KyaemonJuly 8, 201212min02
    Eisentrager တို့နဲ့အတူ  Askim ရှိ Vamma  ရေကာတာနောက်တနေရာကိုဆက်လေ့လာတာ၊၊ ဒိအပြင် အခြား အပေါင်းအသင်း တို့နဲ့လဲ Tafjord/Geiranger သို့ဆက်လေ့လာသွားကြရအောင်   Vamma | Flickr – Photo Sharing! Photo taken on the dam by Vamma hydropower plant in Askim. The river Glomma is Norway’s longest. Vamma | Flickr – Photo Sharing! Vamma | Flickr – Photo Sharing! Glomma Vamma flom 12.05.08 | Flickr […]


KyaemonJuly 8, 20125min03
    ဒီတခါတော့  Eisentrager တို့နဲ့အတူ  Askim, Ostfold ရှိ Solbergfoss  ရေကာတာ ကိုသွားကြည့်ရအောင်   မြင်း  ကောင်ရေ တစ်သိန်း ၊  နွားကောင်ရေ တစ်သိန်း ကို ဖမ်းချုပ်ထားပြီး၊  ၎င်း တို့ရဲ့ခွန်အားကို အကျိုးရှိစွာ အသုံးပြုသလိုပါလား၊     ဒီလိုအသုံးပြုနေတာ ဘယ်နှ နှစ် တောင်ရှိသွားပြီလဲ မေးစရာပါ၊                 Solbergfoss | Flickr – Photo Sharing! Solbergfoss | Flickr – Photo Sharing! Solbergfoss | Flickr – […]


KyaemonJuly 8, 201213min01
      သက်တန့် တွေနဲ့ ရေတံခွန်ကြီးတွေ၊  Fjords ဆိုတဲ့ ဧရာမ ကျောက်ဆောင်ကမ်းပါး စောက် တို့အကြားရှိ ကျဉ်းမြောင်းရှည်လျားတဲ့ပင်လယ်ကမ်းခြေနေရာ တွေ၊ ၊ သဘာဝရေကန်ကြီးတွေ၊ ဓာတ်အားထုတ် Turbine တာဘိုင် တွေ၊ တောရွာမြို့ကလေး တွေ၊ အပျော်ခရီးသယ် တင် သင်းဘောအကြီး အလတ်  အစရှိတာ တွေကို တွေ့မြင်ရှုစား နိုင် မှာ M G Spiller တို့ နဲ့လိုက်ကြည့်ရအောင်၊ ငွေကြေးလဲအပို မကုန်ခံရပါ၊ Norway သို့ ရောက်လက်စနဲ့မထူးတော့ပါ၊ အပိုနေရာတွေ ရှုခင်းတွေကိုလဲအားရပါးရ ကြည့်သွား ရတာပေါ့၊၊ Norwegian Waterfalls – a set on Flickr http://www.flickr.com/photos/mgspiller/sets/72157606633456714/ Slideshow စလိုက်ရှိုးကြည့်ဘို့ […]


manawphyulayJuly 7, 20121min05
Study Overseas & Career Fair 2012 နိုင်ငံတကာ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲ You are cordially invite to our Study Overseas & Career Fair 2012 on 7 July 2012 at PARKROYAL Hotel Yangon (10am-4pm)


