black chawJune 23, 20142min035
ခိုးခိုးခစ်ခစ် (မြန်မာ့ရုပ်ရှင် ခံစားမှု) ပြီးခဲ့တဲ့ စနေညက ပါရမီစိန်ဂေဟာမှာရှိတဲ့ Top Royal ရုပ်ရှင်ရုံမှာ ခိုးခိုးခစ်ခစ် ဆိုတဲ့ မြန်မာရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဆရာမင်းလူ ဆိုတဲ့ နာမည် တစ်ခုတည်းနဲ့ ရုံထဲရောက်သွားခဲ့တယ်ဆိုတာ ဝန်ခံရမှာပါ။ ပါဝင်တဲ့ သရုပ်ဆောင်အင်အားလောက်နဲ့တော့ ကျွန်တော့်ကို ရုပ်ရှင်ရုံထဲရောက်သွားအောင် မစွဲဆောင်နိုင်ပါ။ ဒါရိုက်တာဥက္ကာဗို ဆိုတာကိုလည်း သိတ်မရင်းနှီးတော့ ဆရာမင်းလူ ရဲ့ ဝတ္တုဇာတ်ညွှန်းသာ မဟုတ်ခဲ့လျှင် ဒီဇာတ်ကားကို ကြည့်ဖြစ်လိမ့်မည် မထင်။ ကျွန်တော်တို့ ကြည့်တဲ့ ည ကိုးခွဲ ရှိုးမှာ ပရိသတ်က ရုံတစ်ဝက်လောက်သာရှိပါသည်။ ရုပ်ရှင်ဆိုပေမယ့် မင်းလူ ရဲ့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပြီးဖြစ်နေလို့ မင်းလူဝတ္တု ပြန်ဖတ်နေရသလို ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်လေးတစ်ခုအတွင်းက အဖြစ်အပျက်တွေကို […]


Mee WahJune 23, 20141min010
အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး) ================================= သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ – အသက် ၂ဝ (မနက်ခင်းဈေး) [လူစည်စအချိန်] =============================== ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။ – အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်] ================================== အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ […]


  ရွာသူ ရွာသားတို့ ခင်ဗျားးးး ဒီ လ အတွက် ကြားဖြတ်လေး တင်ဆက်ချင်တာကတော့ ခုတလော လူပြောသူပြော အရမ်းများနေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ အပြာဆန်ဆန် ဝတ္ထု တွေ အကြောင်း ပေါ့ဗျာ။ အဲဒီ ဆရာ ရေးတာ တစ်အုပ်မကတော့ဘူးဗျနော့။ ဟော့(ထ) ပုံ များတော့ စာကြမ်းပိုး တို့ တစ်ဖွဲ့လုံး အငြိမ်မနေရအောင် စုစည်းငြင်းခုန်ဖြစ်အောင် ကို စွမ်းပါပေတယ်ဗျာ။ အဲ။ သူ့ အယူအဆ ကိုယ့်အယူ အဆ တွေ မငြင်းခုန်ခင် စာအုပ်ရှာဖတ်ရ၊ သုံးသပ်ချက်တွေရှာဖတ်နဲ့ အတော် အလုပ်များလိုက်သေးဗျ။ ကဲ! ပထမဆုံး သုံးသတ်ချက်တွေ အရင်ပြောပြပါ့မယ်။ ပြီးမှ ကျနော်တို့ အယူအဆလေးတွေ ပြောကြတာပေါ့။ စာဖတ်သူတို့လည်း ပွင့်ပွင့်လင်းလင်း သူ့အမြင် […]


