ဒီလိုနဲ့ပဲရန်ကုန်ရွှေမြို့တော်ကြီးမှာနေလာတာ (၃)ရက်မြောက်လာတဲ့အခါမှာတော့မောင်ရှမ်းတို့မူလ projectဖြစ်တဲ့မာတာမိခင်ကြီးကို ဆေးကုသဖို့စီစဉ်ရပါတော့တယ်…အမေဖြစ်သူကရွှေမိုးပွင့်အေးဆိုတဲ့ဆေးကုခ န်းကိုMRTV-4ကနေတစ်ဆင့်သိထားပြီးသုံးလပိုင်းလောက်က လာလို့စတင်ကုသခဲ့ပါတယ်…မိခင်ကြီးပြောသမျှကတော့ဒီဆေးကုခန်းလေးကနေပြီး ESG(Electro-Somoto Graphy) Scanနဲ့ဖတ်ကြည့်တဲ့အခါ မှာတော့ အစာအိမ်မှာကင်ဆာဆဲလ်တွေတွေ့နေရတယ်…အသည်းကလဲသိပ်မကောင်းဘူးကျောက်ကပ်ကလဲအလုပ်လုပ်နိုင်စွမ်းနဲနေတဲ့အတွက် ခြေထောက်တွေဒူးအောက်ပိုင်းကစလို့ခြေဖဝါးအထိကိုယောင်ကိုင်းနေပါတယ်..ခြေသလုံးအရှေ့ခြမ်းညိုသကျည်းဖက်ကကြွက်သားတွေဆို နဲနဲဖိပြီးနှိပ်ကြည့်လိုက်ရင်၄၅စက်ကန့်လောက်ကိုချိုင့်ဝင်နေတတ်ပါတယ်… အာရုံကြောတွေကလဲအားနည်းနေလို့တစ်ခါတစ်လေခြေဖျားလေးတွေ ကပ်လက်ဖျားလေးတွေကပ်တတ်သလိုအပူအအေးမညီမျှရင်ကွေးတတ်ကောက်တတ်ပါသေးတယ်… နောက်ပြီးမျက်လုံးတွေမှာသွေးကြောမျှင်လေးတွေ ပေါက်ပြီးသွေးခဲတွေပိတ်နေတတ်ပါသေးတယ်….အဲဒီလိုဖြစ်တဲ့အတွက်အမြင်အာရုံကိုမထိခိုက်ပေမယ့်…အများအမြင်မှာမျက်လုံးတစ်ခုလုံနီရဲပြီး ကြောက်စရာကြီးဖြစ်နေတတ်ပါသေးတယ်…ဒီခေတ်လူငယ်တွေပိုင်ဆိုင်လိုကြတဲ့မျက်ခုံးမျက်တောင်နက်နက်မျက်လုံးတစ်စုံလုံးနီရဲနေတာမျိုးပေါ့ Vampireတွေလိုဖြစ်နေတတ်ပါတယ်…နှလုံးလဲမကောင်းဘူး…အရိုးအဆစ်တွေလဲသိပ်ပြီးကြံ့ခိုင်မှုမရှိပါဘူး….. ဒါတွေကကျွန်တော့်ရဲ့မိခင်အရင်က နှစ်များစွာထဲကခံစားနေရတဲ့ဝေဒနာတွေပါ…..ဆေးမျိုးစုံစား၊ကုသနည်းမျိုးစုံနဲ့ကုသပြီးအသက်ခြောက်ဆယ်အရွယ်အထိကိုနေမကောင်းရင်း… လမ်းလျောက်နေတဲ့ရောဂါစုံဆေးရုံးကြီးတစ်ရုံလိုဖြစ်နေပါတယ်…..အခုတော့ကိုယ်ကဘာရောဂါတောင်ဖြစ်တယ်ဆိုတာကြိုမပြောရသေးဘဲ… Scanဖတ်လိုက်တာနဲ့တင်……ဒီရောဂါတွေရဲ့အခြေအနေကို…အတွင်းကလီစာတွေနဲ့လူခနဓာကိုယ်အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်မှုတွေကို စစ်ဆေးခြင်းအားဖြင့်သိရှိရတဲ့အတွက်…ကျွန်တော့်မိခင်ကြီးဟာဒီရွှေမိုးပွင့်အေးဆေးကုခန်းလေးမှာဆေးကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့ပါတ ယ်….. First  Package နဲ့ Second  Packageကို အမ်အိုင်အင်နာဂျီဆိုတဲ့စက်ကလေးနဲ့ လျှပ်စစ်ဓါတ်တွေကိုယ်တွင်းကိုစီးဆင်းစေပြီးကုသပြီးတဲ့အခါမှာတော့… ကျွန်တော့်မိဘတွေဟာကျွန်တော်တို့နေထိုင်ရာအိမ်ရှိတဲ့ရှမ်းပြည်တောင်ပိုင်းကိုပြန်လာခဲ့ပါတော့တယ်…. ဒီနေရာမှာကျွန်တော့်အနေနဲ့ရွာသူားတွေကိုတင်ပြချင်တာကတော့….ကျွန်တော့်အမေရဲ့Before  and  After  အခြေအနေကိုပါ…. ဒီဆေးခန်းလေးမှာကုသခြင်းမပြုခင်မှာတော့ကျွန်တော့်အမေဟာမကြာမကြာဗိုက်အောင့်တတ်ပါတယ်…. အသည်းဘက်ခြမ်းကအောင့်သလို အစာအိမ်ကလဲအောင့်ပါတယ်…. အဲဒီ့တုန်းကတော့ဆရာဝန်တွေအထူးကုတွေနဲ့ပြကြည့်တဲ့အခါမှာအသည်းမကောင်းလို့ဖြစ်တာဆိုပြီး… ကုထုံးတွေအမျိုးမျိုးနဲ့ကုသခဲ့ပါတယ်….ပျောက်ကင်းတယ်ဆိုတာတော့မရှိခဲ့ပါဘူး…..အသက်အရွယ်ရလာတာနဲ့အမျှ…… ရောဂါဟာပိုပိုပြီးပဲတိုးလာခဲ့ပါတယ်…..တရုတ်ပြည်ကလာတဲ့လင်ဇီးဆေးတွေလဲစားတယ်…..စားနေတုန်းပဲကောင်းတယ်….ဈေးကြီးတော့ ဆက်မစားဘဲနေရင်….ရောဂါကနှစ်ဆပိုတိုးလာသလိုခံစားရပါတယ်…..ကိုယ်တွေလက်တွေလဲကိုက်ခဲရင်…….အသည်းရောဂါနဲ့…. အကိုက်ခဲပျောက်ဆေးတွေနဲ့မတည့်ဘူးဆိုပြီး……ကိုက်တာခဲတာတွေကိုကြိတ်မှိတ်ပြီးခံစားခဲ့ရပါတယ်….. ဒီစက်ကလေးနဲ့runပြီးတဲ့အခါမှာတော့အသားအရည်ဟာလဲစိုစိုပြည်ပြည်ဖြစ်လာတယ်….အရင်ကလိုမွဲခြောက်ခြောက်နဲ့ညိုညစ်ညစ်မဖြစ်တော့ဘူး… ဗိုက်အောင့်တာတွေလဲသက်သာလာတယ်……ကိုက်တာခဲတာတွေလဲမရှိတော့ဘူး…..ကိုက်လို့ခဲလို့ဆေးသောက်ရင်လဲ…ဆေးမှာပါတဲ့…. side  affect  ဘေးထွက်ဆိုးကျိုးတွေကိုဒီ  MI  Energyစက်ကလေးကနေခြေဖျက်ပေးတဲ့အတွက်ကြောင့်အရင်ကလို….ကိုက်ခဲမှုဝေဒနာကို အံကြိတ်ပြီးခံစားနေစရာမလိုတော့ပါဘူး……ဈေးနှုန်းကလဲ  Packageတစ်ခုကိုမှ…သောင်းဂဏန်းသာဖြစ်တဲ့အတွက်လူလတ်တန်းစား…. ရောဂါဝေဒနာသည်များအတွက်တစ်မျိုးတစ်ဖုံထောက်ပံ့မှုတွေရရှိအောင်ကုသနိုင်တဲ့ဈေးနှုန်းမျိုးပါ…… […]


