DaveJanuary 23, 20101min03
ဇန်နဝါရီ ၂၂ရက်နေ့သည် မြန်မာ့ဂုဏ်ဆောင် တတိယမြောက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ မွေးနေ့ ဖြစ်သည်။ထိုနေ့တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာရောက်မြန်မာအသိုက်အဝန်းတွင်လည်း ဦးသန့်မွေးနေ့ အထိမ်းအမှတ်အစီအစဉ်များပြုလုပ်ခဲ့သည်ကို မကြားသိခဲ့ရပါ။ ဦးသန့်သည် ၁၉၀၉ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံ ၊ပန်းတနော်မြို့ နေ မိဘနှစ်ဦးဖြစ်သည့် ဦးဖိုးနှစ်နှင့်ဒေါ်နန်းသောင်တို့၏မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ် ဖြင့် ဝိဇ္ဖာဘွဲ့ရခဲ့ပြီးနောက် အမျိုးသားကျောင်းဆရာလုပ်ရန် ပန်းတနော်မြို့ သို့ ပြန်လာခဲ့သည်။သီလဝဟူသော ကလောင်အမည်ဖြင့် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့သည်။ပန်းတနော် အမျိုးသားကျောင်းအုပ်ဘဝမှ မအူပင်မြို့ တွင် ပညာအုပ်အဆင့်သို့ တိုးမြင့်ရောက်ရှိလာခဲ့သည်။ထို့နောက် ဦးနုနှင့်သိကျွမ်းခွင့်ရခဲ့ပြီး ၎င်းဝန်ကြီးချုပ်ဖြစ်လာသောအခါ ၁၉၄၈ခုနှစ်၌ ဦးနု၏ခေါ်ယူမှုကြောင့် ရန်ကုန်သို့ ရောက်ရှိကာ အသံလွှင့်ဌာနညွှန်ကြားရေးမှူးဖြစ်လာခဲ့သည်။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အတွင်း ရေးမှူးတာဝန်ကို ဆက်လက်ထမ်းဆောင်ရသည်။နောက်ပိုင်းတွင် ဦးနုနှင့် မသင့်မမြတ်ဖြစ်ရာမှ ၁၉၅ရခုနှစ် တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊နယူး […]


kaiJanuary 20, 20102min04
တတိယနိုင်ငံဆိုတာက ဂျပန်၊မြန်မာပြည်ကလွဲပြီး တတိယမြောက်တနိုင်ငံကိုခေါ်တာပါ။ စစ်အေးခေတ်က တတိယကမ္ဘာ့နိုင်ငံများဖြစ်တဲ့ နို်င်ငံတွေကို ဆိုလိုတာမဟုတ်ပါ။ ပြောရရင် မြန်မာပြည်ဟာ တတိယကမ္ဘာ့နိုင်ငံတခုဖြစ်ခဲ့တာပါပဲ.။.. ဒီအတိုင်းပဲ အမေရိကန်ပြည်ထောင်စု ဆိုတာက ပထမကမ္ဘာ့နို်င်ငံတွေရဲ့ ဦးဆောင် နိုင်ငံကြီးပါ။ ပထမနိုင်ငံဖြစ်ပါတယ်..။ ပြောချင်တာက ဒီနေ့ အင်တာနက်ထဲ လိုက်နှိုက်ရင်း တွေ့တဲ့သတင်းလေးတခုအကြောင်းပါ။ ဂျပန်နို်င်ငံက မိုးသောက်ကြယ် ဝက်ဘ်ဆိုက်ကဖြစ်ပါတယ်။ သတင်းအရ ဒီနှစ်ထဲအမေရိကကို လာမဲ့ မြန်မာတွေ ရှိလာမဲ့ပုံရပါတယ်။ တချို ့ရောက်လာနေတာတွေတောင် တွေ့နေရပါတယ်..။အဲဒါကြောင့် င်္ဒလပိုင်း အမေရိကန်ပြည်ထောင်စုရဲ့ သန်းကောင်စာရင်းကိစ္စတွေအတွက် စာတွေလိုက်ဖတ်ရင်းတွေ့တာလေး တချို ့ဝေမျှချင်လို ့ပါ။ ယူအက်စ်ကို ပြောင်းရွေ့ခိုလှုံသူတွေ၊နို်င်ငံရေးခိုလှုံကြသူတွေ ဆိုတာ ကမ္ဘာ့နိုင်ငံတော်တော်များများကရှိပေမဲ့(လာကြပေမဲ့) မြန်မာတွေအတွက်တော့ (တခြားနိုင်ငံတွေနဲ့စာရင်)လျှောက်ရင် ရဖို ့ဆိုတာက ဖြစ်နို်င်ချေတော်တော်များတယ်လို့ စာရင်းဒေတာတွေအရတွေ့ရပါတယ်။ ယူအက်စ်မြေနင်းပြီးမှ လျှောက်လာရင် ရာခိုင်နှုန်းအားဖြင့် ၆ဝကျော် ၇ဝလောက်ကို […]