ကုိ ထြဋ္June 21, 20141min06
မိန်းမသားတွေပါ ။ ဒါပေမယ့် သူတို့စိတ်တွေဟာတက်ကြွနေလေရဲ့ ။ ရွာကို ရန်ကုန်ကနေ စေတနာ အနစ်နာ ရှေ့ထား တကူးတက လာရောက် ဟောပြောပွဲလေးတွေ ကို ၃ရက်တိတိ အရပ်သား ကျောင်းသား ကလေးတွေ အစရှိတဲ့ အရွယ်အသီးသီး ကို ဉာဏ်အလင်းဖောက် မြို့နေလူတွေနဲ့ တတန်းစား အညီ လောကကို မြင်နိူင်အောင် ပညာဖြန့်ဝေ ဆောင်ရွက်ပေးသွားတဲ့ ဆရာ ရန်ငြိမ်းသူ တစ်ယောက်ရဲ့ အပြန်လမ်း ခရီးမှာ ရွာကနေ ၈ မိုင်နီးပါး အလှမ်းကွာတဲ့ တပြင်း ( ကျောက်ထု – ပခုက္ကူ လမ်းပိုင်း ) ရွာအရောက် လူကို လှည်းတင် ဆိုင်ကယ်ကို လူထမ်း ဟောဒီလို ချောင်းတွေဖြတ်ကူးပီး ပြန်ပို့ရတယ်။ ထမ်းပို့သူတွေက တစ်ခြားလူမဟုတ်ဘူး။ […]


lu ta loneJune 21, 20141min04
ဟိုးတနေ့ကပေါ့.. ကိုဘရုတ်က ငါတို့ မန္တလေးဂဇက်မှာ စာပြန်ရေးရအောင်လို့ ပြောတယ်… အဲဒါနဲ့ ဟုတ်ပြီရေးမယ်ဆိုပြီး.. အကောင့်ထဲကို ပြန်ဝင်တာ ဘယ်လိုမှ ပြန်ဝင်လို့မရဘူး.. ကော်နက်ရှင်ကလဲ မကောင်းနဲ့ဆိုတော့.. အဲမှာ ကိုဘရုတ်က သူပြန်ရောက်လို့ အားရ ဝမ်းသာကြိုဆိုတယ်ဆိုတော့ ပိုဖီးတက်သွားတယ်… ကဲ..ကဲ… ငါလဲ လုပ်မဟဲ့ ဆိုပြီး.. ကြိုးစားတာ ကြိုးစားတာ.. ၂ ရက်လောက်ကြာတယ်.. ဒါနဲ့ ကဲ မထူးဇာတ်ခင်းမယ်.. အရင်ကနဲ့ အခုက မတူတော့ဘူး.. အတွေးအခေါ် အယူအဆ… လူပျို အိမ်ထောင် .. အကုန်ကွာသွားပီ.. အဲတော့ ကောင်းပါတယ်.. အကောင့်သစ်ပဲ လုပ်မဟဲ့ဆိုပီး.. ရေမြေ့သနင်းနဲ့ လုပ်လိုက်တာ… လူဟောင်းတွေရော လူသစ်တွေပါ အားပေးကြလို့ ကျေးဇူးပါ.. ဒီအကောင့်ကတော့ ပြန်ရသွားပေမဲ့.. တခါတရံ တိုက်ဆိုင်တဲ့ ပို့စ်တွေမှသာ […]


