတွေ့တာကြာတဲ့မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ မာကြောင်းသာကြောင်းမေးကြရင်း သူက “အင်ကြင်းကျောက်”အရောင်းအဝယ်လုပ်နေတယ် လို့ပြောတေ့ာ ဒီအခေါ်အဝေါ်လေးကနားထဲမှာခပ်ဆန်းဆန်း။ ပြောလို့နားထောင်ထားလိုက်တယ် သူဘာဆိုလိုချင်မှန်းမသိ.။ 2010ပထမတစ်ခေါက်ရောက်တော့ ကျောက်မျက်တန်းတစ်လျောက်နဲ့သူတောင်ဘက်က အပြမှာ ဒီလိုအင်ကြင်းကျောက်ဆိုင်လေးတွေတွေ့ခဲ့ရပါတယ်။ အဲဒီကနေတောင်ဘက်ကိုဆက်သွားတော့ ခြံဝန်းထဲမှာ ယာယီတဲလေးတွေနဲ့ အင်ကြင်းကျောက်တွေကို အချောက်ိုင်နေကြတဲ့ မြန်မာလုပ်သားတွေကိုတွေ့ရပါတယ်။ အဲဒီတုန်းက ကင်မရာမရှိသေးတော့ကြည့်ရုံဘဲကြည့်ခဲ့ရပါတယ်.။ ဒီတစ်ခေါက်သွားတေ့ာအဲဒီနားမှာ ကားပြင်တဲ့နေရာဖြစ်နေပါတယ်။ ကျယ်ခေါင်ထဲမှာ အင်ကြင်းကျောက်ရောင်းတဲ့ဆိုင်လေးတွေ တွေ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ပါဘူး။ ရိုက်ဘို့အဆင်မပြောတာ လဲ ပါပါတယ်။ ရူ့ခင်းတွေဘာတွေသာ ရိုက်လို့ကောင်းတာ ဆိုင်တွေရိုက်ဘို့ဆိုတာက သူတို့မနှစ်သက်မှာစိုးလို့ပါ။ အဲဒါနဲ့တစ်ရက်မှာတော့ ခြင်္သေ့ရုပ်ကြီးကို ရိုက်ချင်တာနဲ့ ရွှေလီဘက်ကို အသွား အင်ကြင်းကျောက်တွေကို အချောကိုင်ပြီးရောင်းတဲ့ဆိုင်လေးတွေကို တွေ့ရပါတယ်။ ဒါနဲ့ဘဲ ဘာသာပြန်ုလို့လွဲစရာမရှိတဲ့ နိုင်ငံတကာ ဘာသာစကားသုံးလို့ဆိုင်ရှင်ကိုတောင်းပန်ပြီးရိုက်တော့ လှပသောအသွင်ရှိတဲ့ပုံတွေကိုရပါတယ်။ သူတို့တွေကဒီအင်ကြင်းကျောက်တွေကို အိမ်မှာအလှဆင်ဘို့အတွက်ဈေးကြီးပေးလို့ဝယ်ကြပါတယ်. ဒီကျောက်တွေဘယ်ကလာသလဲဆိုတာတော့…………….   […]


ခုတလော . ဓာတ်ပုံ မရိုက်ဖြစ်ဘူး .. ဒါပေမယ့် .. ကင်မရာတော့ တလွယ်လွယ် ပဲ လက်ကကို မချတာ သွားလေရာ တကားကားပဲ။ ကြည့်ရတာ နောက်လဲ ဓာတ်ပုံရိုက်ခွင့် တဖြည်းဖြည်း နည်းသွားနိုင်တော့ .. ပိုစ့်တစ် ပိုစ့် အတွက် ပုံစုတာ ၆ လ လောက် ကြာသွားမလားပဲ …။ ကဲ .. အခု ပိုစ့် က တော့ ပုံစု ရင်း ရိုက်ရင်း ၂ လ ကျော် လောက် ကြာသွားတယ် .. ဒီကြားထဲ စိတ်အခန့်မသင့် တဲ့ အခါ နဲ့ မို့ comment တွေမှာ ဒေါသသင့် သွားရင် တောင်းပန်ပါတယ်လို့ […]


