(၁) မဆိုင်သူများ အသတ်ခံရသောကြောင့် မည်သို ့အရေးယူပေးမည်နည်း။ ငါးပါးသီလကို ကမ္ဘာငြိမ်းချမ်းရေး တရားလို့ ပြောနိုင်ပါတယ်။ သီလဆိုတာ စည်းကမ်းဖြစ်လို့ လူတိုင် ဘာသာတိုင်နဲ့ စောင့်ထိန်းရမယ် အရာလို့ ထင်ပါတယ်။ ငါပါးသီလေးအကြောင်းလေး ရေးသွားမယ်နော်.. (၁)ပါဏာတိ ပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ…ဆိုတာသူတစ်ပါးအသက် ကိုသတ်ခြင်း ရှောင်းကြဉ်ရတာ ဖြစ်လို့  အခုခေတ် သက်ဖြတ်နေကြတာဟာ  တကယ်ကို စိတ်မကောင်းစရာပါ။ (၂)အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ    ဆိုတာကသူတစ်ပါးပစ္စည်း ကိုခိုးယူခြင်းလို ပြောပေးမဲ့ သူတစ်ပါးရဲ့  ပစ္စည်းတွေကို စိတ်နဲ့ ကြံမိရင်တောင် အဒိန္နာဒါနာ ကံမြှောက်ပါတယ်။ လောကကြီးမှာ  ခိုးမူဆိုတာ မရှိရင်လည်း ငြိမ်းချမ်းပါတယ်။ (၃)ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ      ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်အောင် မှားယွင် ကျင့်သုံးနေကြသော လူလောက ကြီးမှာ […]


မနေနိုင်မထိုင်နိုင်   ဝင်ပြောမိ၍   ခုတလော ပက်ပက်စက်စက် ပြောခံရတာ ကျနော်ဝမ်းမနည်းပါ။သို ့သော် ထိုသူမှာအများအမြင်မှာ ရှက်စရာဖြစ်သွားသည်ကို မသိလေတော့။ကျနော်တို ့မြို ့သိက္ခာကား ကျပြီးရင်းကျခဲ့လေပြီ။စိတ်မကောင်းစရာပင်။ကျနော့် အား နည်းချက်ကြောင့်ဟု သာဖြေသိမ့်ရတော့သည်။ အမှန်က——-ကိုTun Tun(ခ)adu larရေ လူတွေနဲ ့ဆက်ဆံရာမှာ အခြေအနေကြည့်ပြီး လိုက်လျောညီထွေဆက်ဆံတတ်ဖို ့သာအရေးကြီးတာပါ။ ကိုယ့်အောက်ကျနေတဲ့လူကို ဆက်ဆံရာမှာ သူ ့နှလုံးသားမှာ ကိုယ့်မေတ္တာကျန်အောင်၊ကိုယ့်အထက်က လူဆိုရင်လဲ သူ ့နှလုံးသားထဲ ကိုယ့်ကရုဏာလေးကျန်ခဲ့ရင် ဒါဟာ အဆက်အဆံ အပေးအယူမျှတဲ့ သဘောပါ။ ခုတော့ ခင်များနဲ ့ကျနော်နဲ ့ဆက်ဆံရေး ပုံသဏ္ဍာန်က နည်းလမ်းမကျတော့ဘူး မဟုတ်လား။ဘယ်သူ စ ပြဿနာရှာတာလဲ။ခင်များ မမြင်နိုင်တော့လို ့ပိတ်ခံရတဲ့ပို ့စ်ထဲက စာကိုပြန်ကူးတင်ပေးလိုက်ပါတယ်။ ခင်များကိုယ်တိုင် ယောကျာ်းလို ့သတ်မှတ်တယ်ဆိုရင် အပြင်မှာ ရှင်းကြတာပေါ့ဗျာ။နေရာနဲ ့အချိန်သာ ပြောပါ။ကြောက်တတ်တဲ့သွေး ပါရင် ဖောက်ထုတ်ပစ်လိုက်ပါမယ်။အပြောထက် အဆဲကများများနဲ ့ “”မုဆိုးတပိုင်း မိန်းမရိုင်းကြီးလို “”နှုတ်ကြမ်း၊လျှာကြမ်းမို ့သံတွဲသားတွေ သိက္ခာကျသွားခဲ့ရပြီ။ခင်များမ နေ ့ညက ပေးသွားတဲ့ […]