moonpoemJune 19, 20141min08
၂၀၁၄ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတွင် ထပ်တိုးအသင်းအဖြစ်မြန်မာ အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားကြောင်းအရေးပေါ် ထုတ်ပြန်ချက်များအရသိရပါတယ်။ သတင်းခေါင်းစဉ်ပါရှင်။ အကြောင်းမှာပေါ်တူဂီအသင်း သည် ဂျာမနီအသင်းကို 4ဂိုးဂိုးမရှိဖြင့် ရှူံးနိမ့်ပြီးနောက် မြန်မာအသင်းသာဆိုပါက ဂျာမနီကို နိုင်ချေရှိသည်ဆိုပြီး မြန်မာအာကစားအဖွဲ့ချုပ်မှ တွက်ဆမိပါတယ်။ ထို့အတွက် လက်ရွေးစင် ဘောလုံးသမားများအား နွားနို့တိုက်ကာ အားမွေးကစားခိုင်းရာမှ ယခုကဲ့သို့ စံချိန်မီသွားခြင်း ဖြစ်သည်ဟု သိရသည်။ ် အခြားသော လိုအပ်သည့် ပြင်ဆင်မှုများအနေဖြင့် ဘောလုံးကို ခေါင်းတိုက်ချိန် ချောမွေ့မှု ရှိစေရန် ရွှေအုန်းပင် အုန်းဆီမှ တာဝန်ယူထားပြီး ဘောလုံးဖမ်းရာတွင် ဂိုးမိစေရန် ဂိုးသမားအတွက်ဆင်ကော်ပါသောလက်အိတ်ကိုသိမ်ကြီးဈေးမှတာဝန်ယူထားပါတယ်ရှင်။ အဝတ်အစားဒီဇိုင်နာကတော့ အာကာထွန်းဘောင်းဘီမှ ဖြစ်ပြီး ဘောပွဲတွင် နိုင်စေရန်အတွက် ဗေဒင်ပညာရှင်များမှအစွမ်းထက် ်သောအင်းအိုင်လက်ဖွဲ့များဖြင့် ယတြာချေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ ကမ္ဘာဖလားမှာ ဗိုလ်စွဲခဲ့ရင် အသင်းသားအားလုံးအတွက် ဒုသမ္မတမှတစ်ယောက်လျှင် ်၂ထောင်နှုန်းချီးမြှင့်မှာ ဖြစ်ပြီး […]


  မန္တလေး ဂေဇက် ရွာကြီးကို မြို့အဆင့် သို့ မြှင့်တင်ခဲ့ပြီဆိုသော်လည်း ကျွန်တော်တို့ကတော့ ကျေးလက်ရနံ့လေးကိုသာ ပိုမိုမက်မောတွယ်တာနေဖြစ်ကြပါသည်။ ရွာဆိုသော အသုံးအနှုန်းကိုပဲ မြတ်မြတ်နိုးနိုး ဆက်လက်သုံးစွဲချင်ပါသည်။ ရွာထဲတွင် ရေးတင်လာကြသော ပို့စ်များထဲမှ ကောင်းနိုးရာရာပို့စ်လေးများကို ကျွန်တော်တို့က ရွေးထုတ်ကြပြီး အလွတ် သဘော ဝေဖန် ဆွေးနွေးမိကြပါသည်။ ပို့စ်က အရမ်းကြီး မကောင်းပေမယ့် ဝိုင်းပေးကြသော comment များက မိုးပျံနေတတ်တာကိုလည်း ဆွေးနွေးမိကြပါသည်။ ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြတာလေးတွေကို ရွာထဲတင်ပြကြ လျှင်ဖြင့် ကောင်းမည်ဟု စဉ်းစားမိ်ကြပါသည်။ သို့ဖြင့် ရွာသူ ရွာသား စုစုပေါင်း ငါးဦး၏ စာပေစကားဝိုင်းလေး ဖြစ်လာရပါသည်။ ပို့စ် ၏ နာမည်ကို ကျွန်တော်တို့ ရွာထဲမှာ ဟုပေးပြီး ကလောင်နာမည်ကို စာကြမ်းပိုး ဟုပေးဖြစ်ကြပါသည်။ […]


ကုိ ထြဋ္June 19, 20141min015
အားလုံး.. အားလုံး… မင်္ဂလာပါ… ကျွန်တော်က အရင် လူတလုံး နာမည်နဲ့ ပို့စ်တွေတင်ခဲ့တဲ့သူပါ… အခုတော့ ကျွန်တော် ဘယ်လိုမှ အကောင့်ကို ပြန်ဝင်လို့ မရတော့လို့… အကောင့်သစ်နဲ့ ပြန်လည်မွေးဖွားလာတာပါ… အခု ရေမြေသနင်း ကိုလဲ အားပေးကြပါလို့..                 ps… တူသလားလို့… ဟီး…                  


