Swal Taw YwetApril 9, 20123min03
သဝဏ်လွှာ (၃၉) by May Aye Oo on Wednesday, March 14, 2012 at 8:43am · “သနားခြင်းဟူသည်မှာ အလွယ်ကူဆုံး အလုပ်တစ်ခုဖြစ်ပြီး တာဝန်ယုူခြင်းဟူသည်ကား အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။” ~ ဘဝအိပ်မက် ပန်းအိပ်မက် / မစန္ဒာ ~   History / Preparation period for the — ယဉ်ကျေးလိမ္မာသင်တန်း ၄၂/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၂၄ – ၂ရ မတ်လ၊ ၂၀၁၂ လယ်ပြင်တောရကျောင်း၊ အင်းလေးမြိုင်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊ မြိတ်မြို့နယ်၊ တနသာင်္ရီတိုင်းဒေသကြီး။   ၂၀၁၁ အကုန်၊ ၂၀၁၂ အဆန်းလောက်က ကျမ […]


Swal Taw YwetApril 6, 20122min07
မှတ်စု (၃၅) by May Aye Oo on Monday, March 19, 2012 at 9:15am ·   “စိတ်ညစ်ဖို့ ပြောတာမဟုတ်ဘူး၊ အိုရမယ်ဆိုတာ သိလို့ရှိရင် မအိုခင် တို့တွေ ဘာလုပ်မလဲ…၊ ဟော.. ပြင်ဖို့ ဆင်ဖို့ အချိန်တွေမရဘူးလား၊ ပြင်ဖို့ဆင်ဖို့ အချိန်တွေရလာတယ်၊ ကုသိုလ်ကောင်းမှုတွေ များများ ကြိုးစားလုပ်လာတယ်။”   “အိုမယ်ဆိုတာ သိတယ်၊ နာမယ်ဆိုတာ သိတယ်၊ သေမယ်ဆိုတာ သိတယ်၊ မအိုခင်၊ မနာခင်၊ မသေခင်၊ ကောင်းမှုကုသိုလ်တွေ များများလုပ်မယ်ဆိုတဲ့ ဒီအသိဝင်ဖို့အတွက် ဆင်ခြင်စဉ်းစားရတာ၊ အဲ့ဒါဟာ တရားရဲ့ ကျေးဇူးပဲ၊ ဆင်ခြင်စဉ်းစားလိုက်သဖြင့် အိုမယ်ဆိုတာ သိနေသည့်အတွက်ကြောင့် အိုလာတဲ့အခါ အော် ငါစဉ်းစားထားတာ၊ အိုတယ်ဆိုတာ […]

New-Microsoft-Office-Word-Document_Page_21.jpg

yawaiApril 2, 20121min0
ဒီစာကို ရေးဖို့ ကျွန်တော် တော်တော်ကြိုးစားလိုက်ရတယ်။ ယောက်ျားတစ်ယောက် အနေနဲ့ ယောက်ျားတွေ အပေါ်မှာများ သစ္စာဖောက်မိနေမလားဆိုတဲ့ အတွေးက ကျွန်တော့်ကို ဒီစာရေးဖို့ အတားအဆီးဖြစ်နေခဲ့တယ်။ ဒါပေမယ့် မိန်းကလေးတွေ အပေါ်မှာ ယောက်ျားတစ်ယောက် အနေနဲ့ ညှာတာရမယ်၊ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားကြောင့် ရေးလိုက်မိတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ ပြောနေကြတဲ့ စကားတစ်ခုရှိပါတယ်။ ယောက်ျားဆိုတာ ဗူးရင် ဗူး၊ မဗူးရင် ဒူးရောတဲ့။ ဟုတ်ပါတယ် ကျွန်တော်လဲ နှာဗူးပါပဲ။ နှာဗူးဖြစ်တဲ့အတွက်ကြောင့်ပဲ ဒီစာအတွက် အဖြစ်အပျက်ကို ရလိုက်ပါတယ်။ ဒါပေမယ့် အောက်မှ ဖော်ပြမယ့် နှာဗူးကတော့ တော်တော်မှ တော်တော့်ကို အဆင့်မရှိတဲ့ အုတ်ကျားမြက်ပေါက် အောက်တန်းစား နှာဗူးပါပဲ။ ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ ၃ရက်လောက်က […]