            “ကျနော်တို့က အကြမ်း သူတို့ကအချော”     2010 မှာရွှေလီကို ပထမဆုံးအကြိမ်ရောက်တော့ ကျယ်ဂေါင်ဘက်ကနေလာတဲ့တံတားထိပ်နားလေးက မြေကွက်လပ်မှာ သစ်မြစ်ဆုံတွေ သစ်တုံးတွေအပုံလိုက်။ သူနဲ့မျက်နှာခြင်းဆိုင်မှာက ပန်းပုလုပ်တဲ့ အလုပ်ရုံ။ အခုတော့ ဟိုတယ်ကြီးဖြစ်နေပြီ။ (အဲဒီတုံးကလဲ ဓါတ်ပုံရိုက်တင်ခဲ့ပါသေးတယ်) http://myanmargazette.net/wp-admin/post.php?action=edit&post=107899 အခု2012 ရောက်ပြန်တော့ အဲဒီသစ်ပုံကြီးက မကုန်သေးပါဘူး။ အဲဒီတံတားကနေ မြောက်ဘက်လမ်းကျယ်ဘက်ကွေ့လိုက်တော့ ကျောက်မျက်ဈေးတန်း အရောက်ကြီးမားတဲ့သစ်သားခြင်္သေကြီးကိုတွေ့လိုက်ရပါတယ်. အားလုံးနှစ်ကောင်။ ဟိုမြောက်ဘက် အတော်ဝေးဝေးမှာတော့ထုလက်စ တစ်ကောင်။   နောက်ဆိုင်တစ်ခုရဲ့အဝင်ဝမှာ ဟိုတယ်အဝင်ဝမှာ ဆင်ရုပ်ကလေးတွေ။ သိတာပေါ့ သူတိုကို မန်းလေးမြိုတောင်ဘက်ကပ်ကျော်ကွေ့ကနေအရှေ့တက်ရင် ရွှေကွန်အုပ်ဘုရားကို မရောက်ခင်အိမ်ကြီးမှာ ဆင်ရုပ်တွေထုနေတာ ကိုး။   ကျနော်သွားလေရာမှာ သစ်ပင်နဲ့ထုထားတဲ့ပန်းပုရုပ်မြင်တိုင်း ငါတို့ဟာတွေလို့ အတ္တစိတ်နဲ့ တွေးမိပါတယ်။ […]


        “လက်ဖက်ရည်သောက်မယ်  ထမင်းစားမယ် (သူတို့ဆီမှာ)………….”     သင်္ကြန်ပြီးနောက်ပိုင်းမှာ ကျနော်ခရီးတွေဆက်တိုက်ထွက်နေရပါတယ်။ အဲဒီလိုခရီးထွက်ချိန်မှာကြုံရတဲ့အခက်အခဲကတော့ လက်ဖက်ရည်သောက်တာ ထမင်းစားတာပါဘဲ။ လက်ဖက်ရည်သောက်တဲ့အခါ ကိုယ်ကြိုက်တဲ့ပုံစံကိုဖျော်ပေးတဲ့ဆိုင်ရအောင် ဟိုဆိုင်ထိုင်ဒီဆိုင်ထိုင်နဲ့စမ်းသောက်ရတာပေါ့။ အခုခေတ်မှာတော့ ဘာဘဲပြောပြော မြို့ကြီးနဲ့နယ်မြို့ကွာခြားချက်သိပ်မရှိတော့ပါဘူး။ ကိုယ်က ရှာနိုင်ဘို့ဘဲလိုအပ်ပါတယ်။   တောင်ကြီးရောက်တော့ ကမ္ဘောဇဘဏ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ်။ ခရီးထွက်တယ်ဆိုရင် မြန်မာထမင်းဆိုင်မှာစားတာထက် တရုပ်ဆိုင်မှာစားဖြစ်တာများပါတယ်။ မြန်မာဟင်းက ထမင်းဟင်းတွဲလျက် ကိုယ်မှာတာကိုယ်စားရုံသက်သက်။ တရုပ်ဟင်းကတော့ ဟင်းလေးပွဲလောက်မှာ အတူတူစားဆိုတော့ အပြောင်းအလဲဖြစ်သလို ပူပူနွေးနွေးစားရတာ တပန်းသာပြန်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်ပန်းအရောက် ကိုယ်တည်းတဲ့ ရူခင်းသာနံဘေးမှာက တရုပ်ထမင်းဆိုင်တစ်ဆိုင် မြန်မာထမင်းဆိုင်တစ်ဆိုင်ရှိပါတယ်။ အဝေးမှာတော့ ဆိုင်တွေအများကြီးပေမယ့်တကူးတက သွားမစားဖြစ်။ ညပိုင်းရောက်ပြန်တော့ မိတ်ဆွေတွေထမင်းစားလာခေါ်လို့လိုက်သွားပြန်ရင်လည်းတရုပ်ဆိုင်။ နေ့လည်ထမင်းစားချိန်ရောက်ပြန်တော့ မြန်မာဆိုင်လေးမှာက ထိုင်စရာမရှိအောင်လူများ.။ တရုပ်ဆိုင်ကဟင်းချက်ကောင်းပေမယ့် ကြာတော့လဲရိုးသွားတာပါဘဲ။ တစ်ခါစားပြန်ရင်လဲ သုံးယောက်ကို […]


ムラカミJune 18, 20124min023
  ဘော်ဒါတွေနဲ့ ဟိုသွားဒီသွား ဆိုတော့လည်း .. ဟိုရိုက် သည်ရိုက်လေး ပေါ့ ..     မေပယ်ရွက်တွေ နီတဲ့ တနေ့ … ကျနော် ပြန်လာခဲ့ပါ့မယ် နာလ ရယ်…     အဝင်                                   ရိုက်တာ တော့ အစုံပဲ .. ခုထိ လည်း ဖြတ်လို့ မပီး …. ကန်းဖို့လည်း တဖြေးဖြေးနီး …. တကယ်ပါဗျာ … ဘီကနီ ကန်ပနီတခုခုက ပါမန့်နန့် ဒါ့ပုံဆြာ ခန့်မယ်ဆိုရင် လက်ရှိ […]


        “သူတို့ဘက်ကမ်းက မြစ်ဆိပ်နဲ့ပန်းခြံ….အပိုင်းနှစ်”   သူတို့ဖော်ထားတဲ့ချောင်းလေးမှာရေကတော့သိပ်မရှိပါဘူး။ ရေနည်းချိန်မို့လည်းဖြစ်နိုင်ပါတယ်။ ခြေသလုံးမြုတ်ရုံလောက်။ ရေကတော့ စိမ်းစိမ်း။ ထုံးစံအတိုင်းသူတို့မအကြိုက်တံတားက အခုံးလေးနဲ့။ ကျနော်လည်းဓါတ်ပုံတွေရိုက်ပြီးသူတို့နောက်လိုက်သွားတော့ ငယ်ကတည်းက ကြားဖူးတဲ့ရွှေလီ.။ ဒီနာမယ်လေးကို ကိုယ့်မြေ ကိုယ်ဒေသ ကိုယ့်အပိုင်လို့ထင်ခဲ့မိပေမယ်.