black chawJune 18, 20141min049
ခေတ်ကိုမီအောင်လိုက်ဖို့ လိုပါတယ် ကျောင်းဒကာ…။ ခေတ်ကို မမီရင်တောင် ခေတ်ရဲ့ပြေးလမ်းမှာ ဟိုးနောက်ဆုံးကို မရောက်ရှိစေနဲ့ပေါ့ဗျာ…။ ခေတ်နဲ့ ရင်ဘောင်တန်းပြီး ခေတ်ရှေ့က ပြေးနိုင်ရင်တော့ အကောင်းဆုံးပေါ့…။ ဟိုတလောလေးက ရွာထဲမှာ LT ကိစ္စအတော်လေး ခေတ်စားခဲ့တာ ခင်ဗျားမှတ်မိဦးမှာပေါ့…။ အဲဒီလို နားရှက်စရာကိစ္စတွေဆို ဘလက်ကြီးက ပြောရဆိုရမှာ ရှက်တတ်တာကြောင့် ဝင်မဆွေးနွေးဖြစ်ခဲ့ဘူးပေါ့…။ သိတယ်မဟုတ်လား…။ ဘလက်ကြီးတို့က ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတာလေ…ဟေးဟေး…။ LT ဆိုလို့ ကိုထူးဆန်းတို့ ကိုစံလှကြီးတို့ မဝင့်ပြုံးမြင့်တို့ကိုတောင် လှမ်းသတိရလိုက်မိသေး…။ ဟိုတလောက ရွာထဲ အဲဒီ အကြောင်း ဆွေးနွေးငြင်းခုန် ခဲ့ကြသေးတယ်လေ…။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မိန်းမမရသေးပဲ ကလေးလိုချင်တယ် ဆိုတဲ့ အောင်လ အကြောင်းလေး နားစွန်နားဖျားရပ်ကွက်မှာ ထည့်ပြောခဲ့သေးတာ မှတ်မိဦးမှာပေါ့…။ မသိလို့ ရေးခဲ့မိတာ တောင်းပန်ပါတယ် အောင်လရယ်…။ […]


ムラカミJune 16, 20141min038
လွမ်းတာတော့ နေ့တိုင်းပဲ… အဆင်မပြေတာတွေလည်း ရှိပါရဲ့… အရမ်း တည်ငြိမ် ပြည့်ဝတယ်လို့ ယူဆထားတဲ့ ကောင်မလေး.. ထူးထူးခြားခြား ကလေးတယောက်လို ဂျီကျ ဖူးတာ ၁နှစ်ပြည့်တယ်..   သည်ရက်တွေဆို ပြန်သတိရမိပါတယ် မာနမရှိတဲ့ အဲ့ ကောင်မလေးက … သူငယ်ချင်းဘဝတုန်းက ရေးခဲ့ပြောခဲ့တဲ့ စာတွေ အောက်မှာ ကောမန့် အသစ်ရေးတာကိုပေါ့… ဦးဂီ … အဲ့သည့်တုန်းကတည်းက ငါ နင့်ကို ကျိတ်ချစ်နေမိတယ် တဲ့ …     မနှစ်က သည်လိုအချိန် က တိုက်ကြီးများဖလား ကန်တယ်ဗျ … ထုံးစံအတိုင်း … ဘောသမားအကြောင်းတွေ ပုံတွေ စာတွေ တင်ပေါ့.. အီဂျစ်ကလာတဲ့ ကီလားလေးတယောက်ပုံ တင်လိုက်တော့… သူ့ဒေါသယမ်းပုံ မီးထစွဲပါတယ် ဦးဂီ […]


ဇီဇီJune 16, 201429min099
အမှန်တော့ ဒီ ပို့(စ) ကို ရေးချင်နေတာ ကြာပါပြီ။ မကောင်းမှုဆိုတာမျိုးဆိုသမျှကို သီဝရီနဲ့ကို လေ့လာချင်တာလည်း အကျင့်ဆိုးကြီးမို့ မသောက်သမားများ သည်းခံကြပါကုန်။ :s: မနှစ်က ကိုဘလက်မွေးနေ့အတွက် တင်မို့ဟာ မမှီဘူးလေ။ မမှီတဲ့ တူတူ မထူးဘူး ဆိုပြီး ဘီယာ ပို့(စ) တင်လိုက်တော့ အနော့ အကိုကြီး က ဘီယာမကြိုက်ပါဘူးတဲ့ဗျာ။ ဟောင်ကောင်က အကိုကြီး ကြောက် (အဲလေ) ကျောက်ကလည်း ကူညီမယ်ဆိုပြီး…………………….. ကြောက်လို့ ထင်ပါရဲ့။ ပြန်မလာ။ “မိန်းကလေးတွေအတွက် ရန်းပြီး သားတို့ အတွက် ရန်းပေးပါဦး” ဆိုတဲ့ ဘီယာပဲသောက်တဲ့ ကိုနိုကြီးကတော့ အဲဒီ ပို့(စ) လာကိုမလာတာ။ အဲတော့ ဘီယာကြိုက်သူ တဂျီး ပဲ အားပေးတယ်။ အဲ!! Hard […]