minhtettharApril 1, 20121min06
ခေါင်းစဉ်လေးက စိတ်ဝင်စားအောင် လုပ်လိုက်တာပါ။ဟိဟိ…..။ မန်းလေးတွင် Mandalay Gazette ရွာသူရွာသားများတွေ့ဆုံပွဲလုပ်ချင်ပါသည်။ လုပ်သင့် မသင့် အကြံဉာဏ်လေးပေးကြပါဦး။ နေရာ- အချိန်- နေ့ရက်- ကိုတော့ ရွာသူရွာသားများ အကြံပေးတဲ့ အတိုင်းလုပ် ချင်ပါတယ်ခင်ဗျာ။   ကျွန်တော်ဒီလိုမျိုးလေးလုပ်တယ်ဆိုတာကလဲ ရွာသူရွာသားအချင်းချင်း ပိုမိုရင်းနှီးလာဖို့ ပေါ့ဗျာ…။


amatminMarch 30, 20122min08
နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့တာ ၆လပြည့်မြောက်တဲ့နေ့အနေနဲ့ ဧရာဝတီမြစ်ဆုံကိုကာကွယ်ကြသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်နားမှာရှိတဲ့ တော်ဝင်နှင်းဆီခြံကသီရိခန်းမမှာ ကနေ့ မတ်လ (၃၀)ရက်နေ့. မနက် ရှစ်နာရီခွဲကနေ.နေ့လည် တစ်နာရီ ခန့်အထိကျင်းပခဲ့ပါတယ်။အခမ်းအနားကျင်းပရေးကော်မတီအဖြစ် ထွန်းလွင်ဖောင်ဒေးရှင်းကနေ ဦးစီးပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီအရေးမှာ တက်ကြွလှုပ်ရှားခဲ့ကြသူအတော်များများတက်ရောက်ခဲ့ပါတယ်.. သစ်တောပညာရှင် ဦးအုန်း၊ မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူး ၊ ဒေါ်ဒေဝီသန့်စင်၊ ဗကပကျောင်းသားသမ္မဂအတွင်းရေးမှူး မင်းသွေးသစ်၊ ၈၈မျိုးဆက်ကျောင်းသားများ အပါအဝင် ဧရာဝတီမြစ်ဆုံအရေးမှာ တက်ကြွလှုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပါတယ်.. အဆိုပါ ပွဲမှာ အဓိက ထားပြီးပြောသွားတာကတော့. မြစ်ဆုံကိစ္စကိုရပ်တန့်ထားမယ်လို့ကတိတွေပေးထားပေမဲ့ မရပ်တန့်ဘဲ ဆက်လုပ်ဆောင်နေကြတဲ့အတွက် အပြီးသတ်ရပ်ဆိုင်းဖို့အထိ ဆက်လက်ကြိုးစားလုပ်ဆောင်ကြဖို့ကို ဦးတည်ပြောကြားခဲ့တဲ့အပြင် ကချင်ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲတချို့တဝက်ဖြစ်တဲ့ တန်ဖဲရွာက လူတွေကိုနေရာဖယ်ခိုင်းပြီး နည်းမျိုးစုံနဲ့ခေါ်ပြီး ဝန်ခံကတိထိုးခိုင်းတာတွေအပါအဝင်.သူတို့ပြောတဲ့အတိုင်းမလုပ်ရင် ပုဒ်မ (၁၈၈) နဲ့ အရေးယူမယ်ဆိုတဲ့အပေါ်မှာလည်း အလေးထားဆွေးနွေးသွားကြပါတယ်.. အားလုံးသောတက်ရောက်လာကြသူများကလည်း မြစ်ဆုံအရေးကို […]


manawphyulayMarch 23, 20121min02
Global Education Show Yangon- Myanmar ပြပွဲ ပညာရေး ပြပွဲများ လေ့လာချင်သူများအတွက် အထူးသတင်းကောင်း ဖြစ်ပါတယ်။ Exhibition March 23- 25, 2012 ပြပွဲ – မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေရာကတော့ တပ်မတော်ခန်းမ ဖြစ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည့် Global Education Show တွင် Asia Masters, ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း ဝင်ရောက်ပြသရန် အသင့် ဖြစ်နေပုံဖြစ်ပါတယ်။ မိမိတို့ရဲ့ သားသားမီးမီးတို့အတွက် ပိုကောင်းတဲ့ Education ပေးလိုသူများ၊ မိမိတို့ကိုယ်တိုင် Life long learning […]


manawphyulayMarch 21, 20121min03
We request the pleasure of your company at the seminar on “ ရွေးကောက်ပွဲ ဒီမိုကရေစီမှ လစ်ဘရယ် ဒီမိုကရေစီသို့ ” “ From Electoral Democracy to Liberal Democracy ” by Author Kyaw Win Programme Date : 24th March (Saturday) Time : 02:00 PM Venue : Myanmar Fisheries Federation, Bayintnaung Road, West Gyogone, Insein Township, Yangon.


