လူတလုံး ပြန်လာပါပြီ.. ဒါပေမဲ့ ရေမြေ့သနင်းနဲ့ပဲ ရေးတော့မှာပါ…

lu ta loneJune 21, 20141min04

ဟိုးတနေ့ကပေါ့.. ကိုဘရုတ်က ငါတို့ မန္တလေးဂဇက်မှာ စာပြန်ရေးရအောင်လို့ ပြောတယ်… အဲဒါနဲ့ ဟုတ်ပြီရေးမယ်ဆိုပြီး.. အကောင့်ထဲကို ပြန်ဝင်တာ ဘယ်လိုမှ ပြန်ဝင်လို့မရဘူး.. ကော်နက်ရှင်ကလဲ မကောင်းနဲ့ဆိုတော့.. အဲမှာ ကိုဘရုတ်က သူပြန်ရောက်လို့ အားရ ဝမ်းသာကြိုဆိုတယ်ဆိုတော့ ပိုဖီးတက်သွားတယ်… ကဲ..ကဲ… ငါလဲ လုပ်မဟဲ့ ဆိုပြီး.. ကြိုးစားတာ ကြိုးစားတာ.. ၂ ရက်လောက်ကြာတယ်.. ဒါနဲ့ ကဲ မထူးဇာတ်ခင်းမယ်.. အရင်ကနဲ့ အခုက မတူတော့ဘူး.. အတွေးအခေါ် အယူအဆ… လူပျို အိမ်ထောင် .. အကုန်ကွာသွားပီ.. အဲတော့ ကောင်းပါတယ်.. အကောင့်သစ်ပဲ လုပ်မဟဲ့ဆိုပီး.. ရေမြေ့သနင်းနဲ့ လုပ်လိုက်တာ… လူဟောင်းတွေရော လူသစ်တွေပါ အားပေးကြလို့ ကျေးဇူးပါ.. ဒီအကောင့်ကတော့ ပြန်ရသွားပေမဲ့.. တခါတရံ တိုက်ဆိုင်တဲ့ ပို့စ်တွေမှသာ တင်ပါတော့မယ်.. ခင်ဗျား… အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့… 🙂 🙂 🙂 🙂

 

:P
😛

4 comments

  • alinsett (gazette)

    June 21, 2014 at 11:10 am

    ကောင်းပါလေ့

    ဒါနဲ့ ဟို ပုံထဲကလူကို ဒေါ်ဖွားမေက ဆားချဉ်သီတဲ့

    :mrgreen:

    Reply

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    June 21, 2014 at 11:12 am

    ဗုဒ္ဓေါ
    ကိုယ်တွေလို အသစ်အောက်မေ့ပီး အားပေးမယ်လုပ်နေတာဗျာ
    သူက အိုးဆားဗစ်ကြီးပါလား
    ကျုပ်တို့ကိုလည်းလမ်းညွှန်ပါဦးဗျာ

    Reply

  • lu ta lone

    June 21, 2014 at 11:37 am

    ှဆားချဉ်သီ ဆိုတာ ဘာလဲ ဗျ.. သိပ်နားမလည်လို့.. 🙂
    အခုလဲ အသစ်လို ဖြစ်နေပါပီ.. ကိုယ် မသိတဲ့ သူတွေမှ အပုံ အပင်ကို ဖြစ်နေတာ.. ဒါပေမဲ့ ပျော်စရာကောင်းပါတယ်.. လူစည်စည်ကားကားလေးဆိုတော့.. စရေးတုန်းက လူတောင် သိပ်မရှိဘူး… 🙂

    Reply

    • alinsett (gazette)

      June 21, 2014 at 1:02 pm

      :mrgreen:

      ဆားချဉ်သီ ဆိုတာ စားချင်သည်။
      ဦးကြောင်ကြီး ပြောတာတွေ ့လို့ အဲ့ဒီအတိုင်း
      စာလုံးပေါင်းထည့်လိုက်တာ

      ခင်မင်လို့ နောက်တာပါ

      :mrgreen:

      Reply

Leave a Reply

Your email address will not be published.