ရွာသှုားများ ခင်ဗျား .. အူးပေ ရဲ့ ကောင်းမြတ်သော အတုခိုးလို့ မင်္ဂလာပါ လို့ နှုတ်ဆက်ပါရစေ ။ ကျွန်တော်တို့ သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင်သွားရောက်ပေးရန် အချိန်နီးကပ်လာသည့် အတွက် ဒီနေ့ ရခိုင်သဟာယ အသင်းမှာ သွားရောက် စီစဉ်ခဲ့ပါသည် ။ မူလပထမ ရာထားသော အချိန် နံနက် တွင် ရခိုင်သဟာယ အသင်းမှ ဆယ်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများ အား ငွေကြေး ထောက်ပံ့ပေးပွဲ ရှိနေသည့် အတွက် မူလစိတ်ကူးထားသော အချိန်တွင် လက်ခံမည့် အသင်းလူကြီးများ မရှိသည့် အတွက် နေ့လည်မှ သာ ပေးအပ်ရန် စီစဉ်ခဲ့ ရပါသည် ။ ရွာသူသားများ ခင်ဗျား .. ကျွန်တော်တို့ ယနေ့ […]


ခင္ခJuly 3, 20121min015
ရုံးဌာနတစ်ခုမှ မန်နေဂျာက စာအုပ်ဘီဒိုထဲက လုပ်ငန်းဖိုင်တစ်ခုကို မနေ့ကမှအလုပ်ဝင်လာတဲ့ ဝန်ထမ်းအသစ်ကိုယူခိုင်းတာ့၊ အဲဒီဝန်ထမ်းယူလာတဲ့ဖိုင်က ဖိုင်အမည်တူပေမဲ့ ပြီးခဲ့တဲ့လရဲ့ဖိုင် ဖြစ်နေလို့ လက်ရှိလရဲ့ဖိုင်ကို မယူလာရကောင်းလားဆိုပြီး ရစရာမရှိအောင် ဆူပူကြိမ်းမောင်းပြုခဲ့လို့ အဲဒီဝန်ထမ်းအသစ်မိန်ခလေးက ရှက်လည်းရှက်၊သူလက်တွဲလုပ်ရမဲ့ မန်နေဂျာနဲ့အဆင်ပြေပါ့မလားတွေးပြီး နောက်နေ့အလုပ်မလာတော့တာတွေ့ဖူးပါတယ်။ (တကယ်ဆို ဖိုင်ထားသိုပုံတွေ၊ ဘယ်လိုစာရွက်စာတမ်းသိမ်းပုံတွေ နားလည်အောင်အရင် သင်ပေးပြောပေးခြင်းဖြင့် ဝန်ထမ်းသစ်ကိုလက်တွဲခေါ်သင့်တာပါ။တစ်ချို့က ဝန်ထမ်းသစ်ဆိုပညာပြချင်ကြတာ ပါဝါပြချင်ကြတာလဲ လောကကြီးမှာရှိတာကိုး) ကျောင်းတွေစဖွင့်လို့ တစ်ပတ်လောက်ဘဲစာသင်ရသေးတယ် သူငယ်တန်းကျောင်းသား ကလေး တစ်ယောက်ကို  က ခ ဂ ဃ င ဆိုခိုင်းတာ ဆိုတဲ့ကလေးတစ်ယောက်က ဂ ကိုမေ့နေပြီး က ခ ဃ င ဘဲ အထပ်ထပ်ဆိုနေလို့ မေ့ရမလားဆိုပြီး ကြိမ်းလုံးနဲ့ အဲဒီကျောင်းသားကလေးကို ရိုက်ပြီးဆုံးမတော့ နောက်နေ့ကျောင်းသွားဖို့အမေက အိပ်ယာကနိုးတာကို ကလေးက ကျောင်းမတက်ချင်ဖူးလို့ […]


Wai PhyoeJuly 3, 20123min018
ခုမှရောက်တာမို့လို့ပုံနည်းသွားတာနားလည်ပေးစေလိုပါတယ် မှတ်ချက်။ ၊အောက်ဆုံးပုံမှာ apartment web မှာ ကြိုက်လွန်းသဖြင့် ရေကူးကန်ပုံကို ကူးယူပြခြင်းဖြစ်သည်