ဆူးMarch 11, 20123min0286
သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။ ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။ ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။ ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။ […]


“ဝမ်းတစ်ထွာ တစ်”   ကျနော်က ချမ်းသာအသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့လူမဟုတ်ပါဘူး။ အဲတော့ကျနော်ငယ်စဉ်ကတည်းက နေထိုင်ရာ ပါတ်ဝန်းကျင်ကလူတွေက အလုပ်နဲ့လက်နဲ့ ဇယ်ဆက်သလိုလုပ်နေမှ ထမင်းနပ်မှန်သူတွေများပါတယ်။ ကျနော်ငယ်စဉ်က နေရတဲ့ပါတ်ဝန်းကျင်မှာ ပုလင်းခွံ အိတ်ခွံ သတင်းစာအဟောင်းတွေဝယ်တဲ့သူ.။ အိတ်အသေးသုးံလုံးကို နှစ်လုံးဖြစ်အောင်ပြန်ချုပ်သူ။ စက္ကူအိတ်ချိုးတဲ့သူ။ သတင်းစာပို့သူ။ စာစောင်လက်ပွေ့ရောင်းသူ။ စာအုပ်အဟောင်းရောင်းသူ။ အကြော်သည် စုံလို့ပါဘဲ။ ဒါပေမယ့်ရိုးသားစွာ ဘဝကိုမောင်းနှင်နေသူတွေဖြစ်ပါတယ်။ ငယ်ကတည်းက ဘယ်လိုလုပ်ကိုင်စားသောက်ကြတယ်ဆိုတာကို  စိတ်ဝင်စားပါတယ်။ အဲတော့ အခုအချိန်ရောက်လေရာရာမှာ လူတွေရဲ့ ဝမ်းတစ်ထွာကို ဖြည်တင်းဘို့ အလုပ်လုပ် နေကြတာတွေကို မှတ်တမ်းတင်မိပါတယ်။ ဖြန့်ဝေပေးလို်က်ပါတယ်။ လေးစားစရာလို့ ခံယူပါတယ်။   ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (2-3-2012)      


kaiMarch 6, 20123min055
http://myanmargazette.net/105553/ ကိုပေါက်၏ပို့စ်မှ.. ထုတ်နှုတ်ယူလာခြင်းဖြစ်ပါသည်။ ကန်ပိန်းထောက်ပံ့ငွေတွင်ပါဝင်လိုသူများ ဆက်သွယ်ကြ/ရေးကြစေလိုပါကြောင်း… kai says: ဒေါ်စုက.. အခုမှလူထုကြားထဲပြန်ဆင်းရတော့… ဒီလိုဖြစ်နေတယ်ပေါ့..။ ပါတီရံပုံငွေရအောင်.. သူဌေးတွေကို.. ထမင်းတူတူစားဖို့ဖိတ်ပြီး.. တဝိုင်း.. ကျပ်ဘယ်လောက်ဆိုသတ်မှတ်..ခုံရောင်းသင့်တယ်..။ ယူအက်စ်မှာ.. တလောကတင်.. သမ္မတအိုဘားမားတော့.. ဟောလိဝုဒ်လာပြီး အဲလိုလုပ်သွားတာ.. ဒေါ်လာသန်းချီရသွားတယ်..။ မဲဆွယ်တာမှာ.. လူထုအင်အားထက်.. ငွေအင်အားတောင့်အောင်.. လုပ်သင့်တယ်ထင်မိပါတယ်..။ ပါတီအတွက်.. ကန်င်ပိန်းလုပ်နေသူတွေသတိထားမိအောင်ပါ…။ = President Obama Attends Latest Hollywood Fundraisers: George Clooney, Jack Black By NIKKI FINKE | Wednesday February 15, 2012 @ 8:00pm PST Here’s the White House press corp […]


