kaiMarch 1, 20111min02
မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ   နိဒါန်း (၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။ လက်တွေ့တွင်ကား (၂၀၁၁) သည် တော်လှန်ရေးအင်အားစုများအတွက် လမ်းဆုံတခုသာ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် တရားဝင်တက်လာသည့် အစိုးရဖြစ်ဖြစ်၊ လက်နက်အင်အားသုံး၍ တရားမဝင် တက်လာသည့် အာဏာသိမ်း စစ်အုပ်စုဖြစ်ဖြစ် ပြည်သူ့အာဏာကို ဖယ်ရှား၍ မရပါ။ […]


timothyMarch 1, 20111min00
ရွာသားတို့ရေ။ Quaddafi ကလူအုပ်ကြီးကိုလက်နက်အမျိုးမျိုး၊လေယဉ်ရဟတ်ယဉ်တွေနဲ့ပြစ်သတ်လိုက်တာရက်စက်မှုအပေါင်းသရဖူဆောင်းဘဲ။ သူ့ရဲ့မြို့တော်Tripoli မှာဘဲပိတ်မိနေတာ၊အဲဒီမှာပိပြားနေအောင်၊လူတွေအိမ်ကမထွက်ရဲအောင်၊ အိမ်တွေထဲယင်စီးနင်းပြီးမသင်ကာလူတွေလို့စိတ်ထင်တာနဲ့လမ်းပေါ်ဆွဲချပြီးစက်သေနတ်နဲ့ဆွဲတာဘဲ။ Tripoli မှာနဲနဲလူစု၊မူဆလင်ထုံးစံအသုဘချတာတောင်ချမ်းသာမပေး၊သေနတ်သမားလူမိုက်(Quaddafi ရဲ့လူဆိုးဂိုဏ်းများရောက်လာပြီး၊ ကိစ္စရှင်းတော့တာဘဲ။ အသေပြစ်သတ်တာကိုပြောတာပါ။ နိုင်ငံခြားသီတင်းသမားများကိုQuaddafi ကTripoli ကိုဖိတ်ခေါ်ပြီးပြတယ်။သူလူမသတ်ရပါဘူးတဲ့။ ဘာတော်လှန်ရေးဆူပူသူမှမရှိဘူးတဲ့ဗျာ။ ပြည်သူလူထုကသူ့ကိုသိပ်သိပ်ချစ်တာတဲ့ဗျား။ နိုင်ငံခြားသတင်းထောက်တွေကိုပြောနေတာများ၊ကြားရတဲ့လူတိုင်းမယုံနိုင်စရာပါးစပ်ဟောင်းလောင်းတွေဖြစ်ကုန်တယ်။ Quaddafi ဟာအမှန်တရားနဲ့ကင်းကွာနေတဲ့သူ၊စိတ်မနှံ့ရူးသွပ်နေသူ၊လို့အားလုံးကမှတ်ချက်ချကြတယ်။ နိုင်ငံကိုအုပ်ချုပ်ဘို့ထိုက်တန်တဲ့လူမဟုတ်ဘူးလို့ကုလသမဂ်ဂအမေရိကန်သံအမတ်ကမှတ်ချက်ပေးပါတယ်။ ဗိုလ်သန်းရွှေဆိုရင်ဒီနေရာမှာဆိုဒီလိုဘဲလူတွေကိုအမြှောက်၊ဒုံးကျည်၊လေယဉ်ပျံတွေနဲ့ပစ်သတ်နှိမ်နင်းမှာဘဲ။ ဒါပေမဲ့ဗိုလ်သန်းရွှေကိုသတိပေးပါရစေ။ လူတွေကိုသောက်သောက်လဲTripoliမှာပြစ်သတ်နေတာကိုအမေရိကန်၊အင်းဂလိပ်တို့ကလက်ပိုက်ကြည့်မနေဘူး။ အသေအပျောက်များလွန်း၊လူမဆံလွန်းတဲ့အတွက်ကတကြောင်း၊ လက်နက်မဲ့ပြည်သူလူထုကြီးကလက်နက်အစုံအလင်နဲ့ပြစ်ခတ်နေတဲ့ကြားကစစ်တပ်တွေကိုတတပ်ပြီးတတပ်၊ လူအင်အားနဲ့ဝင်သိမ်းနေတဲ့ပြည်သူလူထုရဲ့ဒေါသစွမ်းပကားကိုဘယ်လိုမှလျစ်လျူရှုလို့မရတော့တာကတကြောင်း၊ အခုအဲဒီနိုင်ငံကြီးတွေကရာဇဝင်မှာသတ္တိပြောင်မြောက်တဲ့လစ်ဗျားပြည်သူများကို၊ အာဏာရှင်ဖြုတ်ချရေးအတွက်လိုအပ်သောအကူအညီများကိုပေးမယ်လို့လူသိရှင်ကြားကျေငြာလိုက်ပြီ။ မိုးကောင်းကင်မှာလေယဉ်မဖြတ်သန်းရလို့Quaddifi ရဲ့လေယဉ်ရဟတ်ယာဉ်များမရွေ့လျှားနိုင်အောင်ပိတ်ဆို့ရေးများလုပ်ဘို့၊ မဟာဗျုဟာလက်နက်ကြီးများတပ်ဆင်ထားတဲ့စစ်သင်းဘောအုပ်စု လစ်ဗျားရေပိုင်နက်ထဲဝင်နေပြီ။ ဗိုလ်သန်းရွှေသေအောင်ကြောက်တဲ့အမေရိကန်၊အင်းဂလိပ်တို့ရဲ့ရေတပ်ဝင်လာပြီ။ ဗိုလ်သန်းရွှေအခုလောက်ဆိုကြောက်လို့တွင်းတူးနေလောက်ပြီ။ ၁)လူအများကြီးသောက်သောက်လဲသေကြေကြတယ်။ ၂)လူထုကလဲသတ္တိရှိရှိလက်နက်မဲ့နဲ့လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့စစ်တပ်များကို၊ လူအားသက်သက်နဲ့ဝင်သိမ်းကြတယ်။ ဒီအချက်၂ချက်ကိုရူးသွပ်ပြီးစိတ်မနှံ့တဲ့အာဏာရှင်ကိုပေါင်းလိုက်တဲ့အခါ၊ အာဏာရှင်Quaddafရော၊ဗိုလ်သန်းရွှေကိုပါ၊အမေရိကန်နဲ့အင်းဂလိပ်ရဲ့ရေတပ်အုပ်စုကဝင်ရောက်နှိမ်နင်းတာကို၊ လစ်ဗျားနဲ့မြန်မာပြည်သူလူထုကမ္ဘာ့ပြည်သူလူထုကြီးကအပြည့်အဝထောက်ခံနေကြကြောင်းသတင်းကောင်းပါးရင်း။ ပြည်တွင်းပြည်ပကမျိုးချစ်ပြည်သူလူထုကြီးနဲ့မျိုးချစ်စစ်သားများအားလုံးကိုပုန်ကန်ထကြွကြဘို့အသင့်ပြင်ကြပါလို့၊ တိုက်တွန်းလိုက်ပြန်ပါတယ်။ လစ်ဗျားရဲ့အာဏာရှင်ရဲ့ဇာတ်သိမ်းမလှပုံကိုရူးသွပ်နေသောဗိုလ်သန်းရွှေတယောက်ကြည့်ရဲရင်ကြည့်ဖြစ်အောင်ကြည့်ပါ။    


maungmoenyoFebruary 27, 20111min012
ရုတ်တရက်ကြည့်လိုက်ရင် အပြင်လူတယောက်က ရုံးတရုံးမှာသိချင်တာရှိလို့ မရဲတရဲနဲ့မေးနဲ့တဲ့ မေးခွန်းလို့ထင်စရာရှိပါတယ်။ မဟုတ်ရေးချမဟုတ်ကြောင်းပါခင်ဗျား။ မနေ့ကပြည်ထောင်စုလွှတ်တော် ခေတ္တမရပ်နားခင် နာယကကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က တက်ရောက်လာကြတဲ့ အမတ်မင်းများကို မှကြားလိုက်တဲ့ “ရာဇသံ” ပါခင်ဗျား။ နောက်လမ်ှစတင်တော့မဲ့ဥပဒေကြမ်းကိစ္စ၊ မေးခွန်းကိစ္စတွေနဲ့ပါတ်သက်ပြီးအမတ်မင်းများလိုက်နာရမဲ့၊ မေးရမဲ့မေးခွန်းနဲ့ပါတ်သက်ပြီးစည်းကမ်းတွေပါ။ ဆိုလိုတာက၊ ဥပဒေကြမ်းတွေ။အစိုးရအဖွဲ့ရဲ့လုပ်ငန်းတွေနဲ့ပါသက်ပြီးမေးခွန်းမေးချင်ရင်ဒီလိုဘဲမေးရမယ်လို့ပညတ်လိုက်တာပါ။ အမတ်တွေက ဟိူဟာကဟိုလိုလုပ်ပေးပါ၊ ဒီဟာကဒီလိုလုပ်ပေးပါ၊ ဒါတော့ပြောင်းပေးပါ၊ ဒါတော့ဖျက်ပစ်ပါဆိုပြီးလုပ်ခွင့်တောင်းဆိုခွင့်မရှိပါဘူးလို့ပညတ်လိုက်တာပါဘဲ။ တိုတိုပြောရရင်တော့ – မေးချင်ရင်မေး၊ ဒါပေမဲ့ ဖြေတာကိုဘဲလက်ခံဘို့ပါဘဲ။ စောဒကမတက်ပါနဲ့လို့ဆိုလိုက်တာပါဘဲ။ အမတ်မင်းများကိုကြည့်ရတဲ့ မြင်ကွင်းကလည်း စိတ်မချမ်းသာစရာပါ။ ရွေးကောက်ပွဲနဲ့ လွှတ်တော်မတိုင်ခင်က ကြုံးဝါးခဲ့တဲ့ (အတိုက်အခံအမတ်များရဲ့) လေသံ ကပျော့လာကြရုံမက လေလံတောင်မဟနိုင်တော့ပါဘူး။ တခြားမကြည်ပါနဲ့။ သမ္မတ အရွေးခံထားရတဲ့ ဗိုလ်သိန်းစိန်ကိုယ်တိုင်တောင် စက်ရုပ်လိုလှုပ်ရှားနေရတဲ့ဘဝပါ။ နောက်လ(မတ်လ) ထဲ့မှာ လွှတ်တော်ကော်မီတီများဖွဲ့စည်းတာတို့ နဲ့ ဥပဒေကြမ်းများတင်သွင်းကြတော့မှာဖြစ်ပါတယ်။ ဒီအစီအစဉ်များကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက သီးခြားကျင်းပမှာဖြစ်ပြီး၊ […]


timothyFebruary 23, 20111min00
Colonel Qaddafi (ဂဒါဖီ) တယောက်ကြောက်ချီးပန်းပြီး တောင်စင်ရေမရပေါက်တပ်ကရကြိမ်းဝါးမိန့်ကြားတာတွေ ဗိုလ်သန်းရွှေတယောက်၊ကြည့်လိုက်ရဲ့လား။ ဂဒါဖီက ရာဇဝတ်အိုးဒုတ်နဲ့ထိုးဆိုသလို၊ လူမိုက်များမိုက်ပြီဆိုတော့အရူးတယောက်လို၊လူအစုလိုက်အပြုံလိုက်သတ်နေပါတယ်။ သူအခုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ဘို့အမိန့်ပေးတာကို တိုင်းပြည်ရဲ့ရုပ်မြင်သံကြားကနေပြီးကမ္ဘာသိကြေငြာနေပါတယ်။ ဘယ်လောက်မိုက်တွင်းနက်သလဲဆိုရင် ခုံရုံးကိုတက်ပြီးကိုယ့်လည်ပင်းကိုကြိုးကွင်းစွပ်နေတယ်ဆိုတာလဲ၊ ရူးသွပ်နေတော့မမြင်နိုင်ဘူး။ ဗိုလ်သန်းရွှေဒါတွေကိုခေါင်းအေးအေးထားပြီးမြင်စမ်းပါ။ လူထုကခင်ဗျားရဲ့ မတရားဖိနှိပ်မှုကိုမနှေးနဲ့အမြန် တော်လှန်ကြလိမ့်မယ်ဆိုတာလဲခင်ဗျားအသိဘဲ. ဂဒါဖီလို ခင်ဗျားထက်အများကြီးမိုက်ရူးမိုက်ကန်းတဲ့ကောင ်ခုသွေးရူးသွေးတမ်းနဲ့ရှောက်အော်နေရပြီမဟုတ်လား။ လူထုအင်အားကိုတရုပ်၊ကုလား၊ရုရှား ၊န်ုင်ငံတို့လိုအာဏာရှင် ထောက်ခံစုဆောင်းရေးအဖွဲ့အစည်းများ တောင်ထောက်ခံလက်ခံရတာကို၊ ဗမာပြည်သူပြည်သားအားလုံးသတိချပ်စေချင်ပါတယ်။ အီရန်နိုင်ငံလို လူထုဆန့်ကျင်ရေးကိုစစ်ပုလိပ်တျားနဲ့ဖြိုခွင်းသူကတောင်၊ ဂဒါ်ဖီးရဲ့စစ်လက်နက်အကြီးစားများသုံးပြီးသတ်ဖြတ်တာကိုရှုံ့ချနေပြီ။ လူထုတော်လှန်ရေးအင်အားသည်သာပဓါန၊ အမေစုရဲ့ခေါင်းဆောင်မှုတခုထဲနဲ့လူထုတော်လှန်ရေးအင်အားမပါရင်၊ဘယ်သူဘယ်အာဏာရှင်မှမလေးစားဘူး။ အမေစုကပြောထားတာမှတ်မိတယ်မဟုတ်လား။ လွတ်လပ်ရေးရချင်ရင်လူတိုင်းဝင်ပါပြီးတိုက်ယူရမယ်၊ဝိုင်းလုပ်မှရနိုင်မယ်။ ငါလုပ်လဲသေနပ်တွေနဲ့ပြစ်၊ထောင်ကျတာဘဲအဖတ်တင်တယ်။ငါ့စီးပွါးရေးလဲလစ်ဟင်းတယ်။အဲဒီလိုတကိုယ်ကောင်းဆံနေမယ်၊ အမေစုတို့လဲငါတို့အတွက်ဘာမှမလုပ်ပေးနိုင်ဘူး။ အခုတော့လူမှုရေးယောင်ယောင်၊လူမှုရေးကွန်ယက်လိုလို၊ နိုင်ငံခြားကခေါင်းဆောင်တွေနဲ့၊ ဖုံးပြောလိုက်ဘဲတပ်နိုင်တော့တယ်။ အဲဒီလိုခေါင်းဆောင်မပေးနိုင်လို့ငါတို့မလွတ်လပ်တာ၊ အစရှိသဖြင့်ကိုယ်ကတော့ဘေးထွက်ထိုင်၊ ဘာမှလဲမလုပ်ဘဲအချောင်ခိုတွလြဲလဲနေလိုက်သေး၊ ခေါင်းတောင်တွေကိုလဲအပြစ်တင်လိုက်နဲ့၊အဲဒီမကောင်းတဲ့တဘို့ထဲစိတ်မျိုး၊ စည်းလုံးညီညွတ်ချင်းအင်အားကိုပစ်ပါယ်ပြီးအရာရာခေါင်းဆောင်ကောင်းမှ ငါတို့ကောင်းရာရောက်နိုင်မယ်လို့ခေါင်းဆောင်ကိုဘဲအားကိုးပြီး၊ ဘာမှမလုပ်မပြုတ်လုပ်နေသူတွေရှိနေသရွေ့ ဘယ်တော့မှလွတ်လပ်ရေးမရဘူးမှတ်ပါ။ တူနီးရှားနဲ့အီဂျစ်မှာလူထုအုံကြွမှုဖြစ်တာ ဘာခေါင်းဆောင်မှမရှိဘူးဆိုတာ၊ လူထုတော်လှန်ရေးအင်အားတခုတည်းသာ၊ အာဏာရှင်များကိုဖြုတ်ချနိုင်တဲ့၊နျူကလီရာလက်နက်ထက်အဆပေါင်းမရေမတွက်အောင်အစွမ်းထက်တဲ့၊ ဒီလူထုအုံကြွမှုဒီလှိုင်းရဲ့အဖိုးမဖြတ်နိုင်တဲ့တန်ဖိုးကို နားလည်ပြီမဟုတ်လား။ အာဏာရှင်ကိုဖြုတ်ချဘို့ခေါင်းဆောင်တဦးမလိုပါဘူး။ ၂ဦးလဲမလိုဘူး။ခေါင်းဆောင်မလိုဘူးဆိုတာဘဲမှတ်ပါ။ လူထုကိုနှစ်ပေါင်းများစွာဖိနှိပ်အုပ်စိုးမှုကြောင့် […]


နွယ်ပင်February 23, 20112min08
စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေထဲက ဖျောက်ဆိပ်ပင် ရေဒါစခန်း မြင်ကွင်းပုံတွေပါ…။ ဒီလိုလူသူမရောက်တဲ့ တောင်ကြို၊ တောင်ကြားတွေထဲမှာ ဆောက်လုပ်ထားတဲ့ အတွက် ကုန်ကျစားရိတ် အင်မတန်များပြားသလို၊ မီးအပြတ်မခံတဲ့ အဆိုပါ စက်ရုံတွေ အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပုံမှာ မြင်ရတဲ့အတိုင်း တာဝါတိုင်တွေကနေ ပို့လွှတ်ပေးပါတယ်..။ လက်ရှိ စစ်အစိုးရ ပြည်သူလူထုအတွက် ဆောက်လုပ်နေပါတယ် ဆိုတဲ့ ပြည်တွင်းက လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်တဲ့ ပြည်သူလူထု အတွက်လား ဒါမှမဟုတ်.. အဆိုပါ လျှို့ဝှက်စီမံကိန်းတွေ အတွက်လား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။ လျှပ်စစ်ဓာတ်အား ပမာဏအများအပြားကို ဒီလို ပြည်သူလူထုမသိနိုင်တဲ့ လျှို့ဝှက်စီမံကိန်း နေရာတွေမှာ အသုံးပြုနေရပါတယ်..။ ဒီလိုလျှို့ဝှက် တည်ဆောက်ရေး တစ်ခုစီမှာ အစိတ်အပိုင်းထုတ်တဲ့ စက်ရုံပေါင်း အနည်းဆုံး ၂ဝကျော်မှ တစ်ချို့စီမံကိန်းတွေမှာ […]


timothyFebruary 14, 20111min00