KyaemonJanuary 7, 20101min00
Burmese whistle-blowers sentenced to death – BBC source http://news.bbc.co.uk/2/hi/asia-pacific/8446462.stm Two Burmese officials have been sentenced to death for leaking details of secret government visits to North Korea and Russia, the BBC has learned. The officials were also found guilty of leaking information about military tunnels allegedly built in Burma by North Korea, a source in […]


kaiJanuary 7, 20101min03
အတိတ်၊ပစ္စုပန် နှင့် အနာဂါတ် (၁)   – ဒုက္ခသည်ဟုဆိုကြရာဝယ် မောင်မိုးညိုတို့ငယ်စဉ်က လူကြီးမိဘများပြောလေ့ ရှိသော ‘ဒုက္ခရောက်မှာမကြောက်ဘူးလား’ ‘ဒုက္ခိတဖြစ်သွားချင်လား’ ဟူသောစကားကိုသတိရမိသည်။ လောကဓံတရားရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်သော ‘ဒုက္ခ’ကိုကွင်းရှောင်နိုင်ရန်လူတိုင်းကြိုးစားကြသည်ချည့်ပင်။ ခြိမ်းခြောက်စကားဘဲဆိုဆို ဒုက္ခရောက်မှာတော့ သကောင့်သားသမီးအားလုံးက ဝေးဝေးရှောင်ကြသည်။ လူ့သဘာဝကား ဆန်းသားပင်။ အမှားကိုမှားမှန်းသိလျက်နှင့် ကြူးလွန်မြဲလမ်းမှားကိုလိုက်မြဲ လိုက်ဆဲ မိုက်ကြမြဓမ္မတာ။ ဗုဒြွဂေါတမ၏ ဟောပြချက်တခု၌ “အသိကိုသတိနှင့်ထိမ်းကြောင်းကြရန်” ဆိုဆုံးမထားသည်။ သတိတွေထားနေရင်းကပင် ဒုက္ခနှင့်ဝေးတော့ ဒုက္ခ၏အရသာကိုအမေ့ကြီးမေ့ကာ အမှားနောက်ကိုကောက်ကောက်ပါအောင်လိုက်မိကြပြန်သည်။ သို့အတွက်လည်း ‘သံသရာ’ ဟူသောဝေါဟာရက လောကအလည်မှာနေရာယူနေသည်မဟုတ်ပါလော။ မည်သို့ဆိုစေ စာဖတ်သူအားလုံးနားလည်ကြသည် ကတော့ ဒုက္ခနှင့်ဝေးနိုင်လေ ဘဝအေးချမ်းလေပင်။ သို့ကြောင့်လည်း ဗုဒြွ၏ “သစ္စာလေးပါးတရား” မှတစ်ပါးဖြစ်သော “ဒုက္ခသစ္စာ” သည်သံသရာကိုကြင်လည်ရခြင်း၏ မဖေါက်မပြန်မှန်ကန်သော ပရမတ်အဖြစ် ဓမ္မစက္ကပဝတ္တနတရားဦးတွင်ညွှန်ပြခဲ့လေသည်။ ယေဇူးခရစ်တော်သည်လည်း လူသားတို့၏မိုက်မဲမှုအားလုံးအတွက်ကိုယ်တော်တိုင်ကားစင်တက်ကာလူသားအားလုံးအတွက် ဒုက္ခဝန်ကိုခံစားသွားပေးခဲ့လေသည်။ ယခုရေးလိုသည့်အကြောင်းကား […]


KyaemonJanuary 1, 20101min00
Nobel Winners 2009 1 (of 5) – BBC Documentary Series http://www.youtube.com/watch?v=nq1JDMW_svQ http://www.youtube.com/watch?v=vAl4jTCmqmY&feature=related http://www.youtube.com/watch?v=1G1oG1g-z8A&feature=related http://www.youtube.com/watch?v=52u0yUlLc7A&feature=related http://www.youtube.com/watch?v=b78FvNGPGbU&feature=related


