မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေများနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး အကြပ်အတည်းကို ပြည်တွင်း ပြည်ပ ဝေဖန်သံများရှုပ်ထွေးနေချိန်မှာပဲ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာ့ရွေးကောက်ပွဲအရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်သွားတယ်လို့ ကြားသိရပါတယ်။ ၎င်းအစည်းအဝေးမကျင်းပမီ မတ်လ ၂၃ ရက်နေ့က ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နဲ့ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများအဖွဲ့နဲ့ ကြိုတင်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်တွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ကြီး တရုတ်က ဘယ်နိုင်ငံမဆို ရွေးကောက်ပွဲဟာ သက်ဆိုင်ရာအချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်တဲံ့ အရေးကိစ္စသာ ဖြစ်ပြီး ၎င်းကို လေးစားရမည်ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအရေးကိစ္စသည်လည်း ထိုနည်းတူပင်ဖြစ်ပါကြောင်း ကာ့ကွယ်ပြောဆိုသွားပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံရဲ့ လာမဲ့ရွေးကောက်ပွဲအတွက် ကောင်းမွန်တဲ့အခြေအနေဖန်တီးပေးဖို့၊ အပြုသဘောဆောင်အားပေးဖို့ နဲ့ မြန်မာပြည်ကိုကူညီဖို့အရေးဟာနိုင်ငံတကာအဖွဲ့အစည်း၊ ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီတို့အတွက် အရေးကြီးပါတယ်ဆိုပြီး တင်ပြသွားပါတယ်။ ဆိုလိုတာကတော့ […]