အကြီးအကျယ်လန့်နေပြီ။ တပ်တွင်းမကျေနပ်မှုတွေကတားမရဆီးမရအချိန်မရွေးပေါက်ကွဲနိုင်ပါတယ်။ အမေစုကိုရန်သတ္တုပြုမှာကြိမ်းသေပေါက်ဘဲ။ လူထုအုံကြွမှုကလဲမတရားမှုအပေါင်းခါးဆီးအောင်ခံနေရတဲ့ဆင်းရဲသားပြည်သူလူထုရဲ့ခါးသီးတဲ့ မုန်းတီးစိတ်ကဗုံးစနက်တန်မီးရှို့တာနဲ့အတူတူဘဲ။ ခေါတ်တွေပြောင်းပေမဲ့ငမိုက်သားဂျိုကုပ်ကမိုက်တွင်းနက်သထက်နက်၊ ကိုယ်လည်ပင်ကိုယ်ကြိုးကွင်းစွပ်နေတယ်ဆိုတာလဲမသိ။ လူထုတော်လှန်ရေးဒီတကြိမ်ဖြစ်ရင်တော့၊ရန်သူပါတိလည်ဝိုင်းယံနေတဲ့ဂျိုကုပ်ပီကင်းကိုကံကောင်းရင်ပြေးလွတ်မယ်။ ခေါတ်အခါတွေလဲပြောင်းလာပြီလေ။ ၈၈အရေးတော်ပုံခေါတါကပဝေသဏီမှာကျန်ခဲ့ပြီ။ စစ်တပ်ပုံကန်မှုကြီးကလူထုတော်လှန်ရေးအရှိန်နဲ့ဖြစ်လာမယ်။ အမေစုကိုထိတာနဲ့အရေးတော်ပုံမီးဟုန်းဟုန်းတောက်လောင်စေရမယ်။ ဂျိုဂုပ်ဂဏ်ဓူးဂျီးကြောက်ပြီးကြိမ်းဝါးသံကလူရီစရာ၊လူအများကြားရဝမ်းသာစရာ၊ ဖြစ်ကြောင်းရေးရင်း၊တော်လှန်ရေးအတွက်၊ အဖိနှိပ်ခံပြည်သူလူထုနဲ့တပ်တွင်းကအနိုင်ကြင့် အနှိပ်စက်ခံတပ်သားညီအကိုအားလုံးကိုလှုံ့ဆော်စည်းရုံး၊ ဆော်ဩောလိုက်ပါတယ်။


timothyFebruary 12, 20111min03
လူထုအင်အားနဲ့အာဏာရှင်မူဘာရက်ကိုဖြုတ်ချလိုက်နိုင်ပြီ။ တူနီးရှားမှာလူမှုရေးတော်လှန်ရေးကြီးကစလိုက်တဲ့လူထုတော်လှန်ရေးမီးတောက်ကြီးဟာ၊ အခုဆိုထိမ်းမနိုင်သိမ်းမရနဲ့မီးဟုန်းဟုန်းတောက်လောင်ကုန်ပြီ။ အရှေ့အလယ်ပိုင်းအာရပ်တိုင်းပြည်နဲ့ကမ္ဘာအရပ်ရပ်ကအာဏာရှင်များ၊ ဗိုလ်သန်းရွှေတို့လိုဖက်ဆစ်၊စစ်အာဏာရှင်များအထူးသဖြင့်ပေါ့၊ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပြီပေါ့။ တူနီးရှားနဲ့အီဂျစ်တို့မှာစစ်တပ်ရဲ့ထောက်ခံမှုမရမှန်းသိတာနဲ့တပြိုငိနက်တည်း၊ အာဏာရှင်များခွေးပြေးဝက်ပြေးထွက်ပြေးကြတယ်။ အီဂျစ်မှာ်မှာကအာဏာရှင်မူဘာရက်ကကောင်းကောင်းဖိနှိပ်ထားတာပိပြားနေတာဘဲ။ ဘယ်သူမှမထင်နိုင်စရာပါဘဲ။ လူထုအုံကြွမှုကတစတစကြီးလာတာ၊မူဘာရက်ရဲ့အသဲနှလုံးတွေကိုဆွဲကိုင်လှုပ်လိုက်တာဘဲ။ စောစောပိုင်းကတော့မူဘာရက်ကသူ့စစ်တပ်ကိုယုံတယ်လေ။ အကုန်ဗိုလ်ချုပ်တွေမှန်သမျှသူ့လူယုံတွေထဲ့ထားတော့သူ့အတွက်ကတော့ဗိုလ်သန်းရွှေလိုဘဲဇိမ်ပေါ့။ နောက်ပိုင်းမှာစစ်အရာရှိငယ်များနဲ့တပ်သားများကမူဘာရက်စစ်ပုလိပ်များကလူထုကိုမတရားလုပ်နေတာတွေ၊ မြင်တွေ့လာတော့မှလူထုဘက်ကစိတ်ရောက်လာကြတယ်။ဗိုလ်ချုပ်လူယုံတော်များတဖြေးဖြေးဘေးဖယ်ခံရတယ်။ တိုင်းပြည်ချစ်တဲ့စစ်ဗိုလ်ချုပ်များကလဲလက်အောက်ဗိုလ်နဲ့တပ်သားများကပြည်သူတွေဘက်ပါသွားပြီဆိုတော့၊ နောက်ဆုံအာဏာရှင်မူဘာရက်ကိုစစ်တပ်ကမထောက်ခံဘူးလို့အသိပေးလိုက်တယ်။ မူဘာရက်ဇာတ်သိမ်းသွားရရှာတယ်။လူထုအောင်ပွဲကတော့ကကြခုန်ကြနဲ့ချိမ့်ချိမ့်သဲဘဲ. ဗမာပြည်မှာဗိုလ်သန်းရွှေကမိသားတစုကောင်းသားရေးဘဲစိတ်ဝင်စားလာတယ်။ သူ့လူယုံများကိုအတင်းစစ်ယုနီဖေါင်းတွေချွတ်၊ဟိုပို့ဒီပို့နဲ့ဗေဒင်ဆရာပြောတဲ့အတိုင်းဗြောင်းဆံနေအောင်လုပ်လာတော့၊ စစ်တပ်ထဲမှာလဲမကြေနပ်ချက်တွေကကြီးထွားနေပြီ။ တပ်သားများကိုလဲကျွန်ကဲ့သို့မတရားခိုင်းလိုခိုင်း၊မိသားစုခလေးမိန်းမများကိုလဲအနိုင့်အထက်နဲ့ကျေးကျွန်များကဲ့သို့၊ ကြမ်းတိုက်၊ထင်းခွေ၊အဝတ်လျှော်တာနဲ့လဲမကြေနပ်နိုင်လို့၊အရာရှိကတော်ရဲ့အတွင်းခံတောင်ရိုက်နှက်ခိုင်းလာတယ်။ စစ်တပ်ထဲမှာမကြေနပ်ချက်တွေနဲ့ပေါက်ကွဲမှုမလွှမသွေဖြစ်လာမယ်။ လူထုအုံကြွမှုကလဲအခုအာရပ်အီဂျစ်တို့ကမီးတောက်အရှိန်နဲ့ဗမာပြည်မှာမနှေးနဲ့အမြန်ဖြစ်လာလိမ္မယ်။ လူထုကိုရိုက်နှက်ပြစ်ခတ်တာတွေတွေ့မြင်တာနဲ့ဖြစ်လာမဲ့နောက်ဆက်တွဲများကအီဂျစ်ကအဖြစ်နဲ့ထပ်တူဖြစ်လိမ္မယ်။ စ်စ်င်္တပ်ကကွဲဘို့ယဲ့ယဲ့ဘဲရှိတယ်။ပြည်သူကိုချစ်တဲ့စစ်သားများအရာရှိငယ်များခေါင်းထောင်ထောင်ထလာပြီးလူထုကိုအကာအကွယ်ပေးလို့၊ နောက်ဆုံးပြစ်ခတ်သောင်းကျန်းနေကြတဲ့ဒုစရိုက်စစ်ခွေးများလမ်းပေါ်ကပြောက်သွားကြမယ်။ လူထုကအကြောက်တရားပြယ်ပျောက်သွားကြမယ်။ ဗိုလ်သန်းရွှေပြေးရလိမ္မယ်။ဒါ့ကြောင့်တရုပ်ပြည်မှာအိမ်ဝယ်ထားပြီးပြီ။ အီဂျစ်ကမူဘာရက်အလှည့်ပြီးတော့အခုအာဏာရှင်ဗိုလ်သန်းရွှေပြုတ်မဲ့အချိန်ရောက်ပါပြီ။ လူထုတရပ်လုံးကိုအီဂျစ်ကအဖြစ်အပြက်များနဲ့ယှဉ်ပြီးရှင်းလင်းပြရင်းနဲ့၊ မကြာမှီဗမာများလဲလွတ်လပ်ရေးရနိုင်ဘို့အခြေအနေများဒီရေအလားတိုးလာပြီတိုတာ၊ ဝမ်းမြောက်စွာနဲ့တင်ပြလိုက်ပြန်ပါတယ်။


cobraFebruary 12, 20111min00
သံဃာများ ဦးဆောင် ဆန္ဒပြသည့် ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးကို ပစ်ခတ်နှိမ်နှင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ခဲ့ကြောင်းနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် ပြည်သူလူထုကို အကူအညီ မပေးခဲ့ေနော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။ ယခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေသော ထိုစဉ်က နံပတ် ၃ အဆင့်ရှိသည့် […]


manawphyulayFebruary 9, 20111min00