အခုချိန်မှာတော့ သူတို့အပိုင်ဖြစ်နေတာသိခဲ့ရပါတယ်။ ကျနော်တို့ရဲ့ရွှေလီဟာ သူတို့လက်ထဲမှာတော့ (Ru Li)(ရုလီ)လို့အမည်တွင်ပြန်ပါတယ်။ ရေနည်းနည်းလေးဘဲစီးဆင်းနေတဲ့ရွှေလီမြစ်ရဲ့အလည်ခေါင်လောက်၊ ကျယ်ဂေါင်နဲ့ရွှေလီကိုပေါင်းကူးပေးတဲ့မြစ်ကူးတံတား့နဲ့မနီးမဝေးမှာ ရွှေလီဂေါက်ကွင်း တည်ထားပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေကို အဝေးက မြင်ရလို့ ဂေါက်ကွင်းဆိုတာကိုသိရပါတယ်.။   တံတားပေါ်မှာ သူတို့ဓါတ်ပုံတွေရိုက်နေကြတုံး ကျနော်က ဟိုဟိုဒီဒီလျှောက်သွား။ ကျနော်တို့ရောက်နေတာက မြစ်အနောက်ဘက်။ အရှေ့ဘက်ကမ်းမှာတော့ ကျယ်ဂေါင်ဘက်နဲ့မူဆယ်ဘက်။ မူဆယ်ဘက်မှာတော့ စေတီပုထိုးကို မူံပြပြ တွေ့ရ။ မြစ်ကမ်းက ကွန်ကရစ်လမ်းပေါ်မှာတော့ အအေးဆိုင်လေးတွေနဲ့ အပန်းဖြေလာသူတွေရဲ့ကားတွေ ဘက်ထရီဆိုင်ကယ်တွေကအစီအရီ။   သူတို့ကိုထားခဲ့ပြီး ကျနော်က […]


        သူတို့ပြည်ရွှေလီမြစ်ကမ်းနံဘေးက ပန်းခြံ———–အပိုင်းတစ်     ဟိုရောက်ပြီး နှစ်ရက်လောက်နေတော့ ဆေးရုံကုန်းတံတားနားက ပုံစားတဲ့ထမင်းဆိုင်ကိုသွားစားဖြစ်ပါတယ်။ ထမင်းဆိုင်က အပြန် လိုက်ပို့တဲ့သူကို ဒီနားမှာလည်စရာပါတ်စရာရှိလားဆိုတော့ ပန်းခြံဘက်သွားမယ်ဆိုရင် ပို့ပေးမယ်လို့ပြောပါတယ်။ အဲဒါနဲ့ထမင်းစားပြီးတဲ့အခါ လမ်းမကြီးအတိုင်းအရှေ့ဘက်ကို ထွက်ခဲ့ကြပါတယ်။ သူတို့ဘက်က လမ်းတွေက ကျယ်လွင့်ပါတယ်။ လမ်းအလယ်ကျွန်းမှာသစ်ပင်တွေစိုက်ထားတော့ ကြည့်ရတာ အမြင်အေးပါတယ်။ နေကတော့သူတို့ဆီလဲပူတာပါဘဲ။ ဒါပေမယ့်အရိပ်ရှိတော့အေးတယ်။   လမ်းမကြီးအတိုင်းအရှေ့တက်လာခဲ့ပါတယ်။ ရွှေလီတံတားမရောက်ခင်လမ်းဆုံအဝိုင်းပါတ်ရောက်တော့ မြောက်ဘက်ကို ပြန်ကွေ့လိုက်ပါတယ်။ မန်းလေးလို့ ငါးပြလောက်အရောက်လမ်းမကျယ်ကြီးရောက်တော့ အရှေ့ဘက်ကိုကွေ့လိုက်ပါတယ်။ ထူးဆန်းတာတစ်ခုပြောရရင် လမ်းအလည်ခေါင်မှာ မီးပွိုင့်အရှင်လေးတစ်ခုချထားတာကို တွေ့ရတာပါ။ ဓါတ်ပုံတော့မရိုက်ဖြစ်ခဲ့ပါဘူး။   လမ်းမကျယ်ကြီးကနေအရှေ့ဖက်ကိုကြည့်တော့ တောင်တန်းကြီးကိုမြင်ရတာလွမ်းသလိုလို။ ဟိုကြည့်ဒီငေးနဲ့ဘဲ ကားကလေးက လမ်းဆုံတစ်ခုအနားကိုရောက်လာပါတယ်။ စစခြင်းမြင်ရတာကတော့ စိမ်းမြတဲ့မြက်ခင်းနဲ့ အုပ်အုပ်ဖားဖားရှိလှတဲ့သစ်ပင်ကြီးရှေ့မှာ တရုပ်စာလုံးအနီကြီးတွေရေးထားတဲ့ကျောက်တုံးတစ်တုံးကထောင်ရက်သား။. သူတို့ပြည်ဘက်ခြမ်းမှာအများဆုံးတွေ့ရတာကတော့ကျောက်တုံးကြီးတွေကို သေသေချာချာ လှပအောင် […]


