ကျွန်တော်ဖတ်ခဲ့ရဘူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ စင်္ကာပူနိုင်ငံရေပိုင်နက်အတွင်း ဖြတ်သန်းသွားတဲ့ ကုန်တင် သင်္ဘောပေါ်က စွန့်ပြစ် ဆီမည်း ငါးဂါလံအတွက် အမေရိကန်နိုင်ငံကို သင်္ဘောဆိုက်ကပ်တဲ့အချိန် သင်္ဘောနဲ့ ကပ္ပိတိန် တရားအစွဲခံခဲ့ရလို့ လျှော်ကြေးပေးရတဲ့အကြောင်းပါ။ ပင်လယ်ပြင်အကျယ်ကြီးကို စောင့်ကြည့်နိုင်တဲ့နည်းပညာရယ် စည်းကမ်းရယ် သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် လက်တွေ့အလုပ်လုပ်တဲ့ သူတွေကိုအားကျမိလို့ပါ။ ရန်ကုန်မြစ်ဝအနီးမှာ မကြာခဏဆိုသလို ဆီမည်းကွက်ကြီးတွေ မြစ်ပြင်အပြည့် စီးမျောလာတာ ပင်လယ်ခရီးထွက်တဲ့သူတိုင်မကြာခဏဆိုသလိုတွေ့ကြရမှာပါ။ ပုဇွန်တောင်ချောင်း လှိုင်မြစ် တိုးမြစ်နဲ့ မြစ်လက်တက် ချောင်းမြောင်းတွေမှာ အမှိုက် စွန့်ပြစ်ပစ္စည်း မျိုးစုံ မြစ်ချောင်းအပြည့်နီးပါမျောပါလာတာ တံတားတွေပေါ်ကဖြတ်သန်းသွားနေတဲ့သူတွေ မမြင်ချင်အဆုံးပါ မြန်မာနိုင်ငံဟာ သံယံဇာတပစ္စည်းတွေပေါကြွယ်ပါလျှက် အသုံးမချနိုင် စည်းမရှိကမ်းမရှိ စွန့်ပစ်နေကြတဲ့သူတွေ ကြောင့် ရေနေသတ္တဝါတွေပျက်ဆီးရုံတွင်မက အဲဒီအဆိပ်အတောက်ပစ္စည်းတွေကြောင့် ဒါဏ်ရာရနေတဲ့ ငါး ပုဇွန်တွေကိုစားနေရတဲ့ ပြည်သူတွေဘယ်လောက်ဆိုးကျိုးပေးနိုင်သလဲဆိုတာ သုသေသန လုပ်ဘို့ကောင်းနေပါပြီ။ ဆီကွက်ကြီးတွေဟာ OEA […]
