DaveDecember 21, 20091min00
လတ်တလောပြစရာနမူနာကတော့ နျူကလီးယားလက်နက်တွေပြန့်ပွားမှုကို တားဆီးဖို့နဲ့ နျူကလီးယားလက်နက်မဲ့ကမ ္ဘာကြီးဖြစ်လာစေဖို့ ကြိုးပမ်းမှုပါပဲ။လွန်ခဲ့တဲ့ရာစုအလယ်မှာ နိုင်ငံတွေဟာ စာချုပ်တစ်ရပ်ချုပ် ဆိုဖို့ သဘောတူညီခဲ့ပြီး ဘယ်သူတွေအတွက်စာချုပ်ချုပ်ခဲ့သလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။အားလုံးဟာ ငြိမ်းချမ်းသောနျူကလီးယားအင်အားကိုတပ်ဆင်ထားမယ်။နျူကလီးယားလက်နက်မရှိသူတွေကရှိအောင် မလုပ်ကြတော့ဘူး။နျူကလီးယားလက်နက်တွေ ပို်င်ဆိုင်တဲ့နို်င်ငံတွေက လက်နက်ဖျက်သိမ်းရေးအတွက်ရှေ့  ရှုဆောင်ရွက်ကြမယ် စသည်ဖြင့်ပေါ့။ဒီစာချုပ်ကို ကျွန်တော်စွဲကိုင်ထားရမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော့် နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုပြုချက်ပါပဲ။ပြီးတော့ အမေရိကန်နဲ့ရုရှားနျူကလီးယားလက်နက်တွေကို လျှော့ချပစ်ဖို့ ရုရှားသမ္မတ ဒီမီထရီမက်ဒ်ဗေဒက်နဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အီရန်၊မြောက်ကိုရီးယား အစရှိတဲ့နိုင်ငံတွေဟာ ဒီစနစ်ကိုရမ်းရမ်းကားကား မလုပ်မိစေဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။နိုင်ငံတကာတရားဥပဒေကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြု ထားကြသူတွေက အဲဒီဥပဒေတွေကို ထိပါးတဲ့သူတွေရှိလာတဲ့အခါ မျက်ကွယ်ပြုထားလို့ မရပါဘူး။မိမိတို့လုံခြုံရေးအတွက်အလေးထားသူတွေအနေနဲ့ အရှေ့ အလယ်ပိုင်နဲ့အရှေ့ အာရှက လက်နက်ယှဉ်ပြိုင်မှု       အန ္တရာယ်ကို လစ်လျူရှုလို့ မရပါဘူး။ငြိမ်းချမ်းရေးရှာဖွေသူတွေဟာ နျူကလီးယားစစ်ဖြစ်စေဖို့ လက်နက်တပ်ဆင်လာတဲ့အခါမှာ အသာတကြည်ရပ်ကြည့်နေလို့ မရပါဘူး။ ကိုယ့်ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်ခြင်းအားဖြင့် […]


DaveDecember 17, 20091min02
ဒါကြောင့် ကျွန်တော်တို့ရဲ့စိန်ခေါ်မှုအစိတ်အပိုင်းဟာ စေ့စပ်မရနိုင်ဘူးလို့ထင်ရတဲ့ အရှိတရားနှစ်ရပ်ကို စေ့စပ်ပေးရေးဖြစ်ပါတယ်။စစ်ဟာ တစ်ခါတစ်ရံမှာ လိုအပ်တယ်ဆိုတဲ့သဘောတရားနဲ့ စစ်ဆိုတာ လူသား      ခံစားချက်တွေကို ဖော်ထုတ်ပြသတဲ့ အဆင့်သတ်မှတ်ချက် တစ်နေရာမှာရှိတယ်ဆိုတဲ့သဘောတရားပါပဲ။ချက်ကျလက်ကျပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့အားထုတ်မှုကို ဟိုးလွန်လေပြီးသော တစ်ချိန်တုန်းက  သမ္မတကင်နေဒီဆော်ဩခဲ့တဲ့ဆီ ဦးတည်ရပါလိမ့်မယ်။“ပိုမိုလက်တွေ့ကျတဲ့၊ပိုမိုပြီးရနိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အာရုံစိုက်ကြပါစို့။အဲဒီငြိမ်းချမ်းရေးဟာ လူ့သဘာဝအလျောက်   ရုတ်တရက်တော်လှန်ပြောင်းလဲပစ်ခြင်းအပေါ်မှာ အခြေပြုခြင်းမရှိဘဲ လူ့အဖွဲ့အစည်းတွေထဲက ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုအပေါ်မှာ အခြေပြုမှာဖြစ်ပါတယ် “လို့ သူပြောခဲ့ပါတယ်။