ဒီပုံလေးတွေကတော့ ရွှေလီ ကျောက်မျက်ရတနာရောင်းတဲ့နေရာမှာ တွေ့ခဲရတဲ့ဆိုင်းဘုတ်2ခုပါ။ လွတ်လပ်စွာသဘောကွဲလွဲခြင်းဆိုတဲ့ပိုစ်မှာ ဦးပါလေးရာကဒီလိုမန်းထားတာတွေ့ပါတယ်.   (တရုတ်တွေကတော့ သူများကို အမြင်ကတ်တယ်ဆိုတာ တော်တော်ရှားတယ်။ လုပ်စရာရှိတာလုပ်နေကြတာပါပဲ..။ အကြောင်းအကျိုးသဘောရ ဖြစ်ရမယ့်ဟာ ဖြစ်သွားတာပါပဲ) ဒါကြောင့်ကျနော်ရိုက်ခဲ့တဲ့ ပုံလေးတင်ပေးလိုက်ပါတယ်။ ဒီပုံတွေရှိတဲ့နေရာမှာ အနားယူစရာပန်းခြံလဲရှိပါတယ်။ ညဆို နီယွန် မီးချောင်းတွေနဲ့လင်းထိန်လှပအောင်ထွန်းထားပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-6-2012)


          “ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်”   ကျနော်ဒီတစ်ခေါက် ရှမ်းမြောက်ကို ခရီးသွားဖြစ်ပါတယ်။ ဇွန်လဆန်းမှာပေါ့။ ခရီးကတော့ တရုပ်ပြည်နယ်စပ်ကျယ်ဂေါင်ထဲကိုသွားမှာပါ။ အဲတော့ တံတားလေးတစ်ခု မြစ်ကလေးတစ်စင်းကိုကျော်လိုက်တာနဲ့ရောက်သွားနိုင်တဲ့ ရွှေလီဆိုတဲ့မြို့ထဲကိုရောက်သွားနိုင်ပါတယ်။ ကျနော်က သာမန်လူတန်းစားတွေရဲ့နေမူ့ထိုင်မူ့တွေကို စိတ်ဝင်စားပါတယ်။ အထူးသဖြင့်စားဝတ်နေရေးထဲက ဝမ်းတစ်ထွာအတွက်ရုန်းကန်ရတာကိုပေါ့။   ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ဘယ်လောက်တိုးတက်တိုးတက် တစ်နေ့လုပ်တစ်နေ့စား ဘဝနဲ့ရုန်းကန်နေရသူတွေကရှိစမြဲ။ ကျနော် သူတို့မြေထဲရောက်တဲ့အခါမှာ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရသူတွေကို သတိထားလို့မှတ်တမ်းတင်မိပါတယ်။ ကြယ်ဂေါင်မှာရွှေလီမှာ တရုပ်၊မြန်မာ၊ရှမ်း လူမျိုုးပေါင်းစုံရဲ့ ဝမ်းစာရှာဖွေရတာကိုသွားတွေ့ပါတယ်။ သူတို့တစ်တွေရဲ့ လှုပ်ယှားမူ့တွေကို လေးစားမူ့ စာနာမူ့တွေနဲ့မှတ်တမ်းတင်ဖြစ်ပါတယ်။ အခု