ခိုးလိုးခုလု (https://www.facebook.com/tin.nyunt.338/posts/796382620446220) ကျွန်တော်က သူ့ကို “ကိုဝေ” လို့ခေါ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကောင်းဘူး။ သူ့ရုပ်သွင်က အရင်နဲ့ မတူဘူး။ အရမ်းကို ချုံးကျနေတယ်။ ယခင်ကဆိုရင် အသားအရေကလည်း ဖြူဖြူဝင်းဝင်း၊ မျက်နှာက လည်း ဖောင်းဖောင်း၊ တကယ့်ကို ကြည်ညိုစရာကောင်းတယ်။ ကြည်ညိုရပေမပေါ့ တစ်ချိန်ကဆိုရင် သူက ဒီရွာမှာ ကျောင်းထိုင်ဆရာတော်ကိုး။ ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃဝေယျဝစ္စလုပ်ကိုင်ဖို့နဲ့ စာသင်ပေးဖို့ဆိုပြီးတော့ ပညာရေးဌာနကနေ ဘုန်းတော်ကြီးကျောင်းသင် မူလတန်းလေးတွေဖွင့်ပေးဖို့ အကူအညီပေးပါဆိုတဲ့ ညွှန်ကြားချက်ရောက်လာ တယ်။ ကျွန်တော်လည်း ရွာလယ်ကျောင်းဆရာတော်ဆီသွားပြီး မူလတန်းလေးတွေဖွင့်ပါ။ ကျွန်တော့်ကျောင်း ကြီးနဲ့တွဲဘက်ထားရမယ်။ ဆရာတော့်ကျောင်းက ကျောင်းသားလေးတွေလည်း စာလည်းတတ်၊ ဆရာတော် အတွက်လည်း အဖော်ရတာပေါ့ဆိုတော့ ဆရာတော်က ကောင်းသားပဲ ဒကာကြီးပဲ ကြည့်စီစဉ်ပေးပါဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်း မူလတန်းဖွင့်ရေး ရွာနဲ့ဆွေးနွေးပြီး ဖြစ်အောင်လုပ်ကြရတယ်။ […]
