ထိုင်ဝမ်းနိုင်ငံတွင် ၂ လတကြိမ်၊ မ ဂဏန်းဖြစ်တဲ့လ၊ဥပမာ၊ဇန္နဝါရီ၊မတ်ချ်၊မေ၊စသဖြင့်လတွေရဲ့၂၅ရက်နေ့ မှာ မီလီယံနာများအလိုအလျောက်ပေါ်ထွက်စေသောရွေးခြယ်ပွဲရှိပါသည်။ မယုံမရှိနဲ့။ ထိုင်ဝမ်းတွင်ကုန်ပစ္စည်းအရောင်းအဝယ်များပြုလုပ်ရာတွင်များသောအားဖြင့် Invoice ဖွင့်ရပါသည်၊ဗမာပြည်မှာဘောက်ချာ (Voucher)လို့ခေါ်တာနဲ့တူတယ်၊အဲဒီ Invoice စာရွက်လေးပေါ်မှာ Serial number ၈လုံးရှိတယ်၊ ဆိုခဲ့တဲ့အတိုင်းအဲဒီ၂၅ရက်နေ့မှာဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိသည့်၊အခွန်ဦးစီးရုံးကထုတ်ပြန်တဲ့မဲပေါက်ဂဏန်းစုများနှင့်ထပ်တူထပ်မျှတူညီမယ်ဆိုရင်၊ဆုပေါက်ပြီတာမှတ်ပေတော့။ Rules တော့အောက်ပါအတိုင်းဖြစ်၏။ ဥပမာ၊လွန်ခဲ့သောစက်တင်ဘာနှင့်အောက်တိုဘာလအတွက်ဆုပေါက်ဂဏန်းကို၊ဒီနိုဝင်ဘာလ၂၅ရက်နေ့ဖြစ်တဲ့ယမန်နေ့ကတွင်ထုတ်ပြန်လိုက်ပါသည်၊ ၁။ 71524465 သည်အထူးစပယ်လ်ရှယ်ဆုဖြစ်ပြီး၊၎င်းနံပါတ်များနှင့်ကိုက်ညီသော Invoice စာရွက်ပိုင်ရှင်သည်နေ့ချင်းညချင်း သန်း၁ဝ ( 10 million New Taiwan dollar )ပိုင်သူဌေးဖြစ်သွားသည်၊အခွန်တော်၂ဝရာနှုံးနုတ်ပြီးရင်အသားသင် ၈ သန်းတိတိကျန်ရှိမှာဖြစ်ပြီး၊ US$ ၂သိန်းခြောက်သောင်းကျော်နှင့်ညီမျှသည်၊ဤကဲ့သို့သောသူဌေးများခန့်မှန်ချေတကြိမ်လျှင် ၈ ယောက်ကနေ ၁၂ ယောက်ထိထွက်ပေါ်လာနိုင်သည်။ ၂။ 57659487 သည်စပယ်လ်ရှယ်ဆုဖြစ်ပြီး၊၎င်းနံပါတ်များနှင့်ကိုက်ညီသော Invoice စာရွက်ပိုင်ရှင်သည်နေ့ချင်းညချင်း ၂သန်း ( 2 million New Taiwan dollar )ပိုင်သူဌေးဖြစ်သွားနိုင်သည်၊အခွန်တော်၂ဝရာနှုံးနုတ်ပြီးရင်အသားသင် ၁၆သိန်းတိတိကျန်ရှိပြီး၊ US$ ၅သောင်း၃ထောင်ကျော်နှင့်ညီမျှသည်၊ဤကဲ့သို့သေသူဌေးများခန့်မှန်ချေ […]