တင်ထားတဲ့ပုံလေးတွေထဲမှာဆိုရင် ပုံ၁        ကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ဂိတ်မှာ ရိုးသားစွာပန်းရောင်းတဲ့ကလေးမလေး ပုံ၂        ကတော့ရွာစဉ်လှည့်လို့ ဟင်းချက်စရာအသီးအနှံလေးတွေကို ဆိုင်ကယ်နဲ့လိုက်ရောင်သူ ပုံ၃        မှာတော့ တရားဝင်တာ မဝင်တာ ကျနော်မသိပေမယ့် […]


                    “သူတို့ဆီအရောက်…………(ကျယ်ဂေါင်)သို့အဝင်”     ထမင်းစားပြီးကွတ်ခိုင်ကထွက်လာတဲ့အခါ ပိုသာယာလာသလိုပါဘဲ၊ တောင်တန်းတွေရဲ့ရင်ခွင်ထဲကို ဝင်ပြီးလမ်းကလေးတွေဖောက်ထားပါတယ်။ တောင်ပေါ်အရောက်အောက်ပြန်ငုံ့ကြည့်တော့ ဖဲကြိုးလေးကို ချထားသလို မြင်ရ။ မိုးတိမ်ခိုး  မှောင်မှောင်က တောင်ရဲ့အထက်မှာစီးမိုးလို့နေပါတယ်။ ညနေပိုင်းရောက်လေ မိုးတိမ်ညိုတွေက များလာပါတယ်။ အဆင့်ဆင့်အထပ်ထပ် တောင်ကုန်းတွေပေါ်မှာတော့ နေအလင်းရောက်ရနေတဲ့အပိုင်းက အစိမ်းလွင်လွင် တိမ်အုပ်ကြောင့်အရိပ်ကျနေတဲ့ အပိုင်းက အစိမ်းညို့ညို့။ တစ်နေရာအရောက်မှာတော့ စိမ်းမြတဲ့အလယ်က မြေနီလမ်းကလေး….. (ဒီအချိန်တွေဆို အမြဲတွေ့နေကျပါ…………….. မြေနီလမ်းကလေးကို မင်းသတိရပါ……………………………….)ဆိုတဲ့ ဘိုဖြူသီချင်းက ရင်ထဲကိုအပြေးအလွှား ရောက်လာပြန်ပါတယ်။ ဒီနေရာလေးရောက်တော့ လမ်းနံဘေးမှာ လယ်တဲလေးတွေ တွေ့ရတာစိတ်လာပါတယ်။ လူနေအိမ်ခြေနဲ့နီးတဲ့တစ်နေရာမှာတော့ ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ လုပ်ငန်းခွင်လေးကိုလှမ်းမြင်ရပါတယ်။ ဒီတစ်ခါတင်ထားကြတာကတော့ မီးသွေးအိတ်တွေပါ။ အတော်လေးသွားမိတော့ လမ်းမှာကားတွေတန်းစီရပ်နေပါတယ်။ […]


                “ကွတ်ခိုင်ကိုအရောက်…………..(သူတို့ဆီအသွား အပိုင်းလေး)ံ”   သိန်းနီနဲ့ကွတ်ခို်င်အကြားရောက်တဲ့အခါအင်မတန်မှလှပသောမြင်ကွင်းတွေကိုတွေ့ရပါတော့တယ်။ တောင်တန်းများက ပါတ်ပါတ်လည်ဝိုင်းရံထားတဲ့အလည်မှာတော့ မြေပြန့်လွင်ပြင်။ အိမ်ကလေးတွေက အစီအရီနဲ့ လှပသော “သိန်းနီမြို့” တောင်ပေါ်တက်တဲ့လမ်းကလေးက တောင်ခြေက