ဇီဇီMay 17, 20152min014
ဓာတ်ပုံရိုက် ရောဂါ ကူးပြီးကတည်းက နဂိုကလည်း ပန်းချစ်တတ်သူမို့ ကိုယ့် ပီစီထဲလည်း ဘာမှန်းမသိတဲ့ ပန်းပုံတွေ ပြည့်လို့။ :kwi: အဲဒါကို ဒီ တိုင်း ဓာတ်ပုံတင်မဲ့ တူတူတော့ အဲဒီ ပန်း မျိုးတွေ နာမည်တွေ ရှာပြီး အသိပေးတင်တာ ကြည့်တဲ့သူ၊ ပန်းချစ်သူတွေလည်း အကျိုးမယုတ်ဘူးလို့ ယူဆတယ်လေ။ သိပြီးသားသူနဲ့လည်း အသိဖလှယ်ပြီးသားဖြစ်တာပေါ့။ မြန်မာလိုရော အင်္ဂလိပ်လိုရော သိသလောက် နာမည်ပြောမှာပေါ့။ သိတဲ့သူတွေ ဝင်ပြောပေးကြပါအူးလို့။ ခုပထမဆုံး က Camomile ပန်းလေးတွေပါ။ ဒီမှာ က ခြုံ လိုမျိုး စိုက်ထားလို့ ဒေစီနဲ့ တူပေမဲ့ ဒေစီလို့ မထင်မိပဲ ကိုယ့်နိုင်ငံက တပင်ရွှေထီးပန်း နဲ့ တူတယ်လို့ပဲ ထင်မိတယ်။ ဟီးးး ကြည့်ပေးပါအူးး :k: […]


ဇီဇီMay 16, 20154min034
မျက်လှည့် နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင် ထဲက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်ပြီး ပွါးချင်တဲ့ ရုပ်ရှင် ၃ ကား ရှိတယ်ဗျ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   Edward Norton နဲ့ Jessica Biel ရဲ့ ကားပါ။ 1) The Illusionist (2006)   Rating 7.6 ရထားတဲ့ ကားမို့ အဆင့်မနိမ့်လှပါဘူးး… Edward Norton က ငယ်စဉ် အခါက လမ်းဘေး အဘိုးအို တစ်ယောက်ဆီက မျက်လှည့် သင်ခဲ့ပြီး… ဆယ်ကျော်သက် အရွယ်မှာ ဆွေမျိုးမြင့် မိန်းမပျို Jessica Biel  နဲ့ ချစ်ရာက ခိုးပြီး ထွက်ပြေးကြပေမဲ့ ပြန်မိသွားခဲ့တယ်။ အဲလို ပြန်မမိခင်မှာ သူ့ […]


Ma EiMay 15, 20152min015
ခြံထဲမှာ နှင်းဆီ နှစ်အိုးရှိတယ်… ရေလောင်းရုံနဲ့ နှင်းဆီပန်းရောင်လေးတွေနွေ မိုးဆောင်း ပွင့်နေလိုက်တာ… အရမ်းကိုလှလို့ အဖူး အပွင့် လေးတွေ တွေ့တိုင်းဓာတ်ပုံရိုက်ထားမိခဲ့တယ်… ပန်းကလေးတွေတွေ့ရင် ကြည်ကြည်နူးနူး ပီတိဖြစ်မိတာမို့ မျှဝေလိုက်ပါတယ်… ရွာသူား   အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…


ဇီဇီMay 14, 20152min048
https://www.facebook.com/tin.nyunt.338?fref=ts   နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt)   “ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ” ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က “မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်” ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။ ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား.. “မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။ “၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ” ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး “ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။ မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ […]


kotun winlattMay 13, 20151min0101
ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။ မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း […]