ခင္ခJuly 7, 20121min017
ကျွန်တော်တို့ခပ်ရွယ်ရွယ် အသက်၁၀~၁၅နှစ်ဝန်းကျင်လောက်က ရန်ကုန်နဲ့မန္တလေး ရထားနဲ့ ခရီးသွားခဲ့ကြစဉ်တုံးက လမ်းခရီးမှာရထားရပ်တဲ့ ကျောက်ဆည်၊ပျဉ်မနား၊ တောင်ငူ၊ဖြူး၊ပဲခူး အဲဒီလိုလမ်းဘူတာတွေမှာ ရထားခေတ္တရပ်နားဖို့ ဆိုက်ရောက်လာပြီဆိုရင် ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ရေ-ရမယ် ရေ-ရမယ် လို့အော်ပြီး ရထားဘေးနား ရောက်လာတတ်ကြတဲ့ ရေရောင်းကြသူများကိုတွေ့ခဲ့ဘူးတယ်နော်။ သောက်ချင်တဲ့သူတွေ ကလည်း ရေအိုးလေးတွေရဲ့ အဖုံးပေါ်မှာပါတဲ့ ရေခွက်လေးတွေနဲ့ခပ်သောက်ကြ၊ သယ်သွားချင်တဲ့သူတွေအတွက်လည်း သူတို့ကထဲ့ပေးကြ၊ မျက်နှာသစ်ချင် သုံးချင်တဲ့သူ တွေအတွက်လည်း လိုသလောက်ခတ်သုံးကြပြီး ကျသင့်တဲ့တန်ဖိုး အနေနဲ့လည်း သောက်သုံး သူတွေရဲ့ စေတနာ ရှိသလောက်ပေးခဲ့တာကိုဘဲယူတတ်ကြပြီး အဆင်မပြေလို့မပေးခဲ့ကြလည်း ကုသိုလ်ပါလို့ထားတတ်ကြတဲ့ ရေရောင်းကြသူများ ဟိုးတခေတ်တစ်ခါက ရှိခဲ့ကြပါတယ်။ အဲဒီကနေ အချိန်တွေပြောင်းလို့ ၁၉၉ဝကျော်နောက်ပိုင်း အချိန်တွေမှာတော့ ရေသန့် စက်ရုံတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဈေးကွက်ထဲရောက်ရှိလို့  ဆိုင်တွေမှာရောင်းလာကြတဲ့ အချိန် ခုနလမ်းဘူတာတွေမှာ ရေအိုးလေးတွေနဲ့ ရေရောင်းသူများရော၊ ရေသန့်ဗူးအဟောင်း […]


“ဒါးဝိဇ္ဇာ……..ပြဒါးဝိဇ္ဇာ……..အင်းဝိဇ္ဇာ……..သံဝိဇ္ဇာ……..ဆေးဝိဇ္ဇာ….အရက်ဝိဇ္ဇာ……..ဖဲဝိဇ္ဇာ……. ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) ဆရာပေါင်းတို့ ရဲ့ ဒဂိုးအိတ်တိပတ်တွေ ငါ့ကို်ယ်ပေါ်ကိုရောက် ……….ဟိတ်တ်တ်တ်းးးးးးးးးးးးးးးးးးး…….. ဟောဒီ အောက်ကမြွေဟာ ဘယ်လိုဖြစ်သွားမလဲ…….ကြည့်လိုက်…….ဟိတ်တ်တ်တ်းးးးးးးးးးး  ဘုန်း” နောက်တော့ဆရာကျားဟာသေတ္တာထဲကမြွေတွေကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ပြနေပါတယ်။ မြွေအမျိုးအစားလည်းစုံပါတယ်။ စပါးကြီး စပါးအုံး၊ လိုအကောင်ကြီးကြီးမြွေအပြင် မြက်လျှောလို၊မြွေစိမ်းမီးခြောက်လိုအကောင်သေးလေးတွေလည်းပါ ပါတယ်။ မြွေတစ်ကောင်ချင်းရဲ့အမည်တွေနဲ့ ဘယ်ကဖမ်းခဲ့တယ်ဆိုတာကိုလည်းဖြီးဖျန်းပြီးပြောပါသေးတယ်။ သူ့ရဲ့ အသံပြဲကြီး  အဲလေ…အောင်မြင်ခန့်ညားတဲ့အသံကြောင့် လူတွေဟာလည်းများသထက် များလာပါတယ်။ “ဟော ဒါကတော့ခလောက်မြွေပါ….သူ့အမြီးကို ခါလိုက်ရင် ခလောက်လိုအသံမြည်ပါတယ်။ သူ့ရဲ့အစာကို အသံနဲ့ မျှားခေါ်ပြီး အနားရောက်လာမှ အသာလေး ဖမ်းစားတတ်တဲ့အကောင်ပါ..”(အထင်) “ဒါကတော့ရေထဲမှာ အနေများတဲ့အကောင် ပါ။ ဂျပ်လုံးလို့ခေါ်ပါတယ်……..ဒီကောင်ကိုက်ရင် အရမ်း အိပ်ချင်လာပါတယ်…….ကိုက်ကိုက်ခြင်းမအိပ်မိအောင်သတိထားရပါတယ်………အိပ်လိုက်ရင်လည်း ပြန်မနိုးတော့ပါဘူး……”(သူများပြောတာကြားဖူးတာသေချာတော့မသိ) “ဂျပ်မြွေမှာ နှစ်မျိုးရှိပါတယ် ….ဂျပ်လုံးရှိသလို ဂျပ်ပြားလည်းရှိပါတယ်….ကျနော့မှာတော့ ပြစရာပါမလာပါဘူး……..”(အလုံးတောင်ရှိတယ်ဆိုတော့အပြားလဲ ရှိနိုင်တာပေါ့) ဆရာကျားလည်းမြွေတွေကိုပြပြီးတဆက်တည်းမှာပဲ “ကဲကဲ ပရိတ်သတ်ကြီးကို ကျနော် ခုနက […]