Ma MaMarch 2, 20122min012
ဝမ်းသာစရာ သတင်းကြားရတော့ ရွာထဲက တစ်ကျောင်းတည်း ဆင်းခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမများနဲ့ ဆိုင်ရာဆိုင်ရာ ကျောင်းတွေကိုလည်း ကိုယ်တွေလိုပဲ ပြန်လည်အသက်ဝင်လာစေချင်ကြမယ့် သူတွေကို မျှဝေချင်ပါတယ် ဒီကနေ့ RIT 1987-1991 ခုနှစ် အင်ဂျင်နီယာဘွဲ့ရ ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူဟောင်းတွေရဲ့ ဆရာကန်တော့ပွဲနဲ့ မိတ်ဆုံစားပွဲကို အင်းယားလိပ်ဟော်တယ်မှာ ကျင်းပပါတယ်။ အခုပွဲမှာ ကာတွန်းဘောက်စ်ကို ကာတွန်းတွေ လေးဖက်လေးမျက်နှာအပြည့်နဲ့ ယူလာပြီး ပြသထားတာကတော့ ထူးထူးခြားခြား ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပါပဲ။ နှစ်စဉ်မေဒေးနေ့မှာ အင်းယားလိပ်ဟော်တယ်မှာ စက်မှုအင်ဂျင်နီယာဘွဲ့ရတွေချည်းပဲ ကျင်းပခဲ့တာ ၄-၅နှစ်လောက် ရှိခဲ့ပါပြီ။ နောက်ပိုင်းမှာ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် ကျောင်းသား/ကျောင်းသူဟောင်းတွေပါ အတူပူးပေါင်းကျင်းပခဲ့ပြီး အခုလို ဘာသာရပ်ပေါင်းစုံ ကျင်းပတာကတော့ ၂နှစ်ပဲ ရှိပါသေးတယ်။ အခုကျင်းပတဲ့ ဆရာကန်တော့ပွဲမှာ အလှူခံရရှိတဲ့ငွေထဲကမှ အချို့ကို ဆရာတွေကို ကန်တော့ရာမှာအသုံးပြုမှာဖြစ်ပြီး ကျန်ငွေအချို့အဝက်ကိုတော့ […]


manawphyulayFebruary 15, 20121min00
အချိန်။ ။ မွန်းလွဲ(၁၀)နာရီမစတင်မည်။ နေ့စွဲ။ ။16/2/2012 နေရာ။ ။မြောက်ဒဂုံ ၇၊၈ လမ်းဆုံအနီးရှိ Myanmar Y.E.P B-ceit သင်တန်းကျောင်း Myanmar Y.E.P နှင့် မြန်မာခေတ်ပြိုင်ကဗျာဆရာများ ပူးပေါင်းစီစဉ်သော ဒုတိယအကြိမ်မြောက် လ(ကဗျာWorkshop+ ကဗျာ ရွတ်ဆိုခြင်း)ပွဲ ကျင်းပရန်သွားမည်ဖြစ်သည်။ ခေတ်ပြိုင် ကဗျာဆရာများနှင့်Myanmar Y.E.P လူငယ်များမှလူငယ်နှင့်ခေတ်ပြိုင်ကဗျာများ အကြောင်း၊လူငယ်နှင့်ပရဟိတ ဆိုင်ရာ ဖွံ့ဖြိုးမှုများအကြောင်းဆွေးနွေးသွားမည်ဖြစ်ပြီး ခေတ်ပြိုင်ကဗျာ ဆရာမျာမှ ကဗျာရွတ်ဆိုခြင်းအစီစဉ်များ ပါရှိမည်ဖြစ်ပြီး ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ တိုးတက်ပြောင်းလဲလာသောခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ရောညီထွေမှုဖြင့်ပြောင်းလဲလာသည့်မြန်မာကဗျာ အနုပညာအပေါ် လူငယ်များမှ စီးဝင်ခံစားနိုင်စေရန် ဖြစ်သည်။ လူမှုဖွံ့ဖြိုးရေး လုပ်ကိုင်နေသော လူငယ်များနှင့်ခေတ်ပြိုင် ကဗျာဆရာများချိတ်ဆက်၍ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာမက မြန်မာခေတ်ပြိုင်ကဗျာနှင့်ရသစာပေအပေါ် လူငယ်များစိတ်ဝင်စားမှုမြင့်ထက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ ပါဝင်ရွတ်ဆိုကြမည့် […]