Ma MaMay 13, 20154min017
ပြီးခဲ့တဲ့ရက်ပိုင်းက ကလောရောက်တော့ အဲဒီကရာသီဥတုနဲ့ ပန်းတွေ အရောင်စုံ အမျိုးစုံ (မမြင်ဖူးတာတွေအများကြီး) တွေ့လို့ ရိုက်လာခဲ့တယ်။   အရင်ကဆို ပုံဆိုဒ်တွေကို ချုံ့ပြီးမှတင်ပေမယ့် ပန်းပုံလေးတွေဆိုတော့ လှတပတခံစားရအောင် မူရင်းအတိုင်းပဲ တင်လိုက်ပါတယ်။ 🙂   ခိုင်ဇာ ရဲ့ Fuchsia ပန်းကိုကြည့်ပြီး ………….   ပန်းက ၁၁ ကျပ်ပေးရတယ်လို့ မထင်လိုက်ပါနဲ့။ စိတ်ဓာတ်ကျနေတဲ့ပုံ ဇောက်ထိုးပွင့်နေလို့ ၁၁ကျပ် ကျတဲ့ပန်းလို့ ကို်ယ့်ဖာသာကိုယ်   နာမည်ပေးထားလိုက်တာ။ :k:       ဒါကတော့ ဂန္ဓမာပန်းလို့ ထင်တာပဲ။ သွေးသောက်ညီအမရဲ့ နည်းနဲ့ နာမည်ပေးရရင်တော့ ပန်းဝါ ပေ့ါ။  :chit:   နှင်းဆီနီနီ မလှဘူးလား။ ရန်ကုန်မှာမြင်ဖူးတဲ့ အပွင့်တွေထက် ၂ဆလောက်ကြီးတယ်။ 🙂 […]


ဇီဇီMay 12, 20155min030
အရောင်တွေထဲမှာ….. Fuchsia ဆိုတာ မရမ်းနီ ရောင် ကို ခေါ်တာပါ။ အဲ ဒီ နာမည်နဲ့ ပန်း ရှိတာကိုလည်း မသိပဲ မတော်တဆ သွားရိုက်ခဲ့မိတယ်။ ပြီးမှ လိုက်ရှာတော့ Fuchsia ပန်း ပါတဲ့။ အရောင်စပ်ပုံက အရမ်း လှတယ်လို့ ခံစားရတယ်။ တကယ် က ဒီ ပန်းကို ရှာဖွေတွေ့ရှိသူက ဂျာမန်လူမျိုး Leonhart Fuchs (1501–1566) ပါ။ နောက်တော့မှ ဒီ ပန်း ရဲ့ အရောင် မျိုး ကို Fuchsia Colour လို့ လိုက်ခေါ်တာပါတဲ့။ ဒီလိုမှန်းသိ အများကြီး ရိုက်လိုက်တယ်။ ခုတော့ ရလာတာ နည်းတာ။         […]


ကျွန်ုပ်သည် မသိနိုးနား မလိမ်မိုးမလိမ္မာ ငယ်စဉ်အခါက သိုင်းပညာကို လွန်စွာရူးသွပ်ခဲ့၏။ လွန်ခဲ့သော နှစ်အစိတ်ခန့်က တီဗွီတစ်လုံး ပိုင်ဆိုင်ရေးမှာ မလွယ်ကူလှပါ။ ကျွန်ုပ်သည် တီဗွီရှိသော အိမ်တကာကိုလှည့်၍ သိုင်းကားများကို မလွတ် တမ်းကြည့်လေ့ရှိသည်။ ဗွီဒီယိုရုံများတွင်လည်း သိုင်းကားများ မလွတ်စေရ။ ကြည့်စရာမရှိလျှင် အိမ်တွင် သိုင်းကျင့်ကာ နေ၏။ ဖခင်၏ ပုဆိုးများ၊ မိခင်၏ ပုဝါများ၊ စောင်များ စသည်တို့မှာ ကျွန်ုပ်၏ အဆောင်အယောင်များ ဖြစ်လေသည်။ ဝါး လုံးများ၊ သစ်ကိုင်းခြောက်များ၊ တုတ်များ၊ သံတိုမယ်နများသည် ကျွန်ုပ်၏လက်နက်များ ဖြစ်ကုန်၏။ တစ်နေ့သ၌ ကျွန်ုပ်သည် ဦးလေး၏ ခမောက်စုတ်တစ်လုံးကို ခေါင်းတွင်ဆောင်း၊ စောင်ပြဲတစ်ခုကို ကိုယ်တွင်ပတ်ကာ တုတ်တစ်ချောင်းဖြင့် သိုင်းရေးပြနေခိုက် ဖခင်သည် အနားသို့ရောက်လာလေ၏။ “သားရယ်..တုတ်တွေ ဘာတွေနဲ့ မွှေ့ရမ်း မဆော့ပါနဲ့၊ […]