kaiDecember 28, 20091min04
အောက်ကသတိပေးချက်လေး အီးမေးလ်က ရလို့ ပါ။ ဆက်စပ်သတင်းက ဒီမိုကရက်တစ်မြန်မာ့အသံဝကဘ်ဆိုက်မှာ တက်နေပါတအဓိကအားဖြင့် ယူအက်စ်နေတဲ့သူတွေ ဗီစီဒီတွေ၊ဆိုင်တွေမှာ တင်ရောင်း၊ ရုပ်ရှင်တွေ အင်တာနက်တွေမှာတင်ပြနဲ့မို ့ဆိုင်မလားလို့ပါပဲ။ အဲဒါကြောင့် သတင်းအဖြစ်ပဲ တင်ပေးထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည် မူပိုင်ခွင့်နဲ့ပါတ်သက်ပြီး စာချုပ်စာတန်းတွေ၊ မှတ်ပုံတင်ထားတာတွေ အပြန်အလှန်စာချုပ်ချုပ်ထားတာ မရှိသေးတာမို ့တရာစွဲတာတွေလုပ်နိုင်မလားရယ်လဲ မသေချာပါ။ ဝိုက်ပို (http://www.wipo.int) မှာတော့ မြန်မာက လက်မှတ်ထိုးထားတယ်ရယ်လို ့ကြားဖူးပါတယ်။ တကယ်လို ့မူပိုင်ခွင့်ကိစ္စတွေပြောလာရင် မြန်မာသီချင်းတွေ၊ ရုပ်ရှင်တွေ၊ သုံးနေတဲ့ ကွန်ပျုတာတွေရဲ့ ဆော့ဖ်ဝဲတွေကလည်း အမေရိကရဲ့မူပိုင်ခွင့်တွေကို လိုက်နာထားသလားရယ်ကလဲ အဓိကပြောစရာပါပဲ။ ဒီကိစ္စတွေ နောင်နှစ်ထဲ “ဟော့”လာမယ်ထင်ရပါကြောင်း…..


DaveDecember 22, 20091min00
တတိယအနေနဲ့ပြောရရင် တရားမျှတတဲ့ငြိမ်းချမ်းရေးမှာ မြို့ပြနဲ့ နိုင်ငံရေးအခွင့်အရေးတွေ ပါဝင်နေကြ ပါတယ်။စီးပွားရေး၊လုံခြုံမှုနဲ့ အခွင့်အလန်းလည်းပါဝင်ပါတယ်။စစ်မှန်တဲ့ငြိမ်းချမ်းရေး အတွက်ဆိုတာ  ကြောက်ရွံ့ခြင်းက ကင်းလွတ်ရုံသက်သက်မဟုတ်ပါဘူး။ချို့တဲ့မှုကလည်း ကင်းလွတ်ဖို့လိုပါတယ်။ အကြွင်းမဲ့မှန်ကန်တာကတော့ ဖွံ့ဖြိုးမှုဟာ လုံခြုံမှုမရှိဘဲ အခြေတည်အမြစ်တွယ်ခဲပါတယ်။အလားတူပဲ လုံခြုံရေးဆိုတာ လူသားတွေမှာ လုံလောက်တဲ့အစားအစာ၊သန့်ရှင်းတဲ့ရေ၊သူတို့ရှင်သန်ဖို့လိုအပ်တဲ့ဆေးဝါး မရှိဘဲ ဖြစ်တည်နိုင်ခြင်းမရှိပါဘူး။ကလေးသူငယ်တွေ တူတူတန်တန်ပညာသင်ယူခွင့်မရှိတဲ့နေရာ၊ မိသားစုအတွက်ထောက်ပံ့နိုင်တဲ့အလုပ်မရှိတဲ့နေရာတွေမှာလည်း ဖြစ်တည်နိုင်မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်မရှိခြင်းဟာလည်း လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆွဲထုတ်ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။


ဆင်းရဲနွမ်းပါးသူတွေ ဆေးကုသဖို့ အခက်အခဲကို တစ်တောင့်တစ်နေရာကနေ ကူညီပေးဖို့ မန္တလေးမြို့ ၆၂ လမ်း၊ ၃၃ လမ်း နဲ့ ၃၄ လမ်းရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာ ဖွင့်လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ်ဆေးခန်းကို ဩဂုတ်လ ၂၂ ရက်နေ့က စပြီးဖွင့်ထားတာ လေးလပြည့်မြောက်ပါပြီ။ လေးလတာကာလအတွင်းမှာ လူနာပေါင်းများစွာကို ဆေးကုသပေးခွင့်ရလို့ အသက်ပေါင်းများစွာကို ကယ်တင်ပြီးဖြစ်နေပါပြီ။ ကုသိုလ်ဖြစ်ဆေးခန်းလေးကနေ လူ့အသက်ပေါင်းများစာ ကယ်တင်နိုင်ဖို့အတွက် အလှူရှင်များရဲ့ အလှူငွေများလိုအပ်ပါတယ်။