manawphyulayJuly 3, 20121min05
ဟောပြောချက်လေးကို ပြန်လည် တင်ပြလိုက်ပါတယ်။ မှတ်မိသလောက်ပေါ့ရှင်။ ဗဟုသုတတိုးပွားကြပါစေ Labor Market – 2015 ခုနှစ်တွင် အာဆီယံဒေသတွင်း လုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်နိုင်မည်။ – ထို့ကြောင့် လုပ်သားဈေးကွက် (Labor Market) အသက်ဝင်လာမည်။ – ပညာတတ် company ဝန်ထမ်းများ စုပြုံဝင်လာမည်။ ထို့ကြောင့် ပြည်တွင်းမှာ ရသည့် ဘွဲ့က နိုင်ငံတကာ အဆင့်မီဖို့လိုမည်။ နိုင်ငံတကာ အဆင့်မီသည့် ဘွဲ့၊ ဒီပလိုမာ၊ certificate ကို ရအောင်ယူထားဖို့ လိုပါမည်။ ဘွဲ့နှင့်ထိုက်တန်သော၊ တကယ့်အရည်အသွေးရှိရန် လိုပါမည်။ နိုင်ငံခြားပညာတော်သင် များများနဲ့ scholarship များများလွှတ်ဖို့ လိုပါမည်။ ပြိုင်ရင် ဘာဖြစ်မလဲ စီးပွားရေးလုပ်ငန်းအောင်မြင်ရန် လိုအပ်ချက်မှာ (က) ငွေ (ခ) ကံ […]


black chawJuly 3, 20121min044
မခင်အုပ် စိတ်ပူစပြုသည်။ သူမယောက်ျား ရွှေတိုက်ကို သူကြီးခေါ်ခိုင်းသည်ဟု ဆိုကာ သူကြီးတပည့်ချာတူး လာခေါ်သွားသည်မှာ နေ့လယ်ခင်း ကတည်းက ဖြစ်သည်။ အခု ညနေ ၅ နာရီထိုးခန့် ရှိနေပြီဖြစ်သည့်တိုင် ရွှေတိုက် တစ်ယောက်ပေါ်မလာသေး။ ဘယ်လို ပြသနာအရေးများ ဖြစ်နေကြသလဲ တွေးပြီး မခင်အုပ် စိတ်ပူနေပါပြီ။ ထိုစဉ် အိမ်ရှေ့ဆီမှ ရွှေတိုက် သူငယ်ချင်း ဗိုက်ဗိုက်စိန် အသံကိုကြားလိုက်ရသည်။ “ရွှေတိုက်ရေ၊ သွားကြစို့ဟေ့၊ နောက်ကျနေပြီ” ဒီလို ညနေချိန်ဆို ရွှေတိုက်နှင့် ဗိုက်ဗိုက်စိန်တို့ သူငယ်ချင်းတစ်သိုက် ရွာလယ်ရှိ ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင် လေးမှာ တစ်ခွက်တစ်ဖလား သောက်နေကြ။ ရွာထဲမှ အပျိုများအကြောင်းအရက်ကလေးတမြမြ နှင့် ဆွေးနွေးငြင်းခုန်နေကြ။ ဆိုင်ပိုင်ရှင် တရုတ်ကြီး ချောင်ယွန်မတ်မှာလည်း ဂေါ်မစွံလူပျိုကြီးဆိုတော့ ရွှေတိုက်တို့ ပြောသမျှ […]


manawphyulayJuly 2, 20121min06
လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ် (Ethics & Entrepreneurial Idea For Youth) ယခုပြောပြမယ့်အကြောင်းအရာကတော့ စွန့်ဦးတီထွင် ဦးရဲမြင့်ရဲ့ လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောတဲ့ ဟောပြောချက်တွေပဲ ဖြစ်ပါတယ်။ ဘာစပြောလဲဆိုတော့ ဒီနေ့ ဟောပြောပွဲကတော့ ထူးခြားတဲ့ ဟောပြောပွဲတစ်ခုလည်း ဖြစ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ထားဝယ်သားနှစ်ယောက် အတူတူ ဟောပြောရလို့ဖြစ်ပါတယ်တဲ့။ ဒေါက်တာအောင်ထွန်းသက်လည်း ထားဝယ်သားဖြစ်သလို သူကလည်း ထားဝယ်သားဖြစ်နေလို့ပါပဲတဲ့။ အရင်ဆုံး ဟောပြောရခြင်းရဲ့ ရည်ရွယ်ချက်ကို ဖော်ပြပါမယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်ကို သဘောတရားပိုင်းရော လက်တွေ့ပိုင်းပါ `သိ – ရှိ – နားလည်- လက်ခံ- လိုက်နာ – ကျင့်သုံး` နိုင်ကြစေရန် ဖြစ်ပါတယ်တဲ့။ ပထမဆုံး ကိုယ်ကျင့်တရားဆိုတာ […]