ကြောင်လေးတစ်ယောက် ရှေ့အလားအလာဘာဖြစ်လာမယ်ကိုတာကိုတွေးရင်း အတော်လေး ခေါင်းစားနေပါတယ်။ ဘယ်အလုပ်ကို ဘယ်လိုလုပ်ရပါ့ဆိုတာကို အမြဲတွေးနေရတာပေါ့။ ညအိပ်ယာဝင်ရင်ခေါင်းထဲမှာ အစီအစဉ်တွေချ စဉ်းစားရင်းအိပ်ပျော်သွားတဲ့ကြောင်လေး အိပ်မက် မက်ပါတော့တယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” “တွီ…တွီ…..” “တီတီ…” “ဒုံး… ချွမ်း…”   မြို့လယ် ဈေးအနီးက လမ်းဘေးမြေကွက်လပ်ခပ်ကျယ်ကျယ်တစ်နေရာမှာကျနော်ဟာ လက်တစ်ဖက်က ဘင်ကြီးကို တဒုံးဒုံး ထုရင်း တဖက်က ယကွင်းကို တချွမ်းချွမ်း တီးကာ ဆရာကျားကို လှမ်းကြည့်လိုက်ပါတယ်။ ဆရာကျားဟာ ပလိုင်းထဲကမြွေတစ်ကောင် ဆွဲထုတ်လိုက် ပြီး ဗူးသီးခြောက်ပုလွေကို တတွီတွီမှုတ်လိုက် မြွေကို ပါးပြင်းထောင်အောင် ပုလွေနဲ့ ကလော်လိုက်ပါတယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” ကျနော်လည်းကိုယ်အလုပ်ကိုဆက်လုပ်ရင်းရှေ့ကိုကြည့်လိုက်တော့ လူ လေးငါးခြောက်ယောက် လောက် ရောက်လာနေပါပြီ။ “တွီ…တွီ…..တီတီ…” ဆရာကျားကတော့ […]


mamanoyarJuly 6, 20121min015
“အိမ်”  ဆိုတဲ့ စကားလုံးလေးကို ကြားလိုက်ရတာနဲ့ အဝေးရောက်နေသူများအဖို့ လွမ်းဆွတ်မှု၊ နွေးထွေးသလို ခံစားမှုနဲ့ အိမ်မှာရှိတဲ့ အိမ်သားအားလုံးကို သတိရမှုတွေအကြောင်း  မိမိ မျက်နှာနဲ့မျက်ဝန်းတွေက အလိုလို ဖော်ဖော်ပြနေကြတယ်။ အိမ်မှာရှိနေတုန်းက တန်ဖိုးမထားခဲ့မိ။ အဝေးရောက်သွားမှ အိမ်ဆိုတဲ့ နေရာလေးတစ်ခုမှ ရှိနေကြတဲ့ အမေ့ရဲ့ မေတ္တာ၊ အဖေ့ရဲ့ စေတနာ၊ ညီအစ်ကို မောင်နှမများရဲ့ ပွင့်လင်းနွေးထွေးတဲ့ မေတ္တာတွေကို နားလည်တတ်ခဲ့ပြီ။ “ဘဝ” ဆိုတဲ့ ဘတ်စကားကြီးကို စီးနေကြချိန်မှာ ခရီးဖော် မိတ်ဆွေ၊သူငယ်ချင်း များနဲ့ ဆုံကြချိန်မှာတော့ အိမ်ဆိုတဲ့ မှတ်တိုင်ကြီးတစ်ခုကို အခါအလျှောက် မေ့လျှော့ခဲ့ဖူးကြပေလိမ့်မည်။ ဘဝ ဆိုသည့် ဘတ်စကားကြီးပေါ် စီးလာတာချင်း တူပေမယ့် တစ်ဦးနှင့်တစ်ဦး အဆင်းမှတ်တိုင်ချင်း မတူကွဲပြာကြသဖြင့် တစ်နေ့နေ့ ဆိုသည့်အချိန်မှာတော့ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ခွဲခွာကြရသည်မဟုတ်ပါလား။ လမ်းခရီးတစ်လျှောက် […]