ဆူး says: ယပ်တောင် ရိုက်မယ် ဆိုပြီး စိတ်ကူး ရခဲ့တာကို အကောင် အထည်ဖော် ခဲ့ပါတယ်။ သဂျီးလိုဂိုကို ယူပြီး အကောင်အထည်ဖော် ခဲ့တယ်။ ပြီးတော့ သေချာပေးပြီး အပ်လိုက်ပါတယ်။ ယပ်တောင်က တခါ အပ်ရင် ၁ပတ် အတွင်းရမယ် ဆိုလို့ ယပ်တောင် အပ်ခဲ့ပြီး နောက် တနေ့မှာ ယပ်တောင်အပ် လက်ခံတဲ့ ကောင်မလေးက ခရီးထွက်လို့ သူများနဲ့ လွှဲခဲ့တယ် ဆိုလို့ စိတ်က တော်တော်လေး ကသိကအောက်နဲ့ စိတ်ထဲမတင်မကျ.. အပ်ပြီးသား ပြန်သွားယူမယ် ဆိုတော့လည်း မကောင်းဘူးလေ.. ဒါနဲ့ ကောင်မလေးက ၃ရက် ခရီးထွက်သွားပြီး သူ ပြန်မလာခင် နေ့မှာမှ သူ လွှဲထားခဲ့တဲ့ သူက ယပ်တောင် စာရိုက်ဖို့ လုပ်ပါတယ်။ […]


