ဆရာဝန်

NKDecember 8, 20111min01

မျက်စိဆရာဝန်
အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။”အဝတ်အစား ချွတ်လိုက်ပါ”
“ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ”
“အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ”
“ရှင်က ဘယ်သူလဲ”
“မျက်စိ ဆရာဝန်”

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်…
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

One comment

  • Thel Nu Aye

    December 8, 2011 at 6:12 pm

    အင်းဒီခေတ် ဆေးကျောင်းသားတွေဖြစ်မယ်။ အလုပ်သင်ဆရာဝန်တယောက်နဲ့ပြဖူးတယ်။ အထူးကုညွှန်ထားတဲ့ဆေးတွေကိုမသိလို့ ကိုယ့်ဆီကပြန်မေးနေလို့ကိုယ်ကပဲပြန်ရှင်းပြခဲ့ရတယ်။ ဘယ်လိုသောက်ရတာလဲ၊ ဘယ်လိုလဲလို့ မေးတာ အရမ်းအရမ်းအံ့ဩကြီးစွာနဲ့ရှင်းပြခဲ့ရပါ တယ်။ နောက်အဲဒီဆေးခန်းဘယ်တော့မှမသွားတော့ပါ။ သူကမိဘချမ်းသာတော့ ကိုယ်ပိုင်အထူး ကုဆေးရုံကြီး ( အဲတုန်းကတော့အထူးကုဆေးခန်းပေါ့ ) ဖွင့်ထားပြီး ကိုယ်တိုင်အပြင်လူနာကြည့်ပါတယ်။ အဲဒီနေ့ကလဲ အထူးကုမလာလို့သူကိုယ်တိုင် ( ဆေးရုံပိုင်ရှင်ဆိုတော့ ) အထူးကုကိုယ်စားဝင်ကြည့်ပေး တာ။ ရောဂါအကြောင်းမပြောရပဲ သူမေးတဲ့ဆေးပဲသောက်ပုံသောက်နည်းရှင် ပြပြီးပြန်ခဲ့ရပါတယ်။ တကယ်တော့ အဲ့ဒီဆေးဟာ လူတိုင်းသိတဲ့ အင်မတန် အခြေခံကျတဲ့ဆေးပါ။ ကိုယ်တွေ့ပါ။

    Reply

Leave a Reply

Your email address will not be published.