ဒုတိယသမဒနေရာအတွက် သင့်တော်သူတဦး ရွေးချယ်ရန် ဂေဇက်နိုင်ငံလွှတ်တော်အတွင်း တီးတိုးသဖန်းတိုး ဆွေးနွေးနေဂျသည်။ တိရစာ္ဆန် အကောင်ပလောင် မဟုတ်မည်မှာတော့ သေချာလှသည်၊ အသို့ဆိုလျင် လူသားစင်စစ်သာ ဖြစ်ရဗေမည်။ ထို့ထက်သေချာအောင် ပြောရဗာက စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးချယ်လိုက်သော စစ်ဗိုလ်ဂျီးတယောက်သာ ဖြစ်ခွင့်ရှိလသီ။ မည်သူဖြစ်မည်နည်း… လွန်ခဲ့သော ဆယ်စုနှစ်ကျော်နှစ်ခုခန့်က ဂေဇက်တိုင်းပြည်ဂျီးအား တပ်ချုပ်ကြောင်ကြီးမှ စီမံအုပ်ချုပ်နေရာမှ ဓါးမကပ်ထိက ဘတ်ဒန်တဇောက်ထိုး တယားနာရသည်တွင် ကိလေသာနှင့် အပြုအမူကွဲပြားပုံ သိမြင်သွားပီး နားအေးပါးအေး အိမ်တွင်ယုတ်တရား အားထုတ်နေဒါ့သည်။ တပ်မဒေါ်မှ ဒုတိယသမဒ အသစ်ရွေးပေးရန် ညွှန်ကြားချက် တောင်းခံသော်လည်း အင်တာနက်ရှိ သဇင်ဂလေး၏ ချစ်ဇောဟုန် အမ်ပီဖိုးရုပ်သံဖိုင်လောက် စိတ်မဝင်စားတော့ဂျေ။ မြန်မာ့တပ်မဒေါ်ဂျီးဃါး ယခုမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဒေါ့မည်။ ဒုတိယသမဒရာထူးကို လျှို့ဝှက်မဲစနစ်ဖြစ် တိုက်ရိုက်ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်ကိုယ်စားလှယ်များ အတွင်းတွင်မူ […]


manawphyulayJuly 5, 20121min020
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း လယ်တောသူအလှမယ် (Miss Farmer Contest) ပြိုင်ပွဲကျင်းပမည် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၏ ပထမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီ အစည်းအဝေး အထိမ်းအမှတ်အဖြစ် လယ်တောသူအလှမယ် (Miss Farmer Contest) ပြိုင်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်သည်။ နေ့ရက် – ၁၅၊ ၇၊ ၂၀၁၂ (တနင်္ဂနွေနေ့) အချိန် – မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ နေရာ – မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ပဏာမမယ်ရွေးပွဲကို ဇူလိုင် ၆ ရက် (သောကြာနေ့) မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ပန်ဒါဟိုတယ်တွင်ကျင်းပမည် […]


black chawJuly 5, 20121min023
ဂဇက်ကုန်းရွာကြီးမှာ ကလေးက စပြီး သက်ကြီးရွယ်အို ယောက်ျားကြီးများအထိ ဆံပင်ညှပ်ခြင်း အမှုကိုပြုကြရန် ဆံပင်ညှပ်သမားကြီး ၂ ယောက် ရှိသောဟူ၏။ ၎င်းတို့မှာ ၁။ ဦးကြီးမိုက် (အသက် ၅ဝ စွန်းစွန်း၊ အမှတ်တမဲ့ ကြည့်လျှင် ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း နှင့် ခပ်ဆင်ဆင်၊ စစ်ပြန်စစ်မှုထမ်းဟောင်းကြီး၊ ညနေခင်းများတွင် ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင်တွင် တစ်ခွက်တစ်ဖလား မော့တတ်သောအကျင့်ရှိ၊ ဓါးကိုင် အင်မတန်ကျွမ်းကျင်၊ သူဆံပင်ညှပ်ရင် ဓါးရှတယ်ဆိုတာ ဘယ်တုန်းက မှ ရာဇဝင်မရှိခဲ့) ၂။ မောင်အာဂ ( အသက် ၃ဝ ခန့်၊ အမှတ်တမဲ့ကြည့်လျှင် စိုင်းစိုင်းခမ်းလှိုင် နှင့် ခပ်ဆင်ဆင်၊ အလုပ်မရှိသဖြင့် ရွာထဲမှ အခြောက်မ အလှဖန်တီးရှင် ခင်စန်းဖြိုးကို ရင်းနှီးအောင် ပေါင်းသင်း၍ ဆံပင်ညှပ်အတတ်ကို တစ်ပတ်နှင့် […]