manawphyulayJuly 2, 20123min015
ဟောပြောပွဲသွားရောက်နားထောင်ပြီး မနော ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။ Myanmar Tourism Federation ၏ ကွပ်ကဲမှုဖြင့် Myanmar Hospitality Professional Assocation (MHPA) တွင် ပြုလုပ်သော ပြောင်းလဲမှုကို ရင်ဆိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်ဖြင့် ဒေါက်တာ အောင်ထွန်းသက်က ဟောပြောသွားခဲ့ပါတယ်။ ဟောပြောသွားတာတွေကတော့ နေ့တိုင်း ပြောင်းနေပါတယ်တဲ့။ ပြောင်းလဲမှုက မြန်ဆန်တယ်။ ပြောင်းနေတာကို မပြောပဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို အရင်သုံးသပ်ကြည့်ရအောင်။ အများအားဖြင့် လူငယ်တွေအတွက် အဓိကပြောမှာပေါ့လေ။ ပထမဆုံး အနာဂတ်အတွက်ကို စဉ်းစား၊ နောင် ၄ နှစ်၊ ၅ နှစ်၊ ၁ဝ နှစ်အတွင်း ဘာဖြစ်ချင်လဲ၊ ဘာတွေပြင်ဆင်ရမလဲဆိုတာသာ အစီအစဉ်ချသင့်တယ်။ change ကို လိုက်နိုင်ဖို့ ကြိုးစားကြရမယ်။ အကောင်းကို မမြင်တတ်တဲ့သူတွေ အခွင့်အရေးရှိလာရင်တောင် အခက်အခဲဖြစ်စေတယ်။ […]


ကထူးဆန်းတစ်ယောက် တစ်တောင်ကို ကုလားထိုင် လက်တန်းပေါ်ထောက် မေးကိုလက်ဖဝါးပေါ်တင် မျက်စီပိတ်၍ စဥ်းစားခန်းထုတ်သည် ။ မျက်မှန် အသာမ၍မျက်စိမှိတ်၊ နှာရိုးထိပ် အား နှိပ်နှယ်ရင်းလည်း စဉ်းစားသည် ။ ထိုသို့လုပ်ကာလုပ်ကာ စဉ်းစာ နေသည်မှာ ခြောက် ရက်ခန့်ရှိပြီ။ လုပ်သင့် ။ မလုပ်သင့် ။ ပြောသင့် ။ မပြောသင့် ။ ပြောလိုက်လို့စိတ်ဝမ်းတွေ ကွဲကုန်လျှင်လည်း ဒုက္ခ ။ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည် ။ မပြော မပြီး မတီး မမည် ။ ပြောလိုက်မည် ။ ပြောလိုက်မည် ။ နောက်ဆုံး အတီးခံရလည်း ဦးပေ တစ်ယောက်လုံးပြောထားတာ ရှိသည် ။ ဒါနဲ့ လျှောချရမှာဘဲ ဟု စဥ်းစားလိုက်မှ ဆုံးဖြတ်ချက်ခိုင်မာသွားသည် […]


မောင် ပေJuly 1, 20121min028
မင်္ဂလာပါ ခင်ဗျား…။ သည်ကနေ ့1.7.2012 တနင်္ဂနွေည (သို ့မဟုတ်) တနင်္လာနံနက်မှာ ကန်ကြမယ့် ၊ ဘောလုံးဝါသနာရှင်များ စောင့်မျှော်နေခဲ့ကြတဲ့ ယူရို၂၀၁၂ ဗိုလ်လုပွဲကြီးဟာ သိပ်မကြာခင်မှာ ကြည့်မြင်ကြရတော့မှာပါ ။ ဘောလုံးပရိသတ်များရဲ ့အချစ်တော်နှစ်သင်းဖြစ်တဲ့… ““စပိန်”” နဲ ့““အီတလီ”” အသင်းတို ့တွေ ့ဆုံကြမှာဖြစ်ပါတယ်။ သည်နှစ်သင်းဟာ အုပ်စု စီ မှာ စပိန် အသင်းဟာ ၂ပွဲ နိုင် ၁ပွဲ သရေ ဝ ရှုံး ရဂိုး၆ ပေးဂိုး၁ နဲ ့ အုပ်စုဗိုလ် အီတလီ အသင်းဟာ ၁ပွဲ နိုင် ၂ပွဲ သရေ ဝ ရှုံး ရဂိုး၄ ပေးဂိုး၂ နဲ ့အုပ်စုဒုတိယ အနေနဲ […]


