ဉာဏ်ရည်ဖွ ံ့ဖြိုးမှု နှေးကွေးသူတွေ၊ စိတ်ဝေဒနာရှင် တွေ နဲ ့ ပတ်သက်ပြီး ပညာပေးမှု အားနည်းတဲ့ နိုင်ငံမှာ ကြီးပြင်းလာခဲ့ သူ တစ်ဦး ပီပီ …စိတ်ဝေဒနာသည်တွေ (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာ ချို ့တဲ့ နေသူတွေ အနားကပ်လာတိုင်း ကျွန်မ စိတ်ထဲ မသိုးမသန် ့ဖြစ်ခဲ့ဖူးတယ်။ သူတို ့တွေ ကို သာမာန်လူသားတွေ လို ့မမြင်ပဲ၊ ကျိန်စာသင့် လူသားတွေ.. သနားစရာ လူသားတွေ လို ့သာ ကျွန်မ မြင်တတ်ခဲ့တယ်။ အဲဒီလို အသိပညာမျိုးနဲ ့အမေရိကန်ပြည်ထောင်စု ကို မအူမလည်နဲ ့ရောက်လာခဲ့တဲ့ ကျွန်မ… AHRC ခေါ် အစိုးရမဟုတ်တဲ့ အဖွဲ ့စည်း တစ်ခုမှာ အလုပ်ရတော့ […]