ဇီဇီMay 11, 20154min049
မျှစ်ကြော် မျှစ်ကြော် အချစ်လေးနော်။ ဟိဟိ။ မဝင့် ကို သတိရလို့။ လူတွေမြန်း အစားသောင်းကျန်းချက် ဝါးလုံးတောင် အလွတ်မပေးဘူး ဆိုတာ ဒါမိုးပေါ့။ ဘာရှိရမတုန်းးး မျှစ် ပေါ့။ ချက်စားလိုက်တာများ အမျိုးမျိုးးး မိုးဦးစ ရာသီစာထဲမှာ အရမ်းကြိုက်တဲ့ ဟင်းမို့ စုထားမို့ပါ။ တိုင်းရင်းသားတွေ အကုန်လုံးလည်း မျှစ်ကို တစ်မျိုးမဟုတ် တစ်မျိုး ချက်စားကြတာချည်းပဲ။   ရွာမှာ ဘယ်သူတွေက မျှစ်ကို ဘယ်လိုချက်စားတုန်း ဆိုတာ ကြည့်ရအောင်။ ~~~~~~~~~~~~~~~~ ပထမဆုံး ရွာသူ မေဖလားဝါး ရဲ့ မွန် မျှစ်ပေါက်ဟင်း တဲ့။ (http://myanmargazette.net/149218) ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ […]


KyaemonMay 9, 20156min015
သင်္ကြန်ပြီးပြန်တော့ ဓာတ်ပုံတွေကိုလိုက်ရှာပြီးတင်ဆက် ဘို့အချိန်ရောက်ပြန်ပြီ၊ အရင်ဆုံးတင်လိုက်တဲ့ဓာတ်ပုံကဆန်းတယ်လန်းတယ်၊ ဟောစာတမ်းများအရ သင်္ကြန်ချိန်ခါ သာမယမှာ မြန်မာပြည် ကို နှစ်စဉ်ကြွမြန်းနေကျ ဦးမာဃ ကိုယ်တော်က ဒီတခါကျတော့ ယူနန်သို့ပြောင်လဲဆိုက်မြန်းခဲ့ပုံရတယ်၊ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာလို ခေတ်ပေါ်ပင် ရွှေ့ပြောင်အလုပ်သမားတို့ရဲ့ကျင့်ထုံးကို ကိုယ်တော်မြတ်က နှလုံးပိုက်ထွေးနှစ်ခြိုက်သွားပုံရတယ်၊ ဝါရဇိန်လက်နက်ကြီးပါကိုင်ဆောင်ကာ အဆောင်အယောင် အပျံဝတ်ဆင်ပြီး ချွေရံသင်းပင်း အလုံးအရင်း ခြံရံလျက် ရွှေထီးပါမကျန်ပါပေတယ်၊ အနားက တပည့်ကျော် ဝိရသူနတ်သား လားမသိ၊ (ဟိုဘုန်းကြီးတော့မဟုတ်ပါ) ထိုင်းလူမျိုးစု (ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ရာ ယူနန်ပြည်နယ် ဂျင်ဟောင် မြို့က ရှမ်းအမျိုးသမီး တွေက အ”က” နဲ့ကြိုပြီး ရှမ်းအမျိုးသားတွေကလဲ အိုးစည် ဗုံမောင်း နဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်၊ ကောင်းကင်က အဆင်းမှာလဲ တခမ်းတနားနဲ့ ရှိုး အပြည့်နဲ့ဆင်းသက် နိုင်အောင်၊ ဖြူနီဝါပြာ တိမ်ရောင်စုံအလှခြယ်ဘို့ရာ […]


ဇီဇီMay 8, 20151min016
မင်းသားကြီး အန်တိုနီယို Antonio Banderas ပါဝင်တဲ့ ကားပါ။ ၂၀၁၁ လောက်က ထွက်ခဲ့ပြီး အင်္ဂလိပ် စကား ပြောမဟုတ်တာမို့ မျက်စိမှောက်ပြီး မကြည့်ဖူးတဲ့ Movie..!!! မနှစ်က ကံဆိုးစွာနဲ့ လူမင်း နဲ့ ပိုင်ဖြိုးသု ပါတဲ့ ကား အညွှန်း မြင်လို့ ထူးဆန်းတယ် ဆိုပြီး အဲဒီ မြန်မာကားကို ကြည့်မိပါလေရော။ . နောင်တတွေ တပွေ့ကြီးနဲ့ ပိတ်လိုက်ရတယ်။ :b: နောက်တော့ ကိုဟိန်း ပေ့(ချ) ကနေ လူမင်းကား က ဒီ ကားကို ကော်ပီလုပ်ထားလို့ ပြောတော့မှ ဒီ အော်ရီဂျင်နယ် The Skin I Live In ရုပ်ရှင်ကို လိုက်ရှာကြည့်ရတာပါ။ ဟုတ်ကဲ့!! ၁၈ အထက် […]