DaveDecember 15, 20091min00
ယနေ့ခေတ်စစ်ပွဲတွေမှာ စစ်သားတွေထက် အရပ်သားလူထုသေဆုံးကြရတယ်။နောင်အနာဂတ် အငြင်းပွားမှုမျိုးစေ့တွေကို ကြဲချစိုက်ပျိုးကြတယ်။စီးပွားတွေလည်းပျက်တယ်။မြို့  ပြလူနေမှုအဖွဲ့ အစည်းတွေ ယိမ်းယိုင် ပျက်စီးသွားတယ်။ဒုက္ခသည်တွေ ထုနဲ့ဒေး ပေါများလာတယ်။ကလေးတွေလည်း စိတ်အမာရွတ် ထင်ကျန်ရစ်ခဲ့ရတယ်။ ဒီစစ်မက်ပြဿနာတွေရဲ့ အဖြေကို ဖွင့်ဆိုပြသဖို့ရာ ဒီနေ့ကျွန်တော့်မှာ ဘာမှပါမလာပါဘူး။ကျွန်တော်သိတာကတော့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ဆယ်စုနှစ်တွေကြာသည်အထိ ရဲဝံ့စွာလုပ်ဆောင်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ တူညီသော အမြင်နဲ့ကြိုးပမ်းလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ဟာ တရားသောစစ်နဲ့ပတ်သက်တဲ့အတွေးအမြင်တွေ၊တရားသောငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆတွေ အကြောင်း နည်းလမ်းသစ်တွေနဲ့ တွေးခေါ်မြော်မြင်ဖို့ လိုအပ်လာပါလိမ့်မယ်။


DaveDecember 14, 20091min00
ရာစုသစ်ထဲကို ဆယ်စုနှစ်တစ်ခု ကျော်လွန်ရောက်ရှိလာပြီးတဲ့နောက် ဒီအဆောက်အအုံကြီးဟာ ခြောက်လှန့်မှုအသစ်တွေအောက်မှာ ပိကျလို့နေပြီဖြစ်ပါတယ်။ကမ ္ဘာကြီးဟာ နျူကလီးယားမဟာအင်အားကြီး နှစ်နိုင်ငံအကြား စစ်ဖြစ်မှာကို ကြောက်စရာမလိုတော့ပါဘူး။ဒါပေမယ့် နျူကလီးယားပြန့်ပွားမှုတိုးလာရာကနေ ဘေးသင့်မယ့် အရေးက စိတ်မအေးဖွယ်ဖြစ်နေပါတယ်။အကြမ်းဖက်မှုရှိနေခဲ့တာ ကြာညောင်းလှပါပြီ။ ဒါပေမယ့် ခေတ်ပေါ်နည်းပညာကြောင့် ဘာမဟုတ်တဲ့ လူတွေက အပြစ်မဲ့သူတွေကို ကြောက်စရာကောင်းလောက်အောင် အမြောက်အမြား သတ်ဖြတ်နေတာတွေ့ရပါတယ်။


kaiDecember 6, 20091min01
Can you join us this Monday, the first day of the historic international climate change negotiations in Copenhagen?  At this critical moment, join us in exposing Chevron, one of the world’s worst climate criminals, and telling them “our climate is not your business!”  With U.S. obstruction of the international climate change negotiations, we need to push back corporations like Chevron – […]


kaiNovember 7, 20094min02
ဘာရယ်လို့မဟုတ်ပါဘူး… အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီကျတဲ့နိုင်ငံရေးစံနစ်ပုံစံတွေကို ပြောချင်ပြချင်တာလေးတခုပါ အိုဘားမားက ဒီနေ့ သူ့ကိုထောက်ခံသူတွေကို ပို ့လိုက်တဲ့စာလေးတစောင်ပါ။ အောက်မှာ ဖတ်ကြည့်ရင် အမေရိကရဲ့ နိုင်ငံရေးအင်အားချိန်ခွင်လျှာက ဘယ်လိုယိမ်းထိုးနေသလဲ..ယိမ်းတတ်သလဲ..ဒီမိုကရေစီစံနစ်ရဲ့ ပုံစံ စသဖြင့် ရိုးတိုးရိတ်တိတ်ကလေးမြင်မိမယ်ထင်တာပါပဲ.. xxxxxx– This evening, at 11:15 p.m., the House of Representatives voted to pass their health insurance reform bill. Despite countless attempts over nearly a century, no chamber of Congress has ever before passed comprehensive health reform. This is […]


