မျက်စိဆရာဝန် အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။”အဝတ်အစား ချွတ်လိုက်ပါ” “ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ” “အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ” “ရှင်က ဘယ်သူလဲ” “မျက်စိ ဆရာဝန်” ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည် သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။ ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်… ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့ ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ် ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