Swal Taw YwetMay 3, 20121min01
သဝဏ်လွှာ (၄၃) by May Aye Oo on Thursday, May 3, 2012 at 9:08am ·  ဉာဏ်ပညာနည်းတဲ့သူဟာ ကိုယ့်ကျိုးကို ဦးစားပေးတယ်..။ ဉာဏ်ပညာကြီးတဲ့သူဟာ အများအကျိုးကို ဦးစားပေးတယ်..။ (ဆရာတော် ဦးဇောတိက) ပြင်ဦးလွင် မှာ  လှူကြအုံးစို့ .. .. .. .. နော် .. .. ။ “ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း” ပြင်ဦးလွင်မြို့   ကျမ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက […]


Swal Taw YwetMay 2, 20123min00
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၃) by May Aye Oo on Wednesday, May 2, 2012 at 1:24pm ·  စွမ်းနိုင်ခဲ့လို့ရှိရင် မိမိအကျိုး၊ သူတစ်ပါးအကျိုး နှစ်မျိုးစလုံးကျင့်ပါ ပထမတန်းစားပုဂိ္ဂုလ်။ (ညောင်တုန်းမြို့၊ အဂ္ဂမဟာပဏ္ဍိတ ရွှေဟင်္သာတောရ ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ)   ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂ရ – ၃ဝ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။   ဧပြီ ၂၃ ရက် က မှ ရေဦး ကနေပြန်ရောက်ပါတယ်..။ ရုံးပြန်တက်ရသေးသကိုး..။ ပြီးတော့ ထုံးစံအတိုင်း ၂၆ ရက်နေ့ည မှာ ပစ္စည်းတွေ အပြီး […]


Swal Taw YwetMay 2, 20121min00
သဝဏ်လွှာ (၄၂) by May Aye Oo on Wednesday, May 2, 2012 at 4:40am ·    တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင် ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။ သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့အတွက် စိတ်မကောင်းပါဘူး။ (ဆရာကြီး ဦးဘခင်)   ယဉ်ကျေးလိမ္မာသင်တန်း ၄၆/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၅ – ရ မေလ ၂၀၁၂ အနောက်ကြို့ကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။ တစ်ကယ်တော့ ကျမက ၅-ရ မေလ […]


Swal Taw YwetApril 27, 20123min02
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၁) by May Aye Oo on Wednesday, April 25, 2012 at 4:51am ·  ဘဝဆိုတာ ဖယောင်းတိုင်လေးလိုပဲ.. မကြာခင်မှာ ငြိမ်းသွားမှာ..။ ကိုယ့်ပတ်ဝန်းကျင်ကို အလင်းရောင်ပေးပါ..။ ပတ်ဝန်းကျင်ကိုတော့ လောင်မြှိုက်မပစ်ပါနဲ့။ ငြိမ်းသွားရင်လဲ အနွေးဓါတ်လေးကျန်နေအောင်ပြင်ဆင်ထားခဲ့ပါ..။ အရှင် ဧသက     ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ – ၉ ဧပြီလ-၂၀၁၂  မြောင်ရင်းရွာ၊ ထုံးဘိုမှာ ကျမတို့ရဲ့ ယဉ်ကျေးလိမ္မာ သင်တန်းက တတိယအကြိမ် ဖြစ်သွားပါပြီ။ ဒီတစ်ခေါက်မှာတော့ ပုညကြိယ ဝတ္တု ၁ဝပါး ယှဉ်ပြိုင်ခြင်း၏နိဂုံး (သီတဂူ ကမာ္ဘဗုဒ္ဓတက္ကသိုလ် […]


Swal Taw YwetApril 27, 20123min06
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၂) by May Aye Oo on Tuesday, April 24, 2012 at 4:47am ·  လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မလား?  ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်မလား?  ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်ပြီး လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မယ်။   ယဉ်ကျေးလိမ္မာသင်တန်း ၄၄/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်၊ ရေဦးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ ၁ရ – ၂ဝ ဧပြီလ-၂၀၁၂  ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့မှာတော့ မနက်စောစော ၆ နာရီ ရထားနဲ့ မန္တလေး ကို ထွက်ခွာခဲ့ပါတယ်..။ သင်္ကြန်ရက် ရထားစီးရတာ.. မတတ်သာလို့ စီးရတာပါ..။ အရမ်း .. […]