kaiOctober 13, 20091min02
(အောင်သူငြိမ်း) (၁) ကျနော်ဒီစာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ မဖတ်ဖြစ်ဘူး။ အခုတော့ အကြောင်းတခုကြောင့် ပြန်ဖတ်ဖြစ်နေ တယ်။ အကြောင်းကတော့ စကားဝိုင်းတခုမှာ မိတ်ဆွေတယောက်က ဆွေးနွေးလာတဲ့အချက်နဲ့ ဆိုင်နေသလို ဖြစ်လို့ပါပဲ။ ဒီစာအုပ်ရဲ့ အမည်က ဝီကီနောမစ် (Wikinomics) ပါ။ အပြည့်အစုံ ပြောရရင် Wikinomics: How Mass Collaboration Changes Everything ဆိုတဲ့ စာအုပ်ပါ။ Don Tapscott နဲ့ Anthony D. Williams တို့က ရေးသားကြပြီး (Portfolio) Penguin Group က ၂၀၀၆၊ ၂၀၀၈ ခုနှစ်တွေမှာ ထုတ်ဝေထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို ဝယ်ဖြစ်ရတဲ့အကြောင်းကတော့ ခေတ်သစ် အခြေအနေအောက်မှာ လူအများ စုပေါင်းဆောင်ရွက်ကြတဲ့ ကိစ္စ […]


kaiOctober 10, 20091min024
လူတော်တော်များများဟာ မိမိ ထင်မြင်ချက်တွေ ကိုဘလော့တွေ၊ ဖိုရမ်တွေ မှာ လွတ်လွတ်လပ်လပ် ရေးနိုင်ကြမယ်လို ့ထင်နေတာဖြစ်ပါတယ်။ အဲဒီလိုနဲ့ အင်တာနက်ကတဆင့် တဦးကိုတဦး စည်းဘောင်ကျော်ရေးသာဆုံးဖြတ်နေခဲ့ကြတာတွေ ရှိလာပါတယ်။ တကယ်တော့ ဒီလိုဖြစ်လာတာတွေဟာ  တရားစွဲဆိုခံရဖို ့နဲ့လည်းနီးစပ်လာတာဖြစ်ကြောင်း အောက်ပါအဖြစ်အပျက်၃ခုက အင်တာနက်သုံးသူတွေကို သတိထားစရာအဖြစ် မီးမောင်းထိုးပြနေတာပါ။ Chicago အခြေစိုက် အိမ်မြေအကျိးဆောင် ကုမ္ပဏီ တခုဟာ ပြီးခဲ့တဲ့ နွေရာသီက အိမ်ငှားတဦးက သူငှားထားတဲ့ အိမ်ခန်းတွေ ခေတ်မမှီတော့ဘူးလို အင်တာနက်မှာတင်လိုက်မိတာကြောင့် နစ်နာကြေးအဖြစ် ဒေါ်လာ ၅သောင်း တရားရုံးမှာ တရားစွဲဆိုတောင်းခံ ခံလိုက်ရပါတယ်။ နောက်အမှုတခုကတော့ ဘလော့ဂါတဦးက သူ့ဘလော့ဂ်ပေါ်မှာ ရှေ ့နေတဦးကို “အမှုရှုံးတဲ့ရှေ့နေ” လို ့သုံးစွဲမိရုံနဲ့ ဖြစ်ခဲ့တာပါ။ အဲဒီအတွက် တရားရုံးကနေ လျှော်ကြေးငွေဒေါ်လာ ၁သန်း၈သိန်းပေးဆောင်စေလို့ အမိန် ့ချမှတ်ခြင်းခံလိုက်ရပါတယ်။ […]


kaiSeptember 21, 20091min03
ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။ ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။ ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ […]


kaiSeptember 18, 20091min05
ရေးသူ- လူထုစိန်ဝင်း အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းလို့ ခေါ်ကြတဲ့ “အင်ဂျီအို” တွေ၊ “အိုင်အင်ဂျီအို”တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေ အကြောင်း မကြာခဏ ဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ် ကလေးကို ရေးဖြစ်ပါတယ်။ အင်တာဗျူး တွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အကြောင်း မသိသူတချို့က ဘာကြောင့် ဒါလောက် မျက်မုန်းကျိုးနေတာလဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးလို့” လို့ပဲ လိုတိုရှင်း ဖြေလေ့ရှိပါတယ်။ အတုမြင် အတတ်သင် မှာစိုး ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်း သူတွေကြောင့် ကျွန်တော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ် နေကြတာတော့ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် ဘာမှ မပြောခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ […]


kaiSeptember 11, 20081min0206
Who? Who was involved? What? What happened (what’s the story)? Where? Where did it take place? When? When did it take place? Why? Why did it happen? How? How did it happen? မြန်မာပြည်က ဘလော့ဂ် ရေးသူတွေ ကိုယ့်ဘလော့ဂ်နဲ့ ဖိုရမ်စတာတွေမှာ တင်သလို ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၄၀၀) ရမှာဖြစ်ပါတယ်။ (အခြားနိုင်ငံနေသူများအတွက် ပွိုင့်အား ငွေသားအဖြစ် လဲလှယ်လွဲပေးမည်မဟုတ်ပါ၊အခုအစီအစဉ်ဟာ မြန်မာပြည်တွင်းနေသူများအတွက်သာဖြစ်ပါတယ်။ ) စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၃၀၀၀)* ရှိရမှာဖြစ်ပါတယ်။စာလုံးရေကလည်း အလိုအလျှောက်တွက်ပါလိမ့်မယ်။ […]