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဟာ ပြည်ထောင်စုနေ့အတူ ၁၃ ရက်နေ့က ကျွန်တော်တို့ ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ အတွက်ကြောင့် ထိုနေ့တွေကို အမှတ်တရ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်ပြည့် အမှတ်တရ အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ရေးသားထားသော ဆောင်းပါးလေးတစ်ပုဒ်ကို စာဖတ်သူများအတွက် အမှတ်တရ အနေနဲ့ ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကိုတော့ တစ်ချိန်တုန်းက အွန်လိုင်းမှာ ဖတ်လိုက်ရတော့ နှစ်သတ်မိလို့ Word File အနေနဲ့ သိမ်းယူထားလိုက်မိပါတယ်။ ထိုအတွက်ကြောင့် ယခုလို အွန်လိုင်းမှာ ပြန်လည်ဖော်ပြ ပေးတဲ့အခါမှာ မူရင်းက အွန်လိုင်းမှာ ဘယ်သူ ရေးသား […]


ၾကယ္ေလးFebruary 7, 20111min02
စည်းလုံးညီညွတ်သော နိုင်ငံတော်သစ် ထူထောင်ရေးအတွက် (၁၉၄၅ မှ ၁၉၄၈) ကာလ အိပ်မက်ဆန်ဆန်ရရှိခဲ့သော လွတ်လပ်ရေး ၁၉၄၅ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် လွတ်လပ်ရေးသည် အိပ်မက်ဆန်ဆန် ရရှိခဲ့ပေသည်။သို့သော် ထိုနေ့၌ လွတ်လပ် ရေးရခြင်းကို မသိသော ကိုရီးယားလူမျိုးများသည် ဒုနဲ့ဒေး ဖြစ်ပါသည်။ ၁၅ရက်နေ့ မနက်ပိုင်းတွင် ဆိုးလ်မြို့ နေရာတော် တော်များများ၌ “ယနေ့ မနက် အထူးသတင်း၊ သန်း(၁၀၀) ရှိသော ပြည်သူလူထုကြီး မဖြစ်မနေဖတ်ကြရန်”ဆို၍ ရေးသား ထားသော နံရံကပ်ကြော်ငြာအား ကပ်ထားသော်လည်း ထိုကြော်ငြာအား ဂရုတစိုက် ဖတ်သောသူသည် လူနည်းစုသာ ရှိခဲ့ပေသည်။ နေ့လည် ၁၂နာရီတွင် ထုတ်လွှင့်ခဲ့သော ဂျပန်ဘုရင့်အသံလွှင့်ဋ္ဌာန၏ အသံထုတ်လွှင့်ချက်သည်လည်း ဂျပန် ဘာသာနှင့် ထုတ်လွှင့်သည့်အတွက် နားလည်ရန် ခက်ခဲပြီး၊ ရေဒီယို ပိုင်ဆိုင်သည့် […]


maungmoenyoFebruary 7, 20111min07
ပြီးခဲ့တဲ့ သောကြာနေ့ထုတ်စ အစိုးရသတင်းစာရှေ့မျက်နှာဖုံးတွေမှာ သမ္မတ နဲ့ ဒုတိယသမ္မတများ အဖြစ်အရွေးချယ်ခံကြသူတွေရဲ့ ဓါတ်ပုံတွေအပေါ်ထိပ်ဆုံးကနေ စစ်ဝတ်စစ်စားခန့်ငြားထည်ဝါစွာ ဝတ်ဆင်ထားတဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓါတ်ပုံကိုအပေါ်စီးက ဖေါ်ပြထားတာကိုမြင်ရတော့ တယ်ပြီးလွတ်လပ်တရားမျှတတဲ့ဒီမိုကရေစီကြီးပါလား လို့ မောင်မိုးညိုနဲ့တကွ ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသားတို့က ဥဒါန်းကြူးရင့်မိပါတယ်။ ဒါနဲ့ပါတ်သက်လို့ ဒုတိယကမ္ဘာစစ်ကြိးမတိုင်ခင် ဂျာမနီနိုင်ငံမှာ ဟစ်တလာအာဏာအထွတ်အထိပ်ရောက်ချိန်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုကိုသတိရမိပါတယ်။ အဘိုးကြီးနဲ့အဘွားကြီး(၂)ယောက်ကတနေ့ အိမ်ဒေါင့်တခုမှာထိုင်ရင်း အိမ်နံရံမှာချိတ်ဆွဲထားထဲ့ ခေါင်းဆောင်ကြီးဟစ်တလာရဲ့ဓါတ်ပုံကိုကြည့်ပြီး တယောက်နဲ့တယောက်မျက်စပြစ်ပြီးပြုံးကြတယ်ဆိုသတဲ့။ အဲါဒီအချိန်က ရုပ်ရှင်လောကမှာနာမည်ကြီးခဲ့တဲ့လူရွှင်တော် Charlie Chaplin နဲ့အတော်တူဆိုဘဲ။ ဒါကိုမြင်တော့အိမ်တနေရာကထိုင်နေတဲ့ ဟစ်တလာလူငယ်အဖွဲ့ဝင်ဖြစ်တဲ့မြေးဖြစ်သူက မြင်သွားလို့ နာမယ်ကြီးSS လျှ့ိဝှက်ထောက်လှမ်းရေးကိုသွာတိုင်လိုက်ပါတယ်။ အဘိုးကြီးနဲ့အဘွားကြီးကို စစ်စုံထောက်တွေကဖမ်းပြီးနှိပ်စက်ကြလို့အတော်ခံလိုက်ကြရတယ်လို့ဆိုပါတယ်။ ခုလဲတပ်ချုပ်ကြီးရဲ့ အရှိန်အဝါကို နိုင်ငံဥဩောင်တွေကတောင်မကျော်လွန်နိုင်ကြပါကလား။ ခုလဲသမ္မတလို့သာဆိုကြတယ်၊ တပ်ချုပ်ကြီးရဲ့လောင်းရိပ်အောက်ကမလွတ်နိုင်ကြသေးပါလားလို့။ မောင်မိုးညိုလေ့လာမိသလောက်ပြောမယ်နော်။ ဗိုလ်နေဝင်း (၁၉၈၈) ရာထူးကထွက်ပြီးချိန်မှာ နိုင်ငံရေးလောကကို သူလုံးဝကျောခိုင်းလိုက်ပါပြီ လို့ကြေငြာသွာပြီးတဲ့တိုင်အောင်၊ နောက်တက်တဲ့ ဗိုလ်စောမောင် ရဲ့ […]


cobraFebruary 5, 20111min04
ဒီမိုကရေစီစနစ်သာလျှင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်။ ဒီမိုက ရေစီရဖို့က ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာဏာရှင်စနစ်ကို တိုက် မှရမယ်။ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး။ ညီညီညွတ်ညွတ် လုပ်မှရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ထောက်ခံတယ်။ ကျနော်တို့ ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက်ခံတာဖြစ်တယ်။ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်။ ဘယ်နည်းနဲ့ပဲတိုက်တိုက် ဒီစစ်အာ ဏာရှင်စနစ်က တိုက်မှရမယ်။ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုပဲ တာဝန်ပေးလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အ ဝ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ […]


Ma MaFebruary 5, 20111min00
ပဲဂိုဒေါင်မှာ စာရင်းကိုင်၊ ဂိုဒေါင်မှုးတာဝန်အတွက် အမျိုးသား ဘွဲ့တစ်ခုရပြီးသား အသက် ၃ဝ ဝန်းကျင် တစ်ဦးနှင့် စာရေးလုပ်ရန် ပညာအရည်အချင်း ၁ဝတန်းရှိသူ ၃ဦး အလိုရှိပါတယ်။ လုပ်သက်ရှိဖို့မလိုပေမယ့် ရိုးသားကြိုးစားဖို့ အရေးကြီးပါတယ်။ နေရေးစားရေး စီစဉ်ပေးမှာမို့ နယ်ကလာသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ဝင်စားသူများ ဖုံး 01-73150516 ကို တနင်္လာမှ စနေ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါတယ်။ MG မှသိရှိလျှောက်ထားကြောင်း ပြောပြဖို့လိုပါတယ်။