DEPARKO DEPARKOMay 8, 20121min07
အမေကပြောခဲ့တယ် ငါ့သားများ … ပညာရှာ ပမာသူဖုန်းစား၊ ပညာများတတ်လို့ကတော့ နေပူစပ်ခါး ဝမ်းတစ်ခါးအတွက၊် ချွေးမစို ဘေးမသိုဘဲ လေပန်ကာအောက်ထိုင်၊ ကလောင်ကိုင်လို့ အရာရှိကြီး ဇြစ်လိမ့်မတဲ့။ သားသမီးတွေအပေါ်မေတ္တာထား၊ မျှော်လင့်ချက်အများကြီးနဲ့ အမေ မူလတန်းမကျော်ခဲ့တဲ့ အမေ သား ၄ ယောက် သမီး ၆ ယောက်ကိုပညာသင် ဘဝင်မှာပီတိတွေဖုံးလို့ အားလုံးပညာတွေတတ်လို့ ဘွဲ့တွေအများကြီးနဲ့၊ မြေးတွေအထိ အမေ့ရဲပီတိအကြည့်တွေနဲ့ မြစ်အထိမစောင့်နိုင် သံသရာ ခရီးတစ်ပါတ်ထွက်လို့ ဘယ်ဘုံဘဝရောက်နေမလဲ။ ဒါပေမဲ့ အမေ အမေ့သား လူမိုက်ကြီးကတော့၊ ပညာကလဲတစ်ဝက်တစ်ပျက် ကြင်ယာလည်းမဖက်နိုင်၊ တတ်တဲ့ပညာ အလကား နေရာတွေမှားပြီး တစ်လွဲဆံပင်ကောင်း ခန္ဓာကိုယ်ထောင်းထောင်းကြေအောင် လက်တွေကလည်းပွန်းပဲ့၊ နှလုံးသားသွေးညစ်တွေလွမ်းလို့ နိုင်ငံ့တာဝန်ကိုထမ်း၊ ဝန်ထမ်းကောင်း မဖြစ်ခဲ့ပါဘူးအမေ။ ဒါပေမဲ့လေ အမေ့သား အမေ့မှာစကားအတိုင်း၊ လူမိုက်မဖြစ်အောင်နေ လူပေမဖြစ်အောင်ကြိုးစား၊ […]


DEPARKO DEPARKOApril 26, 20121min011
နေရာတိုင်းမှာ တစ်လုံး နှစ်လုံး သုံးလုံး အကြောင်းပြောမဆုံးပေါင် တောသုံးထောင် ။ ဘဝပျက်တဲ့သူလည်းမနည်း အုတ်တံတိုင်းနောက်ရောက်တဲ့သူကတစ်ဖုံ ငွေကြေးအရှုပ်အရှင်းကို လူမိုက်နည်းနဲ့ဖြေရှင်းလို့ ဘဝတစ်ပါးပြောင်းရတဲ့သူတွေလဲမရှား တရားဥပဒေကို လက်တစ်လုံးခြားနဲ့ ဆက်ပြီး မြွေမကြောက် ကင်းမကြောက် အန္တရယ်လမ်းဆက်လျှောက်နေသူ လည်းမရှား ဒီအထဲကမှ အခြေခံလူတန်းစားတွေရဲ့ ဘဝကို တတိတိ ဖဲ့ချွေ အချိန်တွေကိုခိုးယူ အလုပ်လုပ်ချင်စိတ်ပျောက်အောင် စွဲလမ်းစေပြီး ဖွတ်တက်တာထက်ဆိုးတဲ့ ဖွတ်လုံးထိုးခြင်း အကြောင်းပါဘဲ။ ချမ်းသာတဲ့ လူတန်းစားတွေရဲ့ဘဝမှာ အချိန်ဖြုန်းဘို့နဲ့ ငွေပိုတွေကိုဖြုန်းဘို့ ကိုကိုဂေါက်တွေ ဂေါက်ရိုက်ကြတယ်။(ဂေါက်အိတ်ထမ်းခ၊ကယ်ရီခ၊ ကောင်မလေးငယ်ငယ် ချောချောတွေကို သနားတတ်လွန်းလို့ သနားကြေး၊ ဂေါက်ကွင်းအသင်းဝင်ကြေး၊ လောင်းကြေး၊ စားသောက်စရိတ်) အနည်းဆုံးဆင်ဖြူတော်အကောင် တစ်ရာကျော်လောက်ကိုသုံး နေကြသလို အခြေခံလူတန်းစားတော်တော်များများဟာလဲ ဖွတ်လုံးကိုထိုးရင်း လောင်းကစားလုပ် အချိန်ဖြုန်း အလုပ်တောင် စိတ်မဝင်စားတော့ဘဲ ညဉ့်နက်သန်းခေါင်အထိ တုတ်ထိုး နေလိုက်ကြတာ […]