တစ်နေ့သ၌ ကျွနိုပ်သည် အကြောင်းခြင်းရာ တစ်စုံတခု မသဲကွဲဘဲ စိတ်ဓာတ်ကျကာ ဝမ်းနည်းလျက် ဧည့်ခန်းအတွင်း ထိုင်နေစဉ်တွင် တက္ကသိုလ်တက်နေသော နှမတစ်ယောက်နှင့် ကိုးတန်းတက်နေသော ညီတို့မှာ ဘေးချင်းကပ် အခန်းတစ်ခုစီတွင် နေရာယူ၍ စာကျက်နေကြလေသည်။ ကျွနိုပ်မှာ စိတ်ဓာတ်ကျခြင်းနှင့် ဝမ်းနည်းရခြင်း၏ လက်သည်အကြောင်းအရာကို အသည်းအသန်စဉ်းစား လျက်ရှိစဉ်မှာပင် ၎င်းတို့မောင်နှမ နှစ်ယောက်၏ အပြိုင်အဆိုင် စာအံသံသည် တဖြည်းဖြည်း ဆူညံလာလေရာ မကြာမီ ရန်ပွဲဆင်တော့မည့် ရှေ့ပြေး အရိပ်လက္ခဏာဖြစ်ကြောင်း သတိပြုမိ၏။ ကျွနိုပ်သည် ရှေးယခင်က အငယ်များကို ရိုက်နှက်ညှဉ်းဆဲလေ့ရှိရာတွင် တုံ့နှေးဦးလေးသူ တစ်ယောက် မဟုတ် ရကား ဒင်းတို့နှစ်ယောက်သည် ကျွနိုပ်အား ကြောက်ရွံ့ကြသည်။ ယခုမူ အငယ်များအပေါ်တွင် ရိုက်နှက်ခြင်း သည် ကောင်းသောစေတနာထက် ဒေါသဖြင့် နှိပ်စက်လိုသော မိမိစိတ်အကြောင်း ကောင်းစွာမြင်မိ၍ နောင်တ […]


Travis ZawApril 30, 20151min011
https://www.facebook.com/AungGyeee/posts/355715534624531   သင် ကြက်ဆူပင် စိုက်လိုပါသလား? ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။ သင် အဓိကရုဏ်းများနှင့် ကျီးလန့်စာစား ရှင်သန်လိုပါသလား? နေမျိုးဝေ ဦးဆောင်သော ပါတီကို မဲပေးလိုက်ပါ။ (သို့မဟုတ်) ဦးဝီရသူ တရားပွဲများကို လွတ်လပ်စွာကျင်းပခွင့်ပေးထားသော ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် မည်သူ့ကို အဖေခေါ်ရမှန်းမသိပဲ ဖြစ်ချင်ပါသလား? ပီအာဖော်ဆောင်သော ဒေါ်ခင်ဝိုင်းကြည် တို့ အဖွဲ့ရှိနေသည့် ခမောက်သူခိုးပါတီအား မဲပေးလိုက်ပါ။ (သို့မဟုတ်) ဒေါ်ခင်ဝိုင်းကြည် တို့ နှင့် ထူးမခြားနားသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ ခြင်းတောင်းကိုကျောမှာပိုး ဆင်ကြယ်ဖိနပ်စီးပြီး သေနတ်အစုတ်ကိုင်ကာ လစာ တစ်သိန်းဝန်းကျင်ဖြင့် အသေခံစစ်တိုက်လိုပါသလား? တပ်မတော်သားများအား စစ်ရေးစွမ်းရည်ပြည့်ဝအောင် လွှတ်တော်အတွင်း ၂၅% ထည့်ကာ လေ့ကျင့်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် ကျပ်နှစ်ထောင်ဖြင့် နေ့စဉ်ဘဝ […]