တစ်ဆင့် ကွေ့လိုက်ကောက်လိုက် ဝိုက်လိုက်ဝန်းလိုက်နဲ့ တောင်ပေါ်ကိုတဖြည ်းဖြည်းတက်သွားပါတယ်။ တောင်ပေါ်ကိုမော့ကြည့်လိုက်ရင် အစိမ်းရောင်သစ်ပင်တွေအောက်မှာအဖြူရောင်ကျောက်ဆောင်ကြီး။ ကားလေးက တဖြည်းဖြည်းရုန်းရင်း အပေါ်ကိုအရောက် အောက်ကိုလှမ်းကြည့်တဲ့အခါ ကိုယ်တက်လာရာ လမ်းကလေး ကွေ့ကွေ့ဝိုက်ဝိုက်နဲ့လှမ်းမြင်ရပြန်ပါတယ်.။ အပေါ်မော့ကြည့်လို်က်ရင်တော့ တောင်တန်းတွေရဲ့အပေါ်မှာ  က စိမ်းလန်းသောသစ်ပင်များ ။ အစိမ်းရောင်အပေါ်မှာတော့ အဖြူရောင်တိမ်တောင်ထု။ တိမ်တောင်ထုနောက်မှာတော့ ပြာလွင်သောကောင်းကင် ကြည့်မဝသောမြင်ကွင်းများပါဘဲ။   ဒီနေရာလေးက လွိုင်ဆမ်ဆစ် လို့အမည်တွင်တဲ့ မြောက်ပိုင်းရှမ်းပြည်ရဲ့အလှဆုံးသောနေရာလဲဖြစ်ပါတယ်။ လွိုင်ဆမ်ဆစ် ဆိုတာကတော့ရှမ်းဘာသာစကားလို့သိရပါတယ်။ လွိုင်=တောင်။ဆမ်ဆစ်=သုံးဆယ်။ ဒါကြောင့်လွိုင်ဆမ်ဆစ်ဆိုတာ တောင်အလုံးသုံးဆယ်လို့ပြောပါတယ်။ […]


                    ဇာတ်လမ်းမရှိတဲ့ကွတ်ခိုင်……………….(သူတို့ဆီအသွား အပိုင်းသုံး)   ရှေးသီချင်းတွေထဲက နာမယ်ကြီးသီချင်းဖြစ်တဲ့ ယောဆရာကြီး ဆိုတဲ့သီချင်းလေးရှိပါတယ်။ မူရင်းမအေးမိ ကနေ တင်တင်မြ လက်ထဲရောက်တော့ မှ ကျနော်နားထောင်ဘူးတာပါ. အဲဒီသီချင်းရဲ့ ခြေဆင်းအပိုဒ်မှာ   “သိန်းနီ သီပေါ စာပြန်ပြောတဲ့ ကမ္ဘောဇနယ်……………..” ဆိုတဲ့စာသားလေးပါ ပါတယ်။ မရောက်ဘူးခင်ထင်မိတာက သိန်နီ သီပေါ အနီးလေးလို့ထင်ခဲ့မိပါတယ်။ တကယ်ရောက်တော့မှ အဝေးကြီးဆိုတာသိရပါတယ်။ အပေါ်စီးက သိန်းနီမြို့က တကယ်ဘဲလှပတဲ့မြို့လေးဖြစ်ပါတယ်။ ဒီခရိးကိုပထမတစ်ခေါက်ရောက်စဉ်က ကျောက်ဆောင်တွေအလ၊ှကို ငေးမောခဲ့ဘူးပါတယ်။ ကားဆရာကကျနော်ကိုပြောပြတာတော့ ဒီပုံတွေကို ပန်းရိုးမ ပြက္ခဒိန်ထုတ်တုန်းက ဒီကျောက်ဆောင်နားမှာလာရိုက်တာပါတဲ့။ အဲဒီအချိန်က ကင်မရာမရှိတော့ သူပြောတာကိုနားထောင်ရင်းငေးမော။ ဒီတစ်ခေါက်မှာတော့ အဲဒီနား မရောက်ခင်ကတည်းကကျောက်ဆောင်တွေရိုက်ဘို့စိတ်ကူးထားပြီးသားပါ။ ရောက်တဲ့အခါမှာ […]