Swal Taw YwetApril 23, 20121min03
သဝဏ်လွှာ (၄၁) by May Aye Oo on Monday, April 23, 2012 at 5:12am ·   “ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊ ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ .. ၊  ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ်၊ စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်” သီတဂူဆရာတော် ကြီး ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၂ရ – ၃ဝ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။   လယ်ဘဲ့ကျေးရွာဟာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီးမှာ ရှိပါတယ်..။ မြန်မာနိုင်ငံ အလယ်ပိုင်းကျတာမို့ မိုးရှားတဲ့ အရပ်ပါ..။ […]


moe moeApril 19, 20121min06
၂၀၁၂ခုနှစ်၊ဇူလိုင်(၇)ရက်တွင်ကျရောက်သော နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇) အရေးတော်ပုံ အခမ်းအနားအား မန္တလေးမြို့တွင် စည်ကားသိမ်မြိုက်စွာ ကျင်းပနိုင်ရေးရန်အတွက် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီနှင့် တက္ကသိုလ်အသီးသီးမှကျောင်းသားသမဂ္ဂများပူပေါင်း၍ အောက်ပါအတိုင်း ဆပ်ကော်မတီအသီးသီးဖွဲ့စည်း၍ကြိုးပမ်းလျှက်ရှိပါသည်။ ၁။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။ (၁) ကိုရဲရင့်ကျော် ( ဝ၉- ၄၉၂ ၈ဝ ၁၁၅ ) (၂) ကိုကျော်ဇင်ထွန်း ( ဝ၉ – ၇၃၅ဝ ၂၀၄၉ ) (၃) မမေမြတ်စိုး ( ဝ၉- ၄၃၁၁ ၉၄၃၂ ) ၂။ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။ (၁) ကိုဝင်းမင်းသန်း ( ဝ၉- ၉၁ဝ ၄၄၄ ၃၅ ) (၂) ကိုဇင်မင်းသူ […]


Swal Taw YwetApril 19, 20123min02
မှတ်စု (၃၄) by May Aye Oo on Thursday, March 8, 2012 at 8:41am ·   မစွန့်လွတ်နိုင်တဲ့သူဟာ ဘယ်သောအခါမှ အထွဋ်အထိပ်သို့ မရောက်နိုင်ဘူးဆိုတာ ငါ့တပည့်တို့ မှတ်ထားကြ..။ မိမိခန္ဓာကိုယ်ရဲ့ သက်သာမှုကို သူတပါးအတွက် စွန့်လွှတ် နိုင်ရမယ်..။ ကိုယ်ပိုင်ပစ္စည်းကိုလည်း သူတပါးတို့အတွက် စွန့်လွှတ် နိုင်ရမယ်..။ ငါကတော့ အသီးတွေ ဝေနေတဲ့ သစ်ပင်ကြီးလို စွမ်းနိုင်သမျှကျင့်မယ်..။ သီတဂူဆရာတော် အရှင်ဉာဏိဿရ   ယဉ်ကျေးလိမ္မာသင်တန်း ၄၁/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း။ ၂ – ၅ မတ်လ၊ ၂၀၁၂ ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။ ၂ ရက်နေ့မနက်မှာတော့ စိုင်းစိုင်းရဲ့ […]


Swal Taw YwetApril 19, 20123min00
သဝဏ်လွှာ (၃၈) by May Aye Oo on Monday, March 12, 2012 at 8:50am ·   အတတ်ပညာ၏ အညစ်အကြေးကား မလေ့လာခြင်းတည်း..။ ဗုဒ္ဓ၊ ဓံဌ၂။   စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)   စာကြည့်တိုက် ထူထောင်ပေးရန် အလှူခံခြင်း။ ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။ ပြီးခဲ့တဲ့ တစ်ပါတ်က ဖျာပုံမြို့နယ်၊ ကျုံကဒွန်းရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တော့ ပုသိမ်ကျောင်းဆရာတော် က စာကြည့်တိုက် အတွက် ကူညီပေးဖို့မိန့်ပါတယ်..။ ပုသိမ်ကျောင်း ကျောင်းဝင်းထဲမှာ စာကြည့်တိုက်လုပ်ဖို့ အဆောက်အဦက အရံသင့်ရှိပါတယ်..။ ဆရာတော်က […]