ပြဿနာ တဲ့။ အဟိ။ သိတတ်စကတည်းးး က ကိုယ် နဲ့ တပါတည်း ကပ်ပါလာသလားမှတ်ရ။ ရောက်တဲ့ အရပ်မှာ အငြိမ်မနေနိုင်တော့ ဟိုပါ ဒီပါ (စကား အရာ ကို ပြောတာပါ) ၊ ဟိုပြော ဒီပြော။ ငယ်တုန်းကတော့ မလည်သာ မလည်တာ အရှုပ်၊ မလည်ရှုပ် လုပ်ချင်တော့ သူငယ်ချင်း လူမိုက် မွေးတယ်။ ကိုယ့်များ တစ်ခုခု အပြောခံကြည့် မျက်ရည် လေး ဝိုင်း မျက်လုံးလေး ကလယ် ကလယ်….. (မှုံလေး နဲ့ မဆိုင်ဘူးနော်) နဲ့ သွားတိုင်တာ။ သူ က ရန်ဖြစ်ပေးးး။ အဲဂလိုနဲ့ ဘေးနားက သယ်ချင်းတွေက ကိုယ့်ဆို အလွတ်မပေးရဲကြဝူးးး […]