စကြာင်္ဝဠာကြီးဟာ တနေ့ထက်တနေ့ ပြန့်ကားသွားနေတယ်လို့ နတ္ခက်ဗေဒသိပ္ပံပညာရှင်တွေ လေ့လာသိရှိထားကြပါတယ်။ ဆိုတော့ ကျနော်တို့ နေအဖွဲ့အစည်းမှာပါဝင်တဲ့ ဂြိုလ်တွေ လတွေဟာ ဟိုးအရင်နှစ်သန်းပေါင်း မြောက်များစွာက ယနေ့ လက်ရှိအကွာအဝေးထက် နီးကပ်ခဲ့ကြလိမ့်မယ် ဆိုတာ ရွာသူရွားသားတွေ ငြင်းချက် မထုတ်လောက်ပါဘူးနော်။ ချားလ်စ်ဒါဝင်ရဲ့ လူဆိုတာ မျောက်က ဆင်းသက်ကြောင်း အဆိုနဲ့ ကွဲလွဲပြီး အထက်က သိပံ္ပတွေ့ရှိချက်နဲ့လည်း ကိုက်တဲ့ ပုံပြင်လေး ခင်ဗျားတို့ကို ပြောပြချင်တယ်..   ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ (အချိန်အတိအကျမှမသိတော့ လမ်းအိုကြီးအတိုင်းပဲ လျှောက်တာပေါ့။) နေအဖွဲ့အစည်းအတွင်းက ကျနော်တို့နေနေတဲ့ ကမာ္ဘဖြစ်လာမယ့်ဂြိုလ်နဲ့ သူ့ဘေးက လ (ပညာရှင်တွေက လ ဆိုတာလည်း ကမာ္ဘက ပဲ့ထွက်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုပဲ.. ကမာ္ဘ့ရင်ဘတ်ထဲက ပျောက်သွားတဲ့ သူ့နံရိုးတစ်ချောင်းပဲဆိုပါတော့ဗျာ. အားပါး ဇာတ်လမ်းကတော့ လှသွားဘီဗျို့) တို့ဟာ အတော်ကြီးကို […]


King of Secrets (Bo Min)June 30, 20121min010
နှလုံးရောဂါ ကာကွယ်နိုင်ရန် (သို့မဟုတ်) ဖြစ်နိုင်ခြေလျှော့ချနိုင်ရန်အတွက် နည်းလမ်းအချို. – နေ.လည်နေ.ခင်း အိပ်ပါ။ -နေ.စဉ် ခရမ်းချဉ်သီး စားဖြစ်အောင် စားပါ။ -တေးဂီတ သံစဉ် အေးအေးများကို နားထောင်ပါ။ -ခိုက်ရန် ခဏခဏ မဖြစ်စေပါနှင့်။ အတတ်နိုင်ဆုံး စိတ်ကိုနိုင်အောင် ထိန်းပါ။ ဒီ ၄ ချက် မှန်မှန် လိုက်နာပါက နှလုံးရောဂါ သက်သာပျောက်ကင်းနိုင်ပါသည်။ ကြိုတင်ကာကွယ်ထားနိုင်ပါသည်။


May BeauteJune 30, 20121min08
Skincare နဲ့ makeup တွေဝယ်တော့မယ်ဆို ကိုယ့်အသားအရေအမျိုးအစား(skin type) ကဘာအမျိုးအစားလဲ သိဖို့လိုပါတယ်။ ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲပါလဲ သိဖို့ထက် အသားအရေအမျိုးအစား ဘယ်နှစ်မျိုး ရှိတယ်၊ ၎င်းတို့ရဲ့ အားသာချက်၊ အားနည်းချက် တွေကိုအရင် သိဖို့လိုပါတယ်။ ကဲကြည့်လိုက်ရအောင်နော်… ခြောက်သွေ့အသားအရေ(Dry Skin) ခြောက်သွေ့အသားအရေပိုင်ဆိုင်ရင်တော့ ဝမ်းသာရတော့မှာပါဘဲ။ အသားအရေက ခြောက်သွေ့နေလို့ ထိန်းသိမ်းရတာ နည်းနည်း သက်သာပါတယ်။ ဒါပေမယ့် ခြောက်သွေ့ အသားအရေကို ထိန်းသိမ်းမှု မလုပ်ဘဲ ဒီအတိုင်းထားရင် အသားအက်ကွဲမှု၊ ပါရေတွန့်မှု နဲ့ အသားအရေ ပျက်ဆီးမှုတွေဖြစ်နိုင်ပါတယ်။ အဆီပြန်သောအသားအရေ(Oily Skin) တချို့ကျပြန်တော့ ဒီအသားအရေအမျိုးအစားကို ကြိုက်ပါတယ်။ သူက အမြဲပြောင်ပြောင်လေး ဖြစ်နေလို့ပါ။ ပြောင်ပြောင်လေး ဖြစ်နေတိုင်းလဲကောင်းတာ မဟုတ်သလို အမြဲဂရုစိုက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာမှာရှိတဲ့ ချွေးပေါက်လေးတွေက […]