DEPARKO DEPARKOApril 20, 20121min013
သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဟာ ကိုလိုနီနယ်ချဲ့လက်အောက်မှာတော့ ချုပ်ငြိမ်းခဲ့ရပြီး ကျွန်သဘောက်ဘဝနဲ့ လူမျိုးခြားကို ဘူရားထူး နင်းပြားဘဝနဲ့နေခဲ့ရတဲ့ မြန်မာလူမျိုးတွေဟာ မျိုးချစ်စိတ်ကို သခင်အခေါ်ခံပြီး မြှင့်တင်ခဲ့ရာက လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာ သခင်အရသာတွေ့ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဟာ ခေတ်အဆက်ဆက် အာဏာပိုင်လူတန်းစားတစ်ရပ်ပေါ်ထွန်းလာခဲ့ပါတယ်။ ကြီးမားတဲ့ရာထူးယူထားတဲ့သူတွေအတွက် ကိုယ်ရေးအရာရှိ၊ ရာထူးငယ်တဲ့အရာရှိတွေအတွက် best man လို့ခေါ်တဲ့ ကိုယ်လုပ်တော် လူတန်းစားတစ်ရပ်ဖြစ်ထွန်းလာခဲ့ပါတယ်။ အဓိကကတော့ တပ်မတော်(ရေ)မှာပါ ဗိုလ်ကြီးနဲ့အထက် အရာရှိတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာအသုံးပြုစေခိုင်းဘို့ ရဲဘော်ထဲက မိမိစကားနားထောင်မည့် စိတ်ချရတဲ့ စစ်သည်တွေကို သွားလေရာခေါ် အိမ်မှုကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာအသုံးပြု စည်းစိမ်ခံဘို့အသုံးပြုနေတာ ကျွန်တော်တို့ တပ်မတော်မှာ တော်တော်ကို အရုပ်ဆိုးအကြည့်တန်လွန်းလှပါတယ်။ အဲဒီရဲဘော်တွေဟာ အဝတ်လျှော် ဖိနပ်တိုက် အနှိပ်အနင်း အစားအသောက်စီစဉ်တာကအစ အောက်ခြေသိမ်းဆောင်ရွက်ရပါတယ်။နောက်ပြီး အခြားရဲဘော်တွေရဲ့ အပြစ် မဟုတ်တာလုပ်သမျှ အတွင်းလူအဖြစ် […]


DEPARKO DEPARKOApril 20, 20121min012
ရန်ကုန်မြို့ နေဝင်ရီတရော ညီအကိုမသိတသိ မှောင်ရီပျိုးစ အချိန်ရောက်လာပြီဆိုရင် အသက်ဝင်လှုပ်ရှားလာတဲ့ အရက်ဆိုင် ဘီယာဆိုင်တွေရဲ့ အနားမှာ သံဇကာတပ်ဆင်အလုံပိတ်ထားတဲ့ ကားငယ်အချို့ ရောက်လာပြီး နောက်ဘက် သံဇကာတံခါးဖွင့် နတ်သမီးလေးတွေလို လှတပတ ငယ်ငယ်နုနု အဝတ်အစားမလုံ့တစ်လုံ ပေါင်ရင်းအထိဖေါ်လှစ်ထားတဲ့ ဆယ့်လေးငါးနှစ်အရွယ်မိန်းကလေးတွေ ဆင်းလာပြီး လက်ထဲမှာတော့ ဆေးလိပ်ဘူး မီးချစ်လေးတွေကိုင်ရင်း ဘီယာဆိုင်ထဲ ရောင်းမစွံ ဆေးလိပ်ဘူးတွေ အစွံထုတ် ဘို့လား လူကိုအစွံထုတ်ဘို့လားဆိုတာကတော့ ကာယကံရှင်တွေဘဲသိကြမှာပါ။ ကျွန်တော်အဲဒီကားလေးတွေတွေ့တိုင်း ရောမခေတ်က ကျွန်တွေကို လိင်ကိစ္စအရောင်းအဝယ်လုပ်ဘို့ လေလံဈေးကွက်တင်တဲ့ လှောင်အိမ်တွေကိုပြေးမြင်မိတယ်။ မြင်ဘူးကြတဲ့သူတိုင်းသိကြမှာပါ ထောင်ကားပုံစံနဲ့ တစ်ပုံစံထဲ သံဇကာကိုသော့ခတ်ထားသေး ဒီကြားထဲ ကလေးမလေးတွေက အသက်မပြည့်သေးတဲ့ ဆပ်ကော့လပ်ကော့ အရွယ်တွေကို အရက်ဆိုင်ကြီးတွေ ဘီယာဆိုင်ကြီးတွေမှာ အမြီးအဖြစ်သုံးဆောင်နိုင်ဘို့ စီစဉ်ဆောင်ရွက်နေတဲ့ ဆေးလိပ်ဗန်းပြ (ဆေးလိပ်ကိုတစ်နိုင်ငံလုံးတိုက်ဖြတ်နေတဲ့အချိန်) အသွေးအသားရောင်းဝယ်ဘို့ ဈေးကစားနေတဲ့သူတွေကို အာဏာပိုင်အဖွဲ့အစည်းတွေ […]


DEPARKO DEPARKOApril 17, 20121min07
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငါသာလျှင်အတတ်ဆုံး ငါသာလျှင်အတော်ဆုံး ဆိုတဲ့သူတွေကြောင့် ငါလုပ်သမျှမှန်တယ် ဆိုပြီး ထင်ရာမြင်ရာဆိုင်းတတ်တဲ့သူတွေကြောင့် အမြင်မတော်တာတွေကြားရ သိရ တွေ့ရတာ နှစ်ပေါင်းရာချီခဲ့ပါပြီ ။ ရှင်ဘုရင်ခေတ်ကထဲက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ညစ်တီး ကပ်ဖဲ့မှုတွေဟာ သမိုင်းမှာလည်း အရုပ်ဆိုးအကျည်းတန်ခဲ့ရဘူးပါတယ်။ ကျွန်တော်ရေးပြခဲ့ဘူးတဲ့ ကားအဟောင်းအပ် အသစ်တစ်စီးတင်သွင်းခွင့်ပေးတဲ့ ရွှေဉာဏ်တော်စူးရောက်ပုံလို အခုလာပြန်ပြီ အမျိုးသမီးသီးသန့်ယာဉ်တဲ့၊ ၁၉၈ဝပြည့်လွန်ခေတ်တုံးက နံပါတ် ၉ ဘတ်စ်ကာတွေကို သံဇကာခြားပြီး အမျိုးသား အမျိုးသမီးခွဲခြားခဲ့ဘူးပါတယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ သီချင်းထဲမှာစပ်ဆိုခဲ့ရတဲ့အထိ လူအမြင်မသင့်တော် မြန်မာလူမျိုးတွေရဲ့သိက္ခာ ရစရာမရှိအောင် ဆိုးဝါးလှတဲ့ သရုပ်ဖေါ်ချက်ဖြစ်တဲ့ သံဇကာခြားကားတွေပျောက်သွားခဲ့ရလို့ ကျေးဇူးတင်ခဲ့ရပါတယ်။ အခု သမိုင်းတကျော့ပြန်လာ ပါပြီ ။ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ဖခင်အိုကြီးကို အဖေါ်ပြုပြီး ဘုရား ကျောင်းကန် ပင်စင်ထုတ် အစရှိတဲ့မသွားမဖြစ်သွားရမည့်ဆန့်ကျင်ဘက်လိင် မောင်နဲ့နှမ သားနဲ့အမိ တူမနဲ့ဦးလေး […]