KyaemonJuly 5, 20124min08
      မြန်မာ အတိုက်အခံ နိုင်ငံရေးခေါင်ဆောင် ဒေါ်စုက မကြာမီရောက်ခဲ့တဲ့ Norway   ၊  DVB   မြန်မာဒီမိုကရေစီ အသံလွင့်ရုံ ရုံးစိုက်ရာ Norway  ကို စိတ်ဝင်စားလာ ကြတာ     ဒို့လဲ အားကျ မခံလို့ J Donohue  တို့နဲ့အတူ  Olden Lake, Norway သို့အပျော်ခရီးအချောင် လိုက်သွား ပြီး   ရှူခင်းတွေ ကို ခံစား ရအောင်၊     နတ်ရေကန်လို အေးမြကြည်လင် တဲ့ မြကန်သာ Olden Lake ကိုကြည့်ရင်း စိတ်ချမ်းမြေ့ကြည်နူး  စေရပါ့မယ်   Olden Lake, Norway | Flickr […]


အဇဋာJuly 4, 20121min013
ကွမ်းစားခြင်းအနုပညာ ကွမ်းစားခြင်းဟူသည့် အတတ်ပညာတစ်ခုအားအနုပညာမြောက်စေလိုသည့်အတွက်၊ ထို့ပြင် ကွမ်းစားခြင်း၏ အနုအလှများအားလည်း ပြလိုသည့်အတွက် ဤကဲ့သို့ ကွမ်းစားခြင်းကို အနုပညာနှင့်ပေါင်းစပ်ကာ ကွမ်းစားခြင်းအနုပညာဟု နာမည်ကင်ပွန်း တပ်လိုက်ရပေသည်။(စာရေးသူ)   အဖွင့် ဒီနေ့ခေတ်မှာအနုပညာတွေ တော်တော်ပေါများနေလေသည်။ ဤကဲ့သို့ပေါများခေတ်စားနေဘိသည့် အနုပညာများသည် မိတ်ဆွေတို့သိပြီးဖြစ်သည့် အနုပညာသည်တို့၏ လုပ်ငန်းများကို အဓိပ္ပါယ်သက်ရောက်သည်ကား မဟုတ်ရေးချမဟုတ်။ ယနေ့ခေတ်ကြီးအတွင်း ဖြစ်ပျက်လျှက်ရှိသည့် နယ်ပယ်အသီးသီးက ကျော်ခွလာသည့်၊ ကျော်ကြားလာသည့်၊ လူဘောင်သို့ တွင်တွင်ကြီးသွတ်သွင်းခြင်းခံထားရသည့် ပညာရပ်များအားအနုပညာဟူသည့် နာမဝိသေသနကိုထည့်သွင်းလိုက်ပြီးသကာလဘာအနုပညာ၊ ညာအနုပညာစသည်ဖြင့် ရေးကြီးခွင်ကျယ် အနုပညာများများပြားနေသည်မှာကား အထူးပြောဖွယ်ရှိသည်ဟုပင် မထင်။ ယနေ့အချိန်အခါတွင်မှာကား“မည်သည့်ကိစ္စပင်ဖြစ်လင့်ကစားအနုပညာဟူသည့်စကားလုံးကိုတွဲဖက်မြင်ကြရမည်မှာကားသမိုင်းပေးတာဝန်တစ်ရပ်ဟုယုံကြည်ရမည်ဖြစ်ကြောင်း” လည်းကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းတွင် နေ့စဉ်ခေါင်းကြီးအဖြစ်ဖေါ်ပြလျှက်ရှိသည့် နိုင်ငံတော်သမ္မတကြီး၏သဘောထားများတွင် အတိအလင်း ထည့်သွင်းပြောကြားထားပြီး၊ အတိုက်အခံများဘက်မှလည်း အထူးထောက်ခံသည်ကိုလည်းတွေ့ရှိရသည့်အတွက် ထိုကိစ္စအားအထူးပြောဖွယ်ရာမရှိပေ။ ထို့ကြောင့် အနုပညာများသည် “လမ်းဘေးသေးမပေါက်ရ” ဆိုသည့် နံရံရေးစာများနေရာအနှံ့တွေ့ရသကဲ့သို့ နေရာတိုင်း၊ နယ်ပယ်တိုင်းတွင် […]