မြန်မာဝင်ပြိုင်မယ့် ကမ္ဘာ့ဖလား

moonpoemJune 19, 20141min08

၂၀၁၄ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတွင် ထပ်တိုးအသင်းအဖြစ်မြန်မာ
အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားကြောင်းအရေးပေါ်
ထုတ်ပြန်ချက်များအရသိရပါတယ်။
သတင်းခေါင်းစဉ်ပါရှင်။

အကြောင်းမှာပေါ်တူဂီအသင်း
သည် ဂျာမနီအသင်းကို 4ဂိုးဂိုးမရှိဖြင့် ရှူံးနိမ့်ပြီးနောက် မြန်မာအသင်းသာဆိုပါက ဂျာမနီကို နိုင်ချေရှိသည်ဆိုပြီး မြန်မာအာကစားအဖွဲ့ချုပ်မှ တွက်ဆမိပါတယ်။

ထို့အတွက် လက်ရွေးစင် ဘောလုံးသမားများအား နွားနို့တိုက်ကာ အားမွေးကစားခိုင်းရာမှ ယခုကဲ့သို့ စံချိန်မီသွားခြင်း ဖြစ်သည်ဟု သိရသည်။

အခြားသော လိုအပ်သည့် ပြင်ဆင်မှုများအနေဖြင့်
ဘောလုံးကို ခေါင်းတိုက်ချိန် ချောမွေ့မှု ရှိစေရန် ရွှေအုန်းပင် အုန်းဆီမှ တာဝန်ယူထားပြီး ဘောလုံးဖမ်းရာတွင် ဂိုးမိစေရန်
ဂိုးသမားအတွက်ဆင်ကော်ပါသောလက်အိတ်ကိုသိမ်ကြီးဈေးမှတာဝန်ယူထားပါတယ်ရှင်။

အဝတ်အစားဒီဇိုင်နာကတော့ အာကာထွန်းဘောင်းဘီမှ ဖြစ်ပြီး
ဘောပွဲတွင် နိုင်စေရန်အတွက်
ဗေဒင်ပညာရှင်များမှအစွမ်းထက်
်သောအင်းအိုင်လက်ဖွဲ့များဖြင့်
ယတြာချေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

ကမ္ဘာဖလားမှာ ဗိုလ်စွဲခဲ့ရင် အသင်းသားအားလုံးအတွက် ဒုသမ္မတမှတစ်ယောက်လျှင်
်၂ထောင်နှုန်းချီးမြှင့်မှာ ဖြစ်ပြီး ရှူံးခဲ့လျှင်တော့ ဦးအုန်းမြင့်မှ ရွှေလက်ဝါးဆု ချနိုင်ချေ
ရှိတာကြောင့် ဘောလုံး အသင်းသားအားလုံး ရင်မောရင်တုန် ပျော်ရွှင်လျက်ရှိကြပါတယ်။

နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့
ဘောလုံးပွဲကို လိုက်လံ အားပေးလိုသူများအတွက် သတင်းကောင်းဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင်များအတွက်အထူးအစီအစဉ်အနေဖြင့် ဘရာဇီးအထိအားရပါးရအားပေးနိုင်ရန်
မန်းလေးဂေါဝေါ်သဘောင်္ဆိပ်နဲ့ပန်းဆိုးတန်းဒလ
သင်္ဘောဆိပ်တို့မှသင်္ဘောများနေ့စဉ်ထွက်ခွာ
ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

ချွင်းချက်အနေနဲ့ကတော့
၂၀၁၄ ဇွန်မှာ သဘောင်္ထွက်မှာဖြစ်ပေမယ့် ၂၀၁၈ကမာ္ဘ့ဖလားပွဲကျင်းပချိန်မှ ရောက်မှာဖြစ်လို့ရိက္ခာအပြည့်အစုံ ယူသွားသင့်ပါကြောင်း စေတနာရှေ့ထား ပြောကြားရင်း
သတင်းအစီအစဉ်ကို ရပ်နားလိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

8 comments

  • ဇီဇီ

    June 19, 2014 at 6:57 pm

    အမ် မလေးလေးးးဖတ်ပြီး အတော် အားချိ အဲလေ အားရှိသွားတယ်။
    ညန်မာ ဘော ကဘာကို လွှမ်းနိုင်တော့မှာပေါ့နော်..
    :mrgreen:

    Reply

    • Wow

      June 20, 2014 at 9:16 am

      ကဘာ့ဖလား သွားကျိရအောင် မန်းလေးကို ပြန်လာတော့ချွိ ဂေါဝိန်ဆိပ်က ထွက်ကြမယ် :mrgreen:

      Reply

  • snow smile

    June 19, 2014 at 7:39 pm

    ညီ မ လေး ရေ
    စာ အုပ် ထုတ် ပါ လား
    တ ကယ် ့ ကို တွေး တတ် ရေး တတ် တယ်

    Reply

  • Paing Lay

    June 19, 2014 at 7:41 pm

    ဟားးးးးးးးး Titanic သင်္ဘောပေါ်တက်စီးရသလိုပေါ့ ပျော်ချာဂျီး :harr: :mrgreen:

    Reply

  • padonmar

    June 19, 2014 at 10:15 pm

    တွေးတတ်ပါပေ့

    Reply

  • Ma Ma

    June 20, 2014 at 8:01 am

    ကမာ္ဘ့ဖလားအနိုင်ရရှိပါက မြန်မာနိုင်ငံဧည့်လမ်းညွန်များအသင်းမှ ဘာသာစကားမျိုးစုံဖြင့် သတင်းထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။ 🙂

    Reply

  • alinsett (gazette)

    June 20, 2014 at 9:26 am

    အင်းအိုင်လက်ဖွဲ့အစွမ်းနဲ့ တို့မြန်မာနိုင်မည်ပေါ့
    နိုင်ရင် နှစ်ထောင်ရမည်ပေါ့
    မနိုင်လျှင် ပါးအချခံရမည်ပေါ့
    အဟိ

    ရေးတတ်လိုက်တာ မမ လကဗျာရယ်
    စောစောစီးစီး ဝင်ရယ်လိုက်ရလို့ စိတ်အမော ပြေသွားပါတယ်

    :mrgreen:

    Reply

Leave a Reply

Your email address will not be published.