ထုံးစံအတိုင်း ဒီတစ်လလည်း တတ်နိုင်သလောက် ပြောလို့ဆိုလို့ ကောင်းမယ့် သတင်းလေးတွေ စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ…။ ရုပ်ရှင် သရုပ်ဆောင် အောင်ရဲလင်း ရဲ့ လက်ရှိဆံပင်ပုံစံက ကတုံးကေ ဖြစ်ပြီး လာမယ့် မေလပိုင်းလောက်မှာ နောက်ထပ် ပုံစံ တစ်မျိုး ထပ်ပြောင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်…။ တချို့ က ပုံစံ အမျိုးမျိုး ပြောင်း မှ ကြိုက်တယ် ဆိုလား…။ ဆံပင် ပုံစံ ကို ပြောတာနော်…၊ ဟိုလျှောက်တွေး ဒီလျှောက်တွေး တွေ တွေးကြပါနဲ့…ဟေး..ဟေး..။ ဆရာမ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာ ဝတ္ထုကို စကိုင်းနက် ရုပ်သံအတွက် ဒါရိုက်တာဝိုင်းက ဇာတ်လမ်းတွဲအဖြစ် ဖန်တီး သွားမယ်လို့ သိရပါတယ်…။ […]