KyaemonJune 15, 20148min03
     ယူနန်ကသင်္ကြန်ပုံရိပ်တွေကိုဆက်လေ့လာရအောင် —– အခြားဝိုင်းတော်သားတွေလို ရှမ်းအိုးစည်တွေ နဲ့ဝိုင်းဖွဲ့ပြီး “က” ကြတာဆိုပေမဲ့ ဝတ်တာစားတာမတူပါ၊ ထမိန်က အနက်ရောင် ဆံပင်ကိုလဲဆံထုံး မ ထား၊ ပန်းတွေလဲဘေးက တွဲလောင်းချပြီး မ ပန်ဆင်ပါ၊ ဇာဖြူကရင် ဇာနက်ကရင်လို ဇာနက်ရောင်ရှမ်းတွေဖြစ်မှာ အိုးစည်သမားတို့ရဲ့ဝတ်စုံက ပြောင်လဲ့လဲ့ ဆိုတော့ ပိုးထည်နဲ့တူတယ်၊   —– ရေကစားတာ အကြမ်းအရမ်း တော့ မဟုတ်ပါ၊ လူငယ်တို့ ခင်မင်ရင်းနှီး သိကျွမ်း လာအောင် အခွင့်အလမ်း   —— မြန်မာ့ရိုးရာသင်္ကြန်မှာ ငါးတွေလွှတ်ပြီးကုသိုလ်ယူကြသလို ယူနန်သင်္ကြန်မှာလဲ ထို့အတူပါ၊   —- ——- ရေအရမ်းကြည်တဲ့ချောင်းဆီကို သွားပြီး ခေါင်းလျော် ဆံပင်ဆေး ကြရာဝယ် ရွာထဲကလူပျိုတွေကလိုက်လာ၊ ပြုံးစိပြုံးစိနဲ့     […]


ムラカミJune 15, 20141min08
      ကနေ့ ဒုတိယနေ့ ဖြစ်၏။ မက်ဟီကို ကင်မရွန်းပွဲတွင် ..ပိုပြောင်မြောက်သည့် မက်ဟီကို နိုင်သွားသည်။ ပြောစရာဖြစ်သည်က ဒေါ့စ်ဆန်းတို့စ်…။ တချိန်က တောက်မယ့်မီးခဲလေးဟဲ့ ဆိုပြီး ဘာကာ က ခေါ်ဥသည်။ နောက်ပိုင်း သိပ် စွံဟန်မထင် ဟု သတ်မှတ်ကာ စပါး ကိုရောင်းသည်။ အပြောင်းလဲများသည့် စပါးမှ သူလည်း လွင့်ထွက်သွားသည်။ သို့သော် ဒီပွဲတွင်တော့ …သူက မင်းသား။ ပထမပိုင်း ၂ဂိုး သွင်းသည်။ ဒိုင်က ခွင့်မပြုခဲ့ ။ ခွင့်ပြုခဲ့လျင် နေးမား နှင့် စံချိန်တူတော့မည်။ တပွဲကစား ၂ဂိုးသွင်း။ (ခွင့်သာပြုခဲ့လျင် ပိုအားတက်ပြီး ) ဒုတိယပိုင်း တတိယဂိုးပါသွင်းပြီး ၂၀၁၄ ကမာ္ဘ့ဖလား၏ ထိပ်ဆုံး ဟက်ထရစ်ရှင်ပင် […]