လာမည့်မတ်လတွင် စတင်ပေးပို ့တော့မည် သန်းခေါင်စာရင်းအတွက် လှုပ်ရှားမှုတချို ့မှဓါတ်ပုံကို တင်ပေးလိုက်ပါသည်။ ပုံမှာ BASES (Burmese Engineering) မှ ထမနဲပွဲ ဇန်နဝါရီ ၃၁ က အယ်လ်အေ။ လပွန်းတီဘုန်းကြီးကျောင်းတွင် ပြုလုပ်စဉ် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သန်းခေါင်စာရင်းဆိုသည်မှ ညနက် သန်းခေါင်အိမ်ထောင်စုဝင်အားလုံးအိမ်တွင်ရှိနေချိန် လိုက်လံကောက်ယူစာရင်းပြုလုပ်သဖြင့် သန်းခေါင်းစာရင်းခေါ်သည်ဟုမှတ်ဖူးပါသည်။ ယခု အမေရိက၏ သန်းခေါင်စာရင်းမှာမူ အလွန်လွယ်ကူသော ဖေါင်ပုံစံဖြည့်ယူရုံသာဖြစ်သည်။ အဆိုပါဖေါင် ပုံစံကို အိမ်ထောင်စုတိုင်း။ လိပ်စာတိုင်းသို့ အစိုးရမှ လာမည့်မတ်လမှစတင်ကာ ပို ့မည်ဆိုပါသည်။ အချို ့သော မြန်မာတိုင်းရင်းသားများမှာ မိမိတို့တိုင်းရင်းသား အမည်ကိုသာ ဖြည့်စွက်ရန်လှုပ်ရှားမှုများပြုလုပ်နေကြောင်းကြားသိရပါသော်လည်း အဆိုပါဖေါင်တွင် BURMESE ဟုသာဖြည့်ကြပါရန် မန္တလေးဂေဇက်မှ တိုက်တွန်းမည်ဖြစ်ပြီး ယခုလထုတ်သတင်းစာတွင်လည်း တိုက်တွန်းဖေါ်ပြမည်ဖြစ်ပါသည်။ အမေရိက၏ သန်းခေါင်စာရင်းမှာ